Mon. May 23rd, 2022

လူပေါင်းစုံ၊ စိတ်ဓာတ်ပေါင်းစုံ၊ ပုံစံပေါင်းစုံ စသဖြင့် လူတန်းစားပေါင်းစုံစုနေတဲ့ လုပ်ငန်းခွင်လိုနေရာမျိုးမှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရတာဟာ အနည်းနဲ့အများတော့ အာရုံနောက်ရမှာပါပဲ။ မောင်နှမတွေတောင် အချင်းချင်းစိတ်အခန့်မသင့်ရင် စကားများရန်ဖြစ်တတ်ကြတာဆိုတော့ လုပ်ငန်းခွင်လိုအပြိုင်အဆိုင်များတဲ့နေရာမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်ကြတာ အထူးအဆန်းတော့မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပါ

 

ဖြစ်နိုင်ရင် သူများစကားတွေ၊ သူများအပြုအမူတွေကို အာရုံမထားပါနဲ့။ ဒါတွေကိုအာရုံထားတဲ့အခါမှာ ကိုယ့်စိတ်ကအဆင်ပြေနေချိန်ဆို ပြဿနာမရှိပေမယ့် စိတ်အခန့်မသင့်တဲ့အခါ တချို့စကားတွေက အဓိပ္ပါယ်ကောက်ယူလွဲမှားတဲ့အခါမျိုးမှာ ပြဿနာဖြစ်နိုင်ပါတယ်။ တခါတလေမှာ တကယ်ကိုကြားစေချင်လို့ပြောတဲ့ အာရုံနောက်စရာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်တာဝန်ကိုယ့်ဝတ္တရားကိုသာ အာရုံစိုက်ပါ။

အလွန်အကျွံမဖြစ်အောင်သတိထားပါ

 

စကားအလွန်အကျွံပြောမိတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ စကားကျွံသွားရင် နှုတ်ရအရမ်းခက်ပါတယ်။ ကိုယ်ကဘာသဘောမှမပါဘဲ ပြောမိရင်တောင်မှ စကားကျွံသွားခဲ့ရင် ပြန်ဖြေရှင်းရတာ စိတ်ရှုပ်ရသလို အာရုံနောက်စရာ မလိုလားတဲ့ကိစ္စတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီတော့ တတ်နိုင်သမျှ စကားမကျွံသွားအောင် ထိန်းပါ။

စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ပါစေ

 

လုပ်ငန်းခွင်ဟာ စိတ်ခံစားချက်နဲ့ ရောထွေးလိုက်လို့မရပါဘူး။ Professional ဆန်ဆန် အလုပ်လုပ်ချင်တယ်ဆိုရင် ကိုယ်ရေးကိုယ်တာ ခံစားချက်နဲ့အလုပ်ကို ခွဲခြားတတ်ရပါမယ်။ ဒါမှအလုပ်လုပ်ရာမှာ အဆင်ပြေမှာပါ။

သက်တောင့်သက်သာဖြစ်အောင် နေပါစေ

 

 

လုပ်ငန်းခွင်မှာ သက်တောင့်သက်သာဖြစ်ဖို့လည်းလိုပါတယ်။ ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာရှိပါမှ လုပ်ငန်းခွင်ဟာ နေပျော်စရာဖြစ်မှာပါ။ သက်သောင့်သက်သာရှိမှလည်း အလုပ်လုပ်ရာမှာ စိတ်ရှင်းရှင်းလုပ်နိုင်မှာဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ဖြစ်နေတဲ့ လုပ်ငန်းခွင်မျိုးဆိုရင်တော့ ဖက်တွယ်မထားပါနဲ့လို့ပဲ ပြောချင်ပါတယ်။

ကျေးဇူးတင်စကားဆိုဖို့ မမေ့ပါနဲ့

 

 

လုပ်ငန်းခွင်မှာ တစ်ဦးတစ်ယောက်ဆီကနေ အကူအညီရခဲ့တယ်ဆိုရင် ကျေးဇူးတင်စကားဆိုဖို့မမေ့ပါနဲ့။ တစ်ဦးကိုတစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ဘယ်လိုပဲသူ့တာဝန်သူယူတယ်ဆိုပါစေ၊ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ဖို့ကို နှုတ်တွန့်မနေပါနဲ့။

 

 

zawgyi

လူေပါင္းစုံ၊ စိတ္ဓာတ္ေပါင္းစုံ၊ ပုံစံေပါင္းစုံ စသျဖင့္ လူတန္းစားေပါင္းစုံစုေနတဲ့ လုပ္ငန္းခြင္လိုေနရာမ်ိဳးမွာ တစ္ဦးနဲ႔တစ္ဦး ေပါင္းသင္းဆက္ဆံရတာဟာ အနည္းနဲ႔အမ်ားေတာ့ အာ႐ုံေနာက္ရမွာပါပဲ။ ေမာင္ႏွမေတြေတာင္ အခ်င္းခ်င္းစိတ္အခန႔္မသင့္ရင္ စကားမ်ားရန္ျဖစ္တတ္ၾကတာဆိုေတာ့ လုပ္ငန္းခြင္လိုအၿပိဳင္အဆိုင္မ်ားတဲ့ေနရာမ်ိဳးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္အခန႔္မသင့္ၾကတာ အထူးအဆန္းေတာ့မဟုတ္ပါဘူး။

ကိုယ့္ကိုယ္ကိုယ္ အာ႐ုံစိုက္ပါ

 

 

ျဖစ္ႏိုင္ရင္ သူမ်ားစကားေတြ၊ သူမ်ားအျပဳအမူေတြကို အာ႐ုံမထားပါနဲ႔။ ဒါေတြကိုအာ႐ုံထားတဲ့အခါမွာ ကိုယ့္စိတ္ကအဆင္ေျပေနခ်ိန္ဆို ျပႆနာမရွိေပမယ့္ စိတ္အခန႔္မသင့္တဲ့အခါ တခ်ိဳ႕စကားေတြက အဓိပၸါယ္ေကာက္ယူလြဲမွားတဲ့အခါမ်ိဳးမွာ ျပႆနာျဖစ္ႏိုင္ပါတယ္။ တခါတေလမွာ တကယ္ကိုၾကားေစခ်င္လို႔ေျပာတဲ့ အာ႐ုံေနာက္စရာေတြ ျဖစ္လာပါလိမ့္မယ္။ ဒီေတာ့ ကိုယ့္ကိုယ္ကိုယ္နဲ႔ ကိုယ့္တာဝန္ကိုယ့္ဝတၱရားကိုသာ အာ႐ုံစိုက္ပါ။

အလြန္အကြၽံမျဖစ္ေအာင္သတိထားပါ

 

 

စကားအလြန္အကြၽံေျပာမိတာမ်ိဳးမျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ စကားကြၽံသြားရင္ ႏႈတ္ရအရမ္းခက္ပါတယ္။ ကိုယ္ကဘာသေဘာမွမပါဘဲ ေျပာမိရင္ေတာင္မွ စကားကြၽံသြားခဲ့ရင္ ျပန္ေျဖရွင္းရတာ စိတ္ရႈပ္ရသလို အာ႐ုံေနာက္စရာ မလိုလားတဲ့ကိစၥေတြပါ ျဖစ္လာတတ္ပါတယ္။ ဒီေတာ့ တတ္ႏိုင္သမွ် စကားမကြၽံသြားေအာင္ ထိန္းပါ။

စိတ္ခံစားမႈကို ထိန္းခ်ဳပ္ႏိုင္ပါေစ

 

 

လုပ္ငန္းခြင္ဟာ စိတ္ခံစားခ်က္နဲ႔ ေရာေထြးလိုက္လို႔မရပါဘူး။ Professional ဆန္ဆန္ အလုပ္လုပ္ခ်င္တယ္ဆိုရင္ ကိုယ္ေရးကိုယ္တာ ခံစားခ်က္နဲ႔အလုပ္ကို ခြဲျခားတတ္ရပါမယ္။ ဒါမွအလုပ္လုပ္ရာမွာ အဆင္ေျပမွာပါ။

သက္ေတာင့္သက္သာျဖစ္ေအာင္ ေနပါေစ

 

 

လုပ္ငန္းခြင္မွာ သက္ေတာင့္သက္သာျဖစ္ဖို႔လည္းလိုပါတယ္။ ကိုယ္ေရာစိတ္ပါ သက္ေသာင့္သက္သာရွိပါမွ လုပ္ငန္းခြင္ဟာ ေနေပ်ာ္စရာျဖစ္မွာပါ။ သက္ေသာင့္သက္သာရွိမွလည္း အလုပ္လုပ္ရာမွာ စိတ္ရွင္းရွင္းလုပ္ႏိုင္မွာျဖစ္ပါတယ္။ စိတ္ေရာကိုယ္ပါ အေႏွာင့္အယွက္ျဖစ္ေနတဲ့ လုပ္ငန္းခြင္မ်ိဳးဆိုရင္ေတာ့ ဖက္တြယ္မထားပါနဲ႔လို႔ပဲ ေျပာခ်င္ပါတယ္။

ေက်းဇူးတင္စကားဆိုဖို႔ မေမ့ပါနဲ႔

 

 

လုပ္ငန္းခြင္မွာ တစ္ဦးတစ္ေယာက္ဆီကေန အကူအညီရခဲ့တယ္ဆိုရင္ ေက်းဇူးတင္စကားဆိုဖို႔မေမ့ပါနဲ႔။ တစ္ဦးကိုတစ္ဦး ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီ လုပ္ကိုင္ေဆာင္႐ြက္တဲ့ေနရာမွာ ဘယ္လိုပဲသူ႔တာဝန္သူယူတယ္ဆိုပါေစ၊ ေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္ဖို႔ကို ႏႈတ္တြန႔္မေနပါနဲ႔။

 

 

Leave a Reply

Your email address will not be published.