Mon. Jun 5th, 2023

ဂျက်ကီချမ်း ပြောပြတဲ့ စိတ်ခွန်အားမြှင့် စကား ၅ ခွန်း

ဘယ်နိုင်ငံက ရုပ်ရှင်ဝါသနာအိုးမဆို အကျွမ်းတဝင် သိပြီးသား ရုပ်ရှင်မင်းသားနာမည်တွေထဲမှာ ဂျက်ကီချမ်းဆိုတဲ့ နာမည်လည်း ပါဝင်မှာပါ။ ဂျက်ကီချမ်းဆိုတာ အက်ရှင်ရုပ်ရှင်လောကမှာ ရုပ်ရှင်ကားပေါင်း ၁၅၀ ကျော် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ အက်ရှင် စတန့်ဇာတ်လိုက်ကျော်လည်း ဖြစ်ပါတယ်။ တရုတ်ကွန်ဖူးသိုင်းကားတွေကနေ ဟောလီဝုဒ်အက်ရှင်ကားတွေအထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဂျက်ကီချမ်းဟာ သူလိုကိုယ်လို အောက်ခြေကနေ တက်လာခဲ့သူပါ။

 

 

သူ့ဘဝဟာ သင်ခန်းစာယူစရာကောင်းတဲ့ ဘဝ ၊ စိတ်ခွန်အားတက်ဖွယ် ၊ အားကျအတုယူဖွယ်ရာ ဘဝမျိုးလည်း ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းစစ်အတွင်း စစ်ပြေးမိဘတွေထဲက မွေးဖွားလာခဲ့ပြီး ဆင်းရဲလွန်းလို့ သူမွေးချိန်က ကလေးမွေးပေးတဲ့ ဆရာဝန်အတွက် ဆေးဖိုးဝါးခကို မိတ်ဆွေတွေက ချေးပေးရတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ဘဝနာခဲ့တဲ့သူဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ဒုတိယ ဝင်ငွေအကြမ်းဆုံးသရုပ်ဆောင်အဖြစ်ကို ရောက်လာခဲ့ပြီး ရုပ်ရှင်နဲ့ နိုင်ငံရေးလောကမှာပါ ဩဇာကြီးပုဂ္ဂိုလ်ကျော် ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခေါက်အတွက် ထင်ပေါ်ကျော်ကြား ပြောစကားများ အနေနဲ့ ဂျက်ကီချမ်းပြောပြတဲ့ စိတ်အားတက်စရာ စကားတချို့ကို မျှဝေပေးချင်ပါတယ်။

 

(၁) “တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲဖို့ ကြင်နာမှုနဲ့ ဂရုစိုက်ခြင်းလေးတွေလောက်ပဲ လုပ်ဖို့ လိုပါတယ်”
(၂) “နာမည်ကျော် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ လူကြီးမျိုးဆက်နဲ့ ဘယ်လို စကားပြောရမလဲဆိုတာကို လူငယ်မျိုးဆက်ကို ကျွန်တော်တို့ သင်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်။”
(၃) “ကျွန်တော်က တချို့အရာတွေမှာ တော်ပါတယ်။ ဒါပေမယ့်လည်း ကိစ္စအများစုမှာ ညံ့ပါတယ်။”
(၄) “ကျွန်တော် ဒုတိယမြောက် ဘရုစ္စလီ မဖြစ်ချင်ပါတယ်။ ပထမဂျက်ကီချမ်းပဲ ဖြစ်ချင်ခဲ့တာပါ။”
(၅) “အခြေအနေက ခင်ဗျားကို ထိန်းချုပ်တာမျိုး အဖြစ်မခံပါနဲ့။ ခင်ဗျားကပဲ အခြေကို ပြောင်းလဲပါ။”

 

Zawgyi

ဂ်က္ကီခ်မ္း ေျပာျပတဲ့ စိတ္ခြန္အားျမႇင့္ စကား ၅ ခြန္း

ဘယ္ႏိုင္ငံက ႐ုပ္ရွင္ဝါသနာအိုးမဆို အကြၽမ္းတဝင္ သိၿပီးသား ႐ုပ္ရွင္မင္းသားနာမည္ေတြထဲမွာ ဂ်က္ကီခ်မ္းဆိုတဲ့ နာမည္လည္း ပါဝင္မွာပါ။ ဂ်က္ကီခ်မ္းဆိုတာ အက္ရွင္႐ုပ္ရွင္ေလာကမွာ ႐ုပ္ရွင္ကားေပါင္း ၁၅၀ ေက်ာ္ ႐ိုက္ကူးသ႐ုပ္ေဆာင္ထားတဲ့ အက္ရွင္ စတန႔္ဇာတ္လိုက္ေက်ာ္လည္း ျဖစ္ပါတယ္။ တ႐ုတ္ကြန္ဖူးသိုင္းကားေတြကေန ေဟာလီဝုဒ္အက္ရွင္ကားေတြအထိ ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး ကမာၻေက်ာ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ခဲ့တဲ့ ဂ်က္ကီခ်မ္းဟာ သူလိုကိုယ္လို ေအာက္ေျခကေန တက္လာခဲ့သူပါ။

သူ႔ဘဝဟာ သင္ခန္းစာယူစရာေကာင္းတဲ့ ဘဝ ၊ စိတ္ခြန္အားတက္ဖြယ္ ၊ အားက်အတုယူဖြယ္ရာ ဘဝမ်ိဳးလည္း ျဖစ္ပါတယ္။ တ႐ုတ္ျပည္တြင္းစစ္အတြင္း စစ္ေျပးမိဘေတြထဲက ေမြးဖြားလာခဲ့ၿပီး ဆင္းရဲလြန္းလို႔ သူေမြးခ်ိန္က ကေလးေမြးေပးတဲ့ ဆရာဝန္အတြက္ ေဆးဖိုးဝါးခကို မိတ္ေဆြေတြက ေခ်းေပးရတယ္လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳး ဘဝနာခဲ့တဲ့သူဟာ ၂၀၁၆ ခုႏွစ္မွာ ကမာၻ႔ဒုတိယ ဝင္ေငြအၾကမ္းဆုံးသ႐ုပ္ေဆာင္အျဖစ္ကို ေရာက္လာခဲ့ၿပီး ႐ုပ္ရွင္နဲ႔ ႏိုင္ငံေရးေလာကမွာပါ ဩဇာႀကီးပုဂၢိဳလ္ေက်ာ္ ျဖစ္လာခဲ့ပါတယ္။ ဒီတစ္ေခါက္အတြက္ ထင္ေပၚေက်ာ္ၾကား ေျပာစကားမ်ား အေနနဲ႔ ဂ်က္ကီခ်မ္းေျပာျပတဲ့ စိတ္အားတက္စရာ စကားတခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။

 

(၁) “တစ္ခါတေလမွာ လူတစ္ေယာက္ရဲ႕ ဘဝကို ေျပာင္းလဲဖို႔ ၾကင္နာမႈနဲ႔ ဂ႐ုစိုက္ျခင္းေလးေတြေလာက္ပဲ လုပ္ဖို႔ လိုပါတယ္”
(၂) “နာမည္ေက်ာ္ ပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ လူႀကီးမ်ိဳးဆက္နဲ႔ ဘယ္လို စကားေျပာရမလဲဆိုတာကို လူငယ္မ်ိဳးဆက္ကို ကြၽန္ေတာ္တို႔ သင္ေပးဖို႔ လိုတယ္လို႔ ထင္ပါတယ္။”
(၃) “ကြၽန္ေတာ္က တခ်ိဳ႕အရာေတြမွာ ေတာ္ပါတယ္။ ဒါေပမယ့္လည္း ကိစၥအမ်ားစုမွာ ညံ့ပါတယ္။”
(၄) “ကြၽန္ေတာ္ ဒုတိယေျမာက္ ဘ႐ုစၥလီ မျဖစ္ခ်င္ပါတယ္။ ပထမဂ်က္ကီခ်မ္းပဲ ျဖစ္ခ်င္ခဲ့တာပါ။”
(၅) “အေျခအေနက ခင္ဗ်ားကို ထိန္းခ်ဳပ္တာမ်ိဳး အျဖစ္မခံပါနဲ႔။ ခင္ဗ်ားကပဲ အေျခကို ေျပာင္းလဲပါ။”

 

 

Leave a Reply

Your email address will not be published. Required fields are marked *