Mon. May 23rd, 2022

ဂါဝန်ဝတ်စုံများကြိုက်နှစ်သက်သူ သားငယ်အပေါ် ဖခင်ဖြစ်သူ၏ ထောက်ပံ့ပျိုးထောင်ပေးပုံ

ကျွန်ုပ်တို့ တစ်နေ့ မိဘများဖြစ်လာသည့်အခါကျွန်ုပ်တို့၏ကလေးများအားချစ်ပေးရန်နှင့်အရွယ်ရောက်သည်အထိ ပျိုးထောင်ပေးရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပါတယ်။ သူတို့ကို ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့နဲ့လေးစားတတ်ဖို့သင်ပေးပြီး မိမိရဲ့ဖြစ်တည်မှုကို ဘယ်တော့မှ အားမငယ်တတ်ဖို့ကိုလည်း ဆုံးမပေးဖို့လိုပါတယ်။ဒါမျိုး‌ တွေကို Jared Qwustenuxun Williams ကသူ့သား Finn အတွက်လုပ်ပေးခဲ့ပါတယ် ။Finn က ဂါဝန်၀တ်စုံများ ၀တ်ရတာကို ၀ါသနာပါတာကိုလည်း အားပေးခဲ့ပါတယ်။

သားဖြစ်သူရဲ့ တိုးတက်လာတဲ့ ပင်ကိုယ်စရိုက်ကိုဖခင်၏ ချဉ်းကပ်မှုဟာ သဘောကျစရာ‌ ကောင်းပြီး သူ့ရဲ့မိဘအုပ်ထိန်းမှုအမြင်တွေအကြောင်းပိုသိနိုင် စေရန် ဝေမျှပေးမှာဖြစ်ပါတယ်။

(၁) သားများနဲ့အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်တဲ့ ဖခင်

Jared ဟာ ဇနီးသည်နှင့်အတူ သား ၂ ယောက်ကိုထွန်းကားပြီး ကလေးတွေရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက် အဖြစ်လဲ ထိန်းကျောင်းပါတယ် ။သူက သူ့သားတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာတွေကို သွားရောက်လည်ပတ်လေ့ရှိပြီး ကလေးများ၏ မသင့်တော်သောအပြုအမူများအပေါ်တွင်လည်း လူမှုရေးစံနှုန်းများနဲ့ အညီသတိပေး ဆုံးမ လေ့ရှိပါတယ် ။ ဒါပေမယ့်တစ်ချိန်တည်းမှာပဲ မလိုအပ်သောလူမှုရေးစည်းမျဉ်းတွေကိုလည်းဆန့်ကျင်တတ်ဖို့ လမ်းဖွင့်ပေးထားပါတယ်။

(၂) သားဖြစ်သူ မိန်းကလေးအဝတ်အစား ၀ တ်တာကိုပထမဆုံးမြင်တဲ့အခါသူ့တုံ့ပြန်ပုံကအံ့သြစရာကောင်းလှပါတယ်

အင်တာဗျူးရာမှာ Jared က သူဟာလည်းငယ်စဉ်က လှောင်ပြောင် အနိုင်ကျင့်ခံခဲ့ရဖူးကြောင်းဝန်ခံခဲ့ပြီး ဒါကသူ့ကို ယခုထိ စိတ်မသက်မသာဖြစ်စေတုန်းပဲ လို့ ပြောပါတယ်။ သားအငယ်ဆုံးအား မိန်းကလေး၀တ်စုံနှင့်မြင်လိုက်ရသောအခါသူ၏ကနဦး အတွေးကရိုးရှင်းပါတယ်။ ကောင်လေးကအရမ်းပျော်နေပြီး အရမ်းလဲလှနေတယ်။သို့သော် စက္ကန့်ပိုင်းအတွင်းသူ၏ အတွေးထဲ၌ “အခြားသူများကောမည်သို့ထင်မည်နည်း” ဆိုတာကို ကလေးအတွက်စိတ်ပူလာမိပြီး သူ့မိန်းမနဲ့ တိုင်ပင်ရပါတော့တယ်။ လပေါင်းများစွာဒီအကြောင်း တိုင်ပင်ကြပြီး နောက်မှာ တော့ မည်သို့ပင်ဆိုစေကာမူ ကလေးကိုထောက်ပံ့ဖို့သာ ဆုံးဖြတ်လိုက်ခဲ့ကြပါတယ်။

(၃) သားအဖ ၂ဦးဟာ ဝေဖန်မှုတွေကို အတူတကွ ကျော်ဖြတ်ဖို့ကြိုးစားပါတယ်

Jared က Finn ကို အစဉ်အမြဲ အားပေးနေခဲ့ပြီး မိသားစုဘဝရဲ့အနှစ်သာရများကိုလည်း ရှင်းပြခဲ့ပါတယ်။ထို့အပြင်သူတို့မှာ လူတစ်ယောက်အပေါ် စွက်ဖက်ဝေဖန်ခြင်းမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုလဲ ရှိနေပါတယ်။Jared ၏အမျိုးသားသူငယ်ချင်းအများစုက စကော့ ရိုးရာ ခါးဝတ်များ၀ တ်ဆင်ကြပြီး လိင်ပြောင်း သူငယ်ချင်းများစွာလည်း ရှိပါတယ် ။ ကျောင်းက ကလေးတွေကကို လည်း Finn ကသူနဲ့မတူဘူးလို့မထင်မိဘဲFinn အတွက် ကတော့ သူဟာ အမျိုးသမီးဝတ်များကို နှစ်သက်သောကောင်လေးတစ်ယောက်သာဖြစ်ပါတယ်။

(၄) မိဘများအတွက် Jared ၏လက်ဆောင်စကား

ယေဘူယျအားဖြင့် ကလေးများ၏ ရှေ့ရေးအတွက်မိဘများခေါင်းကိုက်ရလေ့ရှိသော်လည်း သူတို့ဆန္ဒနဲ့ သူတို့ဖြစ်ချင်တဲ့သူ ဖြစ်လာဖို့ဘယ်သူကိုမဆို ထောက်ခံပေးရမှာဖြစ်ပါတယ်။ “ မင်းကလူတစ်ယောက်ကိုပြုစုပျိုးထောင် နိုင်တယ်၊ သူ့ဘဝကိုတော့ စွက်ဖက်ပြီးမစီမံနိုင်ဘူး” လို့ ပြောပါတယ်။

သင်ရဲ့သား (သို့) တူဖြစ်သူက ယင်းကဲ့သို့၀တ်စုံများ ဝတ်ထားတာမြင်ရင် သင်ရဲ့တုံ့ပြန်မှုကဘယ်လိုဖြစ်မလဲ။ သူတို့ရဲ့ ပင်ကိုယ်စရိုက်ကိုပိုယုံကြည်မှုရှိလာဖို့သူတို့ကို ဘယ်လိုအားပေးမလဲ??

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published.