Sun. May 22nd, 2022

စွန့်ဦးတီထွင်သူတွေအတွက် ဂျက်မားရဲ့ အကြံပြုချက် (၄) ချက်

နည်းပညာအကြောင်း ကောင်းကောင်းမသိခဲ့ပေမယ့် ကမ္ဘာအကြီးဆုံး အွန်လိုင်း E-Commerce လုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba ကို တည်ထောင်ခဲ့သူ ဂျက်မားကို စွန့်ဦးတီထွင်သူ နယ်ပယ်မှာ လူသိများပါတယ်။ ဂျက်မားဟာ လူတွေ့မေးမြန်းခန်းတွေမှာ Startup သမားလူငယ်တွေကို အောင်မြင်ရေး နည်းဗျူဟာတွေ အကြံပြုလေ့ရှိပါတယ်။

အခုပြောမယ့် သူ့ရဲ့ အိုင်ဒီယာ ၄ ခုကလည်း စွန့်ဦးတီထွင်သူတွေကို ပေးတဲ့ သူ့ရဲ့ အကြံဉာဏ်တွေထဲက တစ်ချို့ဖြစ်ပါတယ်။

(၁) ရှေ့ကို ကြိုမြင်အောင် လုပ်ထားပါ

 

လုပ်ငန်းသစ်စတင်ခါစမှာ ကြောက်စရာကောင်းတဲ့ အချက်တွေကတော့ ဖြစ်လာမယ့်အရာကို ကြိုပြီး မမြင်နိုင်တာပဲ လို့ ဂျက်မားက ပြောပါတယ်။ လုပ်ငန်းလည်ပတ်လာပြီး အောင်မြင်လာပြီဆိုတာနဲ့ အောက်ခြေလွတ်လာမယ်ဆိုရင် လုပ်ငန်းရဲ့ အနေအထားကို နားလည်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါကို ကြိုမြင်နေရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုပ်ငန်းတစ်ခုမှာ လူမှန်နေရာမှန် နေရာမချတတ်တာကလည်း စွန့်ဦးလုပ်ငန်းတစ်ခုကို လမ်းကြောင်းလွဲစေမယ့် အချက်ဖြစ်သွားနိုင်ပါတယ်။

(၂) အခြေအနေမှန်ကို သိဖို့ ကြိုးစားပါ

 

လုပ်ငန်းတစ်ခုမှာ ကိုယ့် ပြိုင်ဘက်ရောက်နေတဲ့ နေရာကို မသိရင် ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေပြီး သင့်ပြိုင်ဘက်ကို အထင်အမြင်သေးနေရင် ဒါမှမဟုတ် သင့်ပြိုင်ဘက်က သင့်ကို ဘယ်လောက်ထိ တကယ်ခြိမ်းခြောက်လာနိုင်မယ်ဆိုတာကို နားလည်သဘောပေါက်နိုင်စွမ်း မရှိဘူးဆိုရင် ဒီလုပ်ငန်းဟာ အရှုံးဘက်ကို တစ်လှမ်းချင်း လှမ်းသွားနေတယ်လို့ ဆိုရမှာပါ။

ဂျက်မားကတော့ အခုလိုပြောပါတယ်။ “အခုပြောမယ့် အသုံးအနှုံးထဲက “သူလိုလူတွေ” မဖြစ်ပါစေနဲ့။ ပထမ သူတို့က မင်းကို လျစ်လျှူရှုတယ်။ နောက် သူတို့ မင်းကို လှောင်ပြောင်ရယ်မောတယ်။ နောက်တော့ သူတို့ မင်းကို တိုက်ခိုက်တယ်။ အဲဒီနောက် မင်း နိုင်သွားတယ်။”

(၃) ပြိုင်ဘက်ကို လေးစားမှုပေးပါ

 

ကိုယ့်ပြိုင်ဘက်ဟာ အားနည်းနေတုန်း ၊ ကိုယ့်ကို ခြိမ်းခြောက်ဖို့ အခြေအနေမရှိသေးဘူး ဆိုရင်တောင်မှ ပြိုင်ဘက်ပေါ် အလေးအနက်ထားရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြိုင်ဘက်ဟာ ကိုယ့်ထက် သိပ်ပြီး အင်အားကြီးလွန်းနေတယ်ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကို လူပျော့လူညံ့တစ်ယောက်လို့ ဘယ်တော့မှ မမှတ်ယူသင့်ဘူး။

(၄) အများနဲ့မတူတဲ့ နည်းလမ်းကို မြင်ကြည့်ပါ

 

စွန့်ဦးတီထွင်လုပ်ငန်းသဘောဟာ မနက် ၉ ညနေ ၅ ဆိုတဲ့ ပုံသေ နာရီအတွင်းမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ ကွဲပြားတဲ့ အိုင်ဒီယာကို အကောင်အထည်ဖော်မယ်ဆိုရင် သူလိုကိုယ်လို လူတွေကနေ ကွဲထွက်လာမှာ ဖြစ်ပါတယ်။ ဂျက်မားရဲ့အဆိုအရ လူတစ်ရာမှာ ၉၀ ကျော် သဘောတူတဲ့ အဆိုပြုချက်ကို ငြင်းပါလို့ ဆိုပါတယ်။ သူ့သဘောအရ လူတိုင်းတွေးနေရင် အခွင့်အလမ်းနည်းမှာ သေချာတယ်လို့ ဆိုပါတယ်။

 

zawgyi

 

စြန႔္ဦးတီထြင္သူေတြအတြက္ ဂ်က္မားရဲ႕ အႀကံျပဳခ်က္ (၄) ခ်က္

နည္းပညာအေၾကာင္း ေကာင္းေကာင္းမသိခဲ့ေပမယ့္ ကမာၻအႀကီးဆုံး အြန္လိုင္း E-Commerce လုပ္ငန္းစုႀကီး ျဖစ္တဲ့ Alibaba ကို တည္ေထာင္ခဲ့သူ ဂ်က္မားကို စြန႔္ဦးတီထြင္သူ နယ္ပယ္မွာ လူသိမ်ားပါတယ္။ ဂ်က္မားဟာ လူေတြ႕ေမးျမန္းခန္းေတြမွာ Startup သမားလူငယ္ေတြကို ေအာင္ျမင္ေရး နည္းဗ်ဴဟာေတြ အႀကံျပဳေလ့ရွိပါတယ္။

အခုေျပာမယ့္ သူ႔ရဲ႕ အိုင္ဒီယာ ၄ ခုကလည္း စြန႔္ဦးတီထြင္သူေတြကို ေပးတဲ့ သူ႔ရဲ႕ အႀကံဉာဏ္ေတြထဲက တစ္ခ်ိဳ႕ျဖစ္ပါတယ္။

(၁) ေရွ႕ကို ႀကိဳျမင္ေအာင္ လုပ္ထားပါ

 

 

လုပ္ငန္းသစ္စတင္ခါစမွာ ေၾကာက္စရာေကာင္းတဲ့ အခ်က္ေတြကေတာ့ ျဖစ္လာမယ့္အရာကို ႀကိဳၿပီး မျမင္ႏိုင္တာပဲ လို႔ ဂ်က္မားက ေျပာပါတယ္။ လုပ္ငန္းလည္ပတ္လာၿပီး ေအာင္ျမင္လာၿပီဆိုတာနဲ႔ ေအာက္ေျခလြတ္လာမယ္ဆိုရင္ လုပ္ငန္းရဲ႕ အေနအထားကို နားလည္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

ဒါကို ႀကိဳျမင္ေနရမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လုပ္ငန္းတစ္ခုမွာ လူမွန္ေနရာမွန္ ေနရာမခ်တတ္တာကလည္း စြန႔္ဦးလုပ္ငန္းတစ္ခုကို လမ္းေၾကာင္းလြဲေစမယ့္ အခ်က္ျဖစ္သြားႏိုင္ပါတယ္။

(၂) အေျခအေနမွန္ကို သိဖို႔ ႀကိဳးစားပါ

 

 

လုပ္ငန္းတစ္ခုမွာ ကိုယ့္ ၿပိဳင္ဘက္ေရာက္ေနတဲ့ ေနရာကို မသိရင္ ဒါမွမဟုတ္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ လြန္ကဲေနၿပီး သင့္ၿပိဳင္ဘက္ကို အထင္အျမင္ေသးေနရင္ ဒါမွမဟုတ္ သင့္ၿပိဳင္ဘက္က သင့္ကို ဘယ္ေလာက္ထိ တကယ္ၿခိမ္းေျခာက္လာႏိုင္မယ္ဆိုတာကို နားလည္သေဘာေပါက္ႏိုင္စြမ္း မရွိဘူးဆိုရင္ ဒီလုပ္ငန္းဟာ အရႈံးဘက္ကို တစ္လွမ္းခ်င္း လွမ္းသြားေနတယ္လို႔ ဆိုရမွာပါ။

ဂ်က္မားကေတာ့ အခုလိုေျပာပါတယ္။ “အခုေျပာမယ့္ အသုံးအႏႈံးထဲက “သူလိုလူေတြ” မျဖစ္ပါေစနဲ႔။ ပထမ သူတို႔က မင္းကို လ်စ္လွ်ဴရႈတယ္။ ေနာက္ သူတို႔ မင္းကို ေလွာင္ေျပာင္ရယ္ေမာတယ္။ ေနာက္ေတာ့ သူတို႔ မင္းကို တိုက္ခိုက္တယ္။ အဲဒီေနာက္ မင္း ႏိုင္သြားတယ္။”

(၃) ၿပိဳင္ဘက္ကို ေလးစားမႈေပးပါ

 

 

ကိုယ့္ၿပိဳင္ဘက္ဟာ အားနည္းေနတုန္း ၊ ကိုယ့္ကို ၿခိမ္းေျခာက္ဖို႔ အေျခအေနမရွိေသးဘူး ဆိုရင္ေတာင္မွ ၿပိဳင္ဘက္ေပၚ အေလးအနက္ထားရမွာ ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ၿပိဳင္ဘက္ဟာ ကိုယ့္ထက္ သိပ္ၿပီး အင္အားႀကီးလြန္းေနတယ္ဆိုရင္ေတာင္မွ ကိုယ့္ကိုယ္ကို လူေပ်ာ့လူညံ့တစ္ေယာက္လို႔ ဘယ္ေတာ့မွ မမွတ္ယူသင့္ဘူး။

(၄) အမ်ားနဲ႔မတူတဲ့ နည္းလမ္းကို ျမင္ၾကည့္ပါ

 

 

စြန႔္ဦးတီထြင္လုပ္ငန္းသေဘာဟာ မနက္ ၉ ညေန ၅ ဆိုတဲ့ ပုံေသ နာရီအတြင္းမွာပဲ ရွိေနတာ မဟုတ္ပါဘူး။ လူတိုင္းနဲ႔ ကြဲျပားတဲ့ အိုင္ဒီယာကို အေကာင္အထည္ေဖာ္မယ္ဆိုရင္ သူလိုကိုယ္လို လူေတြကေန ကြဲထြက္လာမွာ ျဖစ္ပါတယ္။ ဂ်က္မားရဲ႕အဆိုအရ လူတစ္ရာမွာ ၉၀ ေက်ာ္ သေဘာတူတဲ့ အဆိုျပဳခ်က္ကို ျငင္းပါလို႔ ဆိုပါတယ္။ သူ႔သေဘာအရ လူတိုင္းေတြးေနရင္ အခြင့္အလမ္းနည္းမွာ ေသခ်ာတယ္လို႔ ဆိုပါတယ္။

 

 

Leave a Reply

Your email address will not be published.