Sun. May 22nd, 2022

စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဘယ်လိုအကောင်အထည်ဖော်ကြမလဲ

လူတိုင်းမှာ စိတ်ကူးအိပ်မက်တစ်ခုစီတော့ရှိကြပါတယ်။ အဆိုတော် ဖြစ်ချင်တာတို့၊ စာရေးဆရာဖြစ်ချင်တဲ့သူ၊ ဒါမှမဟုတ် စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တဲ့သူလည်း ရှိမှာပါ။ လူအနည်းစုကသာ ကိုယ့်ရဲ့အိပ်မက်ကို အမှန်တကယ်အကောင်အထည်ဖော်နိုင်ကြတာပါ။ သင်လည်း ထိုလူနည်းစုထဲက တစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက် (၅) ချက်ကို မှတ်သားထားသင့်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါ။

 

ငွေ အမြောက်အမြားရင်းနှီးမြှုပ်နှံဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ရဲ့ ကြိုးစားမှု၊ လုပ်ဆောင်နိုင်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှကို ရင်းနှီးမြှုပ်နှံထားရမှာပါ။ တန်ဖိုးရှိတဲ့ သင့်ရဲ့အချိန်တွေကိုလည်း ရင်းနှီးမြှုပ်နှံထားရပါမယ်။ ဒီနေ့ကြိုးစားပြီး နောက်နေ့ချက်ချင်းအောင်မြင်တဲ့သူဆိုတာ မရှိပါဘူး။ အောင်မြင်မှုဆိုတာ အမှန်တကယ်ထိုက်တန်တဲ့သူဆီကိုပဲ ရောက်လာတတ်တာပါ။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါ။

 

အမှားမပြုလုပ်မိတဲ့သူဆိုတာ မရှိပါဘူး။ အမှားပြုလုပ်မိမှာကို ကြောက်ပြီး ဒီအတိုင်းထိုင်နေမယ်ဆိုရင်တော့ သင့်အိပ်မက်တွေက အိပ်မက်အဖြစ်နဲ့ပဲ ကျန်ရှိနေပါလိမ့်မယ်။ အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမှားတွေကနေ သင်ခန်းစားယူပါ။ ကိုယ် ပြုလုပ်တဲ့ကိစ္စတိုင်းကို တာဝန်ယူတတ်တဲ့စိတ် မွေးမြူထားပါ။

သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်များကို လက်တွေ့အသုံးချပါ။

 

ဘွဲ့ရ ပညာတတ်တစ်ယောက်ဖြစ်အောင်ဆိုပြီး ဘွဲ့တွေ အများကြီးယူထားပြီး တကယ်မတတ်မြောက်ဘူးဆိုရင်တော့ အချိန်ကုန် ငွေကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။ ကိုယ် တကယ် ဝါသနာပါတဲ့ပညာရပ်ကိုပဲ လေ့လာသင်ယူပါ။ ထိုပညာရပ်ကို ပြန်လည်အသုံးချတတ်ခြင်းက သင့်ကို အောင်မြင်မှုတွေဆီ ခေါ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပါစေ။

 

ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူကို လူအများအပြား လေးစားချစ်ခင်ကြပါတယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလူတွေကိုတော့ ဝေးဝေးရှောင်ကြဉ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို အတတ်နိုင်ဆုံး မှန်ကန်ဖြောင့်မတ်အောင် ကျင့်ကြံပါ။ ဒါဆိုရင်တော့ သင်က ကောင်းသတင်းတွေနဲ့ မွှေးပျံ့နေမှာဖြစ်ပြီး သင့်ကို ကူညီမယ့်သူတွေလည်း ပေါများမှာပဲဖြစ်ပါတယ်။

စိတ်ဓာတ်တက်ကြွမှု ရှိပါစေ။

 

 

ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီး အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်ဖို့အတွက်ဆိုရင်တော့ စိတ်ဓာတ်တက်ကြွမှုရှိရပါမယ်။ ပျင်းရိပြီး ဒီအတိုင်းထိုင်နေလို့ကတော့ ယခုရောက်ရှိနေတဲ့နေရာမှာပဲ ရပ်တန့်နေပါလိမ့်မယ်။ အမြဲတမ်း ကြိုးစားချင်စိတ်အပြည့်ရှိတဲ့သူတစ်ယောက်၊ အမြဲတမ်း သင်ယူလေ့လာချင်စိတ်ရှိတဲ့သူတစ်ယောက်ဖြစ်ပါစေ။

ဒီအချက် (၅) ချက်ကို သေသေချာချာလိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ်လာပါလိမ့်မယ်။

 

zawgyi

စိတ္ကူးအိပ္မက္ေတြ အမွန္တကယ္ျဖစ္လာေအာင္ ဘယ္လိုအေကာင္အထည္ေဖာ္ၾကမလဲ

လူတိုင္းမွာ စိတ္ကူးအိပ္မက္တစ္ခုစီေတာ့ရွိၾကပါတယ္။ အဆိုေတာ္ ျဖစ္ခ်င္တာတို႔၊ စာေရးဆရာျဖစ္ခ်င္တဲ့သူ၊ ဒါမွမဟုတ္ စီးပြားေရးနယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ခ်င္တဲ့သူလည္း ရွိမွာပါ။ လူအနည္းစုကသာ ကိုယ့္ရဲ႕အိပ္မက္ကို အမွန္တကယ္အေကာင္အထည္ေဖာ္ႏိုင္ၾကတာပါ။ သင္လည္း ထိုလူနည္းစုထဲက တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အခ်က္ (၅) ခ်က္ကို မွတ္သားထားသင့္ပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ပါ။

 

 

ေငြ အေျမာက္အျမားရင္းႏွီးျမႇဳပ္ႏွံဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ သင့္ရဲ႕ ႀကိဳးစားမႈ၊ လုပ္ေဆာင္ႏိုင္စြမ္း၊ ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသမွ်ကို ရင္းႏွီးျမႇဳပ္ႏွံထားရမွာပါ။ တန္ဖိုးရွိတဲ့ သင့္ရဲ႕အခ်ိန္ေတြကိုလည္း ရင္းႏွီးျမႇဳပ္ႏွံထားရပါမယ္။ ဒီေန႔ႀကိဳးစားၿပီး ေနာက္ေန႔ခ်က္ခ်င္းေအာင္ျမင္တဲ့သူဆိုတာ မရွိပါဘူး။ ေအာင္ျမင္မႈဆိုတာ အမွန္တကယ္ထိုက္တန္တဲ့သူဆီကိုပဲ ေရာက္လာတတ္တာပါ။

တာဝန္ယူမႈ၊ တာဝန္ခံမႈရွိပါ။

 

 

အမွားမျပဳလုပ္မိတဲ့သူဆိုတာ မရွိပါဘူး။ အမွားျပဳလုပ္မိမွာကို ေၾကာက္ၿပီး ဒီအတိုင္းထိုင္ေနမယ္ဆိုရင္ေတာ့ သင့္အိပ္မက္ေတြက အိပ္မက္အျဖစ္နဲ႔ပဲ က်န္ရွိေနပါလိမ့္မယ္။ အမွန္တကယ္ အေကာင္အထည္ေဖာ္ႏိုင္မွာမဟုတ္ပါဘူး။ ကိုယ့္ရဲ႕ အမွားေတြကေန သင္ခန္းစားယူပါ။ ကိုယ္ ျပဳလုပ္တဲ့ကိစၥတိုင္းကို တာဝန္ယူတတ္တဲ့စိတ္ ေမြးျမဴထားပါ။

သင္ယူတတ္ေျမာက္ထားတဲ့ ပညာရပ္မ်ားကို လက္ေတြ႕အသုံးခ်ပါ။

 

 

ဘြဲ႕ရ ပညာတတ္တစ္ေယာက္ျဖစ္ေအာင္ဆိုၿပီး ဘြဲ႕ေတြ အမ်ားႀကီးယူထားၿပီး တကယ္မတတ္ေျမာက္ဘူးဆိုရင္ေတာ့ အခ်ိန္ကုန္ ေငြကုန္တာပဲအဖတ္တင္ပါလိမ့္မယ္။ ကိုယ္ တကယ္ ဝါသနာပါတဲ့ပညာရပ္ကိုပဲ ေလ့လာသင္ယူပါ။ ထိုပညာရပ္ကို ျပန္လည္အသုံးခ်တတ္ျခင္းက သင့္ကို ေအာင္ျမင္မႈေတြဆီ ေခၚေဆာင္ေပးႏိုင္ပါလိမ့္မယ္။

ကိုယ္က်င့္တရားေကာင္းမြန္တဲ့သူတစ္ေယာက္ျဖစ္ပါေစ။

 

 

ကိုယ္က်င့္တရားေကာင္းမြန္တဲ့သူကို လူအမ်ားအျပား ေလးစားခ်စ္ခင္ၾကပါတယ္။ ေရွ႕တစ္မ်ိဳး ကြယ္ရာတစ္မ်ိဳးလူေတြကိုေတာ့ ေဝးေဝးေရွာင္ၾကဥ္တတ္ၾကပါတယ္။ ကိုယ့္ရဲ႕ စိတ္ေနစိတ္ထားကို အတတ္ႏိုင္ဆုံး မွန္ကန္ေျဖာင့္မတ္ေအာင္ က်င့္ႀကံပါ။ ဒါဆိုရင္ေတာ့ သင္က ေကာင္းသတင္းေတြနဲ႔ ေမႊးပ်ံ႕ေနမွာျဖစ္ၿပီး သင့္ကို ကူညီမယ့္သူေတြလည္း ေပါမ်ားမွာပဲျဖစ္ပါတယ္။

စိတ္ဓာတ္တက္ႂကြမႈ ရွိပါေစ။

 

 

ကိုယ့္ရဲ႕ အိပ္မက္ကို အေကာင္အထည္ေဖာ္ၿပီး ေအာင္ျမင္မႈပန္းတိုင္ကို တက္လွမ္းႏိုင္ဖို႔အတြက္ဆိုရင္ေတာ့ စိတ္ဓာတ္တက္ႂကြမႈရွိရပါမယ္။ ပ်င္းရိၿပီး ဒီအတိုင္းထိုင္ေနလို႔ကေတာ့ ယခုေရာက္ရွိေနတဲ့ေနရာမွာပဲ ရပ္တန႔္ေနပါလိမ့္မယ္။ အၿမဲတမ္း ႀကိဳးစားခ်င္စိတ္အျပည့္ရွိတဲ့သူတစ္ေယာက္၊ အၿမဲတမ္း သင္ယူေလ့လာခ်င္စိတ္ရွိတဲ့သူတစ္ေယာက္ျဖစ္ပါေစ။

ဒီအခ်က္ (၅) ခ်က္ကို ေသေသခ်ာခ်ာလိုက္နာမယ္ဆိုရင္ေတာ့ သင့္ရဲ႕ စိတ္ကူးအိပ္မက္ေတြ အမွန္တကယ္ အေကာင္အထည္ေပၚလာပါလိမ့္မယ္။

 

 

Leave a Reply

Your email address will not be published.