Fri. May 27th, 2022

ကလေးငယ်များ၏ စိတ်ကျန်းမာရေးကို ထိခိုက်စေမည့် အပြစ်ဒဏ်များအတွက် သတိပြုဖွယ်များ

ကလေးအထူးကုများ‌ရော နှင့်စိတ်ပညာရှင်များကပါ ကလေးငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခြင်းများဟာ ကလေးအား ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါများစွာထိခိုက်စေ ကြောင်းအတည်ပြုပြောဆိုထားပါတယ်။စစ်တမ်းတစ်ခုအရလွန်ခဲ့သော ၂၅ နှစ်အတွင်းမိဘ ၈၀% ဟာ ၎င်းတို့၏ကလေးများအားရိုက်နှက်ဆုံးမကြပြီး ယနေ့ခေတ်တွင် တော့ ၆၇ ရာခိုင်နှုန်းခန့်သာ ရှိတော့တာကြောင့် ရာခိုင်နှုန်း လျော့ကျလာသော်လည်း ထပ်မံလျော့ကျနိုင်ရန် များစွာလိုအပ်နေပါသေးတယ်။

ဒါဟာလျစ်လျူရှူထားလို့မရတဲ့ကိစ္စပဲဖြစ်ပါတယ်။ထို့ကြောင့် အရေးကြီးအချက်အလက်တချို့ကို စုစည်းဖော်ပြပေးလိုပါတယ်။

(၁) တစ်ချို့လူတွေဟာ ကလေးတွေကိုအနိုင်ကျင့်မိ‌နေတယ်လို့ပင် ကိုယ့်ကိုကိုယ်သံသယမ၀င်ကြပါဘူး။

ရုပ်ပိုင်းဆိုင်ရာစော်ကားမှုသည် ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ အထင်ရှားဆုံးက‌တော့ ကလေးများကို ခါးပတ် (သို့) တုတ် ကဲ့သို့အရာဝတ္ထုဖြင့်ဖြစ်‌ စေ ၊ လက်နှင့်ဖြစ်‌စေ ရိုက်နှက်ခြင်းများဖြစ်ပါတယ် ။ ထို့အပြင် ရုပ်ပိုင်းဆိုင်ရာစော်ကားမှုအမျိုးအစားများတွင် ကလေးများကိုကိုင်‌ ဆောင့်ခြင်း၊ ဆံပင်ဆွဲခြင်း၊ နားအုံရိုက်ခြင်း ၊ မသက်မသာအနေအထားတွင်နေခိုင်းခြင်းတို့လည်း ပါဝင်ပါတယ်။


အတင်းအကြပ် ပါးစပ်ဆေးစေခြင်း၊ လက်ကိုဆေးခြင်း သို့မဟုတ် အတင်းအကျပ် အစာကျွေးခြင်း ကဲ့သို့သောအဓမ္မပြုကျင့်မှုများဟာလည်း လူအများထင်မှတ်မထားသည့် အခြားရုပ်ပိုင်းဆိုင်ရာစော်ကားမှုများဖြစ်ပါတယ်။
ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာမဟုတ်တဲ့ အခြားအနိုင်ကျင့်တဲ့ပုံစံတွေလည်းရှိပါသေးတယ်။ခြိမ်းခြောက်ခြင်း၊ အရှက်ခွဲခြင်း၊ လိမ်လည်ခြင်း၊ ကြောက်ရွံ့စေခြင်းနှင့်အော်ဟစ်ခြင်းတို့ပါဝင်တယ်။ လက်ဆုပ်လက်ကိုင် ပြစရာ ဒဏ်ရာမရပေမဲ့ နှုတ်ဖြင့်စော်ကားခြင်းသည်လည်း ကလေးများအတွက်အန္တရာယ်မနည်းလှပါဘူး။
လေ့လာမှုများအရ အသက် ၁၃ နှစ်မတိုင်မီနှုတ်ဖြင့် အနိုင်ကျင့်ခံရသောကလေးများဟာ နောက်ပိုင်းတွင်စိတ်ကျရောဂါလက္ခဏာများပိုခံစားရပါတယ် ။ကလေးများနှင့်မိဘများအကြား နွေးထွေးသောဆက်ဆံရေး ရှိသည်ပင်လျှင်စိတ်ကျ‌ရောဂါကိုမကာကွယ်နိုင်ပါဘူး။

(၂) ရိုက်နှက်အပြစ်ပေးခြင်းသည်အကြမ်းဖက်မှုအဖြစ်အများဆုံးပုံစံဖြစ်သည်။

ပထမဦးစွာ ၎င်းဟာ ကလေးတစ်ဦး၏အခြေခံလူ့အခွင့်အရေးကိုချိုးဖောက်တာပဲဖြစ်ပါတယ်။ ထို့အပြင် ကလေးများကိုတိုက်ရိုက်ထိခိုက်စေပြီးဒဏ်ရာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ ပေါ့ပေါ့ပါးပါး ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခြင်းကိုပင်လျှင် ဒေါသကြီးသောမိဘများကတစ်ခါတစ်ရံ ကိုယ့်ကိုကိုယ်မထိန်းနိုင်ကြပါဘူး။


မတရားအနိုင်ကျင့်ခံရသောကလေးများက နောင်တွင်ပိုမိုရန်လိုတတ်သည်ကိုတွေ့ရှိရပြီး ရိုက်နှက်ခြင်းသည်လည်း ထို့အတူပင်ဖြစ်ပါတယ်။လေ့လာမှုတစ်ခုအရ ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခံရခြင်း၏ အကျိုးဆက်အဖြစ်အများဆုံး တွေ့ရပြီး ၅၄% သောကလေးများမှာ တွေ့ကြုံရပါတယ်။

(၃) ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုအပြင်စိတ်ကျန်းမာရေးကိုလည်းပျက်စီးစေပါတယ်

ဤအကျိုးဆက်များသည်ကလေးများနှင့်အတူရှိနေပြီး ကြီးပြင်းလာချိန်ထိ လိုက်ပါနှောင့်ယှက်နေမှာပါ ။ များစွာသောလေ့လာမှုများကအပြစ်ပေးခံရခြင်းဟာ စိတ်ကျန်းမာရေးအပေါ်ပြင်းထန်သောအကျိုးသက်ရောက်မှုရှိစေပြီး စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုနည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ခြင်းနှင့်မူမမှန် သောအမူအကျင့်များဖြစ်စေပါတယ်။


လေ့လာမှုတစ်ခုကလည်း ဤအရာဟာ အမှန်ဖြစ်ကြောင်းထပ်မံသက်သေပြခဲ့ပါတယ်။ သာမန်အားဖြင့်ရုပ်ပိုင်းဆိုင်ရာအပြစ်ဒဏ်အတွေ့အကြုံရှိသူများဟာ စိတ်ကျန်းမာရေးအကဲဖြတ်မှုနှင့်စိတ်ကျရောဂါစမ်းသပ်မှုများတွင်ပိုဆိုးသော ရလဒ်များထွက်ပေါ်တတ်ပါတယ်။

BONUS : ကလေးများနှင့်ဆက်ဆံနည်း

စိတ်ပညာရှင်များက သင့်တော်သောစည်းကမ်းနည်းလမ်းများ ပြောပြထားပါတယ်။

အချိန်‌ပေးခြင်း-ကလေးအား နှစ်မိနစ်လောက်သီးသန့်စိတ်အေးအေးထားပြီးစဉ်းစားစေပါ။ ထို့နောက်မှအခြေအနေကိုစိတ်ရှည်ရှည်ဆွေးနွေးနိုင်ပြီးဘာကြောင့်မကောင်းတာကိုရှင်းပြပေးရပါမယ်။

အခွင့်ထူးတစ်ခုကိုကန့်သတ်ပါ – သူတို့ကိုရိုက်နှက်မည့်အစား ကာတွန်းတစ်ရက်မကြည့်ရန်၊သကြားလုံးမစားရန် အစရှိသည့်အခွင့်ထူးတစ်ခုခုကို အမှားအတွက်ပေးဆပ်စေပါ။

ဤနည်းလမ်းများဟာ ထိရောက်ပြီးကလေးရဲ့ အပြုအမူများအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိ‌စေပါတယ်။ သာမန်ပြစ်ဒဏ်အသေးအမွှားတစ်ခုနှင့်ပင် သူတို့အပေါ်အကျိုးသက်ရောက်မှုရှိရန်လုံလောက်ပါသည်ဟု ကျွမ်းကျင်သူများကဆိုပါတယ်။

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published.