Mon. May 23rd, 2022

စတမ်းဖို့ဘရစ်ချ်က ဘရာဇီးနှစ်ချို့ဝိုင် သီယာဂိုဆေးလ်ဗား

ကျွန်တော်တို့လူသားတွေဟာ ကြွယ်ဝချမ်းသာမှု ငွေကြေးဥစ္စာ နဲ့ အောင်မြင်ကျော်ကြားမှုတွေထဲက တစ်ခုမဟုတ်တစ်ခုနောက်ကို လိုက်ရင်းနဲ့ သက်တမ်းတွေ ကုန်ဆုံးခဲ့ကြပါတယ်။ ဘဝမှာ လိုချင်တဲ့အရာတွေကို မရမချင်း မလျော့သော ဇွဲလုံ့လနဲ့ ကြိုးစားနေသူအတွက် ကံတရားက မျက်နှာသာပေးစမြဲပါ။ ဒါကို ဘောလုံးလောကထဲမှာ အကောင်းဆုံးဥပမာပေးနိုင်မယ့်သူကတော့ သီယာဂိုဆေးလ်ဗားပဲ ဖြစ်ပါတယ်။

 

သီယာဂိုဆေးလ်ဗားဟာ လက်ရှိအချိန်မှာ အသက်(၃၇)နှစ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း သူနောက်ဆုံး ရရှိခဲ့တဲ့အောင်မြင်မှု ဆုတံဆိပ်တွေက ကြောက်ခမန်းလိလိပါပဲ။ ၂၀၂၀ခုနှစ်မှာ လန်ဒန်ကို ရောက်ရှိလာခဲ့တဲ့ သီယာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ UEFA Super Cup တို့ကို ဆွတ်ခူးပေးနိုင်ခဲ့တယ်။ အခုနောက်ဆုံး ကစားခဲ့တဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာလည်း ချဲလ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်စေခဲ့သလို ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း သီယာဂိုဆေးလ်ဗားက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘောလုံးသမားတစ်ယောက်အတွက် နေဝင်ချိန်လို့ ဆိုနိုင်နေပြီဖြစ်တဲ့ ဒီလိုအရွယ်မှာတောင်မှပဲ သီယာဂိုဆေးလ်ဗားက အမြင့်ဆုံးအောင်မြင်မှုတွေ ရယူနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုအောင်မြင်မှုတွေကို သီယာဂိုဆေးလ်ဗားက လွယ်လွယ်ကူကူနဲ့ ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ ဆေးလ်ဗားရဲ့ဘဝဟာ သာမန်ဘောလုံးသမားတွေလို ချောမွေ့ခဲ့ခြင်းမရှိခဲ့ပဲနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ အထူးပဲ ကြိုးစားရုန်းကန်ခဲ့ရတာပါ။

သီယာဂိုဆေးလ်ဗားဟာ အသက်၁၅နှစ်အရွယ်မှာ ဘောလုံးလောကထဲစတင်ဝင်ရောက်ဖို့အတွက် ဘရာဇီးကလပ်အသင်းတွေထံမှာ ခြေစွမ်းစမ်းသပ်ခံခဲ့ပါတယ်။ သူ ခြေစွမ်းစမ်းသပ်ခံတဲ့အသင်းတွေထဲမှာ နာမည်ကြီးဖလာမင်ဂိုလို အသင်းမျိုးလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သီယာဂိုဆေးလ်ဗားရဲ့ ခြေစွမ်းကို ဖလာမင်ဂိုအပါအဝင် အခြားကလပ်သုံးသင်းက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်ပရော်ဖက်ရှင်နယ်ကလပ်အသင်းကမှ လက်မခံတဲ့ ဆေးလ်ဗားဟာ မတတ်သာတဲ့အဆုံးမှာတော့ မွေးရပ်မြေအပျော်တမ်းကလပ်မှာ စတင်ကစားခဲ့ပါတော့တယ်။

သီယာဂိုဆေးလ်ဗားဟာ ဘောလုံးစတင်ကစားခဲ့စဉ်တုန်းက ဗဟိုခံစစ်မှူးတစ်ယောက်မဟုတ်ပါဘူး။ ကွင်းလယ်ဗဟိုမှာ ကစားခဲ့တာပါ။ သူအသက်(၂၀)အရွယ် ဘရာဇီးကလပ် ဂျူဗင်တုပ်စ်အသင်းကိုရောက်မှ နည်းပြ ဝေါ့တ်မန်းက ခံစစ်မှူးတစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ လူမှန်နေရာမှန်ကို ရောက်သွားခဲ့တဲ့ သီယာဂိုဆေးလ်ဗားဟာ တစ်စထက်တစ်စ ခြေစွမ်းထက်လာပြီး အသက်(၂၂)နှစ်အရွယ်မှာ ဖလူမီးနီးစ်နဲ့အတူ ပထမဆုံး ဘရာဇီးပြည်တွင်းလိဂ်အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာကျော်ကစားသမားတစ်ယောက်ဖြစ်ဖို့ ကံဇာတာပါလာတဲ့ ဆေးလ်ဗားဟာ သူ့ဘဝကို ပြည်တွင်းအောင်မြင်မှုတွေနဲ့ ရောင့်ရဲတင်းတိမ်နိုင်ခဲ့ခြင်းမရှိဘဲ မီဒီယာအာရုံစိုက်မှုအများဆုံး ရထားတဲ့ ဥရောပဘောလုံးလောကထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ အေစီမီလန် ၊ ပီအက်စ်ဂျီ အစရှိတဲ့အသင်းတွေထံ အဆင့်ဆင့် ပြောင်းရွှေ့ကစားခဲ့ရင်း အောင်မြင်မှု အလီလီ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသက်(၃၅)နှစ်မှာတော့ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ကစားသမားဘဝ နောက်ဆုံးပိတ်အိတ်နဲ့လွယ်တဲ့အနေနဲ့ သီယာဂိုဆေးလ်ဗားတစ်ယောက် ဆုဖလားအောင်မြင်မှုတွေ သိမ်းကြုံးရယူနိုင်နေပါတယ်။

စီရော်နယ်ဒိုလိုကစားသမားမျိုးတောင် အိုးထရက်ဖို့ဒ်မှာ ရုန်းကန်နေရချိန်မှာ သီယာဂိုဆေးလ်ဗားက အခုလို စွမ်းဆောင်ပြနေတာမျိုးက မဖြစ်မနေချီးကျူးရမယ့်အချက်ပါပဲ။

 

written One Daily media

Leave a Reply

Your email address will not be published.