Sun. May 22nd, 2022

သူဌေးဖြစ်ချင်ရင် ဒါတွေရှောင်ပါ

သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ချင်ပါသလား။ သူတို့ ပြုမှုနေထိုင်သလို လိုက်နေကြည့်ပါ။

အခုဖော်ပြလိုက်တဲ့ကိစ္စ (၇) ခုကို သန်းကြွယ်သူဌေးတွေက ဘယ်တော့မှမလုပ်ပါဘူး။

 

 

၁။ တီဗွီ ကြည့်ပြီး အချိန်ကုန်မခံကြပါဘူး။

 

သန်းကြွယ်သူဌေးတွေက ဘယ်တော့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ ဇာတ်လမ်းတွေကြည့်ပြီး အချိန်အကုန်မခံကြပါဘူး။ တီဗွီ ကြည့်မယ့်အစား သူတို့ကစာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။ Elon Musk ကနေ Warren Buffett အထိ နာမည်ကျော် လုပ်ငန်းရှင်သူဌေးတွေအားလုံးဟာ တစ်နေ့တာရဲ့ အချိန်တော်တော်များများကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးတတ်ကြပါတယ်။ စာဖတ်တဲ့ နေရာမှာလည်း အပျော်စာပေတွေထက် ပညာရမယ့် ၊ တိုးတက်မှု တစ်စုံတစ်ရာ ရရှိနိုင်မယ့် စာအုပ်တွေကိုပဲ ဖတ်လေ့ရှိပါတယ်။

၂။ ဘယ်တော့မှ တစ်ဦးတည်း သီးခြားခွဲထွက်နေလေ့ မရှိပါဘူး။

 

သန်းကြွယ်သူဌေးတွေ အားလုံးက လူမှုဆက်ဆံရေး ကောင်းကြသူတွေချည်းပဲဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး စကားစမြည်းပြောနေလေ့ ရှိပါတယ်။ ဒီလို လူမှုဆက်ဆံရေးကောင်းမွန်တာဟာ အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်ဆိုတာကို သူတို့တွေက သိရှိထားကြပြီးသူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။

(၃) အပိုတွေလျှောက် တွေးလေ့မရှိပါဘူး။

 

အောင်မြင်တဲ့ လုပ်ငန်းရှင်တွေတိုင်းဟာ သူတို့ရဲ့ပင်ကိုယ်သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီး အများကြီးလျှောက်တွေးလေ့မရှိပါဘူး။ ဒီလိုဆိုတော့ အကျိုးဆက်တွေကို သေချာမသုံးသပ်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သူတို့က ဆင်ခြင်သုံးသပ်မှုတွေနဲ့ အချိန်ကုန်မခံတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့လုပ်ဆောင်ရမယ့် အရာတွေကို ဆင်ခြင်သုံးသပ်ပြီးပြီဆိုတာနဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ကြပါတယ်။ ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်လေ့မရှိပါဘူး။

(၄) တကယ်ရင်မဆိုင်ကြည့်ဘဲ အရှုံးမပေးတတ်ကြပါဘူး။

 

 

 

သန်းကြွယ်သူဌေးတွေအားလုံးဟာ ဒုက္ခရောက်လာချိန်မှာ ဘယ်တော့မှ အရှုံးပေးဖို့ မစဉ်းစားတတ်ကြပါဘူး။ သူတို့တွေဟာ ကျရှုံးမှုတွေ အဆင်မပြေမှုတွေ အားလုံးကို ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။ လုပ်ငန်းရှင်အများစုဟာ လုပ်ဖော်ကိုင်ဘက်တွေ ၊ မိတ်ဆွေ ၊ မိသားစုဝင်တွေရဲ့ ဝေဖန်ပြစ်တင်မှု့ကို ခံရလေ့ ရှိပေမယ့် လက်မလျော့တတ်ကြပါဘူး။ အောင်မြင်သူအစစ်တွေကဘယ်တော့မှ နောက်ကောက်ကျ ကျန်မနေခဲ့ပါဘူး။

(၅) အားကစားလုပ်ဖို့ မမေ့ကြပါဘူး။

 

 

ချမ်းသာအောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာ မနက်ခင်းမှာလေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။ သူတို့အတွက် မနက်ခင်းလေ့ကျင်ခန်း လုပ်တာဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက် အာရုံစူးစိုက်နိုင်ပြီး လုပ်ငန်းပြီးမြောက်ဖို့ကို တိုးတက်လာစေဖို့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို နားလည်ကြပါတယ်။

(၆) အိပ်ယာထ နောက်ကျလေ့မရှိပါဘူး။

 

 

အောင်မြင်တဲ့ လုပ်ငန်းရှင်အများစုဟာ မနက်စောစောအိပ်ယာ ထတတ်ကြသူတွေချည်းပါပဲဖြစ်ပါတယ်။ သူတို့ဟာ ဘယ်တော့မှအိပ်ယာထဲမှာ နှေးကွေးနေပြီး အလုပ်နောက်ကျခံတဲ့ထဲမှာ မပါကြပါဘူး။

(၇) ပျင်းရိငြီးငွေ့တယ်ဆိုတာ မရှိပါဘူး။

 

 

အောင်မြင်သူတွေအများစုဟာ သူတို့ပတ်ဝန်းကျင်မှာ လေ့လာစရာအခွင့်အလန်းတွေ အမြဲတမ်းရှိနေတာကို သိကြတဲ့အတွက် ပျင်းနေတယ်ဆိုတာ မရှိပါဘူး။ ထိုင်ပြီး ပျင်းနေမယ့်အစားမိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံဖို့၊ သင်တန်းတွေတတ်ဖို့၊ စာအုပ်တွေဖတ်ဖို့ စသဖြင့် သူတို့ရဲ့အရည်အချင်းနဲ့ အသိပညာဗဟုသုတတွေ တိုးလာဖို့ကိုပဲ အမြဲအားထုတ်နေတတ်ကြပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင် သင်ရော သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်ချင်စိတ်ရှိပါသလား။ ရှိတယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ အကြံပြုလိုက်ပါတယ်။

 

zawgyi

သူေဌးျဖစ္ခ်င္ရင္ ဒါေတြေရွာင္ပါ

သန္းႂကြယ္သူေဌးတစ္ေယာက္ ျဖစ္ခ်င္ပါသလား။ သူတို႔ ျပဳမႈေနထိုင္သလို လိုက္ေနၾကည့္ပါ။

အခုေဖာ္ျပလိုက္တဲ့ကိစၥ (၇) ခုကို သန္းႂကြယ္သူေဌးေတြက ဘယ္ေတာ့မွမလုပ္ပါဘူး။

 

 

၁။ တီဗြီ ၾကည့္ၿပီး အခ်ိန္ကုန္မခံၾကပါဘူး။

 

သန္းႂကြယ္သူေဌးေတြက ဘယ္ေတာ့မွ ႐ုပ္ျမင္သံၾကားအစီအစဥ္ေတြ ဇာတ္လမ္းေတြၾကည့္ၿပီး အခ်ိန္အကုန္မခံၾကပါဘူး။ တီဗြီ ၾကည့္မယ့္အစား သူတို႔ကစာအုပ္ေတြပဲ ဖတ္ေနေလ့ရွိပါတယ္။ Elon Musk ကေန Warren Buffett အထိ နာမည္ေက်ာ္ လုပ္ငန္းရွင္သူေဌးေတြအားလုံးဟာ တစ္ေန႔တာရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို စာဖတ္ျခင္းျဖင့္ ကုန္ဆုံးတတ္ၾကပါတယ္။ စာဖတ္တဲ့ ေနရာမွာလည္း အေပ်ာ္စာေပေတြထက္ ပညာရမယ့္ ၊ တိုးတက္မႈ တစ္စုံတစ္ရာ ရရွိႏိုင္မယ့္ စာအုပ္ေတြကိုပဲ ဖတ္ေလ့ရွိပါတယ္။

၂။ ဘယ္ေတာ့မွ တစ္ဦးတည္း သီးျခားခြဲထြက္ေနေလ့ မရွိပါဘူး။

 

 

သန္းႂကြယ္သူေဌးေတြ အားလုံးက လူမႈဆက္ဆံေရး ေကာင္းၾကသူေတြခ်ည္းပဲျဖစ္ပါတယ္။ သူတို႔ဟာ အၿမဲတမ္းလိုလို မိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ဆုံၿပီး စကားစျမည္းေျပာေနေလ့ ရွိပါတယ္။ ဒီလို လူမႈဆက္ဆံေရးေကာင္းမြန္တာဟာ ေအာင္ျမင္မႈရဲ႕ေသာ့ခ်က္ျဖစ္တယ္ဆိုတာကို သူတို႔ေတြက သိရွိထားၾကၿပီးသူတို႔ရဲ႕ လူမႈကြန္ယက္ကို တိုးခ်ဲ႕ႏိုင္ဖို႔ အားထည့္ၾကပါတယ္။

(၃) အပိုေတြေလွ်ာက္ ေတြးေလ့မရွိပါဘူး။

 

Source : Millioner Mind Book

ေအာင္ျမင္တဲ့ လုပ္ငန္းရွင္ေတြတိုင္းဟာ သူတို႔ရဲ႕ပင္ကိုယ္သိစိတ္ကို ယုံၾကည္စြာအသုံးျပဳေလ့ရွိၿပီး အမ်ားႀကီးေလွ်ာက္ေတြးေလ့မရွိပါဘူး။ ဒီလိုဆိုေတာ့ အက်ိဳးဆက္ေတြကို ေသခ်ာမသုံးသပ္တာမ်ိဳးကို ဆိုလိုတာမဟုတ္ပါဘူး။ သူတို႔က ဆင္ျခင္သုံးသပ္မႈေတြနဲ႔ အခ်ိန္ကုန္မခံတာမ်ိဳးကို ဆိုလိုတာျဖစ္ပါတယ္။ သူတို႔လုပ္ေဆာင္ရမယ့္ အရာေတြကို ဆင္ျခင္သုံးသပ္ၿပီးၿပီဆိုတာနဲ႔ လမ္းေၾကာင္းတစ္ခုကို ေ႐ြးခ်ယ္ၿပီး လုပ္စရာရွိတာေတြကို စတင္လုပ္ေဆာင္ၾကပါတယ္။ ဘယ္ေတာ့မွ ေနာက္ျပန္လွည့္ၾကည့္ေလ့မရွိပါဘူး။

(၄) တကယ္ရင္မဆိုင္ၾကည့္ဘဲ အရႈံးမေပးတတ္ၾကပါဘူး။

 

 

သန္းႂကြယ္သူေဌးေတြအားလုံးဟာ ဒုကၡေရာက္လာခ်ိန္မွာ ဘယ္ေတာ့မွ အရႈံးေပးဖို႔ မစဥ္းစားတတ္ၾကပါဘူး။ သူတို႔ေတြဟာ က်ရႈံးမႈေတြ အဆင္မေျပမႈေတြ အားလုံးကို ဇြဲရွိရွိနဲ႔ ေက်ာ္ျဖတ္ၾကပါတယ္။ လုပ္ငန္းရွင္အမ်ားစုဟာ လုပ္ေဖာ္ကိုင္ဘက္ေတြ ၊ မိတ္ေဆြ ၊ မိသားစုဝင္ေတြရဲ႕ ေဝဖန္ျပစ္တင္မႈ႕ကို ခံရေလ့ ရွိေပမယ့္ လက္မေလ်ာ့တတ္ၾကပါဘူး။ ေအာင္ျမင္သူအစစ္ေတြကဘယ္ေတာ့မွ ေနာက္ေကာက္က် က်န္မေနခဲ့ပါဘူး။

(၅) အားကစားလုပ္ဖို႔ မေမ့ၾကပါဘူး။

 

 

ခ်မ္းသာေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္တိုင္းဟာ မနက္ခင္းမွာေလ့က်င့္ခန္း လုပ္တတ္ၾကပါတယ္။ သူတို႔အတြက္ မနက္ခင္းေလ့က်င္ခန္း လုပ္တာဟာ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြအတြက္ အာ႐ုံစူးစိုက္ႏိုင္ၿပီး လုပ္ငန္းၿပီးေျမာက္ဖို႔ကို တိုးတက္လာေစဖို႔ အက်ိဳးသက္ေရာက္မႈ ရွိတယ္ဆိုတာကို နားလည္ၾကပါတယ္။

(၆) အိပ္ယာထ ေနာက္က်ေလ့မရွိပါဘူး။

 

 

ေအာင္ျမင္တဲ့ လုပ္ငန္းရွင္အမ်ားစုဟာ မနက္ေစာေစာအိပ္ယာ ထတတ္ၾကသူေတြခ်ည္းပါပဲျဖစ္ပါတယ္။ သူတို႔ဟာ ဘယ္ေတာ့မွအိပ္ယာထဲမွာ ေႏွးေကြးေနၿပီး အလုပ္ေနာက္က်ခံတဲ့ထဲမွာ မပါၾကပါဘူး။

(၇) ပ်င္းရိၿငီးေငြ႕တယ္ဆိုတာ မရွိပါဘူး။

 

 

ေအာင္ျမင္သူေတြအမ်ားစုဟာ သူတို႔ပတ္ဝန္းက်င္မွာ ေလ့လာစရာအခြင့္အလန္းေတြ အၿမဲတမ္းရွိေနတာကို သိၾကတဲ့အတြက္ ပ်င္းေနတယ္ဆိုတာ မရွိပါဘူး။ ထိုင္ၿပီး ပ်င္းေနမယ့္အစားမိတ္ေဆြအသစ္ေတြနဲ႔ေတြ႕ဆုံဖို႔၊ သင္တန္းေတြတတ္ဖို႔၊ စာအုပ္ေတြဖတ္ဖို႔ စသျဖင့္ သူတို႔ရဲ႕အရည္အခ်င္းနဲ႔ အသိပညာဗဟုသုတေတြ တိုးလာဖို႔ကိုပဲ အၿမဲအားထုတ္ေနတတ္ၾကပါတယ္။

နိဂုံးခ်ဳပ္ရမယ္ဆိုရင္ သင္ေရာ သန္းႂကြယ္ သူေဌးတစ္ေယာက္ျဖစ္ခ်င္စိတ္ရွိပါသလား။ ရွိတယ္ဆိုရင္ အခုေဖာ္ျပခဲ့တဲ့ အခ်က္ေတြကို လိုက္နာဖို႔ အႀကံျပဳလိုက္ပါတယ္။

 

 

Leave a Reply

Your email address will not be published.