စာဖတ်ပြီးသွားချိန်မှာ ဒီလိုမျိုးခံစားမှုတွေ ခံစားမိရဲ့လား
စာဖတ်ရတဲ့ အကျိုးကျေးဇူးတွေကို သိပါသလား။ စာဖတ်ပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘာတွေပြောင်းလဲသွားတယ်လို့ထင်ပါသလဲ။ စာဖတ်လိုက်လို့ ရရှိလိုက်တဲ့ အကျိုးကျေးဇူးတွေကိုရော သတိထားမိပါရဲ့လား။ သင်ရရှိလိုက်တဲ့ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အခုပဲပြောပြပါ့မယ်။
လေးနက်လာခြင်း
စာဖတ်လိုက်တဲ့သူဟာ အလိုလိုကိုလေးနက်လာပါတယ်။ ပေါ့ပျက်ပျက်ခံစားချက်တွေ မရှိတော့ဘဲ ဘဝဟာလည်း လေးနက်လာပါတယ်။ စာမဖတ်ခင်ကစိတ်နဲ့ စာတစ်ခုခုကို ဖတ်ပြီးသွားချိန်မှာ ဖြစ်လာတဲ့စိတ်ဟာ လုံးဝကိုမတူတော့တာပါ။ မယုံကြည်ဘူးဆိုရင် အခုပဲ စာအုပ်တစ်အုပ်ကိုင်ပြီး စမ်းကြည့်လိုက်ပါ။
ဆုံးဖြတ်ချက်တွေ တိကျခိုင်မာလာခြင်း
ဆုံးဖြတ်ချက်တွေ ဝေဝေဝါးဝါး ဖြစ်မနေဘဲ ဘာဆက်လုပ်ရမလဲဆိုတာကို ချက်ချင်းဆုံးဖြတ်ချက်ချနိုင်ပါပြီ။ ဒီလိုဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း စာအုပ်ထဲကလွှမ်းမိုးမှုတွေက ကပ်ပါလာပါတယ်။ ဒါ့ကြောင့် ကိုယ်ဖတ်လိုက်တဲ့ စာအုပ်အမျိးအစားဟာ ကိုယ့်ရဲ့ ဘဝကို ထင်ဟပ်စေပါတယ်။ အပျော်ဖတ်စာပေ ဖြစ်နေပါစေဦးတော့ အဲဒီစာအုပ်ထဲက အတွေးအခေါ်တွေ ဒဿနတွေက ကိုယ့်ခေါင်းထဲမှာ စီးဆင်းနေပါတယ်
လူအများကြားမှာထူးခြားလာခြင်း
စာဖတ်တဲ့သူတွေဟာ တမျိုးမဟုတ်တမျိုးတော့ ထူးခြားလာတတ်ကြပါတယ်။ သူများတွေရဲ့ ပြောဆိုကဲ့ရဲ့မှုတွေကို အလေးမထားတော့ပါဘူး။ စကားအပြောအဆို၊ အနေအထိုင်၊ အပြုအမူနဲ့ တွေးခေါ်တတ်မှုတွေကပါ သူများနဲ့မတူတော့ပါဘူး။ ဒါတွေဟာ စာဖတ်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလာဒ်တွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘဝကို အများကြီးအကျိုးသက်ရောက်မှုရှိစေတဲ့ စာဖတ်ခြင်းအလေ့အထကို လေ့ကျင့်မွေးမြူပေးသင့်ပြီး စာဖတ်ရမှာလည်း တကယ်အကျိုးရှိစေမယ့် စာပေကိုဖတ်ရှူဖို့နဲ့ စာပေအမျိူးအစား အရွေးမမှားစေဖို့လည်း အထူးကိုလိုအပ်ပါတယ်။
zawgyi
စာဖတ္ၿပီးသြားခ်ိန္မွာ ဒီလိုမ်ိဳးခံစားမႈေတြ ခံစားမိရဲ႕လား
စာဖတ္ရတဲ့ အက်ိဳးေက်းဇူးေတြကို သိပါသလား။ စာဖတ္ၿပီးခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ ဘာေတြေၿပာင္းလဲသြားတယ္လို႔ထင္ပါသလဲ။ စာဖတ္လိုက္လို႕ ရရွိလိုက္တဲ့ အက်ိဳးေက်းဇူးေတြကိုေရာ သတိထားမိပါရဲ႕လား။ သင္ရရွိလိုက္တဲ့ စာဖတ္ၿခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို အခုပဲေၿပာၿပပါ့မယ္။
ေလးနက္လာျခင္း
စာဖတ္လိုက္တဲ့သူဟာ အလိုလိုကိုေလးနက္လာပါတယ္။ ေပါ့ပ်က္ပ်က္ခံစားခ်က္ေတြ မရွိေတာ့ဘဲ ဘဝဟာလည္း ေလးနက္လာပါတယ္။ စာမဖတ္ခင္ကစိတ္နဲ႔ စာတစ္ခုခုကို ဖတ္ၿပီးသြားခ်ိန္မွာ ၿဖစ္လာတဲ့စိတ္ဟာ လံုးဝကိုမတူေတာ့တာပါ။ မယံုၾကည္ဘူးဆိုရင္ အခုပဲ စာအုပ္တစ္အုပ္ကုိင္ၿပီး စမ္းၾကည့္လိုက္ပါ။
ဆံုးၿဖတ္ခ်က္ေတြ တိက်ခိုင္မာလာျခင္း
ဆံုးၿဖတ္ခ်က္ေတြ ေဝေဝဝါးဝါး ၿဖစ္မေနဘဲ ဘာဆက္လုပ္ရမလဲဆိုတာကို ခ်က္ခ်င္းဆံုးၿဖတ္ခ်က္ခ်ႏိုင္ပါၿပီ။ ဒီလိုဆံုးၿဖတ္ခ်က္ခ်တဲ့ေနရာမွာလည္း စာအုပ္ထဲကလႊမ္းမိုးမႈေတြက ကပ္ပါလာပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဖတ္လိုက္တဲ့ စာအုပ္အမ်ိးအစားဟာ ကိုယ့္ရဲ႕ ဘဝကို ထင္ဟပ္ေစပါတယ္။ အေပ်ာ္ဖတ္စာေပ ၿဖစ္ေနပါေစဦးေတာ့ အဲဒီစာအုပ္ထဲက အေတြးအေခၚေတြ ဒႆနေတြက ကိုယ့္ေခါင္းထဲမွာ စီးဆင္းေနပါတယ္
လူအမ်ားၾကားမွာထူးၿခားလာျခင္း
စာဖတ္တဲ့သူေတြဟာ တမ်ိဳးမဟုတ္တမ်ိဳးေတာ့ ထူးၿခားလာတတ္ၾကပါတယ္။ သူမ်ားေတြရဲ႕ ေၿပာဆိုကဲ့ရဲ႕မႈေတြကို အေလးမထားေတာ့ပါဘူး။ စကားအေၿပာအဆို၊ အေနအထိုင္၊ အၿပဳအမူနဲ႔ ေတြးေခၚတတ္မႈေတြကပါ သူမ်ားနဲ႔မတူေတာ့ပါဘူး။ ဒါေတြဟာ စာဖတ္ၿခင္းရဲ႕ ေနာက္ဆက္တြဲ အက်ိဳးရလာဒ္ေတြပဲၿဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ဘဝကို အမ်ားၾကီးအက်ိဳးသက္ေရာက္မႈရွိေစတဲ့ စာဖတ္ၿခင္းအေလ့အထကို ေလ့က်င့္ေမြးၿမဴေပးသင့္ၿပီး စာဖတ္ရမွာလည္း တကယ္အက်ိဳးရွိေစမယ့္ စာေပကိုဖတ္ရွဴဖို႔နဲ႔ စာေပအမ်ိဴးအစား အေရြးမမွားေစဖို႔လည္း အထူးကိုလိုအပ္ပါတယ္။