Sun. May 22nd, 2022

ခရီးသည်များ မသိသေးသော လေယာဉ်အမှုထမ်းများရဲ့ လျှို့ဝှက်ချက်(၁၀)ချက်

လေယာဉ်တစ်စီးအပေါ် လေယာဉ်မှူးတစ်ဦး၏အမြင်နှင့် ခရီးသည်များ၏အမြင်များမှာ များစွာကွာခြားနိုင်ပါတယ်။ လေယာဉ်မှူးများဟာ ခရီးသည်များထက်ပိုမိုပြီး လေယာဉ်တစ်စီးအကြောင်း ဂဃနဏသိရှိဖို့လိုအပ်ပါတယ်။

ထို့ကြောင့် လေယာဉ်စီးရာမှာ သက်တောင့်သက်သာအရှိဆုံး ဖြစ်စေမယ့် အခြေအနေတစ်ခုအတွက် လေယာဉ်အမှုထမ်းများထံမှ အကြံဥာဏ် ၁၀ ချက်ကိုဖော်ပြပေးလိုပါတယ်။

(၁) အစားအသောက်တောင်းဆိုရန် မရှက်ပါနဲ့

လေယာဉ်တစ်စင်းပေါ်မှာ ဝန်ဆောင်မှု ပေးသောအစားအစာများဟာ ရက်ကြာရှည်ခံမှုသက်တမ်းတိုတောင်းပါတယ် ။ ပိုလျှံသော အရာများအားလုံးကိုချက်ချင်းစွန့်ပစ်ရပါတယ်။ ထို့ကြောင့်သင့် အစာအိမ်ကတောင်းဆိုလာလျှင်လေယာဉ်အမှုထမ်းကိုမေးရန်မရှက်ပါနှင့်။

(၂) လေယာဉ်မထွက်ခွာမီအသက်ကယ်အင်္ကျီရှိမရှိကိုစစ်ဆေးပါ။

အံ့သြစရာကောင်းပေမယ့် အဖြစ်မှန်တစ်ခုကတော့ ထိုင်ခုံအောက်ကနေအသက်ကယ်အင်္ကျီတွေကိုခိုးတဲ့ခရီးသည်တွေရှိနေတတ်ပါတယ်။ ထို့ကြောင့်လုံခြုံရေးအကြောင်းအရင်းများအရအသက်ကယ်အင်္ကျီအခိုးခံရခြင်းမရှိကြောင်းသေချာစေရန် လေယာဉ်မထွက်မီသင်၏ထိုင်ခုံကိုစစ်ဆေးပါ။

(၃)သတိလက်လွတ် ဆေးလိပ်သောက်မိလျှင်ပြာခွက်သုံးပါ

လေယာဉ်ပေါ်တွင် ဆေးလိပ်သောက်ခြင်းကိုတင်းကျပ်စွာတားမြစ်ထားသည့်ကြားမှပင်အိမ်သာများတွင် ပြာခွက်များရှိနေကြောင်းသင်သတိပြုမိပါလိမ့်မယ်။ ဒဏ်ငွေများကြားမှပင်ဆေးလိပ်သောက်နေကြဆဲဖြစ်ပါတယ်။အမှိုက်ပုံးထဲထက် ဆေးလိပ်ကိုဆေးလိပ်ပြာခွက်ထဲသာ ထည့်တာပိုကောင်းပါတယ်။ထို့ကြောင့်သင် သတိလက်လွတ် စီးကရက် သောက်မိလျှင်ပြာခွက်ကိုသုံးပါ ၊ ပြီးရင်ဒဏ်ငွေပေးဆောင်ပါ။

(၄) ဇီဇာမကြောင်ပါနှင့်

လေကြောင်းလိုင်းအများစုဟာ “ အပေါ်ယံသန့်ရှင်းရေး” ကိုသာလုပ်ဆောင်ပါတယ်။စောင်များနှင့်ခေါင်းအုံးများကို မလျှော်ဘဲလှပစွာပြန်လည်ပြင်ဆင်ထားရှိပါတယ်။ ထိုင်ခုံများကို ‌သုတ်သင်ထားပြီး စောင်များကို သန့်ရှင်းစွာခေ့က်ထားသေယ်လည်း သင့်ခုံတွင် နေမကောင်းဖြစ်နေသူတစ်ဦးဦး ထိုင်ခဲ့ဖူးခြင်း ရှိမရှ်ိ သင်အတိအကျမသိနိုင်ပါဘူး။

(၅) သန့်စင်ခန်းတံခါးကို အပြင်ဘက်မှဖွင့်နိုင်သည်အား သတိပြုပါ

ခရီးသည်တစ်ဦး ပိတ်မိနေခြင်းမှ ကာကွယ်ရန်လေယာဉ်အမှုထမ်းများမှာ ကိုယ်ပိုင်သော့အပိုများရှိကြပါတယ်။ ထို့အပြင် ဆေးလိပ်မသောက်ရဟူသော စာတမ်းများအောက်တွင် တံခါးသော့တပ်ဆင်ထားလေ့ရှိကြပြီး အဆိုပါနေရာမှတဆင့်လည်း တံခါးဖွင့်နိုင်ခြင်းမျိုးများရှိပါတယ်။

(၆) လေယာဉ်‌ပေါ်နောက်ဆုံးမှတက်ခြင်း

အကယ်၍ သင်ဟာ သင့်ရဲ့ခရီးသွားဖော်နဲ့ မတူညီတဲ့အချိန်တစ်ခုမှာ လေယာဉ် check in ဝင်ခဲ့ရင် စိတ်မပူပါနဲ့။လေယာဉ်ပေါ် တက်ရာတွင်နောက်ဆုံးမှတန်းစီခြင်းဖြင့် လွတ်နေသောထိုင်ခုံကိုအလွယ်တကူ ရှာတွေ့နိုင်ပါမယ်။ နောက်ဆုံးမှတက်သောကြောင့် သင့်နောက်မှာ တံခါးပိတ်ထားလိုက်ပြီး အခြားခရီးသည်တွေလည်း ရှိတော့မှာမဟုတ်ပါဘူး။

(၇) အရက်ဘီယာ အလွန်အကျွံမသောက်ပါနဲ့

လေယာဉ်အမှုထမ်းများက လေယာဉ်ပေါ်မှ ယမကာတစ်ခွက်ဟာ မြေပြင်ပေါ်မှနှစ်ခွက်နှင့်ညီမျှကြောင်းသတိပေးထားပါတယ်။ အကြောင်းကတော့ အမြင့်‌ပေဟာ သွေးလည်ပတ်မှုအပေါ် အကျိုးသက်ရောက်စေသောကြောင့် ဖြစ်ပါတယ်။ထို့ကြောင့် သင်စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်သောက်ခြင်းဖြင့်ပင် စိတ်သက်သာရာရစေမှာပါ။

(၈) ပိုင်းကန့်ထားသောခုံများ

လေယာဉ်ပေါ်တွင် ကလေးငယ်များပါဝင်လာသူ ခရီးသည်များဟာ အဆိုပါပိုင်းကန့်ထားသောခုံများကို ယူလေ့ရှိပါတယ်။ ထို့ကြောင့်သင်ဟာ သင့်အနီးအနားမှာ ကလေးအော်သံများကို သဘောကျနှစ်ခြိုက်သူဖြစ်ပါက မည်သည့်ခုံရွေးချယ်သင့်သည်ကို သင်သိလောက်ပါပြီ။

(၉) ရေသန့်ဘူးသာ သောက်သုံးရန်

၂၀၀၂ ခုနှစ် Wall Street Journal ၏အရှုပ်တော်ပုံထဲပါဝင်သည့် လေယာဉ်ပေါ်မှညစ်ညမ်းသော ရေပြဿနာဟာ လူအများရဲ့အာရုံစိုက်မှုများစွာရခဲ့ပါတယ်။နာမည်ကျော်လေကြောင်းလိုင်း ၁၄ ခုမှရေနမူနာများတွင် သတ်မှတ်စံနှုန်းထက်အဆရာချီပိုများသော ဘက်တီးရီးယားအရေအတွက်များပါဝင်နေပါတယ်။ယနေ့ထိတိုင်လဲ အများကြီးမပြောင်းလဲသေးပါဘူး။ ထို့ကြောင့် ရေဘူးကိုသာ သောက်ခြင်းကပိုကောင်းပါတယ်။ လက်ဖက်ရည်၊ ကော်ဖီနှင့် ဘေစင်မှရေများကိုရှောင်ကြဉ်သင့်ပါတယ်။

 

(၁၀) ခရီးစဉ် အဆုံးမှာလက်ခုပ်မတီးရပါ

အချို့နိုင်ငံများမှ ခရီးသည်များဟာ လေယာဉ်မြေပြင်ပေါ်ဆင်းသက်ချိန်မှာ လေယာဉ်မှူးကိုလက်ခုပ်တီးအား‌ ပေးတတ်ကြပါတယ် ။ လေယာဉ်မှုး ၊ လေယာဝန်ထမ်းများကိုကျေးဇူးတင်ကြောင်းပြောဖို့ကြိုးစားခြင်း ဒါမှမဟုတ် အိမ်ပြန်လာတာကို ၀မ်းမြောက်ကြတာ ဖြစ်နိုင်ပေမယ့် လေယာဉ်အမှုထမ်းများကတော့ ဒါကိုမကြိုက်ပါဘူး။ လေယာဉ်‌မောင်းခြင်းဟာ ကစားပွဲတခု မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ပုံမှန်အလုပ်သာဖြစ်ပါတယ်။

 

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.