Mon. May 23rd, 2022

ဝန်ထမ်းတွေအတွက် တက်တက်ကြွကြွနဲ့ အလုပ်လုပ်တဲ့နေ့တွေရှိသလို တခါတလေအလုပ်ထဲအာရုံစိုက်မရပဲ စိတ်လေနေတဲ့အချိန်တွေလည်း ရှိတက်ပါတယ်။ ဘာကြောင့်ရယ်ဆိုတဲ့ အကြောင်းပြချက်မရှိပဲ အလုပ်လုပ်ချင်စိတ်ပျေက်နေတယ်ဆိုရင်တော့ အခုပြောမယ့်အရာလေးတွေလုပ်ကြည့်ပါ။ သင့်စိတ်ကိုအပြောင်းအလဲဖြစ်စေပြီး အလုပ်လုပ်ဖို့ပြန်လည်ခွန်အားတွေရလာစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်ပါတယ်။

(၁) ခဏအနားယူပါ

အလုပ်ထဲ စိတ်မပါပဲ အလုပ်စားပွဲမှာအောင့်အီးပြီး ဆက်ထိုင်နေမယ့်အစား စိတ်ရောကိုယ်ပါ ခဏလာက် အနားပေးဖို့လိုပါတယ်။ အလုပ်စားပွဲကထပြီး ၅ မိနစ်လောက် ဟိုနားဒီနား လမ်းလျောက်လိုက်တာ ၊ ကော်ဖီဖျော်တာ ဒါမှမဟုတ် အလုပ်တွေအားလုံးမေ့ထားပြီး ခဏတဖြုတ်အိပ်စက်အနားယူလိုက်မျိုးလုပ် သင့်ပါတယ်။ ဒါမှလည်း Energy ပြန်လည်ပြည့်ဝလာပြီး လန်းလန်းဆန်းဆန်းနဲ့ အလုပ်ဆက်လုပ်နိုင်မှာပါ။

(၂) အရသာရှိတာလေးတွေမှာစားပါ

အလုပ်လုပ်ချင်စိတ် ပျောက်ဆုံးနေတဲ့အချိန်မှာ စိတ်ပြန်လည်ကြည်လင်လန်းဆန်းလာစေဖို့ ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ ကိုယ်အကြိုက်ဆုံး အစားအသောက်လေးတွေနဲ့ ကိုယ့်ကိုယ့်ကို Treat လုပ်တာကလည်း စိတ်ကျေနပ်မှုရစေပြီး လေးလံထိုင်းမှိုင်းနေတဲ့ စိတ်တွေလျော့ကျ သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် စိတ်တွေရှုပ်ထွေးပြီး အလုပ်ထဲအာရုံစိုက်မရဖြစ်နေတဲ့ အချိန်မျိုးမှာ အရသာရှိတာလေးတွေမှာစားကြည့်ပါ။

(၃) သီချင်းနားထောင်ပါ

ဂီတက လူတွေရဲ့စိတ်အခြေအနေကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ စိတ်မကြည်မလင်နဲ့ လန်းဆန်းတက်ကြွမှုပျောက်ဆုံးနေတယ်ဆိုရင် စိတ်ဓာတ်ပြန်လည်တက်ကြွလာစေမယ့် သီချင်းမြူးမြူးလေးတွေနားထောင်ပေးသင့်ပါတယ်။ ၁၀ မိနစ်လောက် သီချင်းလေးတွေနဲ့လွင့်မြောလိုက်ရင်ပဲ စိတ်ကြည်လင်လန်းဆန်းပြီး အလုပ်လုပ်ချင်စိတ်ပြန်လည်ဖြစ်ပေါ်လာပါလိမ့်မယ်။

(၄) သူငယ်ချင်းတွေကိုဖုန်းခေါ်ပါ

သူငယ်ချင်းတွေနဲ့ ရယ်စရာမောစရာလေးတွေပြောလိုက်ရင် စိတ်ပေါ့ပါးလန်းဆန်းပြီး ခံစားမှုပိုကောင်းလာစေပါတယ်။ အားလပ်ရက်မှာ သူငယ်ချင်းတွေ ဒိတ်ဖို့ Plan လေးတွေ တိုင်ပင်တာ ၊ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာလေးပြောတာနဲ့ပဲ ပျော်စရာကောင်းပြီး စိတ်ပြန်လည်တက်ကြွလာပါလိမ့်မယ်။ အမြဲတမ်းအလုပ်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး စိတ်မပါဖြစ်နေရင် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး တွေ့ဖို့အကြောင်းလေးတွေ တိုင်ပင်ကြည့်လိုက်ပါ။

 

 

Zawgyi

ဝန္ထမ္းေတြအတြက္ တက္တက္ႂကြႂကြနဲ႔ အလုပ္လုပ္တဲ့ေန႔ေတြရွိသလို တခါတေလအလုပ္ထဲအာ႐ုံစိုက္မရပဲ စိတ္ေလေနတဲ့အခ်ိန္ေတြလည္း ရွိတက္ပါတယ္။ ဘာေၾကာင့္ရယ္ဆိုတဲ့ အေၾကာင္းျပခ်က္မရွိပဲ အလုပ္လုပ္ခ်င္စိတ္ေပ်က္ေနတယ္ဆိုရင္ေတာ့ အခုေျပာမယ့္အရာေလးေတြလုပ္ၾကည့္ပါ။ သင့္စိတ္ကိုအေျပာင္းအလဲျဖစ္ေစၿပီး အလုပ္လုပ္ဖို႔ျပန္လည္ခြန္အားေတြရလာေစမယ့္ နည္းလမ္းေကာင္းေလးေတြျဖစ္ပါတယ္။

(၁) ခဏအနားယူပါ

 

အလုပ္ထဲ စိတ္မပါပဲ အလုပ္စားပြဲမွာေအာင့္အီးၿပီး ဆက္ထိုင္ေနမယ့္အစား စိတ္ေရာကိုယ္ပါ ခဏလာက္ အနားေပးဖို႔လိုပါတယ္။ အလုပ္စားပြဲကထၿပီး ၅ မိနစ္ေလာက္ ဟိုနားဒီနား လမ္းေလ်ာက္လိုက္တာ ၊ ေကာ္ဖီေဖ်ာ္တာ ဒါမွမဟုတ္ အလုပ္ေတြအားလုံးေမ့ထားၿပီး ခဏတျဖဳတ္အိပ္စက္အနားယူလိုက္မ်ိဳးလုပ္ သင့္ပါတယ္။ ဒါမွလည္း Energy ျပန္လည္ျပည့္ဝလာၿပီး လန္းလန္းဆန္းဆန္းနဲ႔ အလုပ္ဆက္လုပ္ႏိုင္မွာပါ။

(၂) အရသာရွိတာေလးေတြမွာစားပါ

 

အလုပ္လုပ္ခ်င္စိတ္ ေပ်ာက္ဆုံးေနတဲ့အခ်ိန္မွာ စိတ္ျပန္လည္ၾကည္လင္လန္းဆန္းလာေစဖို႔ ကိုယ့္ကိုယ္ကို ပိုၿပီးဂ႐ုစိုက္ေပးသင့္ပါတယ္။ ကိုယ္အႀကိဳက္ဆုံး အစားအေသာက္ေလးေတြနဲ႔ ကိုယ့္ကိုယ့္ကို Treat လုပ္တာကလည္း စိတ္ေက်နပ္မႈရေစၿပီး ေလးလံထိုင္းမႈိင္းေနတဲ့ စိတ္ေတြေလ်ာ့က် သက္သာသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ေတြရႈပ္ေထြးၿပီး အလုပ္ထဲအာ႐ုံစိုက္မရျဖစ္ေနတဲ့ အခ်ိန္မ်ိဳးမွာ အရသာရွိတာေလးေတြမွာစားၾကည့္ပါ။

(၃) သီခ်င္းနားေထာင္ပါ

 

ဂီတက လူေတြရဲ႕စိတ္အေျခအေနကို ေျပာင္းလဲေပးႏိုင္စြမ္းရွိပါတယ္။ စိတ္မၾကည္မလင္နဲ႔ လန္းဆန္းတက္ႂကြမႈေပ်ာက္ဆုံးေနတယ္ဆိုရင္ စိတ္ဓာတ္ျပန္လည္တက္ႂကြလာေစမယ့္ သီခ်င္းျမဴးျမဴးေလးေတြနားေထာင္ေပးသင့္ပါတယ္။ ၁၀ မိနစ္ေလာက္ သီခ်င္းေလးေတြနဲ႔လြင့္ေျမာလိုက္ရင္ပဲ စိတ္ၾကည္လင္လန္းဆန္းၿပီး အလုပ္လုပ္ခ်င္စိတ္ျပန္လည္ျဖစ္ေပၚလာပါလိမ့္မယ္။

(၄) သူငယ္ခ်င္းေတြကိုဖုန္းေခၚပါ

 

သူငယ္ခ်င္းေတြနဲ႔ ရယ္စရာေမာစရာေလးေတြေျပာလိုက္ရင္ စိတ္ေပါ့ပါးလန္းဆန္းၿပီး ခံစားမႈပိုေကာင္းလာေစပါတယ္။ အားလပ္ရက္မွာ သူငယ္ခ်င္းေတြ ဒိတ္ဖို႔ Plan ေလးေတြ တိုင္ပင္တာ ၊ ဘယ္သြားမယ္ ဘာလုပ္မယ္ဆိုတာေလးေျပာတာနဲ႔ပဲ ေပ်ာ္စရာေကာင္းၿပီး စိတ္ျပန္လည္တက္ႂကြလာပါလိမ့္မယ္။ အၿမဲတမ္းအလုပ္ေတြနဲ႔ လုံးလည္ခ်ာလည္လိုက္ၿပီး စိတ္မပါျဖစ္ေနရင္ သူငယ္ခ်င္းေတြကို ဖုန္းဆက္ၿပီး ေတြ႕ဖို႔အေၾကာင္းေလးေတြ တိုင္ပင္ၾကည့္လိုက္ပါ။

 

 

Leave a Reply

Your email address will not be published.