Fri. May 27th, 2022

နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ခေါ်ယူနိုင်မယ့် တန်ကြေးမြင့်တိုက်စစ်မှူးများ

မော်ဒန်ဘောလုံးလောကမှာ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ယေဘုယျအားဖြင့် ကုန်ကျစရိတ်ကြီးမြင့်မှာ အသေအချာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကစားသမားတွေရဲ့ စာချုပ်သက်တမ်းနဲ့ တစ်ခြားသော အခြေအနေတွေကြောင့် ပြောင်းရွှေ့ကြေး ပေးစရာမလိုဘဲ ခေါ်ယူနိုင်တာမျိုးလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးကို ၂၀၁၄ခုနှစ်တုန်းက ဒေါ့မွန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

ဒါ့အပြင် မက်ဆီဟာလည်း ပြီးခဲ့တဲ့နွေရာသီတုန်းက လစာငွေပြဿနာတွေကြောင့် ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့ရတာကို‌ တွေ့ခဲ့ရပါတယ်။

ဒီ. အ ကြောင်အရာမှာဆိုရင် ေတာ့
နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ခေါ်ယူနိုင်မယ့် တန်ကြေးမြင့်တိုက်စစ်မှူးတွေအကြောင်းကို တင်ဆက်ပေးသွားမှာပါ

၁ လာကာဇက်

၂၀၁၇တုန်းက လိုင်ယွန်ကနေ ယူရို၅၃သန်းနဲ့ အမ်းမရိတ်စ်ကို ရောက်လာခဲ့တဲ့ လာကာဇက်ဟာ ၅နှစ်တာကာလအပြီးမှာ အာဆင်နယ်ကနေ ထွက်ခွာနိုင်ချေ ရှိနေပါတယ်။ လာကာဇက်ဟာ အာဆင်နယ်အတွက် လေးရာသီဆက်တိုက် ပရီးမီးယားလိဂ်၁၀ဂိုးအထက် သွင်းနိုင်ခဲ့သလို ဒီရာသီမှာလည်း အသင်းရဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပေမယ့် သွင်းဂိုးတွေများများစားစား မသွင်းယူနိုင်ပေမယ့်လည်း အာတီတာရဲ့ လက်အောက်မှာ လူငယ်ကစားသမားလေးတွေနဲ့ အံဝင်ခွင်ကျ ကစားနေနိုင်တဲ့ ယူရို၂၂သန်းတန် လာကာဇက်ကို အေစီမီလန်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၂ ဘယ်လော့တီ

တိုရီနိုအသင်းကို ရောက်ရှိစဉ်ကတည်းက ပရိသတ်အချစ်တော်ဖြစ်လာခဲ့သူ တိုက်စစ်မှူး ဘယ်လော့တီဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ တိုရီနိုအတွက် ၂၄၃ပွဲမှာ သွင်းဂိုး ၁၀၉ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး သူ့ရဲ့သွင်းဂိုးတွေကြောင့်ပဲ တိုရီနိုအသင်းဟာ ပြီးခဲ့တဲ့နှစ်က တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့ရတာပါ။ လက်ရှိမှာတော့ ဘယ်လော့တီဟာ စီးရီးအေအသင်းကြီးတစ်သင်းထံ ပြောင်းရွှေ့ကစားလိုနေပြီး သူ့ရဲ့ကစားဟန်နဲ့ အသက်အရွယ်ကြောင့် အေစီမီလန်လိုအသင်းမျိုးနဲ့ သေချာပေါက် အံဝင်နိုင်ပါလိမ့်မယ်။

၃။ ဒမ်ဘီလီ

ဒမ်ဘီလီဟာ လာမယ့်အပြောင်းအရွှေ့မှာ အလွတ်နဲ့ရနိုင်မယ့် တတိယမြောက် တန်ဖိုးအကြီးဆုံး ကစားသမား ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့၅နှစ်က ယူရိုသန်း၁၄၀ပေးပြီး ခေါ်ခဲ့ရတဲ့ ဒမ်ဘီလီဟာ လက်ရှိမှာတော့ သူ့ရဲ့ ဈေးကွက်တန်ဖိုးက ယူရိုသန်း၃၀သာ ရှိပါတော့တယ်။ ဘောလုံးကြယ်ပွင့်တစ်ယောက်အဖြစ် အလားအလာကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာမကြာခဏ ရတတ်လွန်းတဲ့အချက်က ဒမ်ဘီလီက တိုးတက်မှုကို များစွာ ထိခိုက်စေခဲ့ပါတယ်။ အသက်(၂၄)နှစ်သာ ရှိသေးလို့ ထိပ်တန်းအဆင့်ကို ပြန်လည်တက်လှမ်းနိုင်ချေရှိနေပေမယ့် ဘာစီလိုနာမှာ တိုက်စစ်အားသန် ကစားသမားတွေ များပြားနေတာကြောင့် ရာသီအကုန်မှာ အလွတ်နဲ့ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

၄။ ဒီဘားလား

မက်ဆီနဲ့ရော်နယ်ဒိုတို့လို ဒိတ်ဒိတ်ကြဲ ပလေယာတွေနဲ့ တွဲဆော့ခွင့်ရခဲ့ပေမယ့်လည်း ဒီဘားလားက သူတို့ရဲ့အဆင့်မျိုးကို ရောက်ရှိဖို့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ အကောင်းဆုံးအချိန်တွေမှာ ပြိုင်ဘက်တွေအတွက် ကြောက်မက်ဖွယ်ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး အသင်းရဲ့ အောင်မြင်မှုတွေမှာလည်း အရေးပါသူ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကျဆင်းခဲ့တဲ့ ဒီဘားလားဟာ ဒီရာသီမှာလည်း ၇ဂိုးသာ သွင်းနိုင်ပါသေးတယ်။ ဗလာဟိုဗစ်ရောက်လာပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းက ဒီဘားလားကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုချင်နေပါတယ်။

၅ အမ်ဘာပေ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆိုတဲ့ အဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ တိုက်စစ်မှူး ဘာပေဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ များနေပါတယ်။ မက်ဆီ၊ရော်နယ်ဒို ခေတ်လွန်မှာ ဘောလုံးလောကကို အုပ်စိုးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘာပေက ဈေးကွက်တန်ဖိုး ယူရိုသန်း(၁၆၀)အထိ ရှိနေတာပါ။ အသက်(၂၃)နှစ်သာ ရှိနေပြီး စံချိန်တင်သွင်းဂိုးတွေ သွင်းပေးနေတဲ့ ဘာပေကို ပီအက်စ်ဂျီအသင်းကတော့ လွယ်လွယ်နဲ့ လက်မလွှတ်လိုဘဲ အသင်းမှာဆက်ရှိနေစေဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ စဉ်းစားနေပြီး ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။

written One Daily Media

Zawgyi

ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အလြတ္နဲ႔ေခၚယူႏိုင္မယ့္ တန္ေၾကးျမင့္တိုက္စစ္မႉးမ်ား

ေမာ္ဒန္ေဘာလုံးေလာကမွာ အရည္အေသြးျမင့္ ကစားသမားေတြကို ေခၚယူႏိုင္ဖို႔အတြက္ ေယဘုယ်အားျဖင့္ ကုန္က်စရိတ္ႀကီးျမင့္မွာ အေသအခ်ာပါပဲ။ ဒါေပမယ့္ တစ္ခါတစ္ရံမွာ ကစားသမားေတြရဲ႕ စာခ်ဳပ္သက္တမ္းနဲ႔ တစ္ျခားေသာ အေျခအေနေတြေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ေပးစရာမလိုဘဲ ေခၚယူႏိုင္တာမ်ိဳးလည္း ရွိပါတယ္။ ဥပမာအေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ တိုက္စစ္မႉးလီဝန္ေဒါစကီးကို ၂၀၁၄ခုႏွစ္တုန္းက ေဒါ့မြန္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တာပါ။

ဒါ့အျပင္ မက္ဆီဟာလည္း ၿပီးခဲ့တဲ့ေႏြရာသီတုန္းက လစာေငြျပႆနာေတြေၾကာင့္ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို အလြတ္ေျပာင္းေ႐ႊ႕ခဲ့ရတာကို‌ ေတြ႕ခဲ့ရပါတယ္။

ဒီဗီဒီယိုမွာဆိုရင္​ေတာ့
ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အလြတ္နဲ႔ေခၚယူႏိုင္မယ့္ တန္ေၾကးျမင့္တိုက္စစ္မႉးေတြအေၾကာင္းကို တင္ဆက္ေပးသြားမွာပါ

၁ လာကာဇက္

၂၀၁၇တုန္းက လိုင္ယြန္ကေန ယူ႐ို၅၃သန္းနဲ႔ အမ္းမရိတ္စ္ကို ေရာက္လာခဲ့တဲ့ လာကာဇက္ဟာ ၅ႏွစ္တာကာလအၿပီးမွာ အာဆင္နယ္ကေန ထြက္ခြာႏိုင္ေခ် ရွိေနပါတယ္။ လာကာဇက္ဟာ အာဆင္နယ္အတြက္ ေလးရာသီဆက္တိုက္ ပရီးမီးယားလိဂ္၁၀ဂိုးအထက္ သြင္းႏိုင္ခဲ့သလို ဒီရာသီမွာလည္း အသင္းရဲ႕ ဂိုးဖန္တီးမႈအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတာပါ။ တိုက္စစ္မႉးတစ္ေယာက္ျဖစ္ေပမယ့္ သြင္းဂိုးေတြမ်ားမ်ားစားစား မသြင္းယူႏိုင္ေပမယ့္လည္း အာတီတာရဲ႕ လက္ေအာက္မွာ လူငယ္ကစားသမားေလးေတြနဲ႔ အံဝင္ခြင္က် ကစားေနႏိုင္တဲ့ ယူ႐ို၂၂သန္းတန္ လာကာဇက္ကို ေအစီမီလန္အသင္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

၂ ဘယ္ေလာ့တီ

တိုရီႏိုအသင္းကို ေရာက္ရွိစဥ္ကတည္းက ပရိသတ္အခ်စ္ေတာ္ျဖစ္လာခဲ့သူ တိုက္စစ္မႉး ဘယ္ေလာ့တီဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ တိုရီႏိုအတြက္ ၂၄၃ပြဲမွာ သြင္းဂိုး ၁၀၉ဂိုးအထိ သြင္းယူေပးထားႏိုင္ၿပီး သူ႔ရဲ႕သြင္းဂိုးေတြေၾကာင့္ပဲ တိုရီႏိုအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က တန္းဆင္းဇုန္ကေန လြတ္ေျမာက္ခဲ့ရတာပါ။ လက္ရွိမွာေတာ့ ဘယ္ေလာ့တီဟာ စီးရီးေအအသင္းႀကီးတစ္သင္းထံ ေျပာင္းေ႐ႊ႕ကစားလိုေနၿပီး သူ႔ရဲ႕ကစားဟန္နဲ႔ အသက္အ႐ြယ္ေၾကာင့္ ေအစီမီလန္လိုအသင္းမ်ိဳးနဲ႔ ေသခ်ာေပါက္ အံဝင္ႏိုင္ပါလိမ့္မယ္။

၃။ ဒမ္ဘီလီ

ဒမ္ဘီလီဟာ လာမယ့္အေျပာင္းအေ႐ႊ႕မွာ အလြတ္နဲ႔ရႏိုင္မယ့္ တတိယေျမာက္ တန္ဖိုးအႀကီးဆုံး ကစားသမား ျဖစ္ေနပါတယ္။ လြန္ခဲ့တဲ့၅ႏွစ္က ယူ႐ိုသန္း၁၄၀ေပးၿပီး ေခၚခဲ့ရတဲ့ ဒမ္ဘီလီဟာ လက္ရွိမွာေတာ့ သူ႔ရဲ႕ ေဈးကြက္တန္ဖိုးက ယူ႐ိုသန္း၃၀သာ ရွိပါေတာ့တယ္။ ေဘာလုံးၾကယ္ပြင့္တစ္ေယာက္အျဖစ္ အလားအလာေကာင္းေတြ ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ဒဏ္ရာမၾကာခဏ ရတတ္လြန္းတဲ့အခ်က္က ဒမ္ဘီလီက တိုးတက္မႈကို မ်ားစြာ ထိခိုက္ေစခဲ့ပါတယ္။ အသက္(၂၄)ႏွစ္သာ ရွိေသးလို႔ ထိပ္တန္းအဆင့္ကို ျပန္လည္တက္လွမ္းႏိုင္ေခ်ရွိေနေပမယ့္ ဘာစီလိုနာမွာ တိုက္စစ္အားသန္ ကစားသမားေတြ မ်ားျပားေနတာေၾကာင့္ ရာသီအကုန္မွာ အလြတ္နဲ႔ အသင္းေျပာင္းဖြယ္ ရွိေနပါတယ္။

၄။ ဒီဘားလား

မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔လို ဒိတ္ဒိတ္ႀကဲ ပေလယာေတြနဲ႔ တြဲေဆာ့ခြင့္ရခဲ့ေပမယ့္လည္း ဒီဘားလားက သူတို႔ရဲ႕အဆင့္မ်ိဳးကို ေရာက္ရွိဖို႔ လိုအပ္ခ်က္ေတြ ရွိေနပါေသးတယ္။ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးဟာ အေကာင္းဆုံးအခ်ိန္ေတြမွာ ၿပိဳင္ဘက္ေတြအတြက္ ေၾကာက္မက္ဖြယ္ကစားသမားတစ္ေယာက္ ျဖစ္ခဲ့ၿပီး အသင္းရဲ႕ ေအာင္ျမင္မႈေတြမွာလည္း အေရးပါသူ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းက်ဆင္းခဲ့တဲ့ ဒီဘားလားဟာ ဒီရာသီမွာလည္း ၇ဂိုးသာ သြင္းႏိုင္ပါေသးတယ္။ ဗလာဟိုဗစ္ေရာက္လာေပမယ့္လည္း ဂ်ဴဗင္တပ္စ္အသင္းက ဒီဘားလားကို သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခ်င္ေနပါတယ္။

၅ အမ္ဘာေပ

ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆိုတဲ့ အဆင့္ကို တက္လွမ္းဖို႔ အဆင္သင့္ျဖစ္ေနတဲ့ တိုက္စစ္မႉး ဘာေပဟာ ရာသီအကုန္မွာ ပီအက္စ္ဂ်ီကေန အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ မ်ားေနပါတယ္။ မက္ဆီ၊ေရာ္နယ္ဒို ေခတ္လြန္မွာ ေဘာလုံးေလာကကို အုပ္စိုးႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနတဲ့ ဘာေပက ေဈးကြက္တန္ဖိုး ယူ႐ိုသန္း(၁၆၀)အထိ ရွိေနတာပါ။ အသက္(၂၃)ႏွစ္သာ ရွိေနၿပီး စံခ်ိန္တင္သြင္းဂိုးေတြ သြင္းေပးေနတဲ့ ဘာေပကို ပီအက္စ္ဂ်ီအသင္းကေတာ့ လြယ္လြယ္နဲ႔ လက္မလႊတ္လိုဘဲ အသင္းမွာဆက္ရွိေနေစဖို႔ အစြမ္းကုန္ ႀကိဳးစားေနပါတယ္။ ဒါေပမယ့္လည္း ကစားသမားကိုယ္တိုင္က အသင္းေျပာင္းဖို႔ စဥ္းစားေနၿပီး ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိဖို႔ အနီးစပ္ဆုံး ျဖစ္ေနပါတယ္။

 

Leave a Reply

Your email address will not be published.