လောကဓံကို ဘယ်လိုရင်ဆိုင်ကြမလဲ
လူတိုင်းဟာ လောကဓံဆိုတဲ့ အရာနဲ့ မလွဲမသွေ ကြုံကြရစမြဲပါ။ စိတ်ဓာတ်မကြံ့ခိုင်သူများအဖို့ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ရည် မရှိဘဲ အလဲလဲအပြိုပြို ခံကြရပါတယ်။ လောကဓံရဲ့ ရိုက်ပုတ်ကျီစယ်မှုဟာလည်း အတော်ကို ပြင်းထန်ဆိုးရွားလွန်းလှပါတယ်။ ဒီလို ပြင်းထန်တဲ့ လောကဓံကို ဘယ်လိုရင်ဆိုင်ကြမလဲ
လောကဓံဆိုတာ စိန်ခေါ်မှုတစ်မျိုးပါ။
လူတိုင်း လောကဓံကို ရင်ဆိုင်ရစမြဲပါ။ ဒီလို လောကဓံတရားနဲ့ တွေ့တဲ့အခါမှာ ကိုယ်က ကြောက်ရွံ့မနေဘဲ လောကဓံကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲခံစားတတ်ရပါမယ်။ ဒီလို စိန်ခေါ်မှုကို ကိုယ်က ဘယ်လို ပြန်လည် တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
စိန်ခေါ်မှုကို လူတိုင်းကြိုက်ကြပါတယ်။ဘယ်လို ကြောက်တတ် စိုးရွံ့တတ်သူဖြစ်နေပါစေ။ စိန်ခေါ်မှုကိုတော့ လူတိုင်းကြိုက်နှစ်သက်ကြသူတွေချည်းပါပဲ။ လူတွေဟာ စိန်ခေါ်မှု ၊ အသစ်အဆန်းဖြစ်မှုနဲ့ အပြောင်းအလဲကို လူတိုင်း လိုလားကြပါတယ်။ အပြောင်းအလဲ မကြိုက်ဘူးလို့ တွင်တွင် ငြင်းဆိုနေသူတွေတောင် ပြောင်းလဲမှုကို ကြိုက်ကြပါတယ်။
လောကဓံကို ရဲရဲကြီး ရင်ဆိုင်ပါ။အထက်က ပြောခဲ့သလိုပါပဲ။ ကြုံတွေ့ရတဲ့ လောကဓံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကြုံတွေ့ရသမျှ အားလုံးကို ကိုယ့်ရဲ့ ဘဝတက်လမ်းအတွက် စိန်ခေါ်မှုတွေလို သဘောထားပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာ လောကဓံကို ရင်ဆိုင်နိုင်တဲ့သူဖြစ်မှာပါ။
ေလာကဓံကို ဘယ္လိုရင္ဆိုင္ၾကမလဲ
လူတိုင္းဟာ ေလာကဓံဆိုတဲ့ အရာနဲ႔ မလြဲမေသြ ၾကံဳၾကရစၿမဲပါ။ စိတ္ဓာတ္မၾကံ့ခိုင္သူမ်ားအဖို႔ ေလာကဓံရဲ႕ ရိုက္ပုတ္မႈဒဏ္ကုိ ခံႏိုင္ရည္ မရွိဘဲ အလဲလဲအၿပိဳၿပိဳ ခံၾကရပါတယ္။ ေလာကဓံရဲ႕ ရိုက္ပုတ္က်ီစယ္မႈဟာလည္း အေတာ္ကို ၿပင္းထန္ဆိုးရြားလြန္းလွပါတယ္။ ဒီလို ၿပင္းထန္တဲ့ ေလာကဓံကုိ ဘယ္လိုရင္ဆိုင္ၾကမလဲ
ေလာကဓံဆိုတာ စိန္ေခၚမႈတစ္မ်ိဳးပါ။
လူတိုင္း ေလာကဓံကို ရင္ဆိုင္ရစၿမဲပါ။ ဒီလို ေလာကဓံတရားနဲ႔ ေတြ႔တဲ့အခါမွာ ကိုယ္က ေၾကာက္ရြံ႕မေနဘဲ ေလာကဓံကုိ စိန္ေခၚမႈအၿဖစ္ ေၿပာင္းလဲခံစားတတ္ရပါမယ္။ ဒီလို စိန္ေခၚမႈကို ကိုယ္က ဘယ္လို ၿပန္လည္ တံု႔ၿပန္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းပါတယ္။
စိန္ေခၚမႈကို လူတိုင္းၾကိဳက္ၾကပါတယ္။ဘယ္လို ေၾကာက္တတ္ စိုးရံြ႕တတ္သူၿဖစ္ေနပါေစ။ စိန္ေခၚမႈကိုေတာ့ လူတိုင္းၾကိဳက္ႏွစ္သက္ၾကသူေတြခ်ည္းပါပဲ။ လူေတြဟာ စိန္ေခၚမႈ ၊ အသစ္အဆန္းၿဖစ္မႈနဲ႕ အေၿပာင္းအလဲကို လူတိုင္း လိုလားၾကပါတယ္။ အေၿပာင္းအလဲ မၾကိဳက္ဘူးလို႔ တြင္တြင္ ၿငင္းဆိုေနသူေတြေတာင္ ေၿပာင္းလဲမႈကို ၾကိဳက္ၾကပါတယ္။
ေလာကဓံကို ရဲရဲၾကီး ရင္ဆိုင္ပါ။အထက္က ေၿပာခဲ့သလိုပါပဲ။ ၾကံဳေတြ႕ရတဲ့ ေလာကဓံေတြကို ၾကံ့ၾကံ့ခံ ရင္ဆိုင္ၿပီး ၾကံဳေတြ႕ရသမွ် အားလံုးကို ကိုယ့္ရဲ႕ ဘဝတက္လမ္းအတြက္ စိန္ေခၚမႈေတြလို သေဘာထားၿပီး ရင္ဆိုင္ေက်ာ္ၿဖတ္ႏိုင္မွသာ ေလာကဓံကို ရင္ဆိုင္ႏိုင္တဲ့သူၿဖစ္မွာပါ။