Fri. May 27th, 2022

သူတစ်ပါးနှင့်ယှဉ်ပြိုင်ခြင်းထက် မိမိကိုယ်ကို ယှဉ်ပြိုင်ပါ

John Wooden က သူ့အဖေသင်ပေးခဲ့တဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုကို အခုလိုပဲ ပြောပြပါတယ်။ “သူတစ်ပါးထက်ပိုကောင်းအောင်ကြိုးစားရန် အဓိက မဟုတ်ပဲ သူတစ်ပါးဆီကအမြဲသင်ယူပြီး မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတာကိုသာ ဘယ်တော့မှမရပ်လိုက်ပါနဲ့။ သင်ဟာ သင့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိပါတယ်။ အခြားသူလွှမ်းမိုးတာမခံပါနဲ့ ”

 

– “ကိုယ့်ကိုကိုယ် အကောင်းဆုံးကြိုးစားပြီး အောင်မြင်ခြင်း နည်းလမ်(၂၀) ” – မှကောက်နုတ်ချက်

၎င်းအဆိုဟာ သူ၏ ဘ၀နှင့်ယှဉ်ပြိုင်ပုံကိုမည်သို့သတ်မှတ်ခဲ့သည်ဟူသော အယူအဆတစ်ခုဖြစ်ပါတယ်။

Wooden က ထိုအကြောင်းကို Steve Jamison နှင့်အတူရေးသားခဲ့ပြီး စာအုပ်ကိုတော့ Wooden: A Lifetime of Observations and Reflections On and Off the Court ဟုအမည်ပေးခဲ့ပါတယ်။ဤစိတ်ကူးကို မည်သို့အသုံးချပုံကိုလည်း ရှင်းပြခဲ့ပါတယ်။

” Louisville သိူ့မဟုတ် Arizona သို့မဟုတ် Duke သို့မဟုတ် Michigan တို့နှင့်ဘတ်စကတ်ဘောကစားပွဲအတွက် ပြင်ဆင်နေစဉ် ငါ့ကစားသမားတွေကို ပြောရမှာက -အခြားကစားသမားများဘာလုပ်မလဲ သူတိူ့အဆင်သင့်ဖြစ်ပြီလား ဆိုတာကိုငါတို့ထိန်းချုပ်လို့မရဘူး။ ငါတို့ကိုယ်ကိုအဆင်သင့်ဖြစ်ဖို့ကိုပဲ ပြင်ဆင်နိုင်မယ် ။ ဒါကြောင့်ဒီကိစ္စမှာငါတို့အကောင်းဆုံးကြိုးစားပြီးအဲဒါတွေကိုကျော်ဖြတ်ဖို့လုံလောက်တဲ့ အားစိုက်ထုတ်မှုရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ငါတို့ရဲ့ကိုယ်ပိုင်ပြင်ဆင်မှုအတွက်စိတ်ပူရအောင် “လို့ Wooden ကဆိုပါတယ်။

” ငါကားတစ်စီးထုတ်လုပ်ချင်တယ် ၊ ဒါက Ford ဒါမှမဟုတ် Chevrolet ဒါမှမဟုတ် Plymouth ဖြစ်နိုင်တယ်ဆိုကြပါစို့ ။ ဒါကို ငါတတ်နိုင်သမျှကိုပဲ ငါအကောင်းဆုံးတည်ဆောက်မယ်။ Cadillac သို့မဟုတ် Mercedes ထက်ပိုကောင်းမည်လား ဆိုတာက မသက်ဆိုင်ပါဘူး ”

” ငါ Ford တစ်စီးထုတ်လုပ်ရင် ငါတည်ဆောက်နိုင်တဲ့အကောင်းဆုံး Ford ကိုငါဖန်တီးမယ်။ ငါ့အရည်အချင်းနဲ့နီးစပ်သ‌လောက် ငါလုပ်နိုင်တာအကုန်လုပ်မယ်။ တခြားသူဘယ် လောက်ကောင်းလဲ ငါနဲ့မဆိုင်ဘူး ။ငါ့အလုပ်က ငါနဲ့ပဲဆိုင်တယ် ”

” ငါတည်ဆောက်နေတဲ့အရာတွေထက် တခြားသူတည်ဆောက်နေတဲ့အရာတွေက ပိုကောင်းမလား စိတ်ပူဖို့မလိုအပ်ဘူး ။ အပြင်မှာဘာဖြစ်နေလဲဆိုတာကိုငါစိတ်ပူ နေရင် ငါ့ရဲ့ပြင်ဆင်မှုကိုပဲလာထိခိုက်စေလိမ့်မယ်လို့ ငါယူဆထားတယ် ”

” စိုးရိမ်မှု၊ အာရုံစူးစိုက်မှု၊ ကြိုးစားအားထုတ်မှုက ငါလုပ်နိုင်သောအကောင်းဆုံး Ford ကိုဖန်တီးရန်ပဲ ဖြစ်တယ်။ အထက်တန်းကျောင်းနည်းပြဘဝနှင့် ကောလိပ်အသင်းများကိုနည်းပြရာမှာလည်း ငါဒီလိုပဲ ကျင့်သုံးခဲ့တယ်။ သူတို့ကိုအကောင်းဆုံးအဖွဲ့၊ အကောင်းဆုံးအသင်းဖြစ်စေချင်တာကငါ့ရဲ့အာရုံစိုက်မှုပဲ ။ Ford လား Cadillac လားဆိုတာ ခွဲခြားဖို့မဟုတ်ဘူး”

” တချို့နှစ်တွေမှာ ငါတို့က Ford ကို ဖန်တီးနေခဲ့ပြီး တချို့နှစ်တွေမှာ ငါတို့က Cadillac ကို ထုတ်လုပ်‌နေတယ်လို့ခံစားရတယ်။ တစ်နှစ်တာလုံးအတွက်ကြိုးစားအားထုတ်မှုကတော့ အတူတူပဲဖြစ်ပါတယ်။

ငါတို့ရဲ့ Fords တွေကို ငါတို့ဖန်တီးတည်ဆောက်ထားတဲ့ Cadillacs တွေလိုပဲ တစ်ပြေးညီတည်းဂုဏ်ယူတယ် ”

Coach Wooden ၏ The Essential Wooden စာအုပ်တွင် Steve Jamison Dave Meyers, the 1975 UCLA team of Captain , တို့ကဤနည်းအားဖြင့်အကျဉ်းချုပ်တင်ပြထားပါတယ်။

နည်းပြ Wooden က ဖြစ်နိုင်ချေရှိသောအရာများအားတွေးတောရန် သူ့ကိုယ်သူမည်သည့်အခါမျှ ဘောင်ခတ်မထားပါဘူး။ သူက လက်ရှိအချိန်ကိုသာ အာရုံစိုက်ပြီး အကောင်းဆုံးထက်ပိုကောင်းတဲ့အရာတွေနဲ့ပဲ ပိုကောင်းအောင် လုပ်လေ့ရှိပါတယ်။သူ၏ ခံယူချက်ဟာ တိုးတက်မှုအကြောင်းပြောခြင်းသာ ဖြစ်ပါတယ် ၊ အခြားတစ်ခု ကတော့ သူတစ်ပါး သို့မဟုတ် အသင်းတစ်သင်းကို အားကိုးခြင်း မရှိဘဲကိုယ်ပိုင် တိုးတက်လာခြင်းအကြောင်းဖြစ်ပါတယ်။ ‘ပိုကောင်းသထက်ကောင်းအောင်ဆက်လုပ်ကြပါဟာ သူ၏ဆောင်ပုဒ်ကောင်းဖြစ်ပါတယ်။

– ” ကိုယ်ပိုင်တိုးတက်မှု၏အရေးကြီးပုံ “-မှ ကောက်နုတ်ချက်

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ
‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published.