Mon. May 23rd, 2022

ကိုယ်ပိုင် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည် နိုင်ဖို့ သိထားရမယ့် အချက် ၄ ချက်

ကိုယ်ပိုင်လုပ်ငန်း စတင်ဖို့ဆိုတာ အမြဲတမ်းခက်ခဲတဲ့ အခြေအနေ တစ်ခုပါပဲ။ ဝန်ထမ်းအလုပ်နဲ့ ယှဉ်ရင် အစစအရာရာမှာ ခက်ခဲမှု ၊ စိန်ခေါ်မှုတွေ ပိုများလာပြီး လုပ်ငန်းတိုးတက်အောင်မြင်ဖို့ ၊ ရေရှည်ရပ်တည်နိုင်ဖို့ ၊ စီးပွားရေးလောကမှာ နာမည်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့အပြင် ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ ၊ အသေးအမွှား ကိစ္စတွေ အားလုံးကအစ တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Startup တစ်ခု စတင်ဖို့‌ကြံနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ လုပ်ငန်းတစ်ခု အချိန်ကြာကြာ တည်တန့်ခိုင်မာပြီး ရေရှည်ရပ်တည် နိုင်ဖို့ သိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခိုင်မာတဲ့ အစီအစဉ်တစ်ခုနဲ့ စတင်ပါ

 

လုပ်ငန်းတစ်ခု ရေရှည်ရပ်တည် နိုင်တယ်ဆိုတာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကောင်းတစ်ခု ရှိလို့ပါ။ စီးပွားရေး လုပ်ငန်းတိုင်းအတွက် Business Plan က အရေးကြီးပါတယ်။ ပထမဦးဆုံး အကြိမ်အနေနဲ့ စတင်မယ့် လုပ်ငန်းအတွက် Business Plan ရေးဆွဲရာမှာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဒီအဆင့်ကိုကျော်သွားလို့တော့ မရပါဘူး။ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ ရေတို/ ရေရှည် ရည်မှန်းချက်အားလုံး ထည့်စဉ်းစားသင့်ပြီး သင်လုပ်ဆောင်ရမယ့် လုပ်ငန်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ အားလုံးကို ထည့်သွင်းရေးသားကာ စနစ်တကျအစီအစဉ်ချဖို့ လိုပါတယ်။ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် ၊ ခိုင်မာတဲ့ အစီအစဉ်တစ်ခုနဲ့ လုပ်ငန်းကို စတင်ခြင်းက အောင်မြင်တဲ့ Startup လုပ်ငန်းတစ်ခု ဖြစ်လာစေမယ့် အခြေခံ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

(၂) ဈေးကွက် သဘောတရားကို နားလည်ပါ

 

သင့်ရဲ့ ကုန်ပစ္စည်းကို ဈေးကွက်မှာ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုရင် ဈေးကွက် သဘောတရားကို ကောင်းကောင်း နားလည်ပြီး နှောကြေနေဖို့ လိုပါတယ်။ ကိုယ်ရဲ့ ထုတ်ကုန်ပစ္စည်းက ဘယ်ဈေးကွက်မှာ ထိုးဖောက်ဖို့ ပစ်မှတ်ထားလဲ။ ဈေးကွက်အခြေအနေနဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်း ကရော ကိုက်ညီမှု ရှိရဲ့လား။ စားသုံးသူတွေရဲ့ လိုချက်က ဘာဖြစ်မလဲ ၊ ကိုယ်ဘက်က အကောင်းဆုံးဝန်ဆောင်မှု ဘယ်လိုပေးနိုင်မလဲဆိုတာ ချိန်ညှိပြီး ဈေးကွက်အခြေအနေကို နားလည်အောင် အရင်ဆုံးလေ့လာထားသင့်ပါတယ်။

(၃) ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲပါ

 

 

စီးပွားရေးလုပ်ငန်းတစ်ခုဟာ သမားရိုးကျလမ်းကြောင်းအတိုင်း သွားနေရင် အောင်မြင်ဖို့ ကြန့်ကြာနိုင်သလို အချိန်ကြာလာတာနဲ့ အမျှ ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားနိုင်ပါတယ်။ လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် လက်ရှိ စားသုံးသူတွေရဲ့ လိုအပ်ချက်နဲ့ ပြောင်းလဲမှုတွေကို အမြဲမျက်ခြေမပျက် စောင့်ကြည့်နေဖို့ လိုပါတယ်။ ထို့အတူ သင့်ရဲ့ ပြိုင်ဖက်လုပ်ငန်းတွေကိုလည်း အမြဲလေ့လာစောင့်ကြည့်နေသင့်သလို ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲမှုတွေပေါ်လိုက်ပြီး ဈေးကွက်ထိုးဖောက်တဲ့ နည်းဗျူဟာအသစ်တွေ သုံးရမှာ ဖြစ်ပါတယ်။

(၄) တော်တဲ့ထက်တဲ့ လူတွေနဲ့ လုပ်ငန်းကို ဝန်းရံပါ

လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်

 

လုပ်ငန်းတစ်ခု ကောင်းကောင်းလည်ပတ်နိုင်ဖို့က ခက်ခဲတာကြောင့် ကိုယ့်လုပ်ငန်း ပတ်ဝန်းကျင်မှာ တော်တဲ့ထက်တဲ့ မှန်ကန်တဲ့လူတွေရှိဖို့ သေချာပေါက် လိုပါတယ်။ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ၊ ဝန်ထမ်းကောင်းတွေက လုပ်ငန်းတစ်ခုရဲ့ တိုးတက်မှုအဆင့်တိုင်းအတွက် အရေးပါပါတယ်။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ဒီထက်မက တိုးတက်အောင်မြင်အောင် လုပ်ဆောင်ချင်တယ်ဆိုရင် မှန်ကန်တဲ့ အသင်းအဖွဲ့တစ်ခု ရှိထားဖို့လိုမှာပါ။ အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်သူတွေ ၊ ဈေးကွက်သဘောတရားကို ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းကို ဝန်းရံပါ။ လိုအပ်ပါက ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီကနေလည်း အကူညီနဲ့ အကြံဉာဏ်တွေ ရယူသင့်ပါတယ်။

 

Zawgyi

ကိုယ္ပိုင္ လုပ္ငန္းတစ္ခု ေရရွည္ရပ္တည္ ႏိုင္ဖို႔ သိထားရမယ့္ အခ်က္ ၄ ခ်က္

ကိုယ္ပိုင္လုပ္ငန္း စတင္ဖို႔ဆိုတာ အၿမဲတမ္းခက္ခဲတဲ့ အေျခအေန တစ္ခုပါပဲ။ ဝန္ထမ္းအလုပ္နဲ႔ ယွဥ္ရင္ အစစအရာရာမွာ ခက္ခဲမႈ ၊ စိန္ေခၚမႈေတြ ပိုမ်ားလာၿပီး လုပ္ငန္းတိုးတက္ေအာင္ျမင္ဖို႔ ၊ ေရရွည္ရပ္တည္ႏိုင္ဖို႔ ၊ စီးပြားေရးေလာကမွာ နာမည္ေကာင္းတစ္ခု တည္ေဆာက္ႏိုင္ဖို႔အျပင္ ကိုယ့္လုပ္ငန္းနဲ႔ ဆက္စပ္တဲ့ ျပႆနာေတြ ၊ အေသးအမႊား ကိစၥေတြ အားလုံးကအစ တာဝန္ယူ ကိုင္တြယ္ေျဖရွင္းရေတာ့မွာ ျဖစ္ပါတယ္။ ကြီးတို႔အေနနဲ႔ Startup တစ္ခု စတင္ဖို႔‌ႀကံေနတယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ လုပ္ငန္းတစ္ခု အခ်ိန္ၾကာၾကာ တည္တန႔္ခိုင္မာၿပီး ေရရွည္ရပ္တည္ ႏိုင္ဖို႔ သိထားရမယ့္ အခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

(၁) ခိုင္မာတဲ့ အစီအစဥ္တစ္ခုနဲ႔ စတင္ပါ

 

 

လုပ္ငန္းတစ္ခု ေရရွည္ရပ္တည္ ႏိုင္တယ္ဆိုတာ ခိုင္မာတဲ့ အေျခခံအုတ္ျမစ္ေကာင္းတစ္ခု ရွိလို႔ပါ။ စီးပြားေရး လုပ္ငန္းတိုင္းအတြက္ Business Plan က အေရးႀကီးပါတယ္။ ပထမဦးဆုံး အႀကိမ္အေနနဲ႔ စတင္မယ့္ လုပ္ငန္းအတြက္ Business Plan ေရးဆြဲရာမွာ ခက္ခဲေကာင္း ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ ဒီအဆင့္ကိုေက်ာ္သြားလို႔ေတာ့ မရပါဘူး။ လုပ္ငန္းနဲ႔ ပတ္သတ္တဲ့ ေရတို/ ေရရွည္ ရည္မွန္းခ်က္အားလုံး ထည့္စဥ္းစားသင့္ၿပီး သင္လုပ္ေဆာင္ရမယ့္ လုပ္ငန္းဆိုင္ရာ အေသးစိတ္ အခ်က္အလက္ေတြ အားလုံးကို ထည့္သြင္းေရးသားကာ စနစ္တက်အစီအစဥ္ခ်ဖို႔ လိုပါတယ္။ ရွင္းလင္းျပတ္သားတဲ့ ရည္မွန္းခ်က္ ၊ ခိုင္မာတဲ့ အစီအစဥ္တစ္ခုနဲ႔ လုပ္ငန္းကို စတင္ျခင္းက ေအာင္ျမင္တဲ့ Startup လုပ္ငန္းတစ္ခု ျဖစ္လာေစမယ့္ အေျခခံ လိုအပ္ခ်က္ပဲ ျဖစ္ပါတယ္။

(၂) ေဈးကြက္ သေဘာတရားကို နားလည္ပါ

 

 

သင့္ရဲ႕ ကုန္ပစၥည္းကို ေဈးကြက္မွာ ထိုးေဖာက္ဝင္ေရာက္ႏိုင္ဖို႔ဆိုရင္ ေဈးကြက္ သေဘာတရားကို ေကာင္းေကာင္း နားလည္ၿပီး ေႏွာေၾကေနဖို႔ လိုပါတယ္။ ကိုယ္ရဲ႕ ထုတ္ကုန္ပစၥည္းက ဘယ္ေဈးကြက္မွာ ထိုးေဖာက္ဖို႔ ပစ္မွတ္ထားလဲ။ ေဈးကြက္အေျခအေနနဲ႔ ကိုယ့္ရဲ႕ ကုန္ပစၥည္း ကေရာ ကိုက္ညီမႈ ရွိရဲ႕လား။ စားသုံးသူေတြရဲ႕ လိုခ်က္က ဘာျဖစ္မလဲ ၊ ကိုယ္ဘက္က အေကာင္းဆုံးဝန္ေဆာင္မႈ ဘယ္လိုေပးႏိုင္မလဲဆိုတာ ခ်ိန္ညႇိၿပီး ေဈးကြက္အေျခအေနကို နားလည္ေအာင္ အရင္ဆုံးေလ့လာထားသင့္ပါတယ္။

(၃) ေခတ္ေရစီးေၾကာင္းနဲ႔ အညီ ေျပာင္းလဲပါ

 

 

 

စီးပြားေရးလုပ္ငန္းတစ္ခုဟာ သမား႐ိုးက်လမ္းေၾကာင္းအတိုင္း သြားေနရင္ ေအာင္ျမင္ဖို႔ ၾကန႔္ၾကာႏိုင္သလို အခ်ိန္ၾကာလာတာနဲ႔ အမွ် ေဈးကြက္ထဲကေန ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။ လုပ္ငန္းတစ္ခု တိုးတက္ေအာင္ျမင္ၿပီး ေရရွည္ရပ္တည္ႏိုင္ဖို႔ဆိုရင္ လက္ရွိ စားသုံးသူေတြရဲ႕ လိုအပ္ခ်က္နဲ႔ ေျပာင္းလဲမႈေတြကို အၿမဲမ်က္ေျခမပ်က္ ေစာင့္ၾကည့္ေနဖို႔ လိုပါတယ္။ ထို႔အတူ သင့္ရဲ႕ ၿပိဳင္ဖက္လုပ္ငန္းေတြကိုလည္း အၿမဲေလ့လာေစာင့္ၾကည့္ေနသင့္သလို ေခတ္ေရစီးေၾကာင္းနဲ႔ အညီ ေျပာင္းလဲမႈေတြေပၚလိုက္ၿပီး ေဈးကြက္ထိုးေဖာက္တဲ့ နည္းဗ်ဴဟာအသစ္ေတြ သုံးရမွာ ျဖစ္ပါတယ္။

(၄) ေတာ္တဲ့ထက္တဲ့ လူေတြနဲ႔ လုပ္ငန္းကို ဝန္းရံပါ

 

လုပ္ငန္းတစ္ခု ေရရွည္ရပ္တည္

 

လုပ္ငန္းတစ္ခု ေကာင္းေကာင္းလည္ပတ္ႏိုင္ဖို႔က ခက္ခဲတာေၾကာင့္ ကိုယ့္လုပ္ငန္း ပတ္ဝန္းက်င္မွာ ေတာ္တဲ့ထက္တဲ့ မွန္ကန္တဲ့လူေတြရွိဖို႔ ေသခ်ာေပါက္ လိုပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေကာင္းေတြ ၊ ဝန္ထမ္းေကာင္းေတြက လုပ္ငန္းတစ္ခုရဲ႕ တိုးတက္မႈအဆင့္တိုင္းအတြက္ အေရးပါပါတယ္။ သင့္ရဲ႕ စီးပြားေရးလုပ္ငန္းကို ဒီထက္မက တိုးတက္ေအာင္ျမင္ေအာင္ လုပ္ေဆာင္ခ်င္တယ္ဆိုရင္ မွန္ကန္တဲ့ အသင္းအဖြဲ႕တစ္ခု ရွိထားဖို႔လိုမွာပါ။ အျပဳသေဘာေဆာင္ၿပီး ေကာင္းမြန္တဲ့ အႀကံဉာဏ္ေကာင္းေတြ ေပးႏိုင္သူေတြ ၊ ေဈးကြက္သေဘာတရားကို ကြၽမ္းက်င္တဲ့ ဝန္ထမ္းေတြနဲ႔ လုပ္ငန္းကို ဝန္းရံပါ။ လိုအပ္ပါက ကြၽမ္းက်င္တဲ့ ပညာရွင္ေတြဆီကေနလည္း အကူညီနဲ႔ အႀကံဉာဏ္ေတြ ရယူသင့္ပါတယ္။

 

Zawgyi

 

 

 

Leave a Reply

Your email address will not be published.