Sun. May 22nd, 2022

ချမ်းသာပျော်ရွှင် နေချင်တယ်ဆိုရင်

ချမ်းသာဖို့ အလုပ်လုပ်တယ်ဆိုပေမယ့် ဘဝတစ်လျှောက်လုံး အလုပ်ပြီးရင်း အလုပ်ဆိုရင် တကယ်ငြီးငွေ့ဖို့ ကောင်းပါတယ်။ ပီပီပြင်ပြင် အသက်ရှင်ပြီး ပြည့်ပြည့်ဝဝနေသွားချင်တယ် ၊ ငွေကြေးလည်း မကြောင့်မကြနဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုကတည်းက ဒီလို အကျင့်လေးတစ်ချို့ကို ကိုယ့်မှာ တည်ဆောက်ထားဖို့လိုပါတယ်။

(၁) မှန်ကန်တဲ့ အလုပ်ကို ရှာပါ

 

မှန်ကန်တဲ့ အလုပ်ဆိုရာမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ် ၊ ဒီအလုပ်လုပ်ရတာကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ အလုပ်ကို လုပ်ဖို့ လိုပါတယ်။ ကိုယ်မကြိုက်တဲ့ အလုပ်တစ်ခုကို ကြိတ်မှိတ်ပြီး လုပ်နေသရွေ့ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ မပျော်တဲ့သူဟာ မချမ်းသာပါဘူး။
ဒီအလုပ်မျိုးကို လုပ်ပြီဆိုရင် အောက်ခြေအဆင့်ကစပြီး တစ်ဆင့်ချင်းသွားဖို့ လိုပါတယ်။ ဒီကုမ္ပဏီမှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး လေ့လာစရာ ရစရာ အတွေ့အကြုံနဲ့ ပညာတွေ မရှိတော့ဘူးဆိုတဲ့ အချိန်မှာ ပိုပြီး ကျယ်ပြောစုံလင်တဲ့ လုပ်ငန်းခွင်တစ်ခုကို ခုန်ကူးပြီး ကိုယ့်ကိုယ်ကို မြှင့်တင်လိုက်ပါ။ ဒီနည်းနဲ့ ကိုယ့်ရဲ့ နေရာလိုက်တန်ဖိုးတွေ မြင့်မြင့်လာသလို နေရာအမျိုးမျိုးက ရလာတဲ့ ပညာတွေကြောင့်လည်း လူ့ဘဝမှာ ပိုပြီး ရင့်ကျက်တည်ငြိမ်လာမှာ ဖြစ်ပါတယ်။
တစ်ခုရှိတာက အလုပ်သစ်ပြောင်းမယ်ဆို လစာပဲ မကြည့်ဘဲ ဒီကုမ္ပဏီကနေ ငါဘယ်လောက်အထိ တိုးတက်ဖို့ အခွင့်အလမ်းရှိမယ်။ ဒီကုမ္ပဏီဟာ ငါ့စွမ်းရည်နဲ့ ငါ ထက်သန်တဲ့ ဘက်ကို လမ်းဖွင့်ပေးနိုင်မလား ကြည့်ဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးလည်း တက်လာမှာဖြစ်ပြီး ငွေကြေးဆိုတာ တစ်ပါတည်း နောက်ကနေ လိုက်လာမှာ ဖြစ်ပါတယ်။

(၂) အသုံးစရိတ်လျှော့ပါ။

 

ချမ်းသာဖို့ လုပ်နေတယ်ဆိုတဲ့ လူတွေမှာ အတွေ့များတဲ့ ပြဿနာက ရတဲ့ငွေထက် ကုန်တဲ့ စရိတ်က များနေတာပါပဲ။ ဘဝမှာ ချမ်းသာဖို့ အလွယ်ဆုံးနည်း ပြောပါဆိုရင် ကိုယ့်လိုတာထက် ပိုမသုံးဘဲ နေတတ်ရင် ချမ်းသာမှာ ဖြစ်ပါတယ်။ အသုံးစရိတ်လျှော့ဖို့အတွက် အက်ပလီကေးရှင်းဖြစ်ဖြစ် Excel Sheet နဲ့ဖြစ်ဖြစ် စာရင်းဇယားလုပ်ပြီး ငွေဝင်ငွေထွက်ကို ပုံမှန် စောင့်ကြည့်သင့်ပါတယ်။ ကိုယ့်အတွက် တကယ်အသုံးမလိုတာကို တွေ့ပြီဆိုရင် ဒီပစ္စည်းကို ဝယ်ဖြစ်တော့မှာ မဟုတ်သလို အိတ်ထဲမှာလည်း ပိုက်ဆံပိုထွက်လာမှာ ဖြစ်ပါတယ်။

(၃) ငွေစုပါ။

 

ဘဏ်အကောင့်တစ်ခုထားပြီး ငွေစုပါလို့ ပြောရင် အင်မတန်ရိုးရှင်းတဲ့ အကြံလို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ချမ်းသာချင်ရင် ငွေရှာတတ်ရုံနဲ့မပြီးသေးပါဘူး။ ဒုတိယအဆင့်အနေနဲ့ စုဆောင်းပါ။ ဘဏ်လိုမျိုး အတိုးမှန်မှန် ရမယ့် နေရာမှာ စုမယ်ဆိုရင် ငွေလည်း လုံခြုံသလို ငွေလည်း တိုးပွားလာမှာ ဖြစ်ပါတယ်။ ငွေဟာ စုဆောင်းတဲ့ အကျင့်ရှိသူတွေဆီမှာ အနေမြဲပါတယ်။
ဒီတော့ ငွေစုဖို့ စိတ်သွင်းထားပါ။ အနာဂါတ်မှာ ငါဘယ်လို ဖြစ်ချင်တယ်ဆိုပြီး မြင်ယောင်ကြည့်ပြီး ငွေစုလိုက်ပါ။ နောက်ဆုံး အလုပ်က အငြိမ်းစားယူတဲ့ တစ်နေ့ ငါ့အိတ်ထဲမှာ ပိုက်ဆံ ဘယ်လောက် စုဆောင်းပြီး ဖြစ်ရမယ်လို့ဆုံးဖြတ်ထားပါ။ အိတ်ထဲမှာ ငွေရှိတဲ့သူဟာ ချမ်းသာပျော်ရွှင်ဖို့ အများကြီး နီးစပ်လာသူ ဖြစ်ပါတယ်။

(၄) အမျှော်အမြင်ရှိစွာ မြှပ်နှံပါ။

 

 

ငွေရှာခြင်း ၊ စုဆောင်းခြင်း အပြင် ဒီငွေကို ကောင်းကောင်း အသုံးချနေဖို့ကလည်း အရေးကြီးပါတယ်။ ကြွယ်ဝချမ်းသာသူတွေဟာ ငွေစုလို့ချမ်းသာတာ မဟုတ်ပါဘူး။ ဒီစုထားတဲ့ ငွေကို မှန်မှန်ကန်ကန် ရင်းနှီးမြှပ်နှံရင်း ဆတက်ထမ်းပိုး ချမ်းသာလာတာ ဖြစ်ပါတယ်။ ကမ္ဘာကျော် သူဌေးကြီး ဝါရင်းဘတ်ဖတ်ကဆို ကိုယ့်လက်ထဲက ငွေရဲ့ ၁၀% ကို ရေတို အစိုးရငွေချေးရာမှာ ထည့်ဝင်ပြီး ၉၀% ကို ခိုင်မာတဲ့ အပြင် စတော့တွေမှာ မြှပ်နှံဖို့ အကြံပြုထားပါတယ်။ မသေချာတဲ့ နေရာတွေ စတော့ဈေးကွက်တွေမှာ ရင်းနှီးမြှပ်နှံဖို့ကြုံလာရင် နှစ်ခါပြန်စဉ်းစားပြီး နယ်ပယ်အလိုက် ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်ပါတယ်။

(၅) သမ္မာအာဇီဝနဲ့ ရှာဖွေပါ။

 

ချမ်းသာဖို့အပြင် ပျော်ရွှင်ချင်တယ်ဆိုရင် နောင်တရစရာ သိက္ခာမဲ့တဲ့ အလုပ်တွေကို မလုပ်မိဖို့ လိုပါတယ်။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာအောင်လုပ်သွားတဲ့ သူတွေကို အားမကျပါနဲ့။ သူတို့ရဲ့ နောင်တက သူတို့ရထားတဲ့ ဓနဥစ္စာထက် အပုံကြီးပိုများနေဖို့ ရှိပါတယ်။ ဘဝမှာ ငွေကြေးရော ကိုယ်ကျင့်တရားပါ ချမ်းသာပြည့်စုံနေဖို့ မှန်ကန်တဲ့ လမ်းအတိုင်းလျှောက်ပြီး စီးပွားရှာဖွေပါ။ တစ်ချိန်မှာ တစ်လှမ်းလှမ်းမယ်ဆို ဘယ်တော့မှ လဲပြိုမှာ မဟုတ်ပါဘူး ။

 

Zawgyi

 

 

 

ခ်မ္းသာေပ်ာ္႐ႊင္ ေနခ်င္တယ္ဆိုရင္

ခ်မ္းသာဖို႔ အလုပ္လုပ္တယ္ဆိုေပမယ့္ ဘဝတစ္ေလွ်ာက္လုံး အလုပ္ၿပီးရင္း အလုပ္ဆိုရင္ တကယ္ၿငီးေငြ႕ဖို႔ ေကာင္းပါတယ္။ ပီပီျပင္ျပင္ အသက္ရွင္ၿပီး ျပည့္ျပည့္ဝဝေနသြားခ်င္တယ္ ၊ ေငြေၾကးလည္း မေၾကာင့္မၾကနဲ႔ တည္ၿငိမ္ေအးခ်မ္းတဲ့ ဘဝကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ အခုကတည္းက ဒီလို အက်င့္ေလးတစ္ခ်ိဳ႕ကို ကိုယ့္မွာ တည္ေဆာက္ထားဖို႔လိုပါတယ္။

(၁) မွန္ကန္တဲ့ အလုပ္ကို ရွာပါ

 

 

မွန္ကန္တဲ့ အလုပ္ဆိုရာမွာ ကိုယ္စိတ္ဝင္စားတဲ့ အလုပ္ ၊ ဒီအလုပ္လုပ္ရတာကို ခ်စ္ျမတ္ႏိုးၿပီး တန္ဖိုးထားတဲ့ အလုပ္ကို လုပ္ဖို႔ လိုပါတယ္။ ကိုယ္မႀကိဳက္တဲ့ အလုပ္တစ္ခုကို ႀကိတ္မွိတ္ၿပီး လုပ္ေနသေ႐ြ႕ ေပ်ာ္႐ႊင္ရမွာ မဟုတ္ပါဘူး။ မေပ်ာ္တဲ့သူဟာ မခ်မ္းသာပါဘူး။
ဒီအလုပ္မ်ိဳးကို လုပ္ၿပီဆိုရင္ ေအာက္ေျခအဆင့္ကစၿပီး တစ္ဆင့္ခ်င္းသြားဖို႔ လိုပါတယ္။ ဒီကုမၸဏီမွာ ဒီအလုပ္နဲ႔ ပတ္သက္ၿပီး ေလ့လာစရာ ရစရာ အေတြ႕အႀကဳံနဲ႔ ပညာေတြ မရွိေတာ့ဘူးဆိုတဲ့ အခ်ိန္မွာ ပိုၿပီး က်ယ္ေျပာစုံလင္တဲ့ လုပ္ငန္းခြင္တစ္ခုကို ခုန္ကူးၿပီး ကိုယ့္ကိုယ္ကို ျမႇင့္တင္လိုက္ပါ။ ဒီနည္းနဲ႔ ကိုယ့္ရဲ႕ ေနရာလိုက္တန္ဖိုးေတြ ျမင့္ျမင့္လာသလို ေနရာအမ်ိဳးမ်ိဳးက ရလာတဲ့ ပညာေတြေၾကာင့္လည္း လူ႔ဘဝမွာ ပိုၿပီး ရင့္က်က္တည္ၿငိမ္လာမွာ ျဖစ္ပါတယ္။
တစ္ခုရွိတာက အလုပ္သစ္ေျပာင္းမယ္ဆို လစာပဲ မၾကည့္ဘဲ ဒီကုမၸဏီကေန ငါဘယ္ေလာက္အထိ တိုးတက္ဖို႔ အခြင့္အလမ္းရွိမယ္။ ဒီကုမၸဏီဟာ ငါ့စြမ္းရည္နဲ႔ ငါ ထက္သန္တဲ့ ဘက္ကို လမ္းဖြင့္ေပးႏိုင္မလား ၾကည့္ဖို႔ လိုပါတယ္။ ဒါမွသာ ကိုယ့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးလည္း တက္လာမွာျဖစ္ၿပီး ေငြေၾကးဆိုတာ တစ္ပါတည္း ေနာက္ကေန လိုက္လာမွာ ျဖစ္ပါတယ္။

(၂) အသုံးစရိတ္ေလွ်ာ့ပါ။

 

 

ခ်မ္းသာဖို႔ လုပ္ေနတယ္ဆိုတဲ့ လူေတြမွာ အေတြ႕မ်ားတဲ့ ျပႆနာက ရတဲ့ေငြထက္ ကုန္တဲ့ စရိတ္က မ်ားေနတာပါပဲ။ ဘဝမွာ ခ်မ္းသာဖို႔ အလြယ္ဆုံးနည္း ေျပာပါဆိုရင္ ကိုယ့္လိုတာထက္ ပိုမသုံးဘဲ ေနတတ္ရင္ ခ်မ္းသာမွာ ျဖစ္ပါတယ္။ အသုံးစရိတ္ေလွ်ာ့ဖို႔အတြက္ အက္ပလီေကးရွင္းျဖစ္ျဖစ္ Excel Sheet နဲ႔ျဖစ္ျဖစ္ စာရင္းဇယားလုပ္ၿပီး ေငြဝင္ေငြထြက္ကို ပုံမွန္ ေစာင့္ၾကည့္သင့္ပါတယ္။ ကိုယ့္အတြက္ တကယ္အသုံးမလိုတာကို ေတြ႕ၿပီဆိုရင္ ဒီပစၥည္းကို ဝယ္ျဖစ္ေတာ့မွာ မဟုတ္သလို အိတ္ထဲမွာလည္း ပိုက္ဆံပိုထြက္လာမွာ ျဖစ္ပါတယ္။

(၃) ေငြစုပါ။

 

 

ဘဏ္အေကာင့္တစ္ခုထားၿပီး ေငြစုပါလို႔ ေျပာရင္ အင္မတန္႐ိုးရွင္းတဲ့ အႀကံလို႔ ထင္ပါလိမ့္မယ္။ တကယ္ေတာ့ ခ်မ္းသာခ်င္ရင္ ေငြရွာတတ္႐ုံနဲ႔မၿပီးေသးပါဘူး။ ဒုတိယအဆင့္အေနနဲ႔ စုေဆာင္းပါ။ ဘဏ္လိုမ်ိဳး အတိုးမွန္မွန္ ရမယ့္ ေနရာမွာ စုမယ္ဆိုရင္ ေငြလည္း လုံၿခဳံသလို ေငြလည္း တိုးပြားလာမွာ ျဖစ္ပါတယ္။ ေငြဟာ စုေဆာင္းတဲ့ အက်င့္ရွိသူေတြဆီမွာ အေနၿမဲပါတယ္။
ဒီေတာ့ ေငြစုဖို႔ စိတ္သြင္းထားပါ။ အနာဂါတ္မွာ ငါဘယ္လို ျဖစ္ခ်င္တယ္ဆိုၿပီး ျမင္ေယာင္ၾကည့္ၿပီး ေငြစုလိုက္ပါ။ ေနာက္ဆုံး အလုပ္က အၿငိမ္းစားယူတဲ့ တစ္ေန႔ ငါ့အိတ္ထဲမွာ ပိုက္ဆံ ဘယ္ေလာက္ စုေဆာင္းၿပီး ျဖစ္ရမယ္လို႔ဆုံးျဖတ္ထားပါ။ အိတ္ထဲမွာ ေငြရွိတဲ့သူဟာ ခ်မ္းသာေပ်ာ္႐ႊင္ဖို႔ အမ်ားႀကီး နီးစပ္လာသူ ျဖစ္ပါတယ္။

(၄) အေမွ်ာ္အျမင္ရွိစြာ ျမႇပ္ႏွံပါ။

 

 

ေငြရွာျခင္း ၊ စုေဆာင္းျခင္း အျပင္ ဒီေငြကို ေကာင္းေကာင္း အသုံးခ်ေနဖို႔ကလည္း အေရးႀကီးပါတယ္။ ႂကြယ္ဝခ်မ္းသာသူေတြဟာ ေငြစုလို႔ခ်မ္းသာတာ မဟုတ္ပါဘူး။ ဒီစုထားတဲ့ ေငြကို မွန္မွန္ကန္ကန္ ရင္းႏွီးျမႇပ္ႏွံရင္း ဆတက္ထမ္းပိုး ခ်မ္းသာလာတာ ျဖစ္ပါတယ္။ ကမာၻေက်ာ္ သူေဌးႀကီး ဝါရင္းဘတ္ဖတ္ကဆို ကိုယ့္လက္ထဲက ေငြရဲ႕ ၁၀% ကို ေရတို အစိုးရေငြေခ်းရာမွာ ထည့္ဝင္ၿပီး ၉၀% ကို ခိုင္မာတဲ့ အျပင္ စေတာ့ေတြမွာ ျမႇပ္ႏွံဖို႔ အႀကံျပဳထားပါတယ္။ မေသခ်ာတဲ့ ေနရာေတြ စေတာ့ေဈးကြက္ေတြမွာ ရင္းႏွီးျမႇပ္ႏွံဖို႔ႀကဳံလာရင္ ႏွစ္ခါျပန္စဥ္းစားၿပီး နယ္ပယ္အလိုက္ ကြၽမ္းက်င္သူမ်ားနဲ႔ တိုင္ပင္သင့္ပါတယ္။

(၅) သမၼာအာဇီဝနဲ႔ ရွာေဖြပါ။

 

 

ခ်မ္းသာဖို႔အျပင္ ေပ်ာ္႐ႊင္ခ်င္တယ္ဆိုရင္ ေနာင္တရစရာ သိကၡာမဲ့တဲ့ အလုပ္ေတြကို မလုပ္မိဖို႔ လိုပါတယ္။ ျဖတ္လမ္းနည္းနဲ႔ ခ်မ္းသာေအာင္လုပ္သြားတဲ့ သူေတြကို အားမက်ပါနဲ႔။ သူတို႔ရဲ႕ ေနာင္တက သူတို႔ရထားတဲ့ ဓနဥစၥာထက္ အပုံႀကီးပိုမ်ားေနဖို႔ ရွိပါတယ္။ ဘဝမွာ ေငြေၾကးေရာ ကိုယ္က်င့္တရားပါ ခ်မ္းသာျပည့္စုံေနဖို႔ မွန္ကန္တဲ့ လမ္းအတိုင္းေလွ်ာက္ၿပီး စီးပြားရွာေဖြပါ။ တစ္ခ်ိန္မွာ တစ္လွမ္းလွမ္းမယ္ဆို ဘယ္ေတာ့မွ လဲၿပိဳမွာ မဟုတ္ပါဘူး ။

 

 

Leave a Reply

Your email address will not be published.