Mon. May 23rd, 2022

တချို့ရက်တွေက ငြီးငွေ့စရာကောင်းလွန်းလို့ ဘာမှ မလုပ်ချင်အောင် တက်ကြွမှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ပျင်းရိငြီးငွေ့နေတဲ့အချိန်မှာ လူရဲ့ အလုပ်လုပ်နိုင်စွမ်းအား Productivity ပါ ကျဆင်းတတ်တာပါ။ ဒါကြောင့် အလုပ်လုပ်ချင်စိတ်ဝင်စေဖို့ တက်ကြွနိုးကြားလာအောင် နှိုးဆွပေးမယ့်အချက်ကလေးတွေ လုပ်ပေးဖို့တော့ လိုမှာပါ။

(၁) လေ့ကျင့်ခန်းသစ်တစ်မျိုး လုပ်ကြည့်ပါ

ထိုင်းမှိုင်းပျင်းရိတဲ့စိတ် ဝင်နေပြီဆိုရင် ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ စိတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးလို့ရပါတယ်။ အားကစားလုပ်တာဟာ သွေးလေလည်ပတ်မှု မှန်ကန်လာပြီး အောက်ဆီဂျင်ဓါတ်ပိုရလို့ ခေါင်းကြည်လာတတ်ပါတယ်။ ကိုယ်အရင်က မလုပ်ဖူးတဲ့ အားကစားတစ်ခုခု လုပ်တာမျိုးက လူကို ပိုပြီး စိတ်ဝင်စားမှုရှိလာစေတာကြောင့် ပျင်းရိမှုကို တိုက်ဖျက်ရာမှာ ပိုပြီး ထိရောက်တယ်လို့ ပြောချင်ပါတယ်။

(၂) ခေါင်းရှင်းပါ

ငြီးငွေ့ပြီး ဘာမှ မလုပ်ချင်မကိုင်ချင်ဖြစ်နေတာဟာ ကိုယ့်ခေါင်းထဲမှာ ရှင်းလင်းသန့်စင်မှု မလုပ်ထားဘဲ မလိုအပ်တဲ့ အမှိုက်တွေနဲ့ ပြည့်နေလို့လည်း ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက အဲလိုအချိန်မျိုးမှာ ခေါင်းရှင်းတဲ့အနေနဲ့ အတွေးတွေ ရပ်ထားပြီး သတိရှေ့ဆောင်တဲ့ တိတ်ဆိတ်မှုနဲ့ နေတာပါပဲ။ ခေါင်းရှင်းတဲ့အလုပ်လုပ်ဖို့အတွက် မျက်လုံးတွေ ခဏမှိတ်ထားပြီး ၁၅ မိနစ် နာရီဝက်လောက် အသက်ရှုမှုပေါ် စိတ်စိုက်ရှုမှတ်ကြည့်ပါ။ တရားထိုင်နည်း မသိရင်လည်း Mindfulness Apps တခုခုဖြစ်ဖြစ် နားထောင်ရင်း လုပ်နိုင်ပါတယ်။ မျက်လုံးတွေ ဖွင့်လိုက်တဲ့အချိန်မှာ အတွေးတွေ ရှင်းသွားပြီး ခေါင်းထဲမှာ ကြည်လင်မှုတွေ အစားထိုးဝင်ရောက်လာတာ ခံစားမိမှာ ဖြစ်ပါတယ်။

(၃) စိတ်ပြောင်းမယ့် အလုပ်ကလေးတွေ လုပ်ကြည့်ပါ

ပျင်းနေရင် လုပ်လက်စ အလုပ်တွေကနေ ခဏခွာပြီး တခြားစိတ်ပြောင်းစေမယ့် အလုပ်ကလေးတွေ လုပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ဥပမာ- YouTube မှာ ရှိတဲ့ ဟင်းချက်နည်းအစီအစဉ်တွေကို ကြည့်ပြီး ကိုယ်တိုင် ဟင်းတစ်ခွက် အသစ်ချက်တာမျိုး ၊ DIY လေးတွေ စမ်းလုပ်ကြည့်တာမျိုး ဖြစ်ပါတယ်။

ဒါမှမဟုတ်လည်း နေ့စဉ်သတင်းစာတစ်စောင်လောက်ဖြစ်ဖြစ် ၊ ဂျာနယ်မဂ္ဂဇင်းတစ်ခုခု ဖြစ်ဖြစ် ကောက်ဖတ်ကြည့်ဖို့လည်း အကြံပေးချင်ပါတယ်။ သတင်းတွေ ဖတ်ရတာဟာ ကမ္ဘာ့မျက်မှောက်အခြေအနေတွေကို စိတ်ဝင်တစား လေ့လာမိစေလို့ ဖြစ်ပါတယ်။

တချို့ကျတော့လည်း ပျင်းလာရင် ငြီးငွေ့မှုကနေ ရှောင်ခွာနိုင်ဖို့ စာအုပ်ကောင်းကောင်းတစ်အုပ် ယူပြီး အေးအေးလူလူရှိမယ့် နေရာမှာ စာသွားဖတ်တတ်ကြပါတယ်။ စာဖတ်တာဟာ ကိုယ့်ရဲ့ မွန်းကြပ်နေတဲ့ စိတ်အတွေးတွေကနေ လွတ်လပ်ကျယ်ပြောပြီး အသစ်အဆန်းတွေနဲ့ စိတ်ကို လွင့်မျောစူးစမ်းအောင် ကူညီပေးနိုင်ပါတယ်။

ပျင်းနေတဲ့အခါ စွန့်စားခန်းပါတဲ့ စာအုပ်တွေ ၊ စိတ်ဝင်စားဖွယ်ရာ ဇာတ်အိမ်နဲ့ ရေးထားတဲ့ စာအုပ်မျိုးတွေ ပိုဖတ်ဖို့လည်း အကြံပေးချင်ပါတယ်။

(၄) သူငယ်ချင်းတွေဆီ ဖုန်းဆက်ပါ

 

အိမ်နဲ့ အဝေးရောက်နေသူတွေဆို ပျင်းလာရင် ကိုယ့်မိဘဆွေမျိုးတွေနဲ့ ဖုန်းပြောတာ Video Call ခေါ်တာက အပျင်းပြေပြီး စိတ်ရွှင်လန်းစေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်သိပ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ပါ။ တွေ့ဖို့ လွယ်ရင် တစ်နေရာရာကို ချိန်းဆိုပြီး တွေ့ပါ။ သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်ပြောရတဲ့ အရသာဟာ ပျင်းရိခြင်းကို တိုက်ထုတ်နိုင်တဲ့အပြင် စိတ်ရွှင်လန်းတက်ကြွအောင် လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။

 

zawgyi

တခ်ိဳ႕ရက္ေတြက ၿငီးေငြ႕စရာေကာင္းလြန္းလို႔ ဘာမွ မလုပ္ခ်င္ေအာင္ တက္ႂကြမႈေတြ ေပ်ာက္ဆုံးေနတတ္ပါတယ္။ ပ်င္းရိၿငီးေငြ႕ေနတဲ့အခ်ိန္မွာ လူရဲ႕ အလုပ္လုပ္ႏိုင္စြမ္းအား Productivity ပါ က်ဆင္းတတ္တာပါ။ ဒါေၾကာင့္ အလုပ္လုပ္ခ်င္စိတ္ဝင္ေစဖို႔ တက္ႂကြႏိုးၾကားလာေအာင္ ႏႈိးဆြေပးမယ့္အခ်က္ကေလးေတြ လုပ္ေပးဖို႔ေတာ့ လိုမွာပါ။

(၁) ေလ့က်င့္ခန္းသစ္တစ္မ်ိဳး လုပ္ၾကည့္ပါ

 

ထိုင္းမႈိင္းပ်င္းရိတဲ့စိတ္ ဝင္ေနၿပီဆိုရင္ ကိုယ္ခႏၶာလႈပ္ရွားမႈနဲ႔ စိတ္ကို တက္ႂကြေအာင္ လႈံ႕ေဆာ္ေပးလို႔ရပါတယ္။ အားကစားလုပ္တာဟာ ေသြးေလလည္ပတ္မႈ မွန္ကန္လာၿပီး ေအာက္ဆီဂ်င္ဓါတ္ပိုရလို႔ ေခါင္းၾကည္လာတတ္ပါတယ္။ ကိုယ္အရင္က မလုပ္ဖူးတဲ့ အားကစားတစ္ခုခု လုပ္တာမ်ိဳးက လူကို ပိုၿပီး စိတ္ဝင္စားမႈရွိလာေစတာေၾကာင့္ ပ်င္းရိမႈကို တိုက္ဖ်က္ရာမွာ ပိုၿပီး ထိေရာက္တယ္လို႔ ေျပာခ်င္ပါတယ္။

(၂) ေခါင္းရွင္းပါ

 

ၿငီးေငြ႕ၿပီး ဘာမွ မလုပ္ခ်င္မကိုင္ခ်င္ျဖစ္ေနတာဟာ ကိုယ့္ေခါင္းထဲမွာ ရွင္းလင္းသန႔္စင္မႈ မလုပ္ထားဘဲ မလိုအပ္တဲ့ အမႈိက္ေတြနဲ႔ ျပည့္ေနလို႔လည္း ျဖစ္တတ္ပါတယ္။ အေကာင္းဆုံးက အဲလိုအခ်ိန္မ်ိဳးမွာ ေခါင္းရွင္းတဲ့အေနနဲ႔ အေတြးေတြ ရပ္ထားၿပီး သတိေရွ႕ေဆာင္တဲ့ တိတ္ဆိတ္မႈနဲ႔ ေနတာပါပဲ။ ေခါင္းရွင္းတဲ့အလုပ္လုပ္ဖို႔အတြက္ မ်က္လုံးေတြ ခဏမွိတ္ထားၿပီး ၁၅ မိနစ္ နာရီဝက္ေလာက္ အသက္ရႈမႈေပၚ စိတ္စိုက္ရႈမွတ္ၾကည့္ပါ။ တရားထိုင္နည္း မသိရင္လည္း Mindfulness Apps တခုခုျဖစ္ျဖစ္ နားေထာင္ရင္း လုပ္ႏိုင္ပါတယ္။ မ်က္လုံးေတြ ဖြင့္လိုက္တဲ့အခ်ိန္မွာ အေတြးေတြ ရွင္းသြားၿပီး ေခါင္းထဲမွာ ၾကည္လင္မႈေတြ အစားထိုးဝင္ေရာက္လာတာ ခံစားမိမွာ ျဖစ္ပါတယ္။

(၃) စိတ္ေျပာင္းမယ့္ အလုပ္ကေလးေတြ လုပ္ၾကည့္ပါ

 

ပ်င္းေနရင္ လုပ္လက္စ အလုပ္ေတြကေန ခဏခြာၿပီး တျခားစိတ္ေျပာင္းေစမယ့္ အလုပ္ကေလးေတြ လုပ္ၾကည့္ဖို႔လည္း တိုက္တြန္းခ်င္ပါတယ္။ ဥပမာ- YouTube မွာ ရွိတဲ့ ဟင္းခ်က္နည္းအစီအစဥ္ေတြကို ၾကည့္ၿပီး ကိုယ္တိုင္ ဟင္းတစ္ခြက္ အသစ္ခ်က္တာမ်ိဳး ၊ DIY ေလးေတြ စမ္းလုပ္ၾကည့္တာမ်ိဳး ျဖစ္ပါတယ္။

ဒါမွမဟုတ္လည္း ေန႔စဥ္သတင္းစာတစ္ေစာင္ေလာက္ျဖစ္ျဖစ္ ၊ ဂ်ာနယ္မဂၢဇင္းတစ္ခုခု ျဖစ္ျဖစ္ ေကာက္ဖတ္ၾကည့္ဖို႔လည္း အႀကံေပးခ်င္ပါတယ္။ သတင္းေတြ ဖတ္ရတာဟာ ကမာၻ႔မ်က္ေမွာက္အေျခအေနေတြကို စိတ္ဝင္တစား ေလ့လာမိေစလို႔ ျဖစ္ပါတယ္။

တခ်ိဳ႕က်ေတာ့လည္း ပ်င္းလာရင္ ၿငီးေငြ႕မႈကေန ေရွာင္ခြာႏိုင္ဖို႔ စာအုပ္ေကာင္းေကာင္းတစ္အုပ္ ယူၿပီး ေအးေအးလူလူရွိမယ့္ ေနရာမွာ စာသြားဖတ္တတ္ၾကပါတယ္။ စာဖတ္တာဟာ ကိုယ့္ရဲ႕ မြန္းၾကပ္ေနတဲ့ စိတ္အေတြးေတြကေန လြတ္လပ္က်ယ္ေျပာၿပီး အသစ္အဆန္းေတြနဲ႔ စိတ္ကို လြင့္ေမ်ာစူးစမ္းေအာင္ ကူညီေပးႏိုင္ပါတယ္။

ပ်င္းေနတဲ့အခါ စြန႔္စားခန္းပါတဲ့ စာအုပ္ေတြ ၊ စိတ္ဝင္စားဖြယ္ရာ ဇာတ္အိမ္နဲ႔ ေရးထားတဲ့ စာအုပ္မ်ိဳးေတြ ပိုဖတ္ဖို႔လည္း အႀကံေပးခ်င္ပါတယ္။

(၄) သူငယ္ခ်င္းေတြဆီ ဖုန္းဆက္ပါ

 

အိမ္နဲ႔ အေဝးေရာက္ေနသူေတြဆို ပ်င္းလာရင္ ကိုယ့္မိဘေဆြမ်ိဳးေတြနဲ႔ ဖုန္းေျပာတာ Video Call ေခၚတာက အပ်င္းေျပၿပီး စိတ္႐ႊင္လန္းေစႏိုင္ပါတယ္။ ဒါမွမဟုတ္လည္း ကိုယ္သိပ္ခင္ရတဲ့ သူငယ္ခ်င္းေတြနဲ႔ ဖုန္းဆက္ပါ။ ေတြ႕ဖို႔ လြယ္ရင္ တစ္ေနရာရာကို ခ်ိန္းဆိုၿပီး ေတြ႕ပါ။ သူငယ္ခ်င္းေတြနဲ႔ ေရွးေဟာင္းေႏွာင္းျဖစ္ေျပာရတဲ့ အရသာဟာ ပ်င္းရိျခင္းကို တိုက္ထုတ္ႏိုင္တဲ့အျပင္ စိတ္႐ႊင္လန္းတက္ႂကြေအာင္ လႈံ႕ေဆာ္ႏိုင္စြမ္းရွိပါတယ္။

 

 

Leave a Reply

Your email address will not be published.