Mon. Jun 5th, 2023

အမြဲတမ်း တိုးတက်တဲ့သူ ဖြစ်ချင်ရင် ဒါတွေလုပ်ပါ

လူတွေဟာ အောင်မြင်တဲ့သူ ဖြစ်ဖို့ပဲ ခေါင်းထဲမှာ အတွေးရောက်ပြီး နေ့တိုင်း တိုးတက်နေဖို့အတွက်တော့ လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းရိနေတာ များပါတယ်။ တကယ်တော့ အောင်မြင်သူဆိုတာထက် နေ့တိုင်းမှာ ပိုကောင်း ၊ ပိုတိုးတက်တဲ့ သူဖြစ်ဖို့က ပိုအရေးပါပါတယ်။ အမြဲတမ်း တိုးတက်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် နေ့တိုင်းမှာ အလေ့အကျင့်တစ်ခုလို လုပ်ပေးရမယ့် အရာတွေ ရှိပါတယ်။

(၁) လမ်းကြောင်းတွေ ဖွင့်ထားပါ

 

လမ်းကြောင်းတွေ ဖွင့်ဖို့အတွက် လူနဲ့ ကံကောင်းခြင်းက အရေးကြီးပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်စွမ်း ကိုယ်စနဲ့ ခြေကုန်လက်ပမ်းကျအောင် ကြိုးစားလို့လည်း ဘာအခွင့်အလမ်းမှ ဖြစ်မလာတာတွေ ရှိပါတယ်။ ဒါပေမယ့် မှတ်ထားပါ။ လူဟာ လမ်းတွေကို ခေါ်နိုင်တဲ့ လျှို့ဝှက်စွမ်းအား ရှိနေတယ်ဆိုတဲ့ အချက်ကို ခေါင်းထဲမှာ ထားထားပါ။

(၂) ကိုယ့်အခြေအနေကို ပိုပြီးကြီးမား ကျယ်ပြန့်အောင်လုပ်ပါ

 

ယေဘုယျပြောရမယ်ဆိုရင် ကိုယ်သွားချင်တဲ့ နေရာအတွက် ကိုယ့်မှာ ထိုက်တန်တဲ့အစွမ်းအစ ရှိနေဖို့လိုပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို ချဲ့ရင်း ချဲ့ရင်း ကိုယ်သွားမယ့် ခရီးကို တစ်နေ့ပြီး တစ်နေ့နီးအောင် လှော်ခတ်နေရမှာပါ။

(၃) ယုံကြည်မှုကို အောက်ချမထားနဲ့

 

ကိုယ်လဲကျနေချိန်မှာ ကိုယ့်ယုံကြည်မှုက ကိုယ့်အပေါ်မှာ မိုးထားပါစေ။ ကိုယ်ဟာ အောင်မြင်ဖို့ မျိုးစေ့ကောင်း ပိုင်ထားတဲ့သူလို့ အမြဲ ယုံထားပါ။

(၄) အလုပ် ၊ အလုပ်

 

 

ပင်ကိုယ်စွမ်းရည် တော်တာကို အားကိုးလို့ မရပါဘူး။ တစ်နေ့ ၆ နာရီလုပ် ၊ ကိုယ့်ကိုယ်ကို တိုးတက်ဖို့ အချိန်ပို မဆင်းရင် အလကားပါပဲ။ နေ့တိုင်း တိုးပြီး ကြိုးစားဖို့က အရေးကြီးပါတယ်။

(၅) အမြဲတမ်းအတွက် ရည်စူးလုပ်ပါ

 

လူတွေကို ပြကောင်းရုံ တစ်ပွဲထိုး စိတ်နဲ့ တစ်ခါသုံး လုပ်ရပ်လေးတွေ လုပ်တာ အတော်မှားပါတယ်။ အနည်းဆုံး ကိုယ့်စိတ်နေသဘောထားနဲ့ ဘဝအခြေအနေကို ပိုကောင်းအောင် Training ဆင်းတဲ့ သဘောနဲ့ ပုံမှန်ကို လုပ်နေရမှာပါ။

(၆) ကိုယ်အား စိတ်အား မြှင့်တင်ထား

 

 

လက်လျှော့ဖို့က ဘယ်အခြေအနေမှာမဆို သိပ်လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို အစမ်းသပ်ခံဖို့ ၊ ကိုယ့်စွမ်းရည်ကို ကိုယ် ပြန်စိန်ခေါ်ဖို့အတွက်ကတော့ ခက်ပါတယ်။ နေ့တိုင်း ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး ဖြစ်အောင် လုပ်တဲ့သူဟာ အမြဲပဲ တိုးတက်နေမှာပါ။

 

Zawgyi

အၿမဲတမ္း တိုးတက္တဲ့သူ ျဖစ္ခ်င္ရင္ ဒါေတြလုပ္ပါ

လူေတြဟာ ေအာင္ျမင္တဲ့သူ ျဖစ္ဖို႔ပဲ ေခါင္းထဲမွာ အေတြးေရာက္ၿပီး ေန႔တိုင္း တိုးတက္ေနဖို႔အတြက္ေတာ့ ေလ့က်င့္ခန္း လုပ္ဖို႔ ပ်င္းရိေနတာ မ်ားပါတယ္။ တကယ္ေတာ့ ေအာင္ျမင္သူဆိုတာထက္ ေန႔တိုင္းမွာ ပိုေကာင္း ၊ ပိုတိုးတက္တဲ့ သူျဖစ္ဖို႔က ပိုအေရးပါပါတယ္။ အၿမဲတမ္း တိုးတက္တဲ့သူတစ္ေယာက္ျဖစ္ဖို႔အတြက္ ေန႔တိုင္းမွာ အေလ့အက်င့္တစ္ခုလို လုပ္ေပးရမယ့္ အရာေတြ ရိွပါတယ္။

(၁) လမ္းေၾကာင္းေတြ ဖြင့္ထားပါ

 

လမ္းေၾကာင္းေတြ ဖြင့္ဖို႔အတြက္ လူနဲ႔ ကံေကာင္းျခင္းက အေရးႀကီးပါတယ္။ တစ္ခါတစ္ေလမွာ ကိုယ္စြမ္း ကိုယ္စနဲ႔ ေျခကုန္လက္ပမ္းက်ေအာင္ ႀကိဳးစားလို႔လည္း ဘာအခြင့္အလမ္းမွ ျဖစ္မလာတာေတြ ရိွပါတယ္။ ဒါေပမယ့္ မွတ္ထားပါ။ လူဟာ လမ္းေတြကို ေခၚႏိုင္တဲ့ လွ်ိဳ႕ဝွက္စြမ္းအား ရိွေနတယ္ဆိုတဲ့ အခ်က္ကို ေခါင္းထဲမွာ ထားထားပါ။

(၂) ကိုယ့္အေျခအေနကို ပိုၿပီးႀကီးမား က်ယ္ျပန္႔ေအာင္လုပ္ပါ

 

 

ေယဘုယ်ေျပာရမယ္ဆိုရင္ ကိုယ္သြားခ်င္တဲ့ ေနရာအတြက္ ကိုယ့္မွာ ထိုက္တန္တဲ႔အစြမ္းအစ ရိွေနဖို႔လိုပါတယ္။ ကိုယ့္ရဲ႕ အရည္အခ်င္းကို ခ်ဲ႕ရင္း ခ်ဲ႕ရင္း ကိုယ္သြားမယ့္ ခရီးကို တစ္ေန႔ၿပီး တစ္ေန႔နီးေအာင္ ေလွာ္ခတ္ေနရမွာပါ။

(၃) ယံုၾကည္မႈကို ေအာက္ခ်မထားနဲ႔

 

 

ကိုယ္လဲက်ေနခ်ိန္မွာ ကိုုယ့္ယံုၾကည္မႈက ကိုယ့္အေပၚမွာ မိုးထားပါေစ။ ကိုယ္ဟာ ေအာင္ျမင္ဖို႔ မ်ိဳးေစ့ေကာင္း ပိုင္ထားတဲ့သူလို႔ အၿမဲ ယံုထားပါ။

(၄) အလုပ္ ၊ အလုပ္

 

 

ပင္ကိုယ္စြမ္းရည္ ေတာ္တာကို အားကိုးလို႔ မရပါဘူး။ တစ္ေန႔ ၆ နာရီလုပ္ ၊ ကိုယ့္ကိုယ္ကို တိုးတက္ဖို႔ အခ်ိန္ပို မဆင္းရင္ အလကားပါပဲ။ ေန႔တိုင္း တိုးျပီး ႀကိဳးစားဖို႔က အေရးႀကီးပါတယ္။

(၅) အၿမဲတမ္းအတြက္ ရည္စူးလုပ္ပါ

 

 

လူေတြကို ျပေကာင္းရံု တစ္ပဲြထိုး စိတ္နဲ႔ တစ္ခါသံုး လုပ္ရပ္ေလးေတြ လုပ္တာ အေတာ္မွားပါတယ္။ အနည္းဆံုး ကိုယ့္စိတ္ေနသေဘာထားနဲ႔ ဘဝအေျခအေနကို ပိုေကာင္းေအာင္ Training ဆင္းတဲ့ သေဘာန႔ဲ ပံုမွန္ကုိ လုပ္ေနရမွာပါ။

(၆) ကိုယ္အား စိတ္အား ျမွင့္တင္ထား

 

 

လက္ေလွ်ာ့ဖို႔က ဘယ္အေျခအေနမွာမဆို သိပ္လြယ္ပါတယ္။ ကိုယ့္ကိုယ္ကို အစမ္းသပ္ခံဖို႔ ၊ ကိုယ့္စြမ္းရည္ကို ကိုယ္ ျပန္စိန္ေခၚဖို႔အတြက္ကေတာ့ ခက္ပါတယ္။ ေန႔တိုင္း ကိုယ့္ကိုယ္ကို စိန္ေခၚၿပီး ျဖစ္ေအာင္ လုပ္တဲ့သူဟာ အၿမဲပဲ တိုးတက္ေနမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *