Sun. May 22nd, 2022

မက်ဆီကို သစ်စိမ်းချိုး ထပ်ချိုးလိုက်ပြန်တဲ့ လာပေါ်တာ

၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကတော့ ဘောလုံးနယ်ပယ်အတွင်း လှုပ်ခတ်မှု တော်တော်လေး ကြီးမားခဲ့ရပါတယ်။ ၂၁ ရာစုဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့

မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ဦးစလုံးရဲ့ အပြောင်းအရွှေ့ကို တွေ့မြင်ခဲ့ရတာပါ။ စီရော်နယ်ဒိုဟာ သူချစ်မြတ်နိုးရတဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းခဲ့ရတာဖြစ်ပေမဲ့ မက်ဆီကတော့\

သူ့ဘဝတစ်လျှောက်လုံး မြတ်နိုးရာ နူးကမ့်ကို စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။

လာလီဂါရဲ့ ရှုပ်ထွေးလှတဲ့ ဘဏ္ဍာရေးစည်းမျဥ်းတွေနဲ့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအင်အား ယိုင်နဲ့နေမှုက မက်ဆီကို နူးကမ့်ကနေ စွန့်ခွာစေခဲ့ရတဲ့ အကြောင်းရင်းတစ်ချက်ပါ။ မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ရတဲ့

အရေးပါတဲ့တစ်ချက်က ဥက္ကဋ္ဌလာပေါ်တာပါပဲ။ မက်ဆီထွက်သွားပြီးနောက်ပိုင်း လာပေါ်တာဟာ အင်တာဗျူးတွေမှာ မက်ဆီနဲ့ပတ်သက်ပြီး စကားလုံးလှလှလေးတွေသုံးနေပေမဲ့ လစာတစ်ဝက်အထိ လျှော့ယူပါမယ်ဆိုတဲ့

မက်ဆီကို ဆက်မထိန်းနိုင်ခဲ့တာက သူ့အနေနဲ့ မက်ဆီ မပါတော့တဲ့အသင်းကို တည်ဆောက်ချင်တဲ့ ဆန္ဒတွေ ကိန်းအောင်နေနိုင်ပုံပါပဲ။

ဒီလိုနဲ့ မက်ဆီဟာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ပီအက်စ်ဂျီမှာ မက်ဆီအနေနဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး မပျော်မရွှင်ဖြစ်နေပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီမှာ ကစားတာ

တစ်ရာသီမပြည့်ခင်မှာပဲ မက်ဆီရဲ့ အပြောင်းအရွှေ့သတင်းတွေ လှုပ်ခတ်လာခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက

ဒီသတင်းတွေကို ပယ်ချခဲ့ပြီး သူတို့အနေနဲ့ မက်ဆီကို ပြန်ခေါ်ဖို့ စိတ်မဝင်စားဘဲ လူငယ်တွေနဲ့သာ အသင်းသစ်ကို တည်ဆောက်သွားမှာလို့ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

“ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ရေးနဲ့ ပတ်သက်ပြီး မက်ဆီ ဒါမှမဟုတ် သူ့အဖွဲ့ထံကနေ ဘယ်လိုမက်ဆေ့ချ်မှ မရထားပါဘူး။ ဒီအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့မက်ဆီကို ပြန်ခေါ်ဖို့ စိတ်မဝင်စားပါဘူး။ မက်ဆီ

ထွက်သွားတာက အားကစားရှုထောင့်ထက် ပုဂ္ဂိုလ်ရေးနဲ့ မိသားစုအကြောင်းပြချက်တွေက ကျွန်တော့်ကို ပိုပြီးခံစားရဆိုးစေခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေနဲ့ အတွေ့အကြုံရှိ ကစားသမားတွေ ပေါင်းစပ်ပြီး

အသင်းသစ်ကို တည်ဆောက်နေပြီး မက်ဆီကို ပြန်ခေါ်ဖို့ စိတ်မဝင်စားသေးပါဘူး”လို့လာပေါ်က RAC1 ရေဒီယိုနဲ့ တွေ့ဆုံစဉ်မှာ ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး လာပေါ်တာက မက်ဆီကို ထွက်ခွာခွင့်ပြုလိုက်ရတာ သူ့အတွက် လုံးဝမလွယ်ကူခဲ့ကြောင်း၊ ကလပ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ စွန့်စားခန်း မဖွင့်လိုခဲ့ကြောင်း၊ သူတို့အနေနဲ့

လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ခြင်းဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ လာပေါ်တာက မက်ဆီကို မခေါ်ဘူးလို့ပြောခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဘာစီလိုနာနည်းပြဇာဗီက သူတို့အနေနဲ့ မက်ဆီအတွက်

အမြဲတမ်း တံခါးဖွင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီအနေနဲ့ ရီးရဲမက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း မက်ဆီဟာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိအနေအထားမှာလည်း

မက်ဆီအနေနဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ခက်ခဲပြီး အနည်းဆုံး လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ဆက်နေရမှာပါ။ ဘယ်လိုပဲဆိုဆို ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာရဲ့စကားတွေက မက်ဆီအတွက်တော့

ကြားရတာ နားခါစရာလို့ ဆိုရမှာပါ။

 

Written One daily Media

Leave a Reply

Your email address will not be published.