Fri. May 27th, 2022

ဘာစီလိုနာအသင်းကိုမှ ဟက်ထရစ်သွင်းနိုင်ခဲ့ကြတဲ့ ကစားသမားများ

ဥရောပချန်ပီယံလိဂ် ဆုဖလားကို ၅ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ သမိုင်းကြောင်း အစဉ်အလာကြီးမားပြီး ဥရောပရဲ့ အင်အားကြီးအသင်းတစ်သင်းအဖြစ် ဆယ်စုနှစ်၂ခုကျော်တိုင် အခိုင်အမာ ရပ်တည်နေတဲ့ အသင်းတစ်သင်းပါ။ သူတို့ရဲ့ နာမည်ကျော် အိမ်ကွင်း နူးကမ့်ဟာဆိုရင်လည်း ဥရောပရဲ့ အခမ်းနား အကြီးကျယ်ဆုံး ဘောလုံးကွင်းတွေထဲက တစ်ကွင်းဖြစ်တယ်။ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ကစားရတဲ့ ပြိုင်ဘက်အသင်းတွေအနေနဲ့ ဘယ်တုန်းကမှ အနိုင်ရရှိဖို့ မလွယ်ကူခဲ့ပါဘူး။

ဒီလိုမျိုး အရှိန်အဝါကြီးမားတဲ့ ဥရောပဘီလူးကြီး ဘာစီလိုနာနဲ့ ကစားရတဲ့အချိန်မှာ အကောင်းဆုံး တုန့်ပြန်ပြီး အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရုံသာမက ဟက်ထရစ်ပါ သွင်းနိုင်ခဲ့တဲ့ ဘောလုံးသမားတွေလည်း ရှိခဲ့ပါတယ်။

ရှက်ဖ်ချန်ကို (ဘာစီလိုနာ ၀-၄ ဒိုင်နမိုကိဗ်)

၁၉၉၇ ခုနှစ်က ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဒိုင်နမိုကိဗ် ၊ ပီအက်ဗီ ၊ နယူးကာဆယ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တယ်။ ထိုစဉ်က လူငယ်ခြေတက်လေးတွေရဲ့အစွမ်းနဲ့ ပုံစံကောင်းရနေတဲ့ ဒိုင်နမိုကိဗ်အသင်းကို နူးကမ့်မှာ လေးဂိုးပြတ်နဲ့ ဘာစီလိုနာအသင်းက အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဥရောပတစ်လွှား လျှမ်းလျှမ်းတောက် အောင်မြင်လာမယ့် အသက်(၂၁)နှစ်အရွယ် ယူကရိန်းတိုက်စစ်မှူးလေး ရှက်ဖ်ချန်ကိုက နူးကမ့်ကွင်းမှာ ဘာစီလိုအသင်းကို ဟက်ထရစ် သွင်းယူခဲ့ပါတယ်။

အက်စ်ပရီလာ (နယူးကာဆယ် ၃-၂ ဘာစီလိုနာ)

၁၉၉၇ ခုနှစ်ရဲ့ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ဘာစီလိုနာအသင်းဟာ စိန့်ဂျိမ့်ပါ့ခ်ကွင်းမှာ နယူးကာဆယ်အသင်းကို (၃-၂)ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ နယူးကာဆယ်ကစားသမား အက်စ်ပရီလာဟာ အိမ်ရှင်ပရိသတ်တွေ ရှေ့မှောက်မှာ ဘာစီလိုနာအသင်းကို ဟက်ထရစ်သွင်းယူပြီး အင်အားကြီး ဘာစီလိုနာကို ဖြိုခွဲပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ အဆိုပါနှစ်မှာ အုပ်စုနောက်ဆုံးအဆင့်နဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာပါ။

ဇာမိုရာနို (ရီးရဲလ်မက်ဒရစ် ၅-၀ ဘာစီလိုနာ)

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး ဇာမိုရာနိုဟာ နောက်ဆုံးနှစ်၃၀အတွင်း အယ်ဂလက်စီကိုပွဲမှာ ဘာစီလိုနာကို ဟက်ထရစ်သွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ၁၉၉၅ခုနှစ်ရဲ့ လာလီဂါပွဲစဉ်တစ်ခုမှာ ဇာမိုရာနိုဟာ ပထမပိုင်းမှာတင် ဘာစီလိုနာအသင်းကို ဟက်ထရစ်သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ကာတန်ဟာ (ဆဲလ်တာဗီဂို ၃-၃ ဘာစီလိုနာ)

ဘရာဇီးနွယ်ဖွား စပိန်တိုက်စစ်မှူး ကာတန်ဟာက ၂၀၀၀ ပြည့်နှစ် လာလီဂါအမှတ်ပေးပွဲမှာ ဘာစီလိုနာအသင်းကို ဟက်ထရစ်သွင်းယူခဲ့ပါတယ်။ ကာတန်ဟာရဲ့ ဟက်ထရစ်ဂိုးကြောင့် ဆဲလ်တာဗီဂိုအသင်းဟာ (၃-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာတိုက်စစ်မှူး ကလွိုက်ဗက်ရဲ့ ချေပဂိုးတွေကြောင့် တစ်ဖက်သုံးဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဆယ်လ်ဗာ (မာလာဂါ ၅-၁ ဘာစီလိုနာ)

၂၀၀၃ ခုနှစ်တုန်းက မာလာဂါအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းဟာ (၅-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မာလာဂါအသင်းထံ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဆယ်လ်ဗာက ဟက်ထရစ်သွင်းယူပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူပေးနိုင်ခဲ့တယ်။ မာလာဂါအသင်းဟာ ဆယ်လ်ဗာကို ၂၀၀၅ ခုနှစ်အရောက်မှာတော့ အပြီးသတ် ဝယ်ယူခဲ့ပါတယ်။

ဒီယေဂိုဖော်လန် (ဘာစီလိုနာ ၃-၃ ဗီလာရီးရဲလ်)

၂၀၀၄-၀၅ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့ ဗီလာရီးရဲလ်တို့ နူးကမ့်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဗီလာရီးရဲလ်တိုက်စစ်မှူး ဖော်လန်ဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဥရုဂွေးတိုက်စစ်မှူး ဖော်လန်ဟာ အဲ့ဒီအချိန်တုန်းက လာလီဂါရဲ့ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ဖြစ်ခဲ့ပြီး ရာသီအကုန်မှာ အီတူးကို ကျော်ဖြတ်ပြီး လာလီဂါဂိုးသွင်းအများဆုံး ကစားသမားဆု(ပီချီချီဆု)ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အီမန်နူရယ်ဘိုတန် (လီဗန်တေး ၅-၄ ဘာစီလိုနာ)

၂၀၁၈ ခုနှစ်မေလမှာ ကစားခဲ့တဲ့ပွဲမှာ လီဗန်တေးအသင်းဟာ နာမည်ကြီး ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ် တိုက်စစ်အားချင်း ယှဉ်ကစားခဲ့ကာ (၅-၄)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြခဲ့ပါတယ်။ လီဗန်တေးတိုက်စစ်မှူး ဘိုတန်ဟာ ဖော်လန်ပြီးနောက် ၁၃နှစ်အကြာ လာလီဂါမှာ ဘာစီလိုနာအသင်းကို ဟက်ထရစ်သွင်းနိုင်ခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဒူရစ်ဇ် (ဘီလ်ဘာအို ၄-၀ ဘာစီလိုနာ)

၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါ ၊ ကိုပါဒယ်ရေး ၊ ချန်ပီယံလိဂ် ၊ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖလား၆လုံးဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ဖလား၆လုံး အိပ်မက်ကို ဘီလ်ဘာအိုတိုက်စစ်မှူး အဒူရစ်ဇ်က ရိုက်ချိုးပြခဲ့ပါတယ်။ စပိန်စူပါဖလား ရှုံးထွက်အဆင့် ပထမအကျော့မှာ အဒူရစ်ဇ်ဟာ ခြေစွမ်းအရမ်းတက်နေတဲ့ ဘာစီလိုနာအသင်းကို ဟက်ထရစ်သွင်းယူပြီး အသင်းကို ၄ဂိုးပြတ်နဲ့ အနိုင်ရရှိစေခဲ့တာပါ။

အမ်ဘက်ပီ (ဘာစီလိုနာ ၁-၄ PSG)

၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့မှာ ဘာစီလိုနာအသင်းနဲ့ PSG အသင်းတို့ဟာ ထိပ်တိုက်တွေ့ဆုံနေခဲ့တယ်။ ၂သင်းတွေ့ဆုံတိုင်း အကြိတ်အနယ်ရှိပြီး ဂိုးမြူးခဲ့တဲ့ အစဉ်အလာအတိုင်း ဒီပွဲမှာလည်း ဧည့်သည် PSG အသင်းဟာ နူးကမ့်ကွင်းမှာ (၁-၄)ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်တက်ဖို့ ခြေတစ်လှမ်း အသာစီးရယူနိုင်ခဲ့ပါတယ်။ PSG အတွက် သူရဲကောင်း ဖြစ်ခဲ့သူကတော့ အနာဂတ်ရဲ့ ဘော်လွန်းဒီအော်ဆုရှင်လို့ တင်စားခံနေရတဲ့ လူငယ်တိုက်စစ်မှူးလေး အမ်ဘက်ပီဖြစ်ပြီး နေမာ ၊ ဒီမာရီယာတို့ မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပြီး ဟက်ထရစ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Zawgyi

ဘာစီလိုနာအသင္းကိုမွ ဟက္ထရစ္သြင္းႏိုင္ခဲ့ၾကတဲ့ ကစားသမားမ်ား

ဥေရာပခ်န္ပီယံလိဂ္ ဆုဖလားကို ၅ႀကိမ္တိုင္တိုင္ ဆြတ္ခူးထားႏိုင္ခဲ့တဲ့ ဘာစီလိုနာအသင္းဟာ သမိုင္းေၾကာင္း အစဥ္အလာႀကီးမားၿပီး ဥေရာပရဲ႕ အင္အားႀကီးအသင္းတစ္သင္းအျဖစ္ ဆယ္စုႏွစ္၂ခုေက်ာ္တိုင္ အခိုင္အမာ ရပ္တည္ေနတဲ့ အသင္းတစ္သင္းပါ။ သူတို႔ရဲ႕ နာမည္ေက်ာ္ အိမ္ကြင္း ႏူးကမ့္ဟာဆိုရင္လည္း ဥေရာပရဲ႕ အခမ္းနား အႀကီးက်ယ္ဆုံး ေဘာလုံးကြင္းေတြထဲက တစ္ကြင္းျဖစ္တယ္။ ဘာစီလိုနာအသင္းနဲ႔ ရင္ဆိုင္ကစားရတဲ့ ၿပိဳင္ဘက္အသင္းေတြအေနနဲ႔ ဘယ္တုန္းကမွ အႏိုင္ရရွိဖို႔ မလြယ္ကူခဲ့ပါဘူး။

ဒီလိုမ်ိဳး အရွိန္အဝါႀကီးမားတဲ့ ဥေရာပဘီလူးႀကီး ဘာစီလိုနာနဲ႔ ကစားရတဲ့အခ်ိန္မွာ အေကာင္းဆုံး တုန႔္ျပန္ၿပီး အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့႐ုံသာမက ဟက္ထရစ္ပါ သြင္းႏိုင္ခဲ့တဲ့ ေဘာလုံးသမားေတြလည္း ရွိခဲ့ပါတယ္။

ရွက္ဖ္ခ်န္ကို (ဘာစီလိုနာ ၀-၄ ဒိုင္နမိုကိဗ္)

၁၉၉၇ ခုႏွစ္က ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဒိုင္နမိုကိဗ္ ၊ ပီအက္ဗီ ၊ နယူးကာဆယ္အသင္းတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့တယ္။ ထိုစဥ္က လူငယ္ေျခတက္ေလးေတြရဲ႕အစြမ္းနဲ႔ ပုံစံေကာင္းရေနတဲ့ ဒိုင္နမိုကိဗ္အသင္းကို ႏူးကမ့္မွာ ေလးဂိုးျပတ္နဲ႔ ဘာစီလိုနာအသင္းက အေရးနိမ့္ခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ ဥေရာပတစ္လႊား လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္လာမယ့္ အသက္(၂၁)ႏွစ္အ႐ြယ္ ယူကရိန္းတိုက္စစ္မႉးေလး ရွက္ဖ္ခ်န္ကိုက ႏူးကမ့္ကြင္းမွာ ဘာစီလိုအသင္းကို ဟက္ထရစ္ သြင္းယူခဲ့ပါတယ္။

အက္စ္ပရီလာ (နယူးကာဆယ္ ၃-၂ ဘာစီလိုနာ)

၁၉၉၇ ခုႏွစ္ရဲ႕ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ ဘာစီလိုနာအသင္းဟာ စိန႔္ဂ်ိမ့္ပါ့ခ္ကြင္းမွာ နယူးကာဆယ္အသင္းကို (၃-၂)ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့ပါတယ္။ နယူးကာဆယ္ကစားသမား အက္စ္ပရီလာဟာ အိမ္ရွင္ပရိသတ္ေတြ ေရွ႕ေမွာက္မွာ ဘာစီလိုနာအသင္းကို ဟက္ထရစ္သြင္းယူၿပီး အင္အားႀကီး ဘာစီလိုနာကို ၿဖိဳခြဲျပခဲ့ပါတယ္။ ဘာစီလိုနာအသင္းအေနနဲ႔ အဆိုပါႏွစ္မွာ အုပ္စုေနာက္ဆုံးအဆင့္နဲ႔ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရတာပါ။

ဇာမိုရာႏို (ရီးရဲလ္မက္ဒရစ္ ၅-၀ ဘာစီလိုနာ)

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဂႏၲဝင္တိုက္စစ္မႉး ဇာမိုရာႏိုဟာ ေနာက္ဆုံးႏွစ္၃၀အတြင္း အယ္ဂလက္စီကိုပြဲမွာ ဘာစီလိုနာကို ဟက္ထရစ္သြင္းႏိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။ ၁၉၉၅ခုႏွစ္ရဲ႕ လာလီဂါပြဲစဥ္တစ္ခုမွာ ဇာမိုရာႏိုဟာ ပထမပိုင္းမွာတင္ ဘာစီလိုနာအသင္းကို ဟက္ထရစ္သြင္းယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ကာတန္ဟာ (ဆဲလ္တာဗီဂို ၃-၃ ဘာစီလိုနာ)

ဘရာဇီးႏြယ္ဖြား စပိန္တိုက္စစ္မႉး ကာတန္ဟာက ၂၀၀၀ ျပည့္ႏွစ္ လာလီဂါအမွတ္ေပးပြဲမွာ ဘာစီလိုနာအသင္းကို ဟက္ထရစ္သြင္းယူခဲ့ပါတယ္။ ကာတန္ဟာရဲ႕ ဟက္ထရစ္ဂိုးေၾကာင့္ ဆဲလ္တာဗီဂိုအသင္းဟာ (၃-၁)ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဘာစီလိုနာတိုက္စစ္မႉး ကလြိဳက္ဗက္ရဲ႕ ေခ်ပဂိုးေတြေၾကာင့္ တစ္ဖက္သုံးဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ဆယ္လ္ဗာ (မာလာဂါ ၅-၁ ဘာစီလိုနာ)

၂၀၀၃ ခုႏွစ္တုန္းက မာလာဂါအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ဘာစီလိုနာအသင္းဟာ (၅-၁)ဂိုးဆိုတဲ့ ရလဒ္နဲ႔ အရွက္တကြဲ အေရးနိမ့္ခဲ့ပါတယ္။ အဆိုပါပြဲမွာ မာလာဂါအသင္းထံ အငွားနဲ႔ လာေရာက္ကစားေနတဲ့ တိုက္စစ္မႉး ဆယ္လ္ဗာက ဟက္ထရစ္သြင္းယူၿပီး ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲကို ရယူေပးႏိုင္ခဲ့တယ္။ မာလာဂါအသင္းဟာ ဆယ္လ္ဗာကို ၂၀၀၅ ခုႏွစ္အေရာက္မွာေတာ့ အၿပီးသတ္ ဝယ္ယူခဲ့ပါတယ္။

ဒီေယဂိုေဖာ္လန္ (ဘာစီလိုနာ ၃-၃ ဗီလာရီးရဲလ္)

၂၀၀၄-၀၅ ေဘာလုံးရာသီ လာလီဂါၿပိဳင္ပြဲမွာ ဘာစီလိုနာအသင္းနဲ႔ ဗီလာရီးရဲလ္တို႔ ႏူးကမ့္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ဗီလာရီးရဲလ္တိုက္စစ္မႉး ေဖာ္လန္ဟာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉး ေဖာ္လန္ဟာ အဲ့ဒီအခ်ိန္တုန္းက လာလီဂါရဲ႕ ဂိုးသြင္းအေကာင္းဆုံး တိုက္စစ္မႉး တစ္ေယာက္ျဖစ္ခဲ့ၿပီး ရာသီအကုန္မွာ အီတူးကို ေက်ာ္ျဖတ္ၿပီး လာလီဂါဂိုးသြင္းအမ်ားဆုံး ကစားသမားဆု(ပီခ်ီခ်ီဆု)ကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

အီမန္ႏူရယ္ဘိုတန္ (လီဗန္ေတး ၅-၄ ဘာစီလိုနာ)

၂၀၁၈ ခုႏွစ္ေမလမွာ ကစားခဲ့တဲ့ပြဲမွာ လီဗန္ေတးအသင္းဟာ နာမည္ႀကီး ဘာစီလိုနာအသင္းကို အံ့အားသင့္ဖြယ္ တိုက္စစ္အားခ်င္း ယွဥ္ကစားခဲ့ကာ (၅-၄)ဂိုးဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ယူျပခဲ့ပါတယ္။ လီဗန္ေတးတိုက္စစ္မႉး ဘိုတန္ဟာ ေဖာ္လန္ၿပီးေနာက္ ၁၃ႏွစ္အၾကာ လာလီဂါမွာ ဘာစီလိုနာအသင္းကို ဟက္ထရစ္သြင္းႏိုင္ခဲ့သူတစ္ဦးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အဒူရစ္ဇ္ (ဘီလ္ဘာအို ၄-၀ ဘာစီလိုနာ)

၂၀၁၅ ခုႏွစ္မွာ ဘာစီလိုနာအသင္းဟာ လာလီဂါ ၊ ကိုပါဒယ္ေရး ၊ ခ်န္ပီယံလိဂ္ ၊ ယူအီးအက္ဖ္ေအ စူပါဖလားတို႔ကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ဖလား၆လုံးဆြတ္ခူးႏိုင္မယ့္ လမ္းေၾကာင္းေပၚကို ေရာက္ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာရဲ႕ ဖလား၆လုံး အိပ္မက္ကို ဘီလ္ဘာအိုတိုက္စစ္မႉး အဒူရစ္ဇ္က ႐ိုက္ခ်ိဳးျပခဲ့ပါတယ္။ စပိန္စူပါဖလား ရႈံးထြက္အဆင့္ ပထမအေက်ာ့မွာ အဒူရစ္ဇ္ဟာ ေျခစြမ္းအရမ္းတက္ေနတဲ့ ဘာစီလိုနာအသင္းကို ဟက္ထရစ္သြင္းယူၿပီး အသင္းကို ၄ဂိုးျပတ္နဲ႔ အႏိုင္ရရွိေစခဲ့တာပါ။

အမ္ဘက္ပီ (ဘာစီလိုနာ ၁-၄ PSG)

၂၀၂၁ ခုႏွစ္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ ပထမအေက်ာ့မွာ ဘာစီလိုနာအသင္းနဲ႔ PSG အသင္းတို႔ဟာ ထိပ္တိုက္ေတြ႕ဆုံေနခဲ့တယ္။ ၂သင္းေတြ႕ဆုံတိုင္း အႀကိတ္အနယ္ရွိၿပီး ဂိုးျမဴးခဲ့တဲ့ အစဥ္အလာအတိုင္း ဒီပြဲမွာလည္း ဧည့္သည္ PSG အသင္းဟာ ႏူးကမ့္ကြင္းမွာ (၁-၄)ဂိုးနဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူၿပီး ကြာတားဖိုင္နယ္တက္ဖို႔ ေျခတစ္လွမ္း အသာစီးရယူႏိုင္ခဲ့ပါတယ္။ PSG အတြက္ သူရဲေကာင္း ျဖစ္ခဲ့သူကေတာ့ အနာဂတ္ရဲ႕ ေဘာ္လြန္းဒီေအာ္ဆုရွင္လို႔ တင္စားခံေနရတဲ့ လူငယ္တိုက္စစ္မႉးေလး အမ္ဘက္ပီျဖစ္ၿပီး ေနမာ ၊ ဒီမာရီယာတို႔ မပါဝင္ႏိုင္ခ်ိန္မွာ အသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆုံး ဦးေဆာင္ၿပီး ဟက္ထရစ္ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

 

Leave a Reply

Your email address will not be published.