Mon. May 23rd, 2022

ရွန်းနီ အောက်မေ့တသ အမှတ်ရနေဆဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးတစ်ဂိုးအကြောင်း

မန်ယူဂန္ထဝင်ကစားသမားဟောင်း ရွန်းနီကတော့ ဒီနေ့အချိန်အထိ သူ့ရင်ထဲမှာ အမှတ်တရရှိနေဆဲဖြစ်တဲ့ သွင်းဂိုးတစ်ဂိုးအကြောင်းကို ထုတ်ဖော်ဖွင့်ဟခဲ့ပြီး အဲဒီသွင်းဂိုးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးလို့လည်း

ညွှန်းဆိုခဲ့ပါတယ်။ ရွန်းနီဟာ ကစားသမားဘဝမှာ လှပတဲ့ သွင်းဂိုးများစွာကို သွင်းယူခဲ့သူဖြစ်ပြီး မန်စီးတီးဘက်ကို နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့သူ့ရဲ့ဂိုးကလည်း ကျော်ကြားလှပါတယ။် ဒါပေမဲ့

ရွန်းနီအောက်မေ့တသ ဖွင့်ဟခဲ့တဲ့ဂိုးကတော့ သူ့ရဲ့သွင်းဂိုးမဟုတ်ဘဲ ယူနိုက်တက်အသင်းဖော်ဟောင်း ဗန်ပါစီရဲ့သွင်းဂိုးတစ်ဂိုးအကြောင်းပဲ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ဗီလာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗန်ပါစီဟာ ယူနိုက်တက်အတွက် လှပတဲ့ half-volley ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာပါ။ အဲဒီသွင်းဂိုးကိုရွန်းနီက ကွင်းလယ်ကနေ လှလှပပ

ဖန်တီးပေးခဲ့တာဖြစ်ပြီး ဗန်ပါစီက မြေမကျ Volley ကန်ချက်နဲ့ အလှပဆုံးကန်သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ယူနိုက်တက်ဟာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဗန်ပါစီတစ်ဦးတည်းက ဟက်ထရစ်သွင်းယူခဲ့တာပါ။

ယူနိုက်တက်အသင်း တန်ပြန်တိုက်စစ်စတင်မှုမှာ ရွန်းနီဟာ ကွင်းတစ်ဝက်လောက်ကနေ အကွက်မြင်မြင်နဲ့ ဗန်ပါစီထံကို ပေးပို့ခဲ့တာဖြစ်ပြီး ဗန်ပါစီကလည်း သူ့ရဲ့ တိကျသေချာတဲ့ အဆုံးသတ်စွမ်းရည်ကို အလှပဆုံးပုံစံနဲ့

ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီသွင်းဂိုးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးဖြစ်တယ်လို့ ရွန်းနီက Sky Sports နဲ့ တွေ့ဆုံရာမှာ တင်စားခဲ့ပါတယ်။ ရွန်းနီနဲ့ ဗန်ပါစီတို့ဟာ ဖာဂူဆန်ရဲ့ ယူနိုက်တက်နည်းပြဘဝနောက်ဆုံးရာသီမှာ

အတွဲဖက်ညီညီနဲ့ ခြေစွမ်းပြခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ ဗန်ပါစီရောက်လာခဲ့ပြီးနောက် ရွန်းနီဟာ ကစားကွက် လိုအပ်ချက်အရ ကွင်းလယ်အထိဆင်းပြီး ကစားခဲ့ရပေမဲ့ ခြေစွမ်းပြနိုင်ခဲ့ပြီး ဒါကလည်း ကလပ်အသင်းအတွက်

အကျိုးများစေခဲ့ပါတယ။် ဗန်ပါစီရောက်လာပြီးနောက် ကစားပုံ ပြောင်းလဲခဲ့ရတာနဲ့ ပတ်သက်ပြီး ရွန်းနီက “ကျွန်တော့်အနေနဲ့ အဲဒီတုန်းက အတွင်းဝင်ပြီး မကစားချင်သေးပါဘူး။ ကျွန်တော့်အနေနဲ့ ပြိုင်ဘက်ရဲ့

ဂိုးဧရိယာနားမှာလည်းကစားနေရဆဲဖြစ်လို့ ဟန်ချက်ညီအောင် ပြုလုပ်ခဲ့ရပါတယ် ။ ဖာဒီနန်နဲ့ ဗီဒစ်တို့လို ကစားသမားမျိုးတွေ ရှိနေတာကလည်း ကျွန်တော်ကို တိုက်စစ်ကိုပိုမိုလိုက်ပါစေဖို့ တွန်းအားဖြစ်ခဲ့ပါတယ်”လို့

ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး ရွန်းနီဟာ အဲဒီအချိန်တုန်းက ဗန်ပါစီနဲ့ တွဲဖက်ညီညီ ခြေစွမ်းပြနိုင်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း အခုလို ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ။် “ကျွန်တော်တို့ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပြီး ကျွန်တော်နဲ့

သူ့အကြား ပုံစံက အာဆင်နယ်မှာတုန်းက သူနဲ့ ဖာဘရီဂတ်စ်တို့ရဲ့ အတွဲအဖက်ပုံစံမျိုးပါ။ ကျွန်တော် ဘောလုံးရတာနဲ့ ဗန်ပါစီက အလိုက်သင့်ပြေးသွားဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်။. ကျွန်တော်က ဗန်ပါစီကိုပဲ

ရှာနေတတ်ပြီး ဗန်ပါစီကလည်း ဘောလုံးလက်ခံဖို့ စောင့်နေတတ်တာကို ခင်ဗျားတို့ တွေ့ရမှာပါ။ ကျွန်တော်တို့နှစ်ယောက်ကြားက Eye contact ကလည်း အရေးပါတဲ့အရာပါပဲ”လို့ ရွန်းနီက ဖွင့်ဟခဲ့ပါတယ်။

ရွန်းနီဟာ မန်ချက်စတာယူနိုက်တက်အတွက် ၅၅၉ ပွဲကစားခဲ့ရာမှာ ၂၅၃ ဂိုးသွင်းယူထားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ။် အဲဒီနောက် ရွန်းနီဟာ ၂၀၁၇

ခုနှစ်မှာ ယူနိုက်တက်ကနေ အဲဗာတန်ကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ ဒါဘီအသင်းမှာ ကစားသမား-နည်းပြအဖြစ် ဆောင်ရွက်ရင်း ကစားမားဘဝကနေ အနားယူခဲ့ကာ လက်ရှိမှာ ဒါဘီနည်းပြအဖြစ်

ရပ်တည်လျက်ရှိနေပါတယ်။

zawgyi

႐ြန္းနီ ေအာက္ေမ့တသ အမွတ္ရေနဆဲ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂိုးတစ္ဂိုးအေၾကာင္း

မန္ယူဂႏၴဝင္ကစားသမားေဟာင္း ႐ြန္းနီကေတာ့ ဒီေန႔အခ်ိန္အထိ သူ႔ရင္ထဲမွာ အမွတ္တရရွိေနဆဲျဖစ္တဲ့ သြင္းဂိုးတစ္ဂိုးအေၾကာင္းကို ထုတ္ေဖာ္ဖြင့္ဟခဲ့ၿပီး အဲဒီသြင္းဂိုးဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂိုးလို႔လည္း

ၫႊန္းဆိုခဲ့ပါတယ္။ ႐ြန္းနီဟာ ကစားသမားဘဝမွာ လွပတဲ့ သြင္းဂိုးမ်ားစြာကို သြင္းယူခဲ့သူျဖစ္ၿပီး မန္စီးတီးဘက္ကို ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူခဲ့တဲ့သူ႔ရဲ႕ဂိုးကလည္း ေက်ာ္ၾကားလွပါတယ။္ ဒါေပမဲ့

႐ြန္းနီေအာက္ေမ့တသ ဖြင့္ဟခဲ့တဲ့ဂိုးကေတာ့ သူ႔ရဲ႕သြင္းဂိုးမဟုတ္ဘဲ ယူႏိုက္တက္အသင္းေဖာ္ေဟာင္း ဗန္ပါစီရဲ႕သြင္းဂိုးတစ္ဂိုးအေၾကာင္းပဲ ျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္အတြင္း ဗီလာနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဗန္ပါစီဟာ ယူႏိုက္တက္အတြက္ လွပတဲ့ half-volley ကန္ခ်က္နဲ႔ ဂိုးသြင္းယူခဲ့တာပါ။ အဲဒီသြင္းဂိုးကို႐ြန္းနီက ကြင္းလယ္ကေန လွလွပပ

ဖန္တီးေပးခဲ့တာျဖစ္ၿပီး ဗန္ပါစီက ေျမမက် Volley ကန္ခ်က္နဲ႔ အလွပဆုံးကန္သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာ ယူႏိုက္တက္ဟာ ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဗန္ပါစီတစ္ဦးတည္းက ဟက္ထရစ္သြင္းယူခဲ့တာပါ။

ယူႏိုက္တက္အသင္း တန္ျပန္တိုက္စစ္စတင္မႈမွာ ႐ြန္းနီဟာ ကြင္းတစ္ဝက္ေလာက္ကေန အကြက္ျမင္ျမင္နဲ႔ ဗန္ပါစီထံကို ေပးပို႔ခဲ့တာျဖစ္ၿပီး ဗန္ပါစီကလည္း သူ႔ရဲ႕ တိက်ေသခ်ာတဲ့ အဆုံးသတ္စြမ္းရည္ကို အလွပဆုံးပုံစံနဲ႔

ျပသခဲ့တာ ျဖစ္ပါတယ္။

အဲဒီသြင္းဂိုးဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးျဖစ္တယ္လို႔ ႐ြန္းနီက Sky Sports နဲ႔ ေတြ႕ဆုံရာမွာ တင္စားခဲ့ပါတယ္။ ႐ြန္းနီနဲ႔ ဗန္ပါစီတို႔ဟာ ဖာဂူဆန္ရဲ႕ ယူႏိုက္တက္နည္းျပဘဝေနာက္ဆုံးရာသီမွာ

အတြဲဖက္ညီညီနဲ႔ ေျခစြမ္းျပခဲ့ၾကသူေတြပဲ ျဖစ္ပါတယ္။ ဗန္ပါစီေရာက္လာခဲ့ၿပီးေနာက္ ႐ြန္းနီဟာ ကစားကြက္ လိုအပ္ခ်က္အရ ကြင္းလယ္အထိဆင္းၿပီး ကစားခဲ့ရေပမဲ့ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဒါကလည္း ကလပ္အသင္းအတြက္

အက်ိဳးမ်ားေစခဲ့ပါတယ။္ ဗန္ပါစီေရာက္လာၿပီးေနာက္ ကစားပုံ ေျပာင္းလဲခဲ့ရတာနဲ႔ ပတ္သက္ၿပီး ႐ြန္းနီက “ကြၽန္ေတာ့္အေနနဲ႔ အဲဒီတုန္းက အတြင္းဝင္ၿပီး မကစားခ်င္ေသးပါဘူး။ ကြၽန္ေတာ့္အေနနဲ႔ ၿပိဳင္ဘက္ရဲ႕

ဂိုးဧရိယာနားမွာလည္းကစားေနရဆဲျဖစ္လို႔ ဟန္ခ်က္ညီေအာင္ ျပဳလုပ္ခဲ့ရပါတယ္ ။ ဖာဒီနန္နဲ႔ ဗီဒစ္တို႔လို ကစားသမားမ်ိဳးေတြ ရွိေနတာကလည္း ကြၽန္ေတာ္ကို တိုက္စစ္ကိုပိုမိုလိုက္ပါေစဖို႔ တြန္းအားျဖစ္ခဲ့ပါတယ္”လို႔

ဖြင့္ဟခဲ့ပါတယ္။

ဆက္လက္ၿပီး ႐ြန္းနီဟာ အဲဒီအခ်ိန္တုန္းက ဗန္ပါစီနဲ႔ တြဲဖက္ညီညီ ေျခစြမ္းျပႏိုင္ခဲ့တာနဲ႔ ပတ္သက္ၿပီးလည္း အခုလို ထုတ္ေဖာ္ဖြင့္ဟခဲ့ပါတယ။္ “ကြၽန္ေတာ္တို႔ စကားေတြအမ်ားႀကီးေျပာျဖစ္ခဲ့ၾကၿပီး ကြၽန္ေတာ္နဲ႔

သူ႔အၾကား ပုံစံက အာဆင္နယ္မွာတုန္းက သူနဲ႔ ဖာဘရီဂတ္စ္တို႔ရဲ႕ အတြဲအဖက္ပုံစံမ်ိဳးပါ။ ကြၽန္ေတာ္ ေဘာလုံးရတာနဲ႔ ဗန္ပါစီက အလိုက္သင့္ေျပးသြားဖို႔ ကြၽန္ေတာ္တို႔ ေဆြးေႏြးခဲ့ၾကတယ္။. ကြၽန္ေတာ္က ဗန္ပါစီကိုပဲ

ရွာေနတတ္ၿပီး ဗန္ပါစီကလည္း ေဘာလုံးလက္ခံဖို႔ ေစာင့္ေနတတ္တာကို ခင္ဗ်ားတို႔ ေတြ႕ရမွာပါ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားက Eye contact ကလည္း အေရးပါတဲ့အရာပါပဲ”လို႔ ႐ြန္းနီက ဖြင့္ဟခဲ့ပါတယ္။

႐ြန္းနီဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၅၅၉ ပြဲကစားခဲ့ရာမွာ ၂၅၃ ဂိုးသြင္းယူထားခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနပါတယ။္ အဲဒီေနာက္ ႐ြန္းနီဟာ ၂၀၁၇

ခုႏွစ္မွာ ယူႏိုက္တက္ကေန အဲဗာတန္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ၂၀၂၁ ခုႏွစ္မွာေတာ့ ဒါဘီအသင္းမွာ ကစားသမား-နည္းျပအျဖစ္ ေဆာင္႐ြက္ရင္း ကစားမားဘဝကေန အနားယူခဲ့ကာ လက္ရွိမွာ ဒါဘီနည္းျပအျဖစ္

ရပ္တည္လ်က္ရွိေနပါတယ္။

 

Leave a Reply

Your email address will not be published.