Mon. May 23rd, 2022

ချန်ပီယံလိဂ်မှာ ဘယ်အသင်း ဗိုလ်စွဲမလဲ

၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးကာလအပိုင်းအခြားကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ ကွာတားဖိုင်အဆင့် ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်ပြီးဆုံးသွားခဲ့ဖြစ်ပြီး

အကြိတ်အနယ်ဖြစ်ကာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတာပါ။ ဘောလုံးဝေဖန်သူတွေအဖြစ် ဆောင်ရွက်နေကြတဲ့ ပရီးမီးယားလိဂ် ဂန္ထဝင် ကစားသမားတွေဖြစ်ကြတဲ့ အွန်နရီ၊ ကာရေဂါနဲ့ ရှမိုက်ကယ်တို့ကတော့ အခုနှစ်ရာသီ

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့အသင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေကို သုံးသပ်ခန့်မှန်းခဲ့ကြပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာတော့ စိတ်ဝင်စားစရာရလဒ်တွေ၊ မထင်မှတ်ထားတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ပထမနေ့မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ မန်စီးတီးက

အိမ်ကွင်းမှာ အက်သလက်ကို ဒီဘရိုင်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လီဗာပူးကလည်း ပေါ်တူဂီမြေမှာ ဒီယက်ဇ်ရဲ့ ခြေစွမ်းပြမှုတွေနဲ့ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယနေ့ညမှာ နောက်ထပ်

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးက ရလဒ်ကောင်းခဲ့ခြင်းမရှိဘဲ ဘန်ဇီမာရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ အိမ်ကွင်း စတမ်းဖို့ဘရစ်ချ်မှာ အရေးနိမ့်ခဲ့ပါတယ်။ နောက်ထပ်ပွဲစဉ်တစ်ပွဲမှာလည်း

မထင်မှတ်ထားတဲ့ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ပြီး ဗီလာရီးရဲက နာမည်ကြီး ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဒန်ဂျူမာရဲ့ဂိုးနဲ့ အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အွန်နရီ၊ ကာရေဂါနဲ့ ပီတာရှမိုက်ကယ်တို့ဟာ CBS Sports စတူဒီယိုထဲမှာ ဝေဖန်သူတွေအဖြစ်ဆောင်ရွက်နေကြရင်း ချန်ပီယံလိဂ်နဲ့ ပတ်သက်တဲ့အကြောင်းအရာေတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပထမဆုံး အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တစ်ပွဲချင်းစီမှာ နောက်တစ်ဆင့်တက်ရောက်နိုင်မဲ့အသင်းကို ခန့်မှန်းခဲ့ပါတယ်။ အွန်နရီက ဆီမီးဖိုင်နယ်အဆင့်မှာ ရီးရဲမက်ဒရစ်နဲ့

မန်စီးတီး၊ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံမှာဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။ အဲဒီနောက် ပါရီမြေမှာ ကစားမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ မန်စီးတီးနဲ့ လီဗာပူးတို့ တက်ရောက်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂

 

နှစ်ဆက် all-English final ဖြစ်မှာဖြစ်ကြောင်း၊ ဗိုလ်လုပွဲမှာ မန်စီးတီးက လီဗာပူးကို အနိုင်ရရှိမှာဖြစ်ကြောင်း အွန်နရီက မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကလည်း ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို မန်စီးတီးနဲ့ လီဗာပူးတု့ိ တက်ရောက်နိုင်မှာဖြစ်ပြီး လီဗာပူးက ပင်နယ်တီမှာ အနိုင်ရပြီး ဗိုလ်စွဲသွားမှာလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

“ချဲလ်ဆီးက ရီးရဲမက်ဒရစ်ကို ဖြတ်ကျော်နိုင်မယ်ဆိုတာ သံသယ မရှိပါဘူး။ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့အတွက်လည်း ဒီအဆင့်က ပြဿနာမဟုတ်ပါဘူး။ ဗိုလ်လုပွဲကိုတော့ လီဗာပူးနဲ့ မန်စီးတီးတို့

တက်ရောက်နိုင်ပြီး လီဗာပူးက ပင်နယ်တီမှာ အနိုင်ရသွားမှာပါ”လို့ ကာရေဂါက ဆိုခဲ့ပါတယ်။

ပီတာရှမိုက်ကယ်ကတော့ အွန်နရီ၊ ကာရေဂါတို့ရဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ဖိအားများလွန်းတဲ့ အခြေအနေတွေကြောင့်

ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲနိုင်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပီတာရှမိုက်ကယ်က “မန်စီးတီးနဲ့ လီဗာပူးတို့အကြားမှာ ဖိအားတွေများလွန်းပါတယ်။ ရီးရဲမက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ပြည်တွင်းလိဂ်တွေမှာ

အမှတ်ဖြတ်ပြီး ဦးဆောင်နေလို့ ကစားသမားတွေ အနားပေးတာမျိုး၊ ကောင်းကောင်းပြင်ဆင်နိုင်တာမျိုးတို့ လုပ်နိုင်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ကျတော့ အဲဒီလိုမျိုး မလုပ်နိုင်ပါဘူး”ပီတာရှမိုက်ကယ်က ဆိုခဲ့ပါတယ်။

ပီတာရှမိုက်ကယ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ရီးရဲမက်ဒရစ်နဲ့ ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ တွေ့ဆုံမှာဖြစ်ပြီး ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲမက်ဒရစ်တို့ တက်လှမ်းသွားမှာဖြစ်ကာ

လီဝန်ဒေါစကီးကြောင့် ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲသွားမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

 

Zawgyi

ခ်န္ပီယံလိဂ္မွာ ဘယ္အသင္း ဗိုလ္စြဲမလဲ

၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဟာ ရင္ခုန္စိတ္လႈပ္ရွားစရာအေကာင္းဆုံးကာလအပိုင္းအျခားကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာ ကြာတားဖိုင္အဆင့္ ပထမအေက်ာ့ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ၿပီးဆုံးသြားခဲ့ျဖစ္ၿပီး

အႀကိတ္အနယ္ျဖစ္ကာ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ၾကတာပါ။ ေဘာလုံးေဝဖန္သူေတြအျဖစ္ ေဆာင္႐ြက္ေနၾကတဲ့ ပရီးမီးယားလိဂ္ ဂႏၴဝင္ ကစားသမားေတြျဖစ္ၾကတဲ့ အြန္နရီ၊ ကာေရဂါနဲ႔ ရွမိုက္ကယ္တို႔ကေတာ့ အခုႏွစ္ရာသီ

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္တဲ့အသင္းနဲ႔ ပတ္သက္ၿပီး သူတို႔ရဲ႕အျမင္ေတြကို သုံးသပ္ခန႔္မွန္းခဲ့ၾကပါတယ္။

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ေတြ ၿပီးဆုံးသြားခ်ိန္မွာေတာ့ စိတ္ဝင္စားစရာရလဒ္ေတြ၊ မထင္မွတ္ထားတဲ့ရလဒ္ေတြ ထြက္ေပၚခဲ့ပါတယ္။ ပထမေန႔မွာ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာေတာ့ မန္စီးတီးက

အိမ္ကြင္းမွာ အက္သလက္ကို ဒီဘ႐ိုင္းရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး လီဗာပူးကလည္း ေပၚတူဂီေျမမွာ ဒီယက္ဇ္ရဲ႕ ေျခစြမ္းျပမႈေတြနဲ႔ ၁-၃ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒုတိယေန႔ညမွာ ေနာက္ထပ္

ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးက ရလဒ္ေကာင္းခဲ့ျခင္းမရွိဘဲ ဘန္ဇီမာရဲ႕ ဟက္ထရစ္ဂိုးနဲ႔အတူ အိမ္ကြင္း စတမ္းဖို႔ဘရစ္ခ်္မွာ အေရးနိမ့္ခဲ့ပါတယ္။ ေနာက္ထပ္ပြဲစဥ္တစ္ပြဲမွာလည္း

မထင္မွတ္ထားတဲ့ရလဒ္တစ္ခု ထြက္ေပၚခဲ့ၿပီး ဗီလာရီးရဲက နာမည္ႀကီး ဘိုင္ယန္ျမဴးနစ္ကို အိမ္ကြင္းမွာ ဒန္ဂ်ဴမာရဲ႕ဂိုးနဲ႔ အလဲထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အြန္နရီ၊ ကာေရဂါနဲ႔ ပီတာရွမိုက္ကယ္တို႔ဟာ CBS Sports စတူဒီယိုထဲမွာ ေဝဖန္သူေတြအျဖစ္ေဆာင္႐ြက္ေနၾကရင္း ခ်န္ပီယံလိဂ္နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေေတြကိုလည္း ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ပထမဆုံး အာဆင္နယ္ဂႏၴဝင္ေဟာင္း အြန္နရီက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ တစ္ပြဲခ်င္းစီမွာ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္မဲ့အသင္းကို ခန႔္မွန္းခဲ့ပါတယ္။ အြန္နရီက ဆီမီးဖိုင္နယ္အဆင့္မွာ ရီးရဲမက္ဒရစ္နဲ႔

မန္စီးတီး၊ လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ေတြ႕ဆုံမွာျဖစ္တယ္လို႔ ခန႔္မွန္းသုံးသပ္ခဲ့ပါတယ္။ အဲဒီေနာက္ ပါရီေျမမွာ ကစားမဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဆီ မန္စီးတီးနဲ႔ လီဗာပူးတို႔ တက္ေရာက္ကာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၂

ႏွစ္ဆက္ all-English final ျဖစ္မွာျဖစ္ေၾကာင္း၊ ဗိုလ္လုပြဲမွာ မန္စီးတီးက လီဗာပူးကို အႏိုင္ရရွိမွာျဖစ္ေၾကာင္း အြန္နရီက မွတ္ခ်က္ျပဳခဲ့ပါတယ္။

လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါကလည္း ခ်န္ပီယံလိဂ္ ေနာက္ဆုံးဗိုလ္လုပြဲကို မန္စီးတီးနဲ႔ လီဗာပူးတု႔ိ တက္ေရာက္ႏိုင္မွာျဖစ္ၿပီး လီဗာပူးက ပင္နယ္တီမွာ အႏိုင္ရၿပီး ဗိုလ္စြဲသြားမွာလို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

“ခ်ဲလ္ဆီးက ရီးရဲမက္ဒရစ္ကို ျဖတ္ေက်ာ္ႏိုင္မယ္ဆိုတာ သံသယ မရွိပါဘူး။ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္၊ လီဗာပူးတို႔အတြက္လည္း ဒီအဆင့္က ျပႆနာမဟုတ္ပါဘူး။ ဗိုလ္လုပြဲကိုေတာ့ လီဗာပူးနဲ႔ မန္စီးတီးတို႔

တက္ေရာက္ႏိုင္ၿပီး လီဗာပူးက ပင္နယ္တီမွာ အႏိုင္ရသြားမွာပါ”လို႔ ကာေရဂါက ဆိုခဲ့ပါတယ္။

ပီတာရွမိုက္ကယ္ကေတာ့ အြန္နရီ၊ ကာေရဂါတို႔ရဲ႕လုံးဝဆန႔္က်င္ဘက္ျဖစ္ၿပီး မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုအတြက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနၿပီး ဖိအားမ်ားလြန္းတဲ့ အေျခအေနေတြေၾကာင့္

ခ်န္ပီယံလိဂ္မွာ ဗိုလ္မစြဲႏိုင္ဘူးလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ပီတာရွမိုက္ကယ္က “မန္စီးတီးနဲ႔ လီဗာပူးတို႔အၾကားမွာ ဖိအားေတြမ်ားလြန္းပါတယ္။ ရီးရဲမက္ဒရစ္နဲ႔ ဘိုင္ယန္ျမဴးနစ္က သူတို႔ရဲ႕ ျပည္တြင္းလိဂ္ေတြမွာ

အမွတ္ျဖတ္ၿပီး ဦးေဆာင္ေနလို႔ ကစားသမားေတြ အနားေပးတာမ်ိဳး၊ ေကာင္းေကာင္းျပင္ဆင္ႏိုင္တာမ်ိဳးတို႔ လုပ္ႏိုင္ပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးတို႔က်ေတာ့ အဲဒီလိုမ်ိဳး မလုပ္ႏိုင္ပါဘူး”ပီတာရွမိုက္ကယ္က ဆိုခဲ့ပါတယ္။

ပီတာရွမိုက္ကယ္က ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ ရီးရဲမက္ဒရစ္နဲ႔ ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ လီဗာပူးတို႔ ေတြ႕ဆုံမွာျဖစ္ၿပီး ဗိုလ္လုပြဲကို ဘိုင္ယန္ျမဴးနစ္နဲ႔ ရီးရဲမက္ဒရစ္တို႔ တက္လွမ္းသြားမွာျဖစ္ကာ

လီဝန္ေဒါစကီးေၾကာင့္ ဘိုင္ယန္ျမဴးနစ္တို႔ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲသြားမယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published.