Fri. May 27th, 2022

ထောင်ကိုပိတ်သိမ်းရသည်အထိ အကျဉ်းသားများမရှိတော့တဲ့ နယ်သာလန်နိုင်ငံ

နယ်သာလန်နိုင်ငံဟာ နိုင်ငံ၏ရာဇ ၀ တ်မှုနှုန်းကျဆင်းသွားသည့်အပြင် အကျဉ်းသားများအား လူသားဆန်စွာ ဆက်ဆံခြင်း ကြောင့်လည်း နာမည်ကောင်းရပါတယ်။ ၂၀၁၈ ခုနှစ်တွင်နောက်ထပ်ထောင် ၄ ခုပိတ်ခဲ့ပြီးအချို့ကိုဒုက္ခသည်များအတွက်အိမ်များအဖြစ်ပြောင်းလဲခဲ့ပါတယ်။

ဒတ်ခ်ျတို့ဟာ ရာဇ ၀တ်မှုများကိုစာနာနားလည်သော၊ လူသားဆန်သောချဉ်းကပ်မှုများဖြင့်အကျဉ်းထောင်များအားစီမံခန့်ခွဲပါတယ်။

(၁) လူသားဆန်စွာဆက်ဆံပေးခြင်းက ၎င်းတို့အား လူသားဆန်လာစေပါတယ်

စိတ်ဝေဒနာခံစားနေရသူများအားအထူးပြန်လည်ထူထောင်ရေးစီမံချက်ဖြင့်ဒတ်ခ်ျတရားစီရင်ရေးစနစ်က အကျဉ်းသား ဦး ရေကိုလျှော့ချနေပါတယ် ။ ဤစနစ်သည်အပြစ်ပေးခြင်းထက်ကာကွယ်ခြင်းနှင့်နားလည်ခြင်းကိုအခြေခံပါတယ်။ရာဇ ၀ တ်မှုများကျူးလွန်သောသူတို့အား ဒဏ်ငွေ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးအစီအစဉ်များသို့တက်ရောက်ရန်တိုက်တွန်းပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းသည် ထိရောက်မှုမရှိကြောင်းသက်သေပြကာ အကျဉ်းထောင်များကိုလျှော့ချလိုက်ခြင်းဖြစ်ပါတယ်။
ရာဇ ၀ တ်သားများအား ပြန်လည်ထူထောင်ပေးပြီးနောက် လူ့အဖွဲ့အစည်းအတွက်အထောက်အကူပြုနိုင်သောလူသားများကဲ့သို့ဆက်ဆံရမည် ဟူသောအယူအဆကိုအခြေခံထားပါတယ်။စိတ်ပညာရှင် Miriam van Driel က “ မင်းသူတို့ကိုခွေးတွေလိုဆက်ဆံရင် သူတို့ကခွေးတွေလိုပြုမူလိမ့်မယ်၊ ဒါပေမယ့်မင်းသူတို့ကိုလူသားတွေအဖြစ်ဆက်ဆံရင်သူတို့ကလူသားတွေလိုပြုမူလိမ့်မယ်” လို့ဆိုပါတယ်။

(၂) ကြားဝင်ဆောင်ရွက်မှုအစီအစဉ်များ

အကျဉ်းထောင်သို့ ရောက်လာသောသူများကို လူ့အဖွဲ့အစည်းထဲသို့အမြန်ဆုံးပြန်လည် ၀ င်ရောက်နိုင်ရန်လမ်းညွှန်ကုထုံးများ လုပ်စေပါတယ်။ ဤအစီအစဉ်များသည်လူထုအားကာကွယ်ရန်သာမကထောင်ချခံရသူများကိုပြန်လည်ထူထောင်ရန်ရည်ရွယ်ပါတယ် ။ လေ့လာမှုအရ ဒီအစီအစဉ်တွေဟာအောင်မြင်တယ်ဆိုတာကိုသက်သေပြခဲ့ပေမဲ့ တစ်ချို့က တော့ သူတို့က အမျိုးသားတွေကိုသာ အကျိုးရှိစေပြီး အမျိုးသမီးတွေက တော့ အကျိုးနည်းတယ်လို့ပြောကြပါတယ်။

(၃) ဒုက္ခသည်များအတွက်နေစရာအိမ်အဖြစ်သို့

နောက်ဆုံးတွင်‌ တော့ ဤဒတ်ခ်ျအကျဉ်းထောင်များစွာကို ပိတ်သိမ်းခဲ့ပြီး ၎င်းတို့ထဲမှအချို့ကို အခြားနိုင်ငံများသို့ပင်ငှားရမ်းခဲ့ကာ အချို့ကဇိမ်ခံဟိုတယ်များနှင့်ဒုက္ခသည်အိမ်ရာများအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ နာမည်ကျော်ဒတ်ခ်ျအကျဉ်းထောင် တစ်ခုဖြစ်သော Koepelgevangenis ကိုတက္ကသိုလ်တစ်ခုအဖြစ်သို့ပြောင်းရန်လည်းအစီအစဉ်ရှိ နေပါတယ်။

ရာဇ ၀ တ်မှုကျူးလွန်သူတွေကို ကြင်ကြင်နာနာ လေးလေးစားစား ဆက်ဆံကာ ပြောင်းလဲစေခြင်းက သာမန်ထက်ပိုကောင်းတဲ့နည်းလမ်းလို့သင် ရောထင်ပါသလား ??

Leave a Reply

Your email address will not be published.