Mon. May 23rd, 2022

အသက် ၂၀ ကျော်လာရင် ဘာတွေ ပြင်ဆင်ထားရမလဲ

ဒီနေ့ခေတ်မှာ အသက် ၂၀ ကျော်ပြီဆိုရင် ကွီးလို့အခေါ်ခံရတော့မယ့် အရွယ်ထဲ ဝင်ပြီလို့ဆိုရမှာပါ။ အသက် ၂၀ ကနေ ၃၀ အတွင်း ဘဝဟာ လူငယ်ဘဝရဲ့ ကွင်းစနဲ့ကွင်းပိတ်ပါပဲ။

သင့်အသက် ၂၂ ၊ ၂၃ ဆိုရင်ပဲ တက္ကသိုလ်က ဘွဲ့တစ်ခုရပြီးတဲ့အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်မယ်ဆိုရင်တောင် ဝင်လို့ရနေတဲ့အရွယ်ပါ။ ဒီတော့ အသက် ၂၀ နဲ့နောက်ပိုင်းဟာ ဘဝရဲ့ သိပ်ကို အရေးကြီးတဲ့ ကာလတစ်ခုထဲ ရောက်လာပြီဆိုတာ ငြင်းမရတော့ပါဘူး။ ဒီအရွယ်မှာ ဆုံးဖြတ်ခဲ့သမျှ ၊ ရွေးချယ်ခဲ့သမျှဟာ ကိုယ့်အနာဂါတ်ပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။

ဒါကြောင့် အသက် ၂၀ ကျော်လာတာနဲ့ ရှေ့ဆက်လျှောက်မယ့် ဘဝမှာ အဆင်ပြေချောမွေ့စေဖို့ အရေးပါတဲ့ အချက်လေးတွေကို ကွီးရဲ့ လူငယ်တို့ အတွက် မျှဝေလိုက်ပါတယ်။

(၁) အနာဂါတ်အတွက် ပုံဖော်နေပါ

 

ဒီအရွယ်ဟာ အရာအားလုံးကို အောက်ခြေကနေ ဝင်ရောက်ဖို့ အစပျိုးတဲ့ အရွယ်ပါ။ ကိုယ်ဘယ်လို ပုံစံမျိုးနဲ့ရှင်သန်နေထိုင်သွားချင်တယ်ဆိုတာကို အချိန်ယူပြီး စဉ်းစားရမယ့် အရွယ်လည်း ဖြစ်ပါတယ်။ ကိုယ့်ဘဝလမ်းကြောင်းမှာ ကိုယ်နဲ့ အသင့်ဆုံး အကိုက်ဆုံးဆိုတဲ့ အရာကို ကိုယ်တိုင် ရှာတွေ့ဖို့ တစ်နည်းနည်းနဲ့ ပုံဖော်နေသင့်ပါတယ်။

(၂) ပိုကြီးတဲ့ အိပ်မက် မက်ပါ

 

စိတ်ကူးထားတဲ့ အိပ်မက်တိုင်း တကယ်ဖြစ်မလာတာဟာ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းကို လက်တွေ့ထိတွေ့နိုင်တဲ့အဆင့်ကို မရောက်သွားလို့ပါပဲ။ အိမ်မက်ကြီးကြီး မက်တယ်ဆိုတာ လစာကောင်းကောင်း ရတဲ့ အလုပ်လုပ်ဖို့ဆိုတဲ့နေရာမှာတင် ရပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်လက်ကိုယ့်ခြေပုံစံနဲ့ဘဝကို လိုသလို ဖန်တီးနိုင်တဲ့ အနေအထားမျိုးကို ပြောတာပါ။ အောင်မြင်တယ်ဆိုတဲ့ သူတွေဟာ အိပ်မက်ကြီးကြီးမက်ပြီး သူတို့မှာ ရှိသလောက်လေးနဲ့စတင်ခဲ့တာပါ။ သူတို့ သွားတဲ့ လမ်းတစ်လျှောက်က အမှားတွေကနေပဲ အချိန်ပြည့် သင်ယူခဲ့သူတွေ ဖြစ်ပါတယ်။

(၃) နောက်တစ်ကြိမ် ကြိုးစားဖို့ မမေ့ပါနဲ့

 

လူတစ်ယောက်ကို သူ့အတိတ်က ခြေလှမ်းအမှားတွေချည်း ကြည့်ပြီး မဆုံးဖြတ်ပါနဲ့ဆိုတဲ့ စကားရှိပါတယ်။ လူတိုင်းဟာ ပြောင်းလဲတတ်ကြပါတယ်။ ရှင်သန်ကြပါတယ်။ သင်ယူကြပါတယ်။ အတိတ်အမှားတစ်ခုအတွက် လူတစ်ယောက်ကို ထပ်တလဲလဲ အပြစ်ပေးတာဟာ ဘယ်လိုမှ သဘာဝမကျပါဘူး။ အမှားတစ်ခုကနေ ကိုယ့်ကိုယ်လည်း ခွင့်လွှတ်တတ် ၊ သူများကိုလည်း ခွင့်လွှတ်တတ်ဖို့လိုပါတယ်။ အခက်အခဲတွေကြောင့် ကျရှုံးသွားခဲ့ချိန်မှာ နောက်တစ်ကြိမ် ကြိုးစားနိုင်တယ်လို့ သတိရနေပါ။

(၄) သဘောထား ပြောင်းလဲဖို့မတွန့်ပါနဲ့

 

လူတိုင်းက အကောင်းဆုံးအဖြစ် မွေးလာတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဆိုတာ အရွယ်တစ်ခုတည်းတင်မဟုတ်ဘဲ ၊ ဖြတ်သန်းလာတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာယူမှုတွေ အားလုံးနဲ့ အကျုံးဝင်နေပါတယ်။ အယူအဆတစ်ခု ၊ ယုံကြည်မှုတစ်ခုဟာ မှားယွင်းကြောင်း သေချာသိလာရင် ကိုယ့်သဘောထားကို သတ္တိရှိရှိပြောင်းလဲဖို့ပြင်လိုက်ပါ။

(၅) မိုင် ပိုသွားပါ

 

တစ်ခြားသူတွေထက် အမြဲတမ်း ၁၀% လောက် ပိုကြိုးစားနေပါ။ နှစ်တွေ ကြာတဲ့အခါ လုံးဝကွဲပြားတဲ့ လူတစ်ယောက်အဖြစ် ထိပ်တန်းရောက်လာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ကိုယ်ဖြစ်ချင်တဲ့ ဘဝကို သွားနေတဲ့ လမ်းမှာ ဟန်ချက်ညီညီ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့က အရေးကြီးပါတယ်။ အောင်မြင်မှုဆိုတာ သူချည်းပဲဆိုရင် အရသာမရှိပါဘူး။ ကျေနပ်ပျော်ရွှင်ရပြီး ပြန်တွေးတိုင်း ဂုဏ်ယူရမှ တကယ့်အောင်မြင်မှုဖြစ်ပါတယ်။ ကိုယ့်ဘဝကို အဓိပ္ပါယ်ပိုရှိဖို့အမြဲကြိုးစားပါ။ အလုပ်နဲ့ ဘဝကိုလည်း ချိန်ခွင်လျှာညှိနေပါ။ ဒီအလေ့အထတွေကို အသက် ၂၀ ကျော်လာမယ့် အချိန်အတွက် ကြိုးပြီး လေ့ကျင့်ပျိုးထောင်နေမယ်ဆိုရင် အောင်မြင်ပျော်ရွှင်တဲ့ လူငယ်တစ်ယောက် ဖြစ်လာမှာပါ။

 

zawgyi

အသက္ ၂၀ ေက်ာ္လာရင္ ဘာေတြ ျပင္ဆင္ထားရမလဲ

ဒီေန႔ေခတ္မွာ အသက္ ၂၀ ေက်ာ္ၿပီဆိုရင္ ကြီးလို႔အေခၚခံရေတာ့မယ့္ အ႐ြယ္ထဲ ဝင္ၿပီလို႔ဆိုရမွာပါ။ အသက္ ၂၀ ကေန ၃၀ အတြင္း ဘဝဟာ လူငယ္ဘဝရဲ႕ ကြင္းစနဲ႔ကြင္းပိတ္ပါပဲ။

သင့္အသက္ ၂၂ ၊ ၂၃ ဆိုရင္ပဲ တကၠသိုလ္က ဘြဲ႕တစ္ခုရၿပီးတဲ့အ႐ြယ္ေရာက္လို႔ လုပ္ငန္းခြင္ဝင္မယ္ဆိုရင္ေတာင္ ဝင္လို႔ရေနတဲ့အ႐ြယ္ပါ။ ဒီေတာ့ အသက္ ၂၀ နဲ႔ေနာက္ပိုင္းဟာ ဘဝရဲ႕ သိပ္ကို အေရးႀကီးတဲ့ ကာလတစ္ခုထဲ ေရာက္လာၿပီဆိုတာ ျငင္းမရေတာ့ပါဘူး။ ဒီအ႐ြယ္မွာ ဆုံးျဖတ္ခဲ့သမွ် ၊ ေ႐ြးခ်ယ္ခဲ့သမွ်ဟာ ကိုယ့္အနာဂါတ္ေပၚ တိုက္႐ိုက္သက္ေရာက္မႈ ရွိပါတယ္။

ဒါေၾကာင့္ အသက္ ၂၀ ေက်ာ္လာတာနဲ႔ ေရွ႕ဆက္ေလွ်ာက္မယ့္ ဘဝမွာ အဆင္ေျပေခ်ာေမြ႕ေစဖို႔ အေရးပါတဲ့ အခ်က္ေလးေတြကို ကြီးရဲ႕ လူငယ္တို႔ အတြက္ မွ်ေဝလိုက္ပါတယ္။

(၁) အနာဂါတ္အတြက္ ပုံေဖာ္ေနပါ

 

 

ဒီအ႐ြယ္ဟာ အရာအားလုံးကို ေအာက္ေျခကေန ဝင္ေရာက္ဖို႔ အစပ်ိဳးတဲ့ အ႐ြယ္ပါ။ ကိုယ္ဘယ္လို ပုံစံမ်ိဳးနဲ႔ရွင္သန္ေနထိုင္သြားခ်င္တယ္ဆိုတာကို အခ်ိန္ယူၿပီး စဥ္းစားရမယ့္ အ႐ြယ္လည္း ျဖစ္ပါတယ္။ ကိုယ့္ဘဝလမ္းေၾကာင္းမွာ ကိုယ္နဲ႔ အသင့္ဆုံး အကိုက္ဆုံးဆိုတဲ့ အရာကို ကိုယ္တိုင္ ရွာေတြ႕ဖို႔ တစ္နည္းနည္းနဲ႔ ပုံေဖာ္ေနသင့္ပါတယ္။

(၂) ပိုႀကီးတဲ့ အိပ္မက္ မက္ပါ

 

 

စိတ္ကူးထားတဲ့ အိပ္မက္တိုင္း တကယ္ျဖစ္မလာတာဟာ ကိုယ့္ရဲ႕ ဖန္တီးႏိုင္စြမ္းကို လက္ေတြ႕ထိေတြ႕ႏိုင္တဲ့အဆင့္ကို မေရာက္သြားလို႔ပါပဲ။ အိမ္မက္ႀကီးႀကီး မက္တယ္ဆိုတာ လစာေကာင္းေကာင္း ရတဲ့ အလုပ္လုပ္ဖို႔ဆိုတဲ့ေနရာမွာတင္ ရပ္ေနတာ မဟုတ္ပါဘူး။ ကိုယ့္လက္ကိုယ့္ေျခပုံစံနဲ႔ဘဝကို လိုသလို ဖန္တီးႏိုင္တဲ့ အေနအထားမ်ိဳးကို ေျပာတာပါ။ ေအာင္ျမင္တယ္ဆိုတဲ့ သူေတြဟာ အိပ္မက္ႀကီးႀကီးမက္ၿပီး သူတို႔မွာ ရွိသေလာက္ေလးနဲ႔စတင္ခဲ့တာပါ။ သူတို႔ သြားတဲ့ လမ္းတစ္ေလွ်ာက္က အမွားေတြကေနပဲ အခ်ိန္ျပည့္ သင္ယူခဲ့သူေတြ ျဖစ္ပါတယ္။

(၃) ေနာက္တစ္ႀကိမ္ ႀကိဳးစားဖို႔ မေမ့ပါနဲ႔

 

 

လူတစ္ေယာက္ကို သူ႔အတိတ္က ေျခလွမ္းအမွားေတြခ်ည္း ၾကည့္ၿပီး မဆုံးျဖတ္ပါနဲ႔ဆိုတဲ့ စကားရွိပါတယ္။ လူတိုင္းဟာ ေျပာင္းလဲတတ္ၾကပါတယ္။ ရွင္သန္ၾကပါတယ္။ သင္ယူၾကပါတယ္။ အတိတ္အမွားတစ္ခုအတြက္ လူတစ္ေယာက္ကို ထပ္တလဲလဲ အျပစ္ေပးတာဟာ ဘယ္လိုမွ သဘာဝမက်ပါဘူး။ အမွားတစ္ခုကေန ကိုယ့္ကိုယ္လည္း ခြင့္လႊတ္တတ္ ၊ သူမ်ားကိုလည္း ခြင့္လႊတ္တတ္ဖို႔လိုပါတယ္။ အခက္အခဲေတြေၾကာင့္ က်ရႈံးသြားခဲ့ခ်ိန္မွာ ေနာက္တစ္ႀကိမ္ ႀကိဳးစားႏိုင္တယ္လို႔ သတိရေနပါ။

(၄) သေဘာထား ေျပာင္းလဲဖို႔မတြန႔္ပါနဲ႔

 

 

လူတိုင္းက အေကာင္းဆုံးအျဖစ္ ေမြးလာတာ မဟုတ္ပါဘူး။ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈဆိုတာ အ႐ြယ္တစ္ခုတည္းတင္မဟုတ္ဘဲ ၊ ျဖတ္သန္းလာတဲ့ အေတြ႕အႀကဳံနဲ႔ သင္ခန္းစာယူမႈေတြ အားလုံးနဲ႔ အက်ဳံးဝင္ေနပါတယ္။ အယူအဆတစ္ခု ၊ ယုံၾကည္မႈတစ္ခုဟာ မွားယြင္းေၾကာင္း ေသခ်ာသိလာရင္ ကိုယ့္သေဘာထားကို သတၱိရွိရွိေျပာင္းလဲဖို႔ျပင္လိုက္ပါ။

(၅) မိုင္ ပိုသြားပါ

 

တစ္ျခားသူေတြထက္ အၿမဲတမ္း ၁၀% ေလာက္ ပိုႀကိဳးစားေနပါ။ ႏွစ္ေတြ ၾကာတဲ့အခါ လုံးဝကြဲျပားတဲ့ လူတစ္ေယာက္အျဖစ္ ထိပ္တန္းေရာက္လာမွာ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာ ကိုယ္ျဖစ္ခ်င္တဲ့ ဘဝကို သြားေနတဲ့ လမ္းမွာ ဟန္ခ်က္ညီညီ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္ဖို႔က အေရးႀကီးပါတယ္။ ေအာင္ျမင္မႈဆိုတာ သူခ်ည္းပဲဆိုရင္ အရသာမရွိပါဘူး။ ေက်နပ္ေပ်ာ္႐ႊင္ရၿပီး ျပန္ေတြးတိုင္း ဂုဏ္ယူရမွ တကယ့္ေအာင္ျမင္မႈျဖစ္ပါတယ္။ ကိုယ့္ဘဝကို အဓိပၸါယ္ပိုရွိဖို႔အၿမဲႀကိဳးစားပါ။ အလုပ္နဲ႔ ဘဝကိုလည္း ခ်ိန္ခြင္လွ်ာညႇိေနပါ။ ဒီအေလ့အထေတြကို အသက္ ၂၀ ေက်ာ္လာမယ့္ အခ်ိန္အတြက္ ႀကိဳးၿပီး ေလ့က်င့္ပ်ိဳးေထာင္ေနမယ္ဆိုရင္ ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ လူငယ္တစ္ေယာက္ ျဖစ္လာမွာပါ။

 

 

Leave a Reply

Your email address will not be published.