Sun. May 22nd, 2022

အရက်ဆိုတဲ့အရာကို ရူးသွပ်စွဲလမ်းခဲ့ကြတဲ့ ဘောလုံးသမားများ

နာမည်ကျော်ဘောလုံးသမားတွေဟာ ပါတီပေးခြင်း ၊ အရက်သေစာသောက်စားခြင်း ၊ ညလုံးပေါက်မူးရူးကခုန်ခြင်းတို့ကို ရူးသွပ်ကြလေ့ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ ကစားသမားဘဝကို ထိခိုက်စေနိုင်တာ သိပေမယ့်လည်း အရက်စွဲလမ်းမှုကို မလွန်ဆန်နိုင်ခဲ့ကြပါဘူး။

တစ်ချို့ကစားသမားတွေအနေနဲ့ တစ်ညလုံးပါတီပေးပြီးတဲ့နောက် အိပ်ရေးမဝတဲ့ ပုံစံမျိုးနဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာတတ်ကြသလို အရက်မူးပြီးမှ လေ့ကျင့်ခန်းလာဆင်းတာမျိုးလည်း ရှိကြပါတယ်။ အခုဗီဒီယိုလေးမှာဆိုရင်တော့ အရက်ဆိုတဲ့အရာကို ရူးသွပ်စွဲလမ်းခဲ့ကြတဲ့ ဘောလုံးသမားတွေ အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

၁။ နေမာ

ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်၁၆သင်းအဆင့်မှာ အရေးနိမ့်ပြီးကတည်းက ပီအက်စ်ဂျီအသင်းမှာ အက်ကြောင်းတွေများစွာ ဖြစ်ပေါ်နေခဲ့တာပါ။ အသင်းရဲ့ နာမည်ကျော်တွေဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ဟာ ပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်ခြင်းကို ခံရပြီးနောက်မှာ သတင်းထောက် ရွိုင်အိုလိုက နေမာဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို အရက်မူးပြီးရောက်လာတဲ့အကြောင်းကို ဖွင့်ချခဲ့ပါတယ်။ အသင်းကိုဖျက်ဆီးနေသူလို့ စွပ်စွဲခံနေရတဲ့ နေမာဟာ ပရိသတ်တွေရဲ့ အမုန်းတရားနဲ့ ရင်ဆိုင်နေရပြီး ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဖိအားပေးခံနေရပါတယ်။

၂။ ရော်နယ်ဒင်ဟို

၂၀၀၇ ခုနှစ် ကာလလောက်တုန်းက ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာရဲ့ အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် နည်းပြသစ် ဂွာဒီယိုလာရောက်ချိန်မှာတော့ သူနဲ့ဒေကို နှစ်ယောက်စလုံးကို ရောင်းထုတ်ပစ်ခဲ့ပါတယ်။ ပက်က အသင်းမှာ တက်ရိပ်ပြနေတဲ့ လူငယ်ကစားသမားလေးတွေကို သူတို့ရဲ့ အကျင့်ဆိုးတွေ ကူးစက်သွားမှာကို မလိုလားတာကြောင့်ပါ။ ကလပ်သွားပြီး ကခုန်ရတာ နှစ်သက်လွန်းတဲ့ ရော်နယ်ဒင်ဟိုဟာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို အရက်မူးပြီးမှ ရောက်ရောက်လာတတ်သူဖြစ်ပြီး ၂၀၁၁ခုနှစ်မှာ ဖလာမင်ဂိုအသင်းကို ရောက်ရှိသွားတဲ့အချိန်မှာတောင် ကလပ်ကို တစ်ပတ်မှာ၂ရက်သွားခွင့်ပြုဖို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

၃။ ဗာဒီ

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တိုက်စစ်မှူးလေး ဗာဒီဟာ သာမန်အပျော်တန်းကလပ်ကနေ ချန်ပီယံရှစ်ကလပ် လက်စတာရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့ ဗာဒီဟာ ရရှိလာတဲ့ဝင်ငွေတွေ အောင်မြင်မှုတွေကြောင့် ပျော်ပါးပြီး ကာလအတော်ကြာ ကခုန်သောက်စားနေခဲ့ပါတယ်။ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို နေ့တိုင်းနီးပါး အရက်မူးပြီးမှ ရောက်လာတတ်တဲ့ ဗာဒီကို အသင်းပိုင်ရှင်ရဲ့ သားဖြစ်သူက ခေါ်တွေ့ပြီး ဆုံးမခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုဟာ ဗာဒီအတွက် အကျိုးရှိခဲ့ပြီး အရက်ပြတ်သွားတဲ့ ဗာဒီဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်အဖြစ် ချန်ပီယံဆုကိုပါ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

၄။ အက်ဒရီယာနို

တိုက်စစ်မှူး အက်ဒရီယာနိုဟာ အင်တာမီလန်မှာ ကစားစဉ်ကာလတွေတုန်းက အရက်မူးပြီး လေ့ကျင့်ခန်းဆင်းခြင်းဟာ ပုံမှန်လိုတောင် ဖြစ်ခဲ့ပါတယ်။ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ၂၀၀၄ခုနှစ်မှာပဲ အင်တာမီလန်အသင်းကို ရောက်လာခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး အက်ဒရီယာနိုက စိတ်ကျရောဂါကို တောက်လျှောက်ခံစားခဲ့ရတာပါ။ သူ့ရဲ့စိတ်အခြေအနေကို ကုစားဖို့အတွက် အရက်ကိုအလွန်အကျွံ သောက်သုံးခဲ့ပြီး လေ့ကျင့်ရေးကွင်းရောက်တဲ့အထိ အမူးမပြေသေးတဲ့အကြောင်းကို သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း အရက်သောက်တဲ့အတွက် သူ့ရဲ့ကစားသမားဘဝကို ထိခိုက်ခဲ့ပြီ ဘောလုံးလောကကနေ စောစောစီးစီး အနားယူခဲ့ရပါတယ်။

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Zawgyi

အရက္ဆိုတဲ့အရာကို ႐ူးသြပ္စြဲလမ္းခဲ့ၾကတဲ့ ေဘာလုံးသမားမ်ား

နာမည္ေက်ာ္ေဘာလုံးသမားေတြဟာ ပါတီေပးျခင္း ၊ အရက္ေသစာေသာက္စားျခင္း ၊ ညလုံးေပါက္မူး႐ူးကခုန္ျခင္းတို႔ကို ႐ူးသြပ္ၾကေလ့ရွိပါတယ္။ ဒါဟာ သူတို႔ရဲ႕ ကစားသမားဘဝကို ထိခိုက္ေစႏိုင္တာ သိေပမယ့္လည္း အရက္စြဲလမ္းမႈကို မလြန္ဆန္ႏိုင္ခဲ့ၾကပါဘူး။

တစ္ခ်ိဳ႕ကစားသမားေတြအေနနဲ႔ တစ္ညလုံးပါတီေပးၿပီးတဲ့ေနာက္ အိပ္ေရးမဝတဲ့ ပုံစံမ်ိဳးနဲ႔ ေလ့က်င့္ေရးကြင္းကို ေရာက္လာတတ္ၾကသလို အရက္မူးၿပီးမွ ေလ့က်င့္ခန္းလာဆင္းတာမ်ိဳးလည္း ရွိၾကပါတယ္။ အခုဗီဒီယိုေလးမွာဆိုရင္ေတာ့ အရက္ဆိုတဲ့အရာကို ႐ူးသြပ္စြဲလမ္းခဲ့ၾကတဲ့ ေဘာလုံးသမားေတြ အေၾကာင္းကို တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

၁။ ေနမာ

ရီးရဲလ္မက္ဒရစ္ကို ခ်န္ပီယံလိဂ္၁၆သင္းအဆင့္မွာ အေရးနိမ့္ၿပီးကတည္းက ပီအက္စ္ဂ်ီအသင္းမွာ အက္ေၾကာင္းေတြမ်ားစြာ ျဖစ္ေပၚေနခဲ့တာပါ။ အသင္းရဲ႕ နာမည္ေက်ာ္ေတြျဖစ္တဲ့ မက္ဆီနဲ႔ ေနမာတို႔ဟာ ပရိသတ္ေတြရဲ႕ ပစ္မွတ္ထားေလွာင္ေျပာင္ျခင္းကို ခံရၿပီးေနာက္မွာ သတင္းေထာက္ ႐ြိဳင္အိုလိုက ေနမာဟာ အသင္းရဲ႕ေလ့က်င့္ေရးကြင္းကို အရက္မူးၿပီးေရာက္လာတဲ့အေၾကာင္းကို ဖြင့္ခ်ခဲ့ပါတယ္။ အသင္းကိုဖ်က္ဆီးေနသူလို႔ စြပ္စြဲခံေနရတဲ့ ေနမာဟာ ပရိသတ္ေတြရဲ႕ အမုန္းတရားနဲ႔ ရင္ဆိုင္ေနရၿပီး ရာသီအကုန္မွာ ပီအက္စ္ဂ်ီကေန ထြက္ခြာဖို႔ ဖိအားေပးခံေနရပါတယ္။

၂။ ေရာ္နယ္ဒင္ဟို

၂၀၀၇ ခုႏွစ္ ကာလေလာက္တုန္းက ေရာ္နယ္ဒင္ဟိုဟာ ဘာစီလိုနာရဲ႕ အေကာင္းဆုံးကစားသမားတစ္ေယာက္ ျဖစ္ခဲ့တယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ဒါေပမယ့္ နည္းျပသစ္ ဂြာဒီယိုလာေရာက္ခ်ိန္မွာေတာ့ သူနဲ႔ေဒကို ႏွစ္ေယာက္စလုံးကို ေရာင္းထုတ္ပစ္ခဲ့ပါတယ္။ ပက္က အသင္းမွာ တက္ရိပ္ျပေနတဲ့ လူငယ္ကစားသမားေလးေတြကို သူတို႔ရဲ႕ အက်င့္ဆိုးေတြ ကူးစက္သြားမွာကို မလိုလားတာေၾကာင့္ပါ။ ကလပ္သြားၿပီး ကခုန္ရတာ ႏွစ္သက္လြန္းတဲ့ ေရာ္နယ္ဒင္ဟိုဟာ အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကို အရက္မူးၿပီးမွ ေရာက္ေရာက္လာတတ္သူျဖစ္ၿပီး ၂၀၁၁ခုႏွစ္မွာ ဖလာမင္ဂိုအသင္းကို ေရာက္ရွိသြားတဲ့အခ်ိန္မွာေတာင္ ကလပ္ကို တစ္ပတ္မွာ၂ရက္သြားခြင့္ျပဳဖို႔ စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

၃။ ဗာဒီ

လြန္ခဲ့တဲ့ ဆယ္ႏွစ္တုန္းက တိုက္စစ္မႉးေလး ဗာဒီဟာ သာမန္အေပ်ာ္တန္းကလပ္ကေန ခ်န္ပီယံရွစ္ကလပ္ လက္စတာရဲ႕ ေခၚယူျခင္းကို ခံခဲ့ရပါတယ္။ ဘဝတစ္ဆစ္ခ်ိဳးေျပာင္းလဲခဲ့တဲ့ ဗာဒီဟာ ရရွိလာတဲ့ဝင္ေငြေတြ ေအာင္ျမင္မႈေတြေၾကာင့္ ေပ်ာ္ပါးၿပီး ကာလအေတာ္ၾကာ ကခုန္ေသာက္စားေနခဲ့ပါတယ္။ အသင္းရဲ႕ေလ့က်င့္ေရးကြင္းကို ေန႔တိုင္းနီးပါး အရက္မူးၿပီးမွ ေရာက္လာတတ္တဲ့ ဗာဒီကို အသင္းပိုင္ရွင္ရဲ႕ သားျဖစ္သူက ေခၚေတြ႕ၿပီး ဆုံးမခဲ့ပါတယ္။ အဆိုပါေတြ႕ဆုံမႈဟာ ဗာဒီအတြက္ အက်ိဳးရွိခဲ့ၿပီး အရက္ျပတ္သြားတဲ့ ဗာဒီဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္မႉးတစ္ေယာက္အျဖစ္ ခ်န္ပီယံဆုကိုပါ ဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။

၄။ အက္ဒရီယာႏို

တိုက္စစ္မႉး အက္ဒရီယာႏိုဟာ အင္တာမီလန္မွာ ကစားစဥ္ကာလေတြတုန္းက အရက္မူးၿပီး ေလ့က်င့္ခန္းဆင္းျခင္းဟာ ပုံမွန္လိုေတာင္ ျဖစ္ခဲ့ပါတယ္။ ဖခင္ကိုဆုံးရႈံးလိုက္ရတဲ့ ၂၀၀၄ခုႏွစ္မွာပဲ အင္တာမီလန္အသင္းကို ေရာက္လာခဲ့တဲ့ ဘရာဇီးတိုက္စစ္မႉး အက္ဒရီယာႏိုက စိတ္က်ေရာဂါကို ေတာက္ေလွ်ာက္ခံစားခဲ့ရတာပါ။ သူ႔ရဲ႕စိတ္အေျခအေနကို ကုစားဖို႔အတြက္ အရက္ကိုအလြန္အကြၽံ ေသာက္သုံးခဲ့ၿပီး ေလ့က်င့္ေရးကြင္းေရာက္တဲ့အထိ အမူးမေျပေသးတဲ့အေၾကာင္းကို သူကိုယ္တိုင္ ဝန္ခံခဲ့ပါတယ္။ ေန႔စဥ္ေန႔တိုင္း အရက္ေသာက္တဲ့အတြက္ သူ႔ရဲ႕ကစားသမားဘဝကို ထိခိုက္ခဲ့ၿပီ ေဘာလုံးေလာကကေန ေစာေစာစီးစီး အနားယူခဲ့ရပါတယ္။

 

Leave a Reply

Your email address will not be published.