Fri. May 27th, 2022

လူ့အဖွဲ့အစည်းက အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့အရာတွေနောက် လိုက်ရင်းနဲ့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ရကောင်းမှန်း သိတဲ့စိတ်တွေ နည်းလာတယ်လို့ ပြောကြပါတယ်။ သင်ကိုယ်တိုင် သင့်ရဲ့ အကြီးဆုံးပရိသတ် ဖြစ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ လူတွေဟာ ကိုယ့်ကို တကယ်သာ ချစ်ရင် ကိုယ့်ကို ဒုက္ခရောက်စေမယ့်အလုပ်တွေ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။
Self-Love ဆိုတာ ဒီဘက်ခေတ်မှာ ပိုလို့တောင် အရေးကြီးလာပါပြီ။ ကိုယ်သာလျှင် ကိုယ့်ကို အချစ်ဆုံး ၊ ကိုယ့်အကျိုးအလိုလားဆုံး နဲ့ ကိုယ့်မိတ်ဆွေအစစ်ဆုံး ဖြစ်ဖို့ ဆိုတာ နေ့ချင်းညချင်းတော့ ဖြစ်လာနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ နေ့တိုင်း ပုံမှန်အကျင့်တစ်ခုလိုမျိုး Self-Love ကို ပံ့ပိုးပေးတဲ့ အလုပ်လေးတွေ လုပ်ပေးဖို့ လိုမှာပါ။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ်ဆိုတဲ့စိတ်ကို အလေ့အကျင့်လုပ်နိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်း ၃ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်လိုက်ပါနဲ့

ကိုယ့်ကိုယ်ကိုယ် တကယ်အသိအမှတ်ပြုဖို့အတွက် အရေးအကြီးဆုံးအပိုင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ တန်းသွားညှိတာမျိုး မလုပ်ဖို့ပါ။ ကျွန်တော်တို့တတွေဟာ လူမှန်းသိစအရွယ်ကတည်းက နှိုင်းယှဉ်တဲ့စိတ်နဲ့ နေထိုင်လာတာပါ။ ကျောင်းတက်ရင်း ကျောင်းနေဘက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တယ် ဒါမှမဟုတ် မိဘက လိုက်ပြီး Compare လုပ်တယ်။
ယုတ်စွအဆုံး ရည်းစားရတာတောင် ရည်းစားချင်း ပြိုင်တဲ့အထိ Comparison ဆိုတဲ့ အကျင့်ဆိုးကြီးက အထုံလိုကို ပါလာနေတာပါ။ လူ့ဘဝရဲ့ ဖြစ်စဉ်တစ်လျှောက်လုံးဟာ နှိုင်းယှဉ်မှုတွေက ကြီးစိုးနေတယ်တောင် ပြောရမလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ် ၊ စိတ်ချမ်းသာအောင် ထားချင်တယ်ဆိုရင် ဘယ်သူနဲ့မှ သွားပြီး မနှိုင်းယှဉ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို ရှာပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင် ချမ်းသာမှုအစစ်နောက် လိုက်ပါ။ ကိုယ့်တယ် ပျော်တဲ့ဘဝမှာ နေထိုင်ပါ။

(၂) ပျော်ရွှင်မှုကို ပြင်ပမှာ လိုက်ရှာမနေနဲ့

တစ်ခါတုန်းက ငါ့မှာ ဘာရှိတုန်းက / ဘယ်ရောက်တုန်းက / ဘာလုပ်တုန်းက ပျော်လိုက်ရတာလို့ ပြောဖူးတယ်မဟုတ်လား။ ဒီစကားကို ပြန်ကြည့်ရင် ကိုယ့်ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာ မရှိတဲ့ တခြားတစ်ခုခုဆီကနေ စီးဝင်လာတယ်ဆိုတာကို သိသိသာသာ မြင်သာကြမှာပါ။ လစာကောင်းတဲ့အလုပ် ရလို့ ပျော်ဖူးတာ ၊ တန်ဖိုးကြီး ပစ္စည်း သုံးနိုင်လို့ ပျော်ခဲ့တာ စတဲ့ စတဲ့ အမျိုးမျိုးသော ပျော်ရွှင်ခြင်းအရင်းအမြစ်တွေကို လေ့လာကြည့်ရင် ကိုယ့်ဆီက လာတာ မဟုတ်မှန်း သိနိုင်လောက်ပါတယ်။

 

ဒီလိုနည်းတွေနဲ့ ပျော်ခဲ့တဲ့ အပျော်တွေဆိုတာ တကယ်ပဲ ပျော်စရာကောင်းရဲ့လား။ ပျော်အောင်လုပ်ဖို့ ပေးလိုက်ရတဲ့ အရင်းအနှီးက ဘယ်လောက်တောင် ရှိခဲ့ပြီလဲ။ တကယ်တမ်း ချမ်းမြေ့ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ ပြင်ပအရာတွေပေါ် မှီခိုမနေပါဘူး။ ကြည်လင်ရွှင်လန်းနေတဲ့ စိတ်အခံနဲ့ နေသူအဖို့ မြင်သမျှဟာ ကြည်နူးစရာ စိတ်ချမ်းသာစရာအဖြစ် တွေ့မြင်ခံစားနိုင်မှာပါ။
တကယ်လို့ ကိုယ့်စိတ်ထဲမှာ ကိုယ့်မှာ မရှိခဲ့တာ ဖြစ်ဖြစ် ရှိခဲ့တာကိုပဲ ဖြစ်ဖြစ် အာရုံပြုပြီး နေတာနဲ့ အချိန်ကုန်သလား ပြန်မေးကြည့်ပါ။ ဒါမှမဟုတ် တခြားသူမှာ ရှိနေတာကို ပိုအာရုံပြုဖြစ်သလား ပြန်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားဖို့ဆိုရင် ကိုယ့်မှာ ရှိသရွေ့နဲ့ ကျေနပ်ရောင့်ရဲနိုင်တဲ့ စိတ်ထားတတ်ဖို့ မရှိမဖြစ် လိုပါတယ်။ ကိုယ့်မှာ မရှိတာတွေပေါ် လိုအပ်တာတွေပေါ်ပဲ Focus ထားလွန်းရင် ဘယ်လိုလုပ် စိတ်ချမ်းသာပါ့မလဲ။

(၃) ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေကောင်းတစ်ယောက်လို ပြန်ဆက်ဆံပါ

ကျွန်တော်တို့တွေကပဲ ကိုယ့်ကိုယ်ကိုယ် အကြီးဆုံးဝေဖန်လေကန်တဲ့သူတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့နဲ့ နေ့တိုင်း စကားအများဆုံး ပြောဖြစ်တဲ့သူဟာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွင်းစိတ်နဲ့ တည့်အောင်ပေါင်းပါ။ သူဟာ အနီးကပ်ဆုံး မိတ်ဆွေဖြစ်ပါတယ်။ မပေါင်းတတ်သူတို့အဖို့ ရန်သူလည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် Good Friend တစ်ယောက်လို သဘောထားဖို့ဟာ Self-Love လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့အရေးမှာ ထိပ်ဆုံးက ထားပြောရမယ့် အရေးတကာ့ အရေးအကြီးဆုံး အချက်ပါပဲ။
အခုပြောခဲ့တဲ့ အချက် ၃ ချက်ကို ကိုယ့်နေ့စဉ်ဘဝလမ်းညွှန်လိုမျိုး ပုံမှန်လိုက်နာ လုပ်ဆောင်ပေးသွားရင် ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တဲ့သူတစ်ယောက် ဖြစ်လာမှာ မလွဲပါဘူး။

 

 

zawgyi

လူ႔အဖြဲ႕အစည္းက အေကာင္းဆုံးလို႔ သတ္မွတ္ထားတဲ့အရာေတြေနာက္ လိုက္ရင္းနဲ႔ လူေတြဟာ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားတဲ့စိတ္နဲ႔ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ရေကာင္းမွန္း သိတဲ့စိတ္ေတြ နည္းလာတယ္လို႔ ေျပာၾကပါတယ္။ သင္ကိုယ္တိုင္ သင့္ရဲ႕ အႀကီးဆုံးပရိသတ္ ျဖစ္ဖို႔ဆိုတာ ထင္သေလာက္မလြယ္ပါဘူး။ လူေတြဟာ ကိုယ့္ကို တကယ္သာ ခ်စ္ရင္ ကိုယ့္ကို ဒုကၡေရာက္ေစမယ့္အလုပ္ေတြ လုပ္ျဖစ္မွာ မဟုတ္ပါဘူး။
Self-Love ဆိုတာ ဒီဘက္ေခတ္မွာ ပိုလို႔ေတာင္ အေရးႀကီးလာပါၿပီ။ ကိုယ္သာလွ်င္ ကိုယ့္ကို အခ်စ္ဆုံး ၊ ကိုယ့္အက်ိဳးအလိုလားဆုံး နဲ႔ ကိုယ့္မိတ္ေဆြအစစ္ဆုံး ျဖစ္ဖို႔ ဆိုတာ ေန႔ခ်င္းညခ်င္းေတာ့ ျဖစ္လာႏိုင္တဲ့ ကိစၥမဟုတ္ပါဘူး။ ေန႔တိုင္း ပုံမွန္အက်င့္တစ္ခုလိုမ်ိဳး Self-Love ကို ပံ့ပိုးေပးတဲ့ အလုပ္ေလးေတြ လုပ္ေပးဖို႔ လိုမွာပါ။ ကိုယ့္ကိုယ္ကိုယ္ တကယ္ခ်စ္တယ္ဆိုတဲ့စိတ္ကို အေလ့အက်င့္လုပ္ႏိုင္မယ့္ အ႐ိုးရွင္းဆုံး နည္းလမ္း ၃ မ်ိဳးအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

(၁) ဘယ္သူနဲ႔မွ ကိုယ့္ကိုယ္ကိုယ္ မႏႈိင္းယွဥ္လိုက္ပါနဲ႔

 

ကိုယ့္ကိုယ္ကိုယ္ တကယ္အသိအမွတ္ျပဳဖို႔အတြက္ အေရးအႀကီးဆုံးအပိုင္းတစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ ကိုယ့္ကိုယ္ကိုယ္ တျခားသူေတြနဲ႔ တန္းသြားညႇိတာမ်ိဳး မလုပ္ဖို႔ပါ။ ကြၽန္ေတာ္တို႔တေတြဟာ လူမွန္းသိစအ႐ြယ္ကတည္းက ႏႈိင္းယွဥ္တဲ့စိတ္နဲ႔ ေနထိုင္လာတာပါ။ ေက်ာင္းတက္ရင္း ေက်ာင္းေနဘက္ေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏႈိင္းယွဥ္တယ္ ဒါမွမဟုတ္ မိဘက လိုက္ၿပီး Compare လုပ္တယ္။
ယုတ္စြအဆုံး ရည္းစားရတာေတာင္ ရည္းစားခ်င္း ၿပိဳင္တဲ့အထိ Comparison ဆိုတဲ့ အက်င့္ဆိုးႀကီးက အထုံလိုကို ပါလာေနတာပါ။ လူ႔ဘဝရဲ႕ ျဖစ္စဥ္တစ္ေလွ်ာက္လုံးဟာ ႏႈိင္းယွဥ္မႈေတြက ႀကီးစိုးေနတယ္ေတာင္ ေျပာရမလိုပါပဲ။ ကိုယ့္ကိုယ္ကိုယ္ တကယ္ခ်စ္တယ္ ၊ စိတ္ခ်မ္းသာေအာင္ ထားခ်င္တယ္ဆိုရင္ ဘယ္သူနဲ႔မွ သြားၿပီး မႏႈိင္းယွဥ္လိုက္ပါနဲ႔။ ကိုယ့္ရဲ႕ ကိုယ္ပိုင္တန္ဖိုးကို ရွာပါ။ ကိုယ့္ရဲ႕ ကိုယ္ပိုင္ ခ်မ္းသာမႈအစစ္ေနာက္ လိုက္ပါ။ ကိုယ့္တယ္ ေပ်ာ္တဲ့ဘဝမွာ ေနထိုင္ပါ။

(၂) ေပ်ာ္႐ႊင္မႈကို ျပင္ပမွာ လိုက္ရွာမေနနဲ႔

 

တစ္ခါတုန္းက ငါ့မွာ ဘာရွိတုန္းက / ဘယ္ေရာက္တုန္းက / ဘာလုပ္တုန္းက ေပ်ာ္လိုက္ရတာလို႔ ေျပာဖူးတယ္မဟုတ္လား။ ဒီစကားကို ျပန္ၾကည့္ရင္ ကိုယ့္ေပ်ာ္႐ႊင္မႈဆိုတာ ကိုယ့္မွာ မရွိတဲ့ တျခားတစ္ခုခုဆီကေန စီးဝင္လာတယ္ဆိုတာကို သိသိသာသာ ျမင္သာၾကမွာပါ။ လစာေကာင္းတဲ့အလုပ္ ရလို႔ ေပ်ာ္ဖူးတာ ၊ တန္ဖိုးႀကီး ပစၥည္း သုံးႏိုင္လို႔ ေပ်ာ္ခဲ့တာ စတဲ့ စတဲ့ အမ်ိဳးမ်ိဳးေသာ ေပ်ာ္႐ႊင္ျခင္းအရင္းအျမစ္ေတြကို ေလ့လာၾကည့္ရင္ ကိုယ့္ဆီက လာတာ မဟုတ္မွန္း သိႏိုင္ေလာက္ပါတယ္။

 

ဒီလိုနည္းေတြနဲ႔ ေပ်ာ္ခဲ့တဲ့ အေပ်ာ္ေတြဆိုတာ တကယ္ပဲ ေပ်ာ္စရာေကာင္းရဲ႕လား။ ေပ်ာ္ေအာင္လုပ္ဖို႔ ေပးလိုက္ရတဲ့ အရင္းအႏွီးက ဘယ္ေလာက္ေတာင္ ရွိခဲ့ၿပီလဲ။ တကယ္တမ္း ခ်မ္းေျမ့ေပ်ာ္႐ႊင္မႈ အစစ္အမွန္ဆိုတာ ျပင္ပအရာေတြေပၚ မွီခိုမေနပါဘူး။ ၾကည္လင္႐ႊင္လန္းေနတဲ့ စိတ္အခံနဲ႔ ေနသူအဖို႔ ျမင္သမွ်ဟာ ၾကည္ႏူးစရာ စိတ္ခ်မ္းသာစရာအျဖစ္ ေတြ႕ျမင္ခံစားႏိုင္မွာပါ။
တကယ္လို႔ ကိုယ့္စိတ္ထဲမွာ ကိုယ့္မွာ မရွိခဲ့တာ ျဖစ္ျဖစ္ ရွိခဲ့တာကိုပဲ ျဖစ္ျဖစ္ အာ႐ုံျပဳၿပီး ေနတာနဲ႔ အခ်ိန္ကုန္သလား ျပန္ေမးၾကည့္ပါ။ ဒါမွမဟုတ္ တျခားသူမွာ ရွိေနတာကို ပိုအာ႐ုံျပဳျဖစ္သလား ျပန္ၾကည့္ပါ။ ကိုယ့္ကိုယ္ကိုယ္ စိတ္ခ်မ္းသာေအာင္ ထားဖို႔ဆိုရင္ ကိုယ့္မွာ ရွိသေ႐ြ႕နဲ႔ ေက်နပ္ေရာင့္ရဲႏိုင္တဲ့ စိတ္ထားတတ္ဖို႔ မရွိမျဖစ္ လိုပါတယ္။ ကိုယ့္မွာ မရွိတာေတြေပၚ လိုအပ္တာေတြေပၚပဲ Focus ထားလြန္းရင္ ဘယ္လိုလုပ္ စိတ္ခ်မ္းသာပါ့မလဲ။

(၃) ကိုယ့္ကိုယ္ကိုယ္ မိတ္ေဆြေကာင္းတစ္ေယာက္လို ျပန္ဆက္ဆံပါ

 

ကြၽန္ေတာ္တို႔ေတြကပဲ ကိုယ့္ကိုယ္ကိုယ္ အႀကီးဆုံးေဝဖန္ေလကန္တဲ့သူေတြ ျဖစ္ၾကပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ ေန႔တိုင္း စကားအမ်ားဆုံး ေျပာျဖစ္တဲ့သူဟာ ကြၽန္ေတာ္တို႔ရဲ႕ အတြင္းစိတ္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြင္းစိတ္နဲ႔ တည့္ေအာင္ေပါင္းပါ။ သူဟာ အနီးကပ္ဆုံး မိတ္ေဆြျဖစ္ပါတယ္။ မေပါင္းတတ္သူတို႔အဖို႔ ရန္သူလည္း ျဖစ္သြားႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ Good Friend တစ္ေယာက္လို သေဘာထားဖို႔ဟာ Self-Love လို႔ ေခၚတဲ့ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ဖို႔အေရးမွာ ထိပ္ဆုံးက ထားေျပာရမယ့္ အေရးတကာ့ အေရးအႀကီးဆုံး အခ်က္ပါပဲ။
အခုေျပာခဲ့တဲ့ အခ်က္ ၃ ခ်က္ကို ကိုယ့္ေန႔စဥ္ဘဝလမ္းၫႊန္လိုမ်ိဳး ပုံမွန္လိုက္နာ လုပ္ေဆာင္ေပးသြားရင္ ကိုယ့္ကိုယ္ကိုယ္တကယ္ခ်စ္တဲ့သူတစ္ေယာက္ ျဖစ္လာမွာ မလြဲပါဘူး။

 

Leave a Reply

Your email address will not be published.