Sun. May 22nd, 2022

အမှတ်တရနေ့မှာ အဂူရိုရဲ့ရုပ်ထုကို ဖွင့်လှစ်ပြသသွားတော့မဲ့ မန်စီးတီး

ပရီးမီးယားလိဂ်ကလပ်ထိပ်သီးကလပ် မန်စီးတီးဟာ အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့အဂူရိုရဲ့ရုပ်ထုကို အီတီဟတ်ကွင်းပြင်ပမှာ ထားရှိသွားတော့မဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၁-၁၂ ရာသီ

နောက်ဆုံးပိတ်ပွဲစဉ်မှာ ကျူပီအာဘက်ကို နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ သမိုင်းဝင်ဂိုးရဲ့ (၁၀) မှတ်ပြည့်အထိမ်းအမှတ်အဖြစ် အဂူရိုရဲ့ရုပ်ထုကို ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။ ၂၀၁၁-၁၂

ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့က ချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့တာပါ။ သူတို့နှစ်သင်းဟာ ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ခဲ့ရပြီး မန်စီးတီးဟာ ကျူပီအာနဲ့

 

တွေ့ဆုံခဲ့လို့ လွယ်လွယ်လေး အနိုင်ရခဲ့တယ်လို့ အားလုံးက ယူဆခဲ့တာပါ။

ဒါပေမဲ လက်တွေ့မှာတော့ မန်စီးတီအနေနဲ့ ကျူပီအာပွဲမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်အထိ သရေကျနေခဲ့ပါတယ်။ မန်စီးတီးရဲ့ ချန်ပီယံအိပ်မက်တွေ အရောင်ပျက်လွင့်ခါနီးမှ အဂူရိုက ၉၃ မိနစ်နဲ့

စက္ကန့်၂၀ အရောက်မှာ အနိုင်ဂိုးသွင်းယူပေးပြီး မန်စီးတီးခေတ်တစ်ခေတ်ကို စတင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်ဂိုးတစ်ဂိုးဖြစ်ခဲ့သလို ဘယ်အချိန်ပဲရောက်ရောက်

တသသပြန်ပြောင်းပြောနေရမဲ့ဂိုးတစ်ဂိုးပါပဲ။ ဒါကြောင့် မေလ (၁၃) ရက်နေ့မှာတော့ အဂူရိုရဲ့သမိုင်းဝင်ဂိုး (၁၀) ပြည့်နှစ်အထိမ်းအမှတ်တစ်ခုကို လုပ်ဆောင်ဖို့ မန်စီးတီးဘက်က လုပ်ဆောင်ခဲ့တာပါ။

 

လက်ရှိအချိန်မှာတော့ မန်စီးတီးဟာ အီတီဟတ်ကွင်းပြင်ပမှာ ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ရုပ်ထုတွေကို ကွင်းပြင်ပမှာ ထားရှိထားပြီး အဂူရိုရဲ့ရုပ်ထုကို ထပ်မံထားရှိသွားမှာ ဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့

အဂူရိုရဲ့ရုပ်ထုဖွင့်ပွဲကို ပရိသတ် ၂ ထောင်ခန့် တက်ရောက်စေမှာဖြစ်ပြီးအဂူရိုအပါအဝင် ၂၀၁၁-၁၂ ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့တဲ့ အသင်းသားတချို့ကိုလည်း ဖိတ်ကြားထားပါတယ်။ ကျူပီတာနဲ့

ယှဉ်ပြိုင်ခဲ့တဲ့ သမိုင်းဝင်ပွဲစဉ်တုန်းက 93:20 ရဲ့ (၁၀) နှစ်ပြည့်အထိမ်းအမှတ်ကို ပြုလုပ်သွားမှာဖြစ်ကြောင်း၊ အချိန်ပိုမှာ နှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲက ဘောလုံးသမိုင်းရဲ့ အငြင်းပွားဖွယ်မရှိ အကောင်းဆုံး

Comeback ဖြစ်ခဲ့ကြောင်း၊ မန်စီးတီးဟာ ၄၄ နှစ်အတွင်း ပရီးမိးယားလိဂ် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့ကြောင်း၊ ရုပ်ထုကို ခင်းကျင်းပြသပြီး အဂူရိုရ့ ဂန္ထဝင်ဖြစ်တည်မှုကို ဂုဏ်ပြုလိုကြောင်း

မန်စီးတီးအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အဂူရိုဟာ မန်စီးတီးမှာ ကစားခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ၅ ကြိမ် ဆွတ်ခူးခဲ့ပြီး စုစုပေါင်း ဂိုး ၂၆၀ သွင်းယူကာ အသင်းသမိုင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာပါ။

ပြီးခဲ့ဲတဲ့နွေရာသီမှာ အဂူရိုဟာ မန်စီးတီးနဲ့ လမ်းခွဲခဲ့ပြီး လာလီဂါကလပ် ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါပေမဲ့ အဂူရိုအနေနဲ့ ဘာစီလိုနာမှာ ကစားရင်း နှလုံးပြဿနာ ပေါ်ပေါက်ခဲ့ပြီး ကစားသမားဘဝကနေ

စောစီးစွာ အနားယူခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အဂူရိုအနေနဲ့ ဘောလုံး ပြန်ကစားဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေသလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်

လိုက်ပါသွားမယ်ဆိုပြီးလည်း သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။

 

Zawgyi

အမွတ္တရေန႔မွာ အဂူ႐ိုရဲ႕႐ုပ္ထုကို ဖြင့္လွစ္ျပသသြားေတာ့မဲ့ မန္စီးတီး

ပရီးမီးယားလိဂ္ကလပ္ထိပ္သီးကလပ္ မန္စီးတီးဟာ အသင္းရဲ႕ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့အဂူ႐ိုရဲ႕႐ုပ္ထုကို အီတီဟတ္ကြင္းျပင္ပမွာ ထားရွိသြားေတာ့မဲ့အေၾကာင္းထုတ္ျပန္ခဲ့ပါတယ္။ ၂၀၁၁-၁၂ ရာသီ

ေနာက္ဆုံးပိတ္ပြဲစဥ္မွာ က်ဴပီအာဘက္ကို နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ သမိုင္းဝင္ဂိုးရဲ႕ (၁၀) မွတ္ျပည့္အထိမ္းအမွတ္အျဖစ္ အဂူ႐ိုရဲ႕႐ုပ္ထုကို ဖြင့္လွစ္သြားမွာပဲ ျဖစ္ပါတယ္။ ၂၀၁၁-၁၂

ပရီးမီးယားလိဂ္ေဘာလုံးရာသီမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္စီးတီးတို႔က ခ်န္ပီယံဆုအတြက္ အၿပိဳင္ျဖစ္ခဲ့တာပါ။ သူတို႔ႏွစ္သင္းဟာ ခ်န္ပီယံဆုအတြက္ ေနာက္ဆုံးပြဲစဥ္အထိ ယွဥ္ၿပိဳင္ခဲ့ရၿပီး မန္စီးတီးဟာ က်ဴပီအာနဲ႔

ေတြ႕ဆုံခဲ့လို႔ လြယ္လြယ္ေလး အႏိုင္ရခဲ့တယ္လို႔ အားလုံးက ယူဆခဲ့တာပါ။

ဒါေပမဲ လက္ေတြ႕မွာေတာ့ မန္စီးတီအေနနဲ႔ က်ဴပီအာပြဲမွာ ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရၿပီး ေနာက္ဆုံးမိနစ္အထိ သေရက်ေနခဲ့ပါတယ္။ မန္စီးတီးရဲ႕ ခ်န္ပီယံအိပ္မက္ေတြ အေရာင္ပ်က္လြင့္ခါနီးမွ အဂူ႐ိုက ၉၃ မိနစ္နဲ႔

စကၠန႔္၂၀ အေရာက္မွာ အႏိုင္ဂိုးသြင္းယူေပးၿပီး မန္စီးတီးေခတ္တစ္ေခတ္ကို စတင္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီဂိုးဟာ ပရီးမီးယားလိဂ္ရဲ႕ သမိုင္းဝင္ဂိုးတစ္ဂိုးျဖစ္ခဲ့သလို ဘယ္အခ်ိန္ပဲေရာက္ေရာက္

တသသျပန္ေျပာင္းေျပာေနရမဲ့ဂိုးတစ္ဂိုးပါပဲ။ ဒါေၾကာင့္ ေမလ (၁၃) ရက္ေန႔မွာေတာ့ အဂူ႐ိုရဲ႕သမိုင္းဝင္ဂိုး (၁၀) ျပည့္ႏွစ္အထိမ္းအမွတ္တစ္ခုကို လုပ္ေဆာင္ဖို႔ မန္စီးတီးဘက္က လုပ္ေဆာင္ခဲ့တာပါ။

လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးဟာ အီတီဟတ္ကြင္းျပင္ပမွာ ကြန္ပနီ၊ ေဒးဗစ္ေဆးလ္ဗားတို႔ရဲ႕႐ုပ္ထုေတြကို ကြင္းျပင္ပမွာ ထားရွိထားၿပီး အဂူ႐ိုရဲ႕႐ုပ္ထုကို ထပ္မံထားရွိသြားမွာ ျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔

အဂူ႐ိုရဲ႕႐ုပ္ထုဖြင့္ပြဲကို ပရိသတ္ ၂ ေထာင္ခန႔္ တက္ေရာက္ေစမွာျဖစ္ၿပီးအဂူ႐ိုအပါအဝင္ ၂၀၁၁-၁၂ ရာသီတုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိခဲ့တဲ့ အသင္းသားတခ်ိဳ႕ကိုလည္း ဖိတ္ၾကားထားပါတယ္။ က်ဴပီတာနဲ႔

ယွဥ္ၿပိဳင္ခဲ့တဲ့ သမိုင္းဝင္ပြဲစဥ္တုန္းက 93:20 ရဲ႕ (၁၀) ႏွစ္ျပည့္အထိမ္းအမွတ္ကို ျပဳလုပ္သြားမွာျဖစ္ေၾကာင္း၊ အခ်ိန္ပိုမွာ ႏွစ္ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး အဆိုပါပြဲက ေဘာလုံးသမိုင္းရဲ႕ အျငင္းပြားဖြယ္မရွိ အေကာင္းဆုံး

Comeback ျဖစ္ခဲ့ေၾကာင္း၊ မန္စီးတီးဟာ ၄၄ ႏွစ္အတြင္း ပရီးမိးယားလိဂ္ ခ်န္ပီယံဆုကို ပထမဆုံးအႀကိမ္ ျပန္လည္ရရွိခဲ့ေၾကာင္း၊ ႐ုပ္ထုကို ခင္းက်င္းျပသၿပီး အဂူ႐ိုရ႕ ဂႏၴဝင္ျဖစ္တည္မႈကို ဂုဏ္ျပဳလိုေၾကာင္း

မန္စီးတီးအသင္းရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ပါရွိပါတယ္။

အဂူ႐ိုဟာ မန္စီးတီးမွာ ကစားခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္အတြင္း ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ၅ ႀကိမ္ ဆြတ္ခူးခဲ့ၿပီး စုစုေပါင္း ဂိုး ၂၆၀ သြင္းယူကာ အသင္းသမိုင္းရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနခဲ့တာပါ။

ၿပီးခဲ့ဲတဲ့ေႏြရာသီမွာ အဂူ႐ိုဟာ မန္စီးတီးနဲ႔ လမ္းခြဲခဲ့ၿပီး လာလီဂါကလပ္ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ ဒါေပမဲ့ အဂူ႐ိုအေနနဲ႔ ဘာစီလိုနာမွာ ကစားရင္း ႏွလုံးျပႆနာ ေပၚေပါက္ခဲ့ၿပီး ကစားသမားဘဝကေန

ေစာစီးစြာ အနားယူခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အဂူ႐ိုအေနနဲ႔ ေဘာလုံး ျပန္ကစားဖို႔ စီစဥ္ေနတယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနသလို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အာဂ်င္တီးနားရဲ႕ နည္းျပအဖြဲ႕ဝင္အျဖစ္

လိုက္ပါသြားမယ္ဆိုၿပီးလည္း သတင္းေတြထြက္ေပၚလ်က္ရွိေနပါတယ္။

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published.