Sun. May 22nd, 2022

လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက သိခဲ့သင့်သော ဘဝသင်ခန်းစာ အချက်(၂၀)

လွန်ခဲ့တဲ့ဆယ်နှစ်ကငါကျောင်းပြီးခဲ့တယ်၊ ပရော်ဖက်ရှင်နယ်ရပ်ဂ်ဘီကစားသမားတစ်ယောက်ဖြစ်လာဖို့နေ့တိုင်းနီးပါးလေ့ကျင့်တယ်၊ ပြီးတော့တက္ကသိုလ်မှာလဲ ပထမနှစ်ကိုစတက်လုနီးဖြစ်တယ်။ အဲဒီအချိန်ကစပြီးငါ့ဘ ၀ ရဲ့ အရာရာ တိုင်းမှာအများကြီးပြောင်းလဲသွားခဲ့တယ်။

မကြာသေးမီကပဲ ထိုအပြောင်းအလဲကြီးများနှင့်ဘဝခရီးလမ်းတလျှောက်ကူညီပေးခဲ့သောသင်ခန်းစာအချို့ကိုပြန်ကြည့်ခဲ့တယ်။ တစ်ချို့ကငါ့ကိုလမ်းပြပေးမယ့်သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် နည်းပြတစ်ယောက် ဖြစ်ပေးခဲ့တာကံကောင်းတာပါပဲ။ အခု ‌ဒီနေ့ ငါဘယ်သူလဲဆိုတာကို ပုံဖော်ဖို့အတွက် သူတို့အားလုံးကအရေးပါခဲ့ပါတယ်။

(၁) နေ့စဉ်အသစ်အသစ်များကိုလေ့လာခြင်း

အနည်းဆုံးတော့ ပန်းတိုင်တွေဆီကိုရောက်စေနိုင်ဖို့ နေ့စဉ်ပညာအသစ်တစ်ခုခုကိုကြိုးစားပြီးအသုံးချပါ။ သင်က နေ့တိုင်း သေးငယ်တဲ့အရာတစ်ခုကိုသင်ယူနိုင်ဆိုရင် သင် သင်ယူခဲ့သမျှအရာတွေက တစ်နေရာရာမှာ အသုံးဝင်လာပါလိမ့်မယ် ။တစ်နှစ်ကြာချိန်မှာ သင် သေးငယ်သောခြေလှမ်း ၃၆၅ လှမ်းကို လှမ်းပြီးဖြစ်နေပါပြီ။ သင်ယူခြင်းသည်ဘယ်တော့မှမရပ်ပါဘူး။ နေ့စဉ်နှင့်အမျှ အသိပညာအသစ်များ လြေလာပြင်ဆင်ရန် အဆင်သင့်ဖြစ်သင့်ပါတယ်။

(၂) ပြောင်းလဲမှုတိုင်းအတွက် အဆင့်သင့်ပြင်ထားပါ

 

တစ်ခါတစ်ရံမှာ ကိစ္စတွေက ပြောင်းလဲမှု‌ တွေများပြားတတ်ပါတယ် ။ မပြောင်းလဲ လေလေ ၊ အခြေအနေ နဲ့ ရလဒ် အပေါ်လွှမ်းမိုးနိုင်မှုကို ငါတို့က ထိန်းချုပ်နိုင်လေလေဖြစ်တယ်။ ဒါပေမယ့်သဘောပေါက်ရမှာက ကိစ္စတိုင်းကမြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်ပြီး အကောင်းဆုံး ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ လွန်ခဲ့သော ၁၀ နှစ်အတွင်းပြောင်းလဲခဲ့သောအရာများနှင့် ရရှိခဲ့သော အခွင့်အလမ်းအားလုံးကို ပြန်စဉ်းစားပီး သင်ခန်းစာယူပါ ။ ယခုလက်ရှိ သင့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုလည်း မျက်ခြည်မပျက်လိုက်ပါနဲ့။

(၃) မိသားစုနဲ့အချိန်ဖြုန်းပါ

အချိန်ဟာတကယ်အရေးကြီးတဲ့အရာတွေကို ညွှန်ပြတတ်ပါတယ် ။ အထူးသဖြင့် ငါ့အတွက် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သင်ခန်းစာရစေတဲ့ အခိုက်အတန့်နှစ်ခုရှိခဲ့တယ်။။ ပထမဆုံးက Papua New Guinea မှာရှိတဲ့ Kokoda Trail ကိုငါ့မိဘတွေနဲ့အတူခြေလျင်ခရီးသွားခဲ့ချိန် ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်း အဘိုးတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်မြေပြင် အတွေ့အကြုံ တွေနားထောင်ရင်း ထိုခရီးက ကျွန်တော်တို့ မိသားစုကိုအရင်ကထက်ပိုနီးစပ်စေခဲ့တယ်။ ဒုတိယက အဖွားနှင့်အတူ ဓာတ်ပုံအယ်လ်ဘမ်အဟောင်းများကြည့်နေစဉ် သူမဟာ သူမရဲ့အဖိုးတန်ဆုံးအမှတ်တရတွေနဲ့ ဖြည်းဖြည်းချင်း ဝေးကွာလာကြောင်း သတိထားမိပြီး အဲဒီအချိန်တွေကို တန်ဖိုးထားရကောင်းမှန်းနားလည်လာခဲ့ပါတယ်။

(၄) စိတ်ကျန်းမာရေးအတွက် အထောက်အကူကောင်းများရှာပါ

 

ရပ်ဘီကစားတာကိုရပ်လိုက်ချိန် ကျွန်တော့်အသက်က ၂၀ ကျော်ပဲရှိပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှု၊ စိတ်ဓာတ်ကျမှုနှင့်ကိုယ့်ကိုယ်ကိုဘာလုပ်ရမလဲကို သေချာမသိခဲ့ပါဘူး။ ဒါပေမယ့် ကံကောင်းတာက ငါ့ရဲ့ဘ ၀ ကိုအသိအမှတ်ပြုပြီး ငါ့ကို ပြန်ရပ်တည်နိုင်အောင်ကူညီပေးခဲ့တဲ့ လူတွေရှိခဲ့တယ် ။ ထို့အပြင်ဆရာဝန်တစ်ယောက်နဲ့တွေ့ဖို့ ၊ ငါ့ရဲ့စိတ်ကျန်းမာရေးအကြောင်းပြောပြီးငါ့ဘ ၀ ကိုတိုးတက်အောင် ပညာပေးခံကဖို့လည်း အခွင့်အရေးရခဲ့တယ်။။ သင်အမှောင်ထဲသို့ရောက်သောအခါမှ ကောင်းမွန်သောအစီအစဉ်နှင့်ခိုင်မာသောပံ့ပိုးမှုစနစ်မည်မျှအရေးကြီးကြောင်း သင်သဘောပေါက်တတ်လာပါလိမ့်မယ်။

(၅) မိမိကိုယ်ကို လမ်းဖွင့်ပေးပါ

ဘဝမှာအမှားတွေအများကြီးလုပ်ခဲ့ပြီး မိုက်မဲခဲ့ပေမယ့် ကိုယ့်ကိုကိုယ်အလွန်အကျွံ ဝေဖန်တာက မှားယွင်းတဲ့အရာပါ။ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပြီး အမှားများကိုမည်သို့သင်ယူရမည်ကိုသိခြင်းနှင့်၎င်းတို့ထပ်မဖြစ်ပွားစေရန်ပြင်ဆင်ခြင်းတို့လိုအပ်ပါတယ်။

(၆) ရိုးသားပါ

သင်ချစ်သောလူများအပေါ်ရိုးသားခြင်းဟာ ကြီးမားသောအကျိုးကျေးဇူးများရှိပါတယ်။ သင်အမှန်တကယ်ရိုးသားပါက ယုံကြည်မှုအဆင့်ခိုင်မာလာပြီးသင်တို့၏ဆက်ဆံရေးတိုးတက်လာပါမယ်။

(၇) ဘဝမှာ ပျော်စရာတွေများပါတယ်

ငါ့ဘ၀ ရဲ့နေ့စဉ်နေ့တိုင်းကို အားကစားတွေလုပ်ပြီး ရှင်သန်တယ်။ ပျော်ဖို့ကောင်းတဲ့အခြားအရာတွေအများကြီးရှိမှန်းငါသတိမထားမိခဲ့ဘူး၊ အခြားစိတ်ဝင်စားစရာကောင်းတဲ့ စက်မှုလုပ်ငန်းတွေ၊ ဝါသနာတွေအားလုံး နောက်ဆုံးတော့ငါ့ရဲ့ပုံမှန်အချိန်တွေမှာ ငါဘယ်သူလဲ၊ ဘဝမှာငါသွားချင်တဲ့နေရာကဘယ်လဲ ဆိုတာ ငါတကယ်နားလည်လာခဲ့တယ်။

(၈) မနက်ခင်းလုပ်ရိုးလုပ်စဉ်များ

ငါ့တစ်နေ့တာရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲကတစ်ခုက မနက်ခင်းလုပ်ရိုးလုပ်စဉ်ပါပဲ ။ ငါစောစောထပြီး ပြေးခြင်း ၊ အားကစားလုပ်ခြင်း ၊ စာရေးစာဖတ်ခြင်း တို့ဖြင့် မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ခဲ့ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ အားအင်တွေကို အစပြုပါတယ်။

(၉) မှတ်စုရေးသားခြင်း

မှတ်စုစာအုပ်ထဲမှာ စိတ်ကူးများနှင့်ရည်ရွယ်ချက်များကို ချရေးခြင်း၏အကျိုးကျေးဇူးများကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာရှင်းလင်းပြတ်သားမှုနှင့်တီထွင်ဖန်တီးမှုတို့အတွက် ၎င်းဟာ အခြေခံအစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်။ ငါဘယ်နေရာရောက်ရောက် မှတ်စုစာအုပ်ကိုအမြဲသယ်သွား လေ့ရှိပါတယ်။

၁၀) မကြာမကြာ ခရီးဝေးသွားခြင်း

သင့်ရဲ့ စိတ်ကူးစိတ်သန်းကိုချဲ့ထွင်ဖို့ အကောင်းဆုံးနည်းလမ်းက ကမ္ဘာကြီးကိုရှုထောင့်သစ်တစ်ခုက ကြည့်ဖို့ ခရီးတစ်ခုထွက်ဖို့ပါပဲ ။ ဘဝမှာအရေးအကြီးဆုံးသင်ခန်းစာအချို့ကိုငါခရီးသွားနေစဉ်ခဏ ဒါမှမဟုတ် အတွေ့အကြုံသစ်တစ်ခုကိုတိုက်ရိုက်ခြေရာခံနေရင်းကနေ ရရှိခဲ့ပါတယ်။

(၁၁) ရယူလိုစိတ်မထားပဲ ပေးကမ်းပါ

ကျွန်တော့်ရဲ့နည်းပြဆရာတစ်ယောက်က သူ့ကိုဂုဏ်ပြုဖို့ရောက်လာတဲ့လူတွေနဲ့ပြည့်နေတဲ့အခန်းထဲမှာ ဒါကိုပြောခဲ့တာပါ။ သူ့ရဲ့ဘဝလျှို့ဝှက်ချက်တစ်ခုက လူတွေကိုအပ်တဲ့ ကိစ္စ အရပ်ရပ် အတွက် ကူညီပေးပြီးဘာကိုမှပြန်မမျှော်လင့်ခြင်းပါပဲ လို့ဆိုပါတယ်။

(၁၂) ကျေးဇူးတရားများကို မမေ့ပါနဲ့

မနက်တိုင်းလိုလို ကျေးဇူးတင်စရာကောင်းတာလေးတစ်ခု နည်းနည်းဖြစ်ဖြစ် ကြီးကြီးမားမားဖြစ်ဖြစ် ထိုင်စဥ်းစားပြီး ကျေးဇူးတုံပြန့်ဖို့ တွေးပါတယ် ။ ရာသီဥတု (သို့) သယ်ယူပို့ဆောင်ရေး ကဲ့သို့ရိုးရှင်းသည့်အရာဖြစ်နိုင်ပါတယ် ။ သို့မဟုတ် ကျွန်ုပ်မိသားစု (သို့) သူငယ်ချင်းများကဲ့သို့ အရေးကြီးသူတွေလဲ ဖြစ်နိုင်ပါတယ် ။ ဒါကသင့်တစ်နေ့တာရဲ့တိတ်ဆိတ်နေတဲ့အချိန်တွေကို ကုန်ဆုံးဖို့အလေ့အထကောင်းတစ်ခုပါပဲ။

(၁၃) လူရှုပ်လူပွေများကိုအချိန်မပေးပါနဲ့

ငါတို့အားလုံး ဒါကို တွေ့ဖူးပါလိမ့်မယ်။ တခါတလေ သူတို့ကငါတို့ကိုဝိုင်းနေသလိုခံစားရပါတယ်။ သင်နှင့်သင်၏အချိန်များကို အခြေခံလေးစားမှုနှင့်ရိုးသားမှုမရှိပဲ တန်ဖိုးထားခြင်းမရှိမှန်းသိတာနဲ့ သင့်အချိန်များကိုသူတို့နဲ့ မဖြုန်းတီးဘဲ ရှေ့ဆက်သင့်ပါတယ်။

(၁၄) တာဝန်သိတတ်မှုရှိပါ

သင့်ဘဝမှာဖြစ်ပျက်နေသမျှဟာ သင်လုပ်ခဲ့ဖူးတဲ့အရာတွေရဲ့တိုက်ရိုက်ရလဒ်ပါပဲ ။ ထို့ကြောင့် ဘာအတွက်မှ ဆင်ခြေမပေးပဲ နောက်တချိန်တွေ့ကြုံရမယ့်အနာဂတ်ကို တာဝန်ယူပြီး ယခုကတည်း အကောင်းဆုံးကြိုးစားပါ။

(၁၅) သက်တောင့်သက်သာဇုန်ထဲမှ ရုန်းထွက်ပါ

သင်ခန်းစာယူရန်ပျက်ကွက်ခြင်းသည် ကျွန်ုပ်တို့မည်သူမျှမခံစားလိုသည့် နောင်တနှင့်သာ အဆုံးသတ်ပါလိမ့်မယ်။ ငါ့ဘ ၀ မှာအဓိပ္ပါယ်အရှိဆုံးအခိုက်အတန့်တစ်ခုက ငါ့ရဲ့စေ့စပ်သူနဲ့ဆုံတဲ့ညလည်းဖြစ်ခဲ့ပါတယ်။ လှပတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ချိန် သူမနဲ့စကားပြောဖို့ဆုံးဖြတ်လိုက်တယ်။ဒါဟာရက်သတ္တပတ် အလယ်လောက်မှာကြုံရ နေကျဖြစ်တဲ့ salsa ကပွဲညတစ်ညလဲဖြစ်တယ်။သူတို့ပြောသည့်အတိုင်းကျန်သည်သမိုင်းဖြစ်သည်။ ပြီးတော့ salsa အကကို ဘယ်လိုကရမယ်မှန်း အခုထိ မသိသေးပါဘူး။

(၁၆) စိတ်ရှည်ပါ

အရာများလျင်မြန်စွာပြောင်းလဲသည်နှင့်အမျှ၎င်းတို့ဟာ စိတ်ရှည်မှုနှင့်ရေရှည်စိတ်သဘောထား ကြီးမားမှုလိုအပ်လာပါတယ်။ သို့မဟုတ်ပါက ဘရာဇီးလ် ဂျူဂျစ်ဆုတွင် ခြောက်လ သို့မဟုတ် ခြောက်နှစ်အတွင်း လည်း သင်ခါးပတ်နက် မဖြစ်လာနိုင်ပါဘူး ။ သင်မည်မျှပင်စိတ်ထက်သန်သည်ဖြစ်စေ ထက်မြက်သည်ဖြစ်စေ စည်းကမ်းရှိမှုနှင့်ကြာရှည်စိတ်ရှည်သည်းခံမှုတို့လိုအပ်ပါတယ်။

(၁၇) မိမိကိုယ်ကိုဂုဏ်ပြုပါ

ကိစ္စရပ်တိုင်းဟာ အဆုံးထိအပြည့်အဝပြီးမြောက်ရန် အချိန်ကြာပါလိမ့်မယ် ၊ ထို့ကြောင့်သင်ယခုအချိန်ထိသင်အောင်မြင်ခဲ့ပြီးသည်များကို ဂုဏ်ပြုရန်အချိန်ခဏယူပါ ။ ဘယ်အရာက သင့်ကိုအားဖြည့်စေပြီး ဘယ်အရာက ပူလောင်စေတဲ့အရာလဲ ဆိုတာကိုသိဖို့အရေးကြီးပါတယ်။

(၁၈) မိမိစိတ်ကို ဖွင့်ဟပြောတတ်ပါစေ

တစ်ခုခုကို ငါဘယ်လိုခံစားနေရတယ်ဆိုတာကိုထုတ်ပြောခြင်းနိုင်ဖို့ အမြဲကြိုးစားနေရပါတယ်။ အကြောင်းကတော့ ဒါဟာ ဘယ်လောက်အရေးကြီးလဲဆိုတာငါသိတာကြောင့်ပါပဲ။ မင်းကမင်းရဲ့စိတ်ကို ထုတ်မပြောတတ် ၊ မင်းရဲ့အတွေးတွေကိုထုတ်မပြောတတ် ရင် သူတစ်ပါးပြောတဲ့အတိုင်း ခိုင်းတဲ့အတိုင်းလုပ်ပြီး ရလဒ်ကိုရင်ဆိုင်ရတဲ့အခါ စိတ်ညစ်ရမှာ အသေအချာပါ။

(၁၉) မိမိကိုယ်ကို ယုံကြည်ပါ

ကိုယ့်ကိုကိုယ် ထောက်ခံ အားပေးရပါမယ်။ တစ်နေ့တာရဲ့အဆုံးမှာမင်းကမင်းရဲ့အရည်အချင်းနဲ့ လုပ်ဆောင်မှု အပေါ် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိရင် အဲ့တစ်နေ့တာဟာ ဘာမှအဓိပ္ပါယ်မရှိပါဘူး။

(၂၀) စွန့်စားမှုအသစ်များအတွက် သတ္တိရှိပါ

လွန်ခဲ့သော ၁၀ နှစ်အတွင်း ငါရရှိခဲ့သောအကောင်းဆုံးအခိုက်အတန့်များနှင့် မတူသောအရာအသစ်များကို ကြိုးစားရန်ဆုံးဖြတ်ခဲ့မိတာ အတွက်ဂုဏ်ယူမိပါတယ် ။ စွန့်စားပြီးလမ်းကြောင်းသစ်တစ်ခုကိုလျှောက်ဖို့သတ္တိမရှိရင်ဘယ်သူမှ မအောင်မြင်နိုင်ပါဘူး။ သင့်ရဲ့သေးငယ်တဲ့ စွန့်စားမှုတချို့က ကမ္ဘာကြီးကို အန္တရာယ်မပြုနိုင်ပါဘူးး။ ဒါကြောင့် စွန့်စားမှုများ စတင်ပါ၊ ဆက်လုပ်ပါ။

– ” ဘဝစိတ်အားထက်သန်စေသော ကိုးကားချက်(၁၅) ချက် “-မှ ကောက်နုတ်မှု

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ
‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published.