Mon. May 23rd, 2022

အနာဂတ်နဲ့ ပတ်သက်ပြီး အမ်ဘာပေကို ဒရော့ဂ်ပေးခဲ့တဲ့အကြံ

ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့ ပတ်သက်ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာကတော့ အကြံပြုစကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့

ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အမ်ဘာပေအနေနဲ့ အသင်းပြောင်းနိုင်ဖွယ်ရှိနေတာပါ။ အမ်ဘာပေကို ဥရောပထိပ်သီးအသင်းအများအပြား စိတ်ဝင်စားနေကြပြီး အဲဒီအခါကမှ

လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေ အရှိဆုံးဖြစ်နေတာပါ။ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာက အမ်ဘာပေအနေနဲ့ နောက်ကစားမဲ့အသင်းတွေမှာ ဦးဆောင်မှုကိုရယူကာ

ပျော်ရွှင်မှုကို ရှာဖွေဖို့ အကြံပြုတိုက်တွန်းခဲ့ပါတယ်။

အမ်ဘာပေအနေနဲ့ ဒီရာသီမှာ ပီအက်စ်ဂျီအတွက်ပြိုင်ပွဲစုံ ၃၈ ပွဲကစားထားရာမှာ ၂၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုအကြိမ် ၂၀ ပြုလုပ်ထားပါတယ်။ ဒရော့ဂ်ဘာကတော့ အမ်ဘာပေဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး

ကစားသမားဖြစ်ပြီး အသင်းတိုင်းက သူ့ကိုလိုချင်နေကြလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပြင်သစ်မီဒီယာတစ်ခုနဲ့တွေ့ဆုံရာမှာ ဒရော့ဂ်ဘာက “အမ်ဘာပေက အကောင်းဆုံး ကစားသမားဆိုတာ မေးခွန်းထုတ်စရာ

မလိုပါဘူး။ သူက အသင်းတိုင်းက လိုချင်နေကြမဲ့ ကစားသမားမျိုးပါ။ ဒီရာသီအစကတည်းက အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီကို ကူညီနေတာပါ။ ဘယ်အသင်းကများ အမ်ဘာပေကို ငြင်းဆန်နိုင်မှာတဲ့လဲ။

ဘယ်အသင်းမှာဖြစ်ဖြစ် အမ်ဘာပေက အရေးပါတဲ့ ကစားသမားဖြစ်နေမှာပါ”လု့ ိ ဖွင့်ဟခဲ့ပါတယ်။

အမ်ဘာပေဟာ လက်ရှိပီအက်စ်ဂျီအသင်းမှာ ဦးဆောင်သူအဖြစ် ကစားနေတယ်ဆိုတာ ငြင်းစရာမရှိနိုင်ဘဲ တောက်ပတဲ့စွမ်းဆောင်ရည်တွေကို ပြသထားတာဖြစ်ပါတယ်။ ပီအက်စ်ဂျီကနေ

ထွက်ခွာသွားပြီးတဲ့အခါမှာလည်း အမ်ဘာပေအနေနဲ့ ဘယ်အသင်းကိုပဲရောက်ရောက် သူ့ရဲ့ဦးဆောင်မှုကို ပြသဖို့ ဒရော့ဂ်ဘာက တိုက်တွန်းထားပါတယ်။ “လက်ရှိမှာတော့ အမ်ဘာပေက ဦးဆောင်သူ ဖြစ်နေတာပါ။

ဒီနှစ်အတွင်းမှာ အမ်ဘာပေတစ်ယောက် ဦးဆောင်သူဖြစ်လာတာကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်။ ဘယ်အသင်းကိုပဲ ပြောင်းပြောင်းသူ့အနေနဲ့ အဲဒီအရာကို ဆက်ထိန်းထားနိုင်ရမှာပါ”လို့ ဒရော့ဂ်ဘာက ဆိုခဲ့ပါတယ်။

လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အနေနနဲ့ အမ်ဘာပေကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့နွေရာသီတုန်းက အမ်ဘာပေကို ခေါ်ယူဖို့ ပျက်ပြယ်ခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အနေနဲ့

လာမဲ့ရာသီမှာလည်း သ့ူကိုခေါ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားဦးမှာပါ။ အမ်ဘာပေအနေနဲ့ လာမဲ့နွေရာသီမှာ ရီးရဲမက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီခဲံပြီဖြစ်ကြောင်း စပိန်သတင်းစာ AS က

ဖော်ပြထားပါတယ်။ တစ်ဖက်မှာ ပီအက်စ်ဂျီကလည်း အမ်ဘာပေကို ဆက်ထိန်းနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းနေပြီး ၂ နှစ်လောက်ဖြစ်ဖြစ် ကာလတိုစာချုပ် ချုပ်ဆိုနိုင်ဖု့ိ ဆောင်ရွက်လျက်ရှိနေပါတယ်။

written  One Daily Media

 

Zawgyi

အနာဂတ္နဲ႔ ပတ္သက္ၿပီး အမ္ဘာေပကို ဒေရာ့ဂ္ေပးခဲ့တဲ့အႀကံ

ပီအက္စ္ဂ်ီကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပနဲ႔ ပတ္သက္ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဒေရာ့ဂ္ဘာကေတာ့ အႀကံျပဳစကားေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီနဲ႔ အမ္ဘာေပတို႔

ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ရာသီကုန္မွာ ကုန္ဆုံးမွာျဖစ္ၿပီး အမ္ဘာေပအေနနဲ႔ အသင္းေျပာင္းႏိုင္ဖြယ္ရွိေနတာပါ။ အမ္ဘာေပကို ဥေရာပထိပ္သီးအသင္းအမ်ားအျပား စိတ္ဝင္စားေနၾကၿပီး အဲဒီအခါကမွ

လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ ျဖစ္ႏိုင္ေခ် အရွိဆုံးျဖစ္ေနတာပါ။ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဒေရာ့ဂ္ဘာက အမ္ဘာေပအေနနဲ႔ ေနာက္ကစားမဲ့အသင္းေတြမွာ ဦးေဆာင္မႈကိုရယူကာ

ေပ်ာ္႐ႊင္မႈကို ရွာေဖြဖို႔ အႀကံျပဳတိုက္တြန္းခဲ့ပါတယ္။

အမ္ဘာေပအေနနဲ႔ ဒီရာသီမွာ ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲစုံ ၃၈ ပြဲကစားထားရာမွာ ၂၈ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈအႀကိမ္ ၂၀ ျပဳလုပ္ထားပါတယ္။ ဒေရာ့ဂ္ဘာကေတာ့ အမ္ဘာေပဟာ လက္ရွိ ကမာၻေပၚမွာ အေကာင္းဆုံး

ကစားသမားျဖစ္ၿပီး အသင္းတိုင္းက သူ႔ကိုလိုခ်င္ေနၾကလိမ့္မယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ျပင္သစ္မီဒီယာတစ္ခုနဲ႔ေတြ႕ဆုံရာမွာ ဒေရာ့ဂ္ဘာက “အမ္ဘာေပက အေကာင္းဆုံး ကစားသမားဆိုတာ ေမးခြန္းထုတ္စရာ

မလိုပါဘူး။ သူက အသင္းတိုင္းက လိုခ်င္ေနၾကမဲ့ ကစားသမားမ်ိဳးပါ။ ဒီရာသီအစကတည္းက အမ္ဘာေပအေနနဲ႔ ပီအက္စ္ဂ်ီကို ကူညီေနတာပါ။ ဘယ္အသင္းကမ်ား အမ္ဘာေပကို ျငင္းဆန္ႏိုင္မွာတဲ့လဲ။

ဘယ္အသင္းမွာျဖစ္ျဖစ္ အမ္ဘာေပက အေရးပါတဲ့ ကစားသမားျဖစ္ေနမွာပါ”လု႔ ိ ဖြင့္ဟခဲ့ပါတယ္။

အမ္ဘာေပဟာ လက္ရွိပီအက္စ္ဂ်ီအသင္းမွာ ဦးေဆာင္သူအျဖစ္ ကစားေနတယ္ဆိုတာ ျငင္းစရာမရွိႏိုင္ဘဲ ေတာက္ပတဲ့စြမ္းေဆာင္ရည္ေတြကို ျပသထားတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီကေန

ထြက္ခြာသြားၿပီးတဲ့အခါမွာလည္း အမ္ဘာေပအေနနဲ႔ ဘယ္အသင္းကိုပဲေရာက္ေရာက္ သူ႔ရဲ႕ဦးေဆာင္မႈကို ျပသဖို႔ ဒေရာ့ဂ္ဘာက တိုက္တြန္းထားပါတယ္။ “လက္ရွိမွာေတာ့ အမ္ဘာေပက ဦးေဆာင္သူ ျဖစ္ေနတာပါ။

ဒီႏွစ္အတြင္းမွာ အမ္ဘာေပတစ္ေယာက္ ဦးေဆာင္သူျဖစ္လာတာကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ရပါတယ္။ ဘယ္အသင္းကိုပဲ ေျပာင္းေျပာင္းသူ႔အေနနဲ႔ အဲဒီအရာကို ဆက္ထိန္းထားႏိုင္ရမွာပါ”လို႔ ဒေရာ့ဂ္ဘာက ဆိုခဲ့ပါတယ္။

လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္အေနနနဲ႔ အမ္ဘာေပကို ေခၚယူဖို႔အတြက္ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အမ္ဘာေပကို ေခၚယူဖို႔ ပ်က္ျပယ္ခဲ့ၿပီးေနာက္ ရီးရဲမက္ဒရစ္အေနနဲ႔

လာမဲ့ရာသီမွာလည္း သ့ူကိုေခၚႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းသြားဦးမွာပါ။ အမ္ဘာေပအေနနဲ႔ လာမဲ့ေႏြရာသီမွာ ရီးရဲမက္ဒရစ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲံၿပီျဖစ္ေၾကာင္း စပိန္သတင္းစာ AS က

ေဖာ္ျပထားပါတယ္။ တစ္ဖက္မွာ ပီအက္စ္ဂ်ီကလည္း အမ္ဘာေပကို ဆက္ထိန္းႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးပမ္းေနၿပီး ၂ ႏွစ္ေလာက္ျဖစ္ျဖစ္ ကာလတိုစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖု႔ိ ေဆာင္႐ြက္လ်က္ရွိေနပါတယ္။

 

Leave a Reply

Your email address will not be published.