မနက်ခင်း ခံတွင်းနံ့ဆိုးများအား ထိန်းသိမ်းနည်း (၆) နည်း
ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေမှာ မနက်စောစော ခံတွင်းနံ့အကြောင်းကို ထည့်ရိုက်လေ့မရှိပါဘူး ။ ကျွန်ုပ်တို့ အများစုကနိုးပြီးတာနဲ့ပါးစပ်ကထွက်လာတဲ့ အနံ့ကိုကောင်းကောင်းသိပါတယ်။ လူတော်တော်များများဟာ မနက်ခင်း ခံတွင်းအနံ့အတွက် အရှက်ရကြသော်လည်း လူတိုင်းဟာ မနက်ခင်းအနံ့အသက်ဆိုးတွေကိုခံစား နေရဆဲသာ ဖြစ်ပါတယ် ။ ၎င်းဟာ သင်၏ နေ့စဉ်အလေ့အထအချို့ကြောင့်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။
အိပ်ယာနိုးနိုးချင်း ခံတွင်းနံ့မကောင်းခြင်းဟာ လူတိုင်းအတွက် စိတ်မချမ်းမြေ့စရာဖြစ်နေကြမှာပါ။ထို့ကြောင် အိပ်ယာထချိန် ခံတွင်းနံ့ဆိုးရခြင်းအကြောင်းအရင်းနှင့် ထို့အတွက် ကျွန်ုပ်ဘာလုပ်နိုင်မလဲ ဆိုသည်များကို ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်။
ခံတွင်းနံ့ဆိုးရခြင်း အကြောင်းအရင်း
သင့်ရဲ့သွားဆရာဝန်ကတော့ ပုံမှန်သွားတိုက်သန့်ရှင်းခြင်းမပြုလုပ်ခြင်းက သင့်ကိုခံတွင်းနံ့ဆိုးစေမယ်လို့ အကြံပြုထားပြီးဖြစ်မှာပါ။ခံတွင်းသန့်ရှင်းရေး အားနည်းမှုအပြင် အခြားအကြောင်းရင်းများလည်းရှိနေပါသေးတယ်။
ပါးစပ်ခြောက်ခြင်း – တံတွေးသည်ခံတွင်းနံ့ဆိုးစေသော ဘက်တီးရီးယားများကို ဆေးကြောပေးပြီးကျွန်ုပ်တို့အိပ်သောအခါတံတွေးနည်းသောကြောင့် ကျွန်ုပ်တို့အများစု အိပ်ယာမှ နိုးချိန်ခံတွင်းနံ့ဆိုးနေတတ်တာပါ။
အချို့အစားအစာများ – အစာစားခြင်းဟာ ကျွန်ုပ်တို့၏ ခံတွင်းနံ့ကိုထိခိုက်စေပါတယ်။ ကြက်သွန်နီနှင့်ကြက်သွန်ဖြူကဲ့သို့သောအစားအစာများဟာ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများနိုင်သော်လည်း နံနက်ခင်း၏ ခံတွင်းနံ့များအတွက် ၎င်းတို့မှာတာဝန်ရှိနေပါတယ်။
အချို့သောကျန်းမာရေးအခြေအနေများ – အစာအိမ်နှင့်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါကိုခံစားနေရသောလူများဟာ မကြာခဏအနံ့ဆိုးထွက်တတ်ပါတယ်။
ခံတွင်းနံ့ကိုဘယ်လိုထိန်းချုပ်မလဲ
(၁) ခံတွင်းသန့်ဆေးရည်များ အမြဲအသုံးမပြုပါနဲ့
ခံတွင်းသန့်ဆေးရည်ကသင့်ရဲ့ခံတွင်းနံ့ကိုခဏတာ လတ်ဆတ်စေလိမ့်မယ်ဆိုတာအမှန်ပဲ ဆိုပေမယ့် ခံတွင်းကိုလည်းခြောက်ကပ်စေနိုင်ပါတယ်။ ခံတွင်းသန့်ဆေးအများစုမှာ Alcohol ပါ ၀ င်ပြီး၎င်းဟာ သဘာဝတံတွေးထုတ်လုပ်မှုကိုထိခိုက်စေပါတယ် ။ ပုံမှန်အားဖြင့်ခန္ဓာကိုယ်ဟာ ညဘက်တွင် တံတွေးထုတ်မှုနည်းသောကြောင့်လျှာနှင့်သွားဖုံးတွင် စုပြုံနေသောဆဲလ်သေများကိုမဖယ်ရှား နိုင်တော့ပဲ ခံတွင်းနံ့ကိုဆိုးစေပါတယ်။
(၂) ပါးစပ်ဟပြီးမအိပ်မိပါစေနဲ့
ကျွန်ုပ်တို့တော်တော်များများဟာ အိပ်နေစဉ်ပါးစပ်မှ လေရှူမိတာကြောင့် ခံတွင်းခြောက်သွေ့မှုဖြစ် စေပြီးဘက်တီးရီးယားတွေ ပေါက်ပွားဖို့တွန်းအားပေးနိုင်ပါတယ်။ ပါးစပ်မှအသက်ရှူခြင်းဟာ သွားပိုးစားခြင်းနှင့်သွားဖုံးသွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး နှစ်ရှည်ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။။ ပါးစပ်မှတဆင့်ရှူသောအခါ ခံတွင်း pH ဟန်ချက်ကို ထိခိုက်စေပြီး ဘက်တီးရီးယားအမျိုးအစားများကိုပြောင်းလဲစေပါတယ်။သွားဆရာဝန်အချို့ကပင် ပြသနာကိုဖြေရှင်းရန် နည်းလမ်းတစ်ခုအနေနှင့်ပါးစပ်ကိုတိပ်ဖြင့်ပိတ်အိပ်ရန် အကြံပြုကြပါတယ်။
(၃) ဆီအသုံးပြုခြင်း
ဒီနည်းလမ်းဟာအိန္ဒိယမှာစတင်ခဲ့တာဖြစ်ပြီးသွားတွေကိုဖြူဖွေးစေပြီးသွားကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေကြောင်းသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဆီတစ်ဇွန်းကို ပါးစပ်တစ်ဝိုက်ကို ၁၅-၂၀ မိနစ်ခန့်ပွတ်ပေးခြင်းဖြင့် ခံတွင်းနံ့ဆိုးစေသောဘက်တီးရီးယားများသည်အဆီ၌ကပ်ငြိပြီးပျော်ဝင် စေပါတယ်။ မည်သည့်ဆီကိုမဆိုသုံးနိုင်ပါတယ်။ လူအများစုကတော့ အရသာကြောင့် အုန်း သို့မဟုတ် သံလွင်ဆီကိုပိုနှစ်သက်လေ့ရှိပါတယ်။
(၄) ကော်ဖီသောက်ခြင်းကို ဂရုပြုပါ
ကော်ဖီဟာ အခြောက်ခံနိုင်သောအာနိသင်ရှိပြီးခန္ဓာကိုယ်မှတံတွေးထုတ်လုပ်မှုကိုလျော့နည်းစေပါတယ် ။ လူအများစုက ကော်ဖီထဲသို့ နို့ (သို့) ခရင်မ်တို့ကိုထည့် သောက်သည့် နို့ထွက်ပစ္စည်းများကလည်း ခံတွင်းနံ့ဆိုးစေတတ်ပါတယ်။
(၅) လျှာသန့်ရှင်းရေး
သွားများကဲ့သို့ သင်၏လျှာသည်လည်း ခံတွင်းနံ့နံစေသောဘက်တီးရီးယားများကိုခိုအောင်းနိုင်ပါတယ်။ လျှာကိုမပွတ်တိုက်ဘူးဆိုရင်ခံတွင်းထဲမှာဘက်တီးရီးယားတွေတိုးလာပြီး သင့်ခံတွင်းနံ့ကိုဆိုးလာစေပါလိမ့်မယ်။ သင့်ရဲ့လျှာကိုသန့်ရှင်းဖို့ ပုံမှန်ပျော့ပျောင်းတဲ့ သွားပွတ်တံနဲ့တင် အဆင်ပြေပါတယ်။
(၆) အသက်ရှုပုံ ရှုနည်း
တစ်နေ့တာလုံး ပါးစပ်ကနေအသက်ရှူနေတာကို သတိမထားမိပေမဲ့ ဒီအလေ့အကျင့်ကသင့်ရဲ့အနံ့ကိုဆိုးစေမှာပါ ။ ခန္ဓာကိုယ်ဟာ နေ့ဘက်မှာတံတွေးပိုထုတ်လေ့ရှိပေမယ့် ပါးစပ်နဲ့အသက်ရှူတာကသင့်ခံတွင်းကိုခြောက်သွေ့စေပါလိမ့်မယ်။ ဒီအလေ့အထဟာ ခံတွင်းနံ့ဆိုးခြင်းအပြင် သွားပိုးပေါက်များနှင့် နားပိုးဝင်ခြင်းကဲ့သို့ရောဂါအမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
သင်သိထားတဲ့ ခံတွင်းနံ့ကောင်းစေသည့် အခြားသောနည်းလမ်းများရှိရင်လည်း ဝေမျှပေးစေချင်ပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။