ကိုယ်ရဲ့ တစ်လတာဝင်ငွေကို လောက်ငှအောင် ဘယ်လိုထိန်းချုပ်သုံးစွဲမလဲ
လခစားဝန်ထမ်းတော်တော်များများ ကြုံတွေ့နေရတဲ့ကိစ္စတစ်ခုက ကိုယ်ရဲ့တစ်လစာဝင်ငွေနဲ့ လောက်ငှအောင် သုံးစွဲနိုင်ခြင်းမရှိတဲ့ ပြဿနာပါ။ တစ်လလုံးပင်ပင်ပန်းပန်း အလုပ်လုပ်ပေမယ့် ၁၅ ရက်ကျော်လာတဲ့အခါ ကိုယ်ရဲ့လစာငွေဟာ Minus ပြနေပြီပဲဖြစ်ပါတယ်။
ဒီလိုမျိုး ကိုယ်ရဲ့ဝင်ငွေနဲ့ လောက်ငှခြင်းမရှိတဲ့ သူတွေအတွက် ကိုယ်ရဲ့တစ်လစာ လုပ်အားခကို လောက်ငှအောာင် ဘယ်လိုထိန်းချုပ်သုံးစွဲသင့်တယ်ဆိုတဲ့ နည်းလမ်းကောင်းတွေ မျှဝေပေးချင်ပါတယ်။
(၁) လစာကို စီမံခန့်ခွဲပါ
လစာရတဲ့ နေ့ကတည်းက ကိုယ်ရဲ့ အသုံးစရိတ်တွေအားလုံးကို စနစ်တကျ စီမံခန့်ခွဲပြီး စာရင်းပြုစုပါ။ တစ်နေ့တာသုံးရမယ်ငွေပမာဏကိုလည်း သေချာတွက်ချက်ပြီး သတ်မှတ်ထားတဲ့ပမာဏထက် ပိုမသုံးမိအောင်ဆင်ခြင်ပါ။ နေထိုင်စရိတ်၊ မီးဖိုးရေဖိုး၊ ဖုန်းဘေလ်နဲ့ တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်း စသည့်ဖြင့် မိမိမဖြစ်မနေသုံးရမယ့် အရာတွေအတွက်လည်း သေချာစီမံခန့်ခွဲပြီး သုံးလိုက်တဲ့ငွေပမာဏကို စာရင်းပြုစုထားရပါမယ်။
ဒါမှလည်း ဘယ်အရာအတွက် ဘယ်လောက်ကုန်ကျတယ်ဆိုတာကို တိတိကျကျသိနိုင်မှာဖြစ်ပြီး မကုန်သင့်ဘဲ ကုန်ရတဲ့ အရာတွေလျော့နည်းလာမှာဖြစ်ပါတယ်။
(၂) ATM ကဒ်ကို အချိန်အပိုင်းအခြားနဲ့သုံးပါ
ATM ကဒ်အသုံးပြုခြင်းဟာ လစာမလောက်ငှမှုအတွက် ကြီးမားတဲ့ ငွေယိုပေါက်တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ နေရာတိုင်းလိုလိုမှာ ငွေထုတ်စက်တွေရှိနေတဲ့အတွက် လိုအပ်လာတဲ့အခါ အလွယ်တကူပဲ ငွေကိုထုတ်သုံးလိုက်ကြတာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရင်ဆုံးကိုယ့်ရဲ့ စိတ်ကိုခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ရပါမယ်။
နောက်ပြီး တစ်လကိုရက် (၃၀) နဲ့ပဲ တွက်မယ်ဆိုပါစို့။ (၁၀) ရက်တစ်ကြိမ်နဲ့ တစ်လကိုသုံးကြိမ်ပဲ ကဒ်ထဲကနေ ငွေထုတ်မယ်လို့ ကန့်သတ်ထားပါ။ တစ်ရက်သုံးမယ့် ငွေပမာဏနဲ့တွက်ပြီး (၁၀) ရက်စာ အတိအကျထုတ်ပါ။ ဆယ်ရက်မပြည့်မချင်းနောက်ထပ် တစ်ကြိမ်ထပ်မထုတ်မိအောင် ခြွေတာသုံးစွဲကြည့်ပါ။
(၃) အပြင်သွားတဲ့အခါ ပိုက်ဆံများများယူသွားခြင်းကိုရှောင်ပါ
လက်ထဲပိုက်ဆံရှိနေတဲ့အချိန်မှာ မြင်မြင်သမျှက လိုချင်စရာတွေကြီးပါပဲ။ အပြင်သွားတဲ့အခါ ပိုက်ဆံများများထည့်သွားခြင်းဟာ သင့်အိတ်ထဲက ပိုက်ဆံကိုပိုကုန်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ လိုချင်တာရှိရင်လည်း လက်ထဲပိုက်ဆံရှိနေတဲ့အတွက် ဝယ်ချင်မိမှာအသေအချာပါပဲ။
ဒါကြောင့် အပြင်သွားတဲ့အခါ သတ်မှတ်ထားတဲ့ တစ်ရက်တာအသုံးစရိတ်အတိုင်းပဲ ယူသွားပါ။ မဖြစ်မနေပိုက်ဆံဆောင်သွားရမယ့် နေရာတွေသွားမှသာ ပိုက်ဆံအပိုယူသွားသင့်တာဖြစ်ပါတယ်။ သာမာန်အပြင်သွားတာလောက်ကတော့ များများမယူသွားလေ ပိုကောင်းလေပဲပါ။
(၄) သုံးတာနဲ့ ဖြုန်းတာကို ခွဲခြားတတ်ပါ
ကိုယ်အတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေအတွက် ငွေကုန်ခံရတာကိစ္စမရှိပေမယ့် မဖြစ်မနေလိုအပ်နေတဲ့ အရာတွေမဟုတ်ဘဲနဲ့တော့ ငွေကုန်ခံတာဟာ သက်သက်မဲ့ဖြုန်းတီးတာနဲ့ တူပါတယ်။ သင့်အနေနဲ့ သုံးတာနဲ့ ဖြုန်းတာကို ကွဲကွဲပြားပြားသိနေဖို့တော့ လိုမယ်ထင်ပါတယ်။
အများစုကတော့ သုံးတာနဲ့ ဖြုန်းတာကို သေချာမသိမြင်နိုင်တဲ့အတွက် မလိုလားအပ်တဲ့ ငွေထွက်ပေါက်တွေ ဖြစ်ပေါ်နေရတာဖြစ်ပါတယ်။ ငွေထွက်ပေါက်သေးသေးလေးကအစ မြင်တတ်ပြီး အချိန်မှီပြင်ဆင်နိုင်မယ်ဆိုရင် သင့်ရဲ့ လစာငွေဟာ သင့်အတွက်တစ်လလုံးလောက်ငှနေမယ်ဆိုတာ သေချာပါတယ် ။
ကိုယ္ရဲ႕ တစ္လတာဝင္ေငြကို ေလာက္ငွေအာင္ ဘယ္လိုထိန္းခ်ဳပ္သံုးစြဲမလဲ
လခစားဝန္ထမ္းေတာ္ေတာ္မ်ားမ်ား ႀကံဳေတြ႔ေနရတဲ့ကိစၥတစ္ခုက ကိုယ္ရဲ႕တစ္လစာဝင္ေငြနဲ႔ ေလာက္ငွေအာင္ သံုးစြဲႏိုင္ျခင္းမရွိတဲ့ ျပႆနာပါ။ တစ္လလံုးပင္ပင္ပန္းပန္း အလုပ္လုပ္ေပမယ့္ ၁၅ ရက္ေက်ာ္လာတဲ့အခါ ကိုယ္ရဲ႕လစာေငြဟာ Minus ျပေနၿပီပဲျဖစ္ပါတယ္။
ဒီလိုမ်ဳိး ကိုယ္ရဲ႕ဝင္ေငြနဲ႔ ေလာက္ငွျခင္းမရွိတဲ့ သူေတြအတြက္ ကိုယ္ရဲ႕တစ္လစာ လုပ္အားခကို ေလာက္ငွေအာာင္ ဘယ္လိုထိန္းခ်ဳပ္သံုးစြဲသင့္တယ္ဆိုတဲ့ နည္းလမ္းေကာင္းေတြ မွ်ေဝေပးခ်င္ပါတယ္။
(၁) လစာကို စီမံခန္႔ခြဲပါ
လစာရတဲ့ ေန႔ကတည္းက ကိုယ္ရဲ႕ အသံုးစရိတ္ေတြအားလံုးကို စနစ္တက် စီမံခန္႔ခြဲၿပီး စာရင္းျပဳစုပါ။ တစ္ေန႔တာသံုးရမယ္ေငြပမာဏကိုလည္း ေသခ်ာတြက္ခ်က္ၿပီး သတ္မွတ္ထားတဲ့ပမာဏထက္ ပိုမသံုးမိေအာင္ဆင္ျခင္ပါ။ ေနထိုင္စရိတ္၊ မီးဖိုးေရဖိုး၊ ဖုန္းေဘလ္နဲ႔ တစ္ကိုယ္ရည္အသံုးေဆာင္ပစၥည္း စသည့္ျဖင့္ မိမိမျဖစ္မေနသံုးရမယ့္ အရာေတြအတြက္လည္း ေသခ်ာစီမံခန္႔ခြဲၿပီး သံုးလိုက္တဲ့ေငြပမာဏကို စာရင္းျပဳစုထားရပါမယ္။
ဒါမွလည္း ဘယ္အရာအတြက္ ဘယ္ေလာက္ကုန္က်တယ္ဆိုတာကို တိတိက်က်သိႏိုင္မွာျဖစ္ၿပီး မကုန္သင့္ဘဲ ကုန္ရတဲ့ အရာေတြေလ်ာ့နည္းလာမွာျဖစ္ပါတယ္။
(၂) ATM ကဒ္ကို အခ်ိန္အပိုင္းအျခားနဲ႔သံုးပါ
ATM ကဒ္အသံုးျပဳျခင္းဟာ လစာမေလာက္ငွမႈအတြက္ ႀကီးမားတဲ့ ေငြယုိေပါက္တစ္ခုလို႔ေတာင္ဆိုႏိုင္ပါတယ္။ ေနရာတုိင္းလိုလိုမွာ ေငြထုတ္စက္ေတြရွိေနတဲ့အတြက္ လိုအပ္လာတဲ့အခါ အလြယ္တကူပဲ ေငြကိုထုတ္သံုးလိုက္ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ အရင္ဆံုးကိုယ့္ရဲ႕ စိတ္ကိုခိုင္မာတဲ့ ဆံုးျဖတ္ခ်က္တစ္ခုခ်မွတ္ရပါမယ္။
ေနာက္ၿပီး တစ္လကိုရက္ (၃၀) န႔ဲပဲ တြက္မယ္ဆိုပါစို႔။ (၁၀) ရက္တစ္ႀကိမ္နဲ႔ တစ္လကိုသံုးႀကိမ္ပဲ ကဒ္ထဲကေန ေငြထုတ္မယ္လို႔ ကန္႔သတ္ထားပါ။ တစ္ရက္သံုးမယ့္ ေငြပမာဏနဲ႕တြက္ၿပီး (၁၀) ရက္စာ အတိအက်ထုတ္ပါ။ ဆယ္ရက္မျပည့္မခ်င္းေနာက္ထပ္ တစ္ႀကိမ္ထပ္မထုတ္မိေအာင္ ေျခြတာသံုးစြဲၾကည့္ပါ။
(၃) အျပင္သြားတဲ့အခါ ပိုက္ဆံမ်ားမ်ားယူသြားျခင္းကိုေရွာင္ပါ
လက္ထဲပိုက္ဆံရွိေနတဲ့အခ်ိန္မွာ ျမင္ျမင္သမွ်က လိုခ်င္စရာေတြႀကီးပါပဲ။ အျပင္သြားတဲ့အခါ ပိုက္ဆံမ်ားမ်ားထည့္သြားျခင္းဟာ သင့္အိတ္ထဲက ပိုက္ဆံကိုပိုကုန္ေစမယ့္ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ လိုခ်င္တာရွိရင္လည္း လက္ထဲပိုက္ဆံရွိေနတဲ့အတြက္ ဝယ္ခ်င္မိမွာအေသအခ်ာပါပဲ။
ဒါေၾကာင့္ အျပင္သြားတဲ့အခါ သတ္မွတ္ထားတဲ့ တစ္ရက္တာအသံုးစရိတ္အတိုင္းပဲ ယူသြားပါ။ မျဖစ္မေနပိုက္ဆံေဆာင္သြားရမယ့္ ေနရာေတြသြားမွသာ ပိုက္ဆံအပုိယူသြားသင့္တာျဖစ္ပါတယ္။ သာမာန္အျပင္သြားတာေလာက္ကေတာ့ မ်ားမ်ားမယူသြားေလ ပိုေကာင္းေလပဲပါ။
(၄) သုံးတာနဲ႔ ျဖဳန္းတာကို ခြဲျခားတတ္ပါ
ကိုယ္အတြက္ မျဖစ္မေနလိုအပ္တဲ့အရာေတြအတြက္ ေငြကုန္ခံရတာကိစၥမရွိေပမယ့္ မျဖစ္မေနလိုအပ္ေနတဲ့ အရာေတြမဟုတ္ဘဲနဲ႔ေတာ့ ေငြကုန္ခံတာဟာ သက္သက္မဲ့ျဖဳန္းတီးတာနဲ႔ တူပါတယ္။ သင့္အေနနဲ႔ သံုးတာနဲ႔ ျဖဳန္းတာကို ကြဲကြဲျပားျပားသိေနဖို႔ေတာ့ လိုမယ္ထင္ပါတယ္။
အမ်ားစုကေတာ့ သံုးတာနဲ႔ ျဖဳန္းတာကို ေသခ်ာမသိျမင္ႏိုင္တဲ့အတြက္ မလိုလားအပ္တဲ့ ေငြထြက္ေပါက္ေတြ ျဖစ္ေပၚေနရတာျဖစ္ပါတယ္။ ေငြထြက္ေပါက္ေသးေသးေလးကအစ ျမင္တတ္ၿပီး အခ်ိန္မွီျပင္ဆင္ႏိုင္မယ္ဆိုရင္ သင့္ရဲ႕ လစာေငြဟာ သင့္အတြက္တစ္လလံုးေလာက္ငွေနမယ္ဆိုတာ ေသခ်ာပါတယ္ ။