Mon. May 23rd, 2022

ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပိုင်း အတိုးတက်ဆုံး ကစားသမား (၅) ဦး

၂၀၂၁-၂၂ ပရီးမီးယားလိဂ် ဘောလုံးရာသီကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရင် အဆုံးသတ်ပိုင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးနဲ့

မန်စီးတီးတို့တစ်မှတ်အကွာနဲ့ အကြိတ်အနယ်ဖြစ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါး၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က အားပြိုင်လျက်ရှိနေပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲကလည်း အကြိတ်အနယ်

ဖြစ်ပေါ်နေဆဲဖြစ်လို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ သက်ဆိုင်ရာနေရာလိုက် အားပြိုင်မှုက ပြင်းထန်နေတယ်လို့ ဆိုရမှာပါ။ ဒီနှစ်ပရီးမီးယားလိဂ်မှာ ခြေစွမ်းခြေစထက်မြက်တဲ့ ကစားသမားတွေ အများအပြားကိုလည်း

တွေ့မြင်ရပြီး အဲဒီအထဲကမှ ခြေစွမ်းပိုင်း အတိုးတက်လာဆုံး ကစားသမားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၅. ဝက်ပရောက်စ် (ဆောက်သမ်တန်)

ဟာဆန်ဟတ်ရဲ့ ဆောက်သမ်တန်ဟာ ဒီရာသီမှာ တိုးတက်မှုတွေကို ပြသထားခဲ့ပြီး အထူးသဖြင့် အသင်းခေါင်းဆောင် ဝက်ပရောက်စ်ရဲ့ စွမ်းဆောင်ရည်တွေက ပရိသတ်ရဲ့ရင်ထဲ ရောက်ခဲ့တာပါ။ ဝက်ပရောက်စ်ရဲ့

ဖရီးကစ်စွမ်းရည်က ဒီရာသီမှာ ပရိသတ်တွေ တသသပြောဆိုနေကြတဲ့အရာဖြစ်ပြီး ပြိုင်ဘက်ဂိုးဧရိယာနားမှာ ဆောက်သမ်တန်အသင်း ဖရီးကစ်ကန်ခွင့်ရပြီဆိုရင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အနေအထားမျိုး

ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ ဝက်ပရောက်စ်ဟာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အဲဒီကာလတွေမှ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၄ ဂိုးးသွင်းယူကာ ဂိုးဖန်တီးမှု ၂

ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ စပါးကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဝက်ပရောက်စ်က ခြေစွမ်းပြခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာပါ။

မာတစ် (လီဗာပူး)

ြ့ပီးခဲ့တဲ့၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ လီဗာပူးဟာ အဓိက ခံစစ်ကစားသမာ း ၃ ဦး ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရလို့ ခံစစ်ပိုင်းအားနည်းချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် လီဗာပူးအနေနဲ့ ၂၀၂၁ နွေရာသီ

အပြောင်းအရွှေ့မှာ လိုက်ပဇစ်နောက်ခံလူ ကိုနာတေးကို ယူရိုသန်း ၄၀ နဲ့ခေါ်ယူခဲ့ပါတယ်။ လီဗာပူးနောက်တန်းမှာ ဗန်ဒိုက်ချ်သာ ပွဲထွက်ခွင့် တစ်နေရာသေချာခဲ့ပြီး ကိုနာတေးဟာ မာတစ်၊ ဂိုမက်ဇ်တို့နဲ့အပြိုင်

ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒီနေရာမှာ ဗန်ဒိုက်ချ်နဲ့အတူ မာတစ်က အတွဲအများဆုံးဖြစ်ခဲ့ပါတယ်။ မာတစ်ဟာ ကြံ့ခိုင်မှုအားကောင်းတဲ့ နောက်ခံလူဖြစ်ရုံမက ပွဲအပေါ် ဖတ်နိုင်စွမ်းရှိကာ အမြင့်ဘောတွေ

ရှင်းထုတ်ရာမှာလည်း ကောင်းမွန်သူ ဖြစ်ပါတယ်။ ဒါ့အပြင် မာတစ်ဟာ နောက်တန်း ကစားသမားတစ်ဦးဆိုပေမဲ့ final third မှာ အသင်းဖော်တွေကိုလည်း ဖန်တီးပေးနိုင်သူပါ။ မာတစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ

လီဗာပူးအတွက် ၁ ဂိုးသွင်းယူကာ ၂ ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဘိုဝင် (ဝက်စ်ဟမ်း)

ဝက်စ်ဟမ်းဟာ ဒီရာသီမှာလည်း သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက်ပြသထားပြီး တိုက်စစ်ကစားသမား ဘိုဝင်က ဒီရာသီ ဝက်စ်ဟမ်းမှာ အကောင်းဆုံး ကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ ဘိုဝင်ဟာ ဒီရာသီ

ပရီးမီးယားလိဂ်မှာ ၉ ဂိုးသွင်းယူကာ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားတာဖြစ်ပြီး အင်္ဂလန်ကစားသမားတွေထဲမှာတော့ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမားဖြစ်နေတာပါ။ ဒါဟာ ပြီးခဲ့တဲ့ရာသီကနဲ့ယှဉ်ရင် ဘိုဝင်ရဲ့

ဂိုးသွင်းစွမ်းရည်ကလည်း တိုးတက်လာတာ တွေ့ရပါတယ်။

အာရွန်ရမ်ဒေးစ် (အာဆင်နယ်)

အာဆင်နယ်ဟာ တန်းဆင်းသွားခဲ့ရတဲ့ ရှက်ဖီးလ်ယူနိုက်တက်က ဂိုးသမာ ရမ်ဒေးစ်ကို ယူရို ၂၈ သန်းအထိ အသုံးပြုပြီး ခေါ်ယူလိုက်တဲ့အခါ သံသယများစွာ ဝင်ခဲ့ကြပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့

ရမ်ဒေးစ်ဟာ လက်စွမ်းကောင်းတွေနဲ့ သံသယတွေကို အကောင်းဆုံး ချေဖျက်နိုင်ခဲ့ပါတယ်။ ရမ်ဒေးစ်ဟာ ဒီရာသီမှာ သူရင်ဆိုင်ရတဲ့ ဂိုးကန်ချက်တွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ထားခဲ့ြ့ပီး မန်စီးတီး အီဒါဆန်နဲ့ လီဗာပူး

ဂိုးသမား အယ်လစ်ဆန်တို့ပြီးရင် ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်အကောင်းဆုံး ဂိုးသမားဖြစ်နေပါတယ်။

ဂယ်လင်ဟာ (ပဲလေ့စ်)

ဒီရာသီ ပရီးမီးယားလိဂ်ရဲ အတိုးတက်ဆုံး ကစားသမားကတော့ ချဲလ်ဆီးကနေ ပဲလေ့စ်မှာ အငှားနဲ့ ကစားနေတဲ့ ကွင်းလယ်ကြယ်ပွင့် ဂယ်လင်ဟာပဲ ဖြစ်ပါတယ်။ ဂယ်လင်ဟာအနေနဲ့ ဒီရာသီ ပဲလေ့စ်ရဲ့ အဓိ

ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပြီး ပဲလေ့စ်ရဲ့တိုက်စစ်ပိုင်းကို အဓိက ခြားနားစေသူလည်း ဖြစ်ပါတယ်။ ပဲလေ့စ်မှာ ပြသလျက်ရှိနေတဲ့ စြေစွမ်းကောင်းတွေကြောင်း ဂယ်လင်ဟာအနေနဲ့

အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ ဂယ်လင်ဟာဟာ ပဲလေ့စ်အတွက် ပရီးမီးယားလိဂ် ၂၆ ပွဲကစားခဲ့ရာမှာ ၈ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။

 

written One Daily Media

Leave a Reply

Your email address will not be published.