ဆင်းရဲတွင်းကနေ ကောင်းမွန်တဲ့ဘဝကို ရောက်ရှိလာကြတဲ့ တိလေးများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။လူ့လောကရဲ့ အကောင်းနှင့်အဆိုးကို မြင်ဖူးသည့် တိရစ္ဆာန်များစွာရှိပါတယ်။ရက်စက်ကြမ်းကြုတ်မှုနှင့် လျစ်လျူရှုမှုတွေကို ခံစားရခဲ့ပေမယ့်လည်း ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးမှာ ကြင်နာတတ်တဲ့ လူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ဆင်းရဲတွင်းကနေ ကောင်းမွန်တဲ့ဘဝကို ရောက်ရှိလာကြတဲ့ တိလေးတွေကို ဖော်ပြပေးသွားပါမယ်။
(၁) Hopeလို့အမည်ရတဲ့ Huskyခွေးလေး
Rico Soegiarto က အမည်မသိမျိုးကွဲရဲ့ ဖျားနာပြီး အားနည်းတဲ့ ခွေးကလေးကို တွေ့ခဲ့ပါတယ်။ ဂရုစိုက်မှု၊ ကောင်းမွန်သောအစားအစာနှင့် ကြင်နာမှုတို့ကြောင့် 10 လကြာပြီးနောက်မှာ Hope က တောက်ပတဲ့အမွေးေတွနှင့် လှပလာခဲ့ပါတယ်။
(၂)bulldog
Kells မိသားစုနယ်မြေရှိ သစ်တောထဲမှာ ခွေးတစ်ကောင်က အားနည်းနေတာကို တွေ့ခဲ့ပါတယ်။ ရှာတွေ့ချိန်မှာ လှုပ်တောင် မလှုပ်နိုင်ခဲ့ပါဘူး။ ကယ်ဆယ်ရေးသမားေတွကေတာ့ တစ်ရက်တောင် မခံနိုင်ဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် လအတော်ကြာမှာတော့ သူ့ပုံမှန်ပုံစံအစစ်ကို ပြန်ရခဲ့ပါတယ် ။
(၃)ကြောင်လေးပြုပြင်ခြင်း
ကားတိုက်ခံရပြီးနောက်မှာ သူမဟာ မေးရိုးကျိုးသွားခဲ့ပါတယ်။ သူမကို တခြားနေရာတွေမှာ သတ်ပစ်ခဲ့ပေမယ့် ဒေသခံဆရာဝန်က အခွင့်အရေးယူပြီး ရှုပ်ထွေးတဲ့ခွဲစိတ်မှုတစ်ခုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ သူမရဲ့ ဆန်းကြယ်တဲ့ အပြုံးလေးနဲ့ လူတိုင်းရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။
(၄)coydog
Coyote နဲ့ ခွေးမျိုးစပ်ထားတဲ့ Zelda ဟာ သူမရဲ့အနာဂတ်ပိုင်ရှင်ကိုရှာတွေ့ချိန်မှာ ပေါင် 20 သာရှိခဲ့ပါတယ်။ အခြားတိရစ္ဆာန်ေတွလိုပဲ Zelda ပြန်လည်ကျန်းမာလာဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။
(၅)သေလုမြောပါးကြောင်လေး
ကြည့်လိုက်ရင် ဒီအခြေအနေမှာ ကြောင်ဟာ အသက်မရှင်ဘူးဆိုတာ ထင်ရှားပါတယ်။ Amira အမည်ရှိ မိန်းကလေးက ထိုကြောင်လေးကို ကြင်နာမှူအပြည့်နှင့် အိမ်ခေါ်သွားခဲ့ပါတယ်။ ယခုအခါမှာတော့ ဒါဟာ သူဆိုတာ ယုံစရာတောင် မရှိပါဘူး။
(၆)Brixအမည်ရတဲ့ ခွေးကလေး
Brix က အလွန်ခက်ခဲတဲ့အချိန်များကို ကြုံတွေ့ခဲ့ရပါတယ်။ တစ်စုံတစ်ယောက်က သူ့အနားမှာ လက်မြှောက်လိုက်တိုင်း အရိုက်ခံဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။ Brix ကို သူ့အိမ်အသစ်ဆီ ခေါ်ဆောင်သွားတဲ့နေ့မှာပဲ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။
(၇)Kahn နှင့် Sheila ခြင်္သေ့
Kahn & Sheila တို့က ဆပ်ကပ်တစ်ခုမှ သိမ်းယူခံခဲ့ရပြီး ဆိုးရွားတဲ့ အခြေအနေေတွ ရှိနေခဲ့ပါတယ်။ ခြင်္သေ့အထီးက အရိုးတွေမှာ ဆိုးရွားတဲ့ပြဿနာများရှိပြီး ထော့နဲ့ထော့နဲ့ ဖြစ်နေပ်တယ်။ ခြင်္သေ့မကေတာ့ မျိုမချနိုင် မလှုပ်ရှားနိုင်ပါ။ လပေါင်းများစွာ ပြန်လည်ကုသခြင်းရဲ့ ရလဒ်များကို ယနေ့ သူတို့ပုံစံဖြင့် မြင်တွေ့နိုင်ပါတယ်။
(၈)Piper the Great Pyre…
Piper ဟာ အမှိုက်ပုံးထဲမှာ တစ်ဝက်လောက် သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ အလွန်ညစ်ပတ်နေပြီး အနံ့အသက်ဆိုးကြီးလည်း ရှိေနပါတယ်။ ဆေးကြောလိုက်တဲ့အခါမှာ ရှားပါးမျိုးစိတ်တစ်ခုရဲ့ အဖြူရောင်အလှတရားကြောင့် အားလုံး အံ့ဩသွားကြပါတယ်။
(၉)bulldog
လွန်ခဲ့တဲ့ ၃ နှစ်က ဒီခွေးလေးကို အော်ရီဂွန်က လူသူကင်းမဲ့တဲ့ လမ်းတစ်ခုမှာ ဆိုးရွားတဲ့အခြေအနေမှာ တွေ့ရှိခဲ့ပါတယ်။ ပြင်းထန်သော အဖုတစ်ခုကြောင့် သားမွေးများအားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ လပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။
(၁၀)ကြောင်ငယ်လေး
Pip ကို အခြားကြောင်များနှင့်အတူ သေတ္တာအတွင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။။ ကံမကောင်းစွာဖြင့်၊ ကျန်ကြောင်များသေဆုံးသွားခဲ့ပြီး Pip က တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့သူပါ။ မျက်စိပိုးဝင်ခြင်းကြောင့် မျက်လုံးများပိတ်ကာ အရေးပေါ်ကုသမှုလိုအပ်ခဲ့ပါတယ်။ 6 ပတ်ကြာ ကုသပြီးနောက်မှာတော့ တော်တော်ကြီး အဆက်ပြေလာပါတယ်
(၁၁) ရှဉ့်
အဲဒီ ရှဉ့်ငယ်လေးဟာ အမြင့် ၄ ထပ် အဆောက်အဦးကနေ ပြုတ်ကျခဲ့ပါတယ်။ ရင်ဘတ်မှာ ဒဏ်ရာအကြီးကြီးရခဲ့ပါတယ်။ ရှဉ့်မေမေ ဆင်းလာပြီး သားပေါက်ကို အနံ့ခံကာ လက်ဖဝါးဖြင့် ထိကာ အသက်မရှင်နိုင်ဟု ထင်ပြီး ထွက်ခွာသွားခဲ့ပါတယ်။ ဥယျာဉ်ပိုင်ရှင် Decan Andersen က ဒီအဖြစ်အပျက်ကို အစအဆုံးကြည့်ပြီး တာဝန်ယူခဲ့ပါတယ်။ ဒီဒဏ်ရာ သက်သာဖို့ နှစ်ဝက်နီးပါး အချိန်ယူခဲ့ရပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။