Sun. May 22nd, 2022

အစဆိုတာ အမြဲခက်ခဲလေ့ရှိတယ်

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။ ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာကောင်းသလို ကြောင်တောင်တောင်လည်းနိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။ ဒါ့ကြောင့်
အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်


ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့ သတ္တိတွေက ထွက်ပေါ်လာပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလည်း လုပ်ရတတ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့လိုပါတယ်။


တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။
“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”

နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။
အနည်းဆုံးတော့ အတွေ့အကြုံ ရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။
ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

 

Zawgyi

အစဆိုတာ အၿမဲခက္ခဲေလ့ရွိတယ္

စိတ္ဓာတ္မက်ပါနဲ႔။ ဘာကိုပဲ လုပ္လုပ္ အစပိုင္းမွာေတာ့ ခက္ခဲတာအမွန္ပါ။ဒီေန႔မွ အလုပ္စဝင္တာမ်ိဳး။ ကိုယ္ဝါသနာပါတဲ့အရာကို အခုမွ စမ္းလုပ္ၾကည့္တာမ်ိဳး။ ကိုယ္လုံးဝမသိတဲ့ နယ္ပယ္ေတြကို သြားရတဲ့အခါမ်ိဳး စတဲ့ အခုမွ စလုပ္ရမယ့္ အရာေတြကို လုပ္ေဆာင္ရတဲ့အခါ ရင္ခုန္စရာေကာင္းသလို ေၾကာင္ေတာင္ေတာင္လည္းႏိုင္ပါတယ္။

လုပ္ရင္းနဲ႔ ရင္းႏွီးကြၽမ္းဝင္လာတဲ့အခါ တျဖည္းျဖည္း လြယ္ကူလာပါလိမ့္မယ္။ ဒါ့ေၾကာင့္
အဲ့ဒီလို အခက္အခဲေတြကို ေတာင့္ခံႏိုင္ဖို႔ လိုပါတယ္။

ျဖစ္ႏိုင္ရင္ေတာ့ စိတ္ဝင္စားတာကိုပဲလုပ္ပါ။ ဝါသနာပါတာကို လုပ္တဲ့အခါ အခက္အခဲေတြနဲ႔ေတြ႕ဆုံရလည္း ေက်ာ္ျဖတ္ႏိုင္တဲ့ သတၱိေတြက ထြက္ေပၚလာပါတယ္။ဒါေပမယ့္ တစ္ခါတစ္ေလ အေျခအေနအရ မလုပ္ခ်င္တာေတြကိုလည္း လုပ္ရတတ္ပါတယ္။ အဲ့ဒီလို အခ်ိန္မ်ိဳးေတြမွာ သန္သန္မာမာနဲ႔ ေတာင့္ခံႏိုင္ဖို႔လိုပါတယ္။

တစ္ခုပဲမွတ္ထားပါ။ ဘဝမွာ စိတ္မပါတာေတြကို လုပ္ရတဲ့အခါတိုင္း ေအာက္က quote ေလးကို သတိရေပးပါ။
“ဘဝမွာ လုပ္ခ်င္သည္ျဖစ္ေစ၊ မလုပ္ခ်င္သည္ျဖစ္ေစ ဘာပဲလုပ္ရလုပ္ရ အေကာင္းဆုံးလုပ္ပါ”

ေနာင္တစ္ခ်ိန္ အတိတ္ကိုျပန္ၾကည့္တဲ့အခါ ေနာင္တမရေအာင္ လုပ္ခဲ့လိုက္ပါ။
အနည္းဆုံးေတာ့ အေတြ႕အႀကဳံ ရပါတယ္။ အေတြ႕အႀကဳံဆိုတာက ပိုက္ဆံေပးယူလို႔မရပါဘူး။ အခ်ိန္ေတြေပးဆပ္ၿပီးမွ ရတာမ်ိဳးပါ။
ဒီေတာ့ အခုခ်ိန္မွာ ဘာပဲလုပ္လုပ္ အေကာင္းဆုံးလုပ္ပါ။

 

 

Leave a Reply

Your email address will not be published.