Amazing

သင့်ဘဝမှာ မဖြစ်မနေမြင်ဖူးသွားသင့်တဲ့ အကောင်းဆုံး ဓာတ်ပုံ (၂၇) ပုံ

လက်ရာမြောက်လွန်းတဲ့ ဓာတ်ပုံတစ်ပုံဟာ ခံစားချက်ပေါင်းစုံကို ပေးစွမ်းနိုင်တဲ့ အစွမ်းရှိပါတယ်။ တချို့ ဓာတ်ပုံတွေဆိုရင် လက်ရာမြောက်လွန်းလို့ စိတ်ကျေနပ်စရာကောင်းလွန်းတဲ့ ဓာတ်ပုံတွေလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ တစ်ခါလောက်တော့ မြင်ဖူးသင့်တဲ့ လက်ရာမြောက် ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)

မြစ်ကမ်းနံဘေးမှာ ထီးထီးကြီး တည်ရှိနေတဲ့ ဘုရားကျောင်းကို မြူခိုးတွေ အုပ်ဆိုင်းနေတဲ့အချိန်မှာ ရိုက်ကူးထားတဲ့ လက်ရာမြောက် ဓာတ်ပုံပဲဖြစ်ပါတယ်။

ဒီဓာတ်ပုံကိုကြည့်ပြီး ပရိသတ်တွေရော ဘယ်လို ခံစားချက်တွေ ခံစားလိုက်ရသလဲ..

(၂)

ယုန်လေးတစ်ကောင်တည်း သူ့ရဲ့ အိပ်ရာခင်းပေါ်

နွေးနွေးထွေးထွေး အိပ်ပျော်နေတဲ့ ကြည်နူးစရာ ဓာတ်ပုံတစ်ပုံ (Shwe Nyan Shin)

(၃)

ဂရိနိုင်ငံမှာရှိတဲ့ အရမ်းကို လှပတဲ့ ကျွန်းတစ်ခု ဖြစ်တဲ့

ဇယ်ခင်းတို့စ် ကျွန်း

(၄)

ကိုယ်သဘောကျတဲ့ အနုပညာရှင်ကို အားပေးဖို့အတွက်

အသက်အရွယ်မလိုကြောင်းကို အဘွားက သက်သေပြပေးလိုက်တာပေါ့ (Shwe Nyan Shin)

(၅)

ထက်ပိုင်းဖြတ်ထားတဲ့ ရှားစောင်လက်ပတ်ပင်ရဲ့ဓာတ်ပုံဟာ

စိတ်ကျေနပ်ဖို့ ကောင်းတဲ့ ဓာတ်ပုံပါပဲ။

(၆)

အစာရှာထွက်တဲ့ ပင်လယ်ဇင်ယောက် ဌက်လေးတွေဟာ အုပ်စုလိုက်ကို စည်းကမ်းရှိရှိ နေကြတာဖြစ်ကြောင်း

ဒီဓာတ်ပုံထဲမှာ လက်တွေ့မြင်နိုင်ပါတယ်။ (Shwe Nyan Shin)

(၇)

ချစ်စရာကောင်းတဲ့ မျက်လုံးအကြည့်လေးတွေနဲ့

အာတိတ်မြေခွေးတစ်ကောင်…

(၈)

ခွေးလေး သုံးကောင်ကို ကြည့်လိုက်ရင် စပ်စုခြင်း အဆင့် ၃ဆင့်ကို တွေ့နိုင်ပါတယ်။

ဘယ်ဘက်က ခွေးလေးက စပ်စုသည်။ အလယ်က ခွေးလေးက အလွန်စပ်စုသည်…ညာဘက် ထောင့်ဆုံးက ခွေးလေးကတော့ မနေနိုင်မထိုင်နိုင် အသဲအသန် စပ်စုသည်ပေါ့(Shwe Nyan Shin)

(၉)

အဖေနဲ့ သားဖြစ်သူတို့ သွေးသားတော်စပ်ကြောင်းကို

တကူးတက ဒီအန်အေ စစ်စရာတောင် လိုတော့မယ်မထင်ပါဘူး။

(၁၀)

ပန်းချီကားတစ်ချပ်လို အသက်ဝင်လှပလွန်းတဲ့

တောင်တန်းများ (Shwe Nyan Shin)

(၁၁)

ကြုံတောင့်ကြုံခဲအခြေအနေမျိုးမှာမှ ကြောင်အနက်ရောင်နဲ့ အဖြူရောင်ကို

တစ်ပြိုင်နက်တည်းရေချိုးပေးလို့ ရမှာပါ။

(၁၂)

ဟူးမန်းထက်တောင် ပိုစောပြီး

အိပ်ရာထတတ်ကြတဲ့ အာဝုလေးတွေ…(Shwe Nyan Shin)

(၁၃)

တချို့သောအရာတွေက စုပေါင်းလုပ်မှ

ပိုမိုကောင်းမွန်တာပဲဖြစ်ပါတယ်။

(၁၄)

သိပ်ကို လှပလွန်းတဲ့ နေဝင်ချိန်ကို

ရိုက်ကူးထားတဲ့ မြင်ကွင်း (Shwe Nyan Shin)

(၁၅)

ခင်မင်မှု အစစ်အမှန်ကို မြင်တွေ့နိုင်တဲ့

အသံတိတ် ဓာတ်ပုံ တစ်ပုံ

(၁၆)

ပထမကမ္ဘာစစ်တုန်းက အပြန်အလှန် ပစ်ခတ်ရင်း ကျည်ဆံနှစ်ခုက

တိုက်တိုက်ဆိုင်ဆိုင် ထိသွားခဲ့ကြတာပဲဖြစ်ပါတယ်။ (Shwe Nyan Shin)

(၁၇)

ကောင်းကင်ကို လွတ်လွတ်လပ်လပ်မြင်နိုင်တဲ့

ကောင်းကင်ပြတင်းပေါက်…

(၁၈)

အသဲယားစရာ ချစ်ဖို့ကောင်းလွန်းတဲ့

သားပိုက်ကောင်ပေါက်စလေး..(Shwe Nyan Shin)

(၁၉)

ကနေဒါမှာရှိတဲ့ နတ်ပြည်နဲ့တောင် မှားရလောက်တဲ့

အစ်စီးနဲ့ဘွိုင်းတောင်…

(၂၀)

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်မှာရှိတဲ့ ရေပြင်ကြီးက ကြည်လင်လွန်းလို့

ရေအောက်မှာရှိတဲ့ သန္တာကျောက်တန်းတွေကိုတောင် လှမ်းမြင်နိုင်ပါတယ်။ (Shwe Nyan Shin)

(၂၁)

ဆောင်းဦးအချိန်မှာ အရောင်ပြောင်းသွားတဲ့

ကဗျာဆန်ဆန်တောအုပ်ကြီး

(၂၂)

မြောင်လေးလို့ခေါ်တာထက် ပျော်ရွှင်မှုကို ပေးနိုင်တဲ့ အမွှေးပွပွလုံးလုံးကောင်လေးလို့ ပြောရင်

ပိုမှန်မယ်ထင်ပါတယ်။ (Shwe Nyan Shin)

(၂၃)

တောအုပ်တစ်အုပ်ကို အမြင့်တစ်နေရာကနေ လှမ်းရိုက်ထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။

တောအုပ်ကြီးထဲမှာ ပေါက်ရောက်တဲ့ သစ်ပင်တွေက စနစ်ကျတာထင်ပါရဲ့…

(၂၄)

ဆံပင်ကုတ်ဝဲစတိုင် အမွှေးလေးတွေနဲ့ အယ်လ်ပါကာကောင်လေးများ…

သူတို့ကို အများစုက တံတွေးထွေးတတ်ကြတဲ့ ကောင်လေးတွေလို့ သိကြပါတယ်။

(၂၅)

မော်ဒိုက်လ်ကျွန်းတွေကို အဝေးကနေ လှမ်းမြင်လိုက်ရတဲ့အခါမှာတော့

ကောင်းကင်ပေါ်မှာ ပေါလောပေါ်နေတဲ့ ကျွန်းလေးတွေလိုမျိုး သွားတူနေတာပါ။

သိပ်ကို လှပတဲ့ မြင်ကွင်းတစ်ခုပေါ့

(၂၆)

အပင်ပေါ်က ကြွေကြထားတဲ့ သစ်ရွက်ဟောင်းတွေက

အမြစ်တစ်ဝိုက်မှာ လင်းလက်တောက်ပနေသလို ဖြစ်သွားတာပါ။

(၂၇)

သဘာဝတရားကို ရှင်သန်စေဖို့အတွက် လူတွေက တကူးတက ပြုပြင်ပေးစရာမလိုပါဘူး။

သဘာဝတရားကြီးက ရှင်သန်ဖို့အတွက် ကိုယ်တိုင် စွမ်းဆောင်နိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေအကုန်လုံးက ပရိသတ်တွေကို ခံစားချက်ရသတွေ ပေးစွမ်းနိုင်ခဲ့မယ်ထင်ပါတယ်။

ကိုယ့်သဘောကျ အနှစ်သက်ဆုံးဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးကိုလည်း ပြန်ပြောပေးခဲ့ကြပါအုံး

Written By Yoshi(Shwe Nyan Shin)
Ref:Brightside

Leave a Comment