Mon. Jun 5th, 2023

ပျော်ရွှင်ခြင်းကို လူတိုင်း မက်မောကြမှာပါ။ ဘဝမှာ ကျွန်တော်တို့ လုပ်နေသမျှ လုပ်ရပ်တွေအားလုံးနီးပါးဟာ ပျော်ရွှင်မှုကို ရယူခံစားဖို့ဆိုတဲ့ ရည်ရွယ်ချက်က အဓိက ပါဝင်နေလို့ပါပဲ။ အလုပ်တွေ ကြိုးစား ၊ ငွေတွေအများကြီးရှာ ၊ အိမ်ကောင်းကောင်းဝယ် ၊ အဝတ်အစားကောင်းကောင်း ဝတ် ၊ အမိုက်စားဆိုတဲ့ အသုံးအဆောင်တွေ ထည်လဲသုံး ..။ ဒါတွေဟာ ကိုယ့်စိတ်ကို ပျော်စေမှာပဲဆိုတဲ့ ယူဆမှုနဲ့ အခုလို လုပ်နေကြတာပါ။

ပျော်ရွှင်မှုအတွက် ကုန်ကျလိုက်တဲ့ ပိုက်ဆံ နဲ့ ပေးလိုက်ရတဲ့အချိန် ၊ ရင်းလိုက်ရတဲ့ အရင်းအနှီးတွေ ပြန်တွက်ကြည့်ရင် မနည်းမနောများပြားလှပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ ပျော်နိုင်မယ်ထင်တဲ့အတွက် ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ ဆက်လုပ်နေရတုန်းပါပဲ။ ဒီဆောင်းပါးမှာတော့ ပိုက်ဆံမကုန်ဘဲ ပျော်ရွှင်တတ်သူ ဖြစ်အောင် ပြောင်းလဲပေးမယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) သင့်စိတ်သဘောထားကို ပြောင်းလဲပါ

သင့်စိတ်ထဲမှာ မပျော်ရွှင်ဘူး ၊ ဝမ်းနည်းရတယ်ဆိုတဲ့ အတွေးတွေပဲ သိမ်းပိုက်ထားရင် ပျော်ရွှင်ခြင်းဟာ သင့်စိတ်ထဲ ဘယ်လိုလုပ် ဝင်လာပါ့မလဲ။ လူတစ်ယောက်ကို ပျော်တယ်/ဝမ်းနည်းတယ် ဆိုပြီး ခံစားရအောင် သတ်မှတ်လိုက်တာ အပြင်လူတွေလုပ်တာ မဟုတ်ပါဘူး။ သင့်ရဲ့စိတ်သဘောထားကပဲ အဆုံးအဖြတ်ပြုတာပါ။ အဆိုးမြင်တဲ့အတွေးတွေ ၊ သောကဖြစ်စရာတွေပဲ စိတ်ထဲမှာ လုံးထွေးနေသူအဖို့ ပျော်နိုင်ဖို့ ခက်ပါတယ်။ ပျော်ချင်ရင် စိတ်ထဲ မှောင်မိုက်တဲ့အတွေးတွေ ဝင်လာတိုင်း အကောင်းမြင်မှုတွေ ၊ ပျော်စရာတွေနဲ့ အစားထိုးပြောင်းလဲတတ်အောင် ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) တရားထိုင်ကြည့်ပါ

တရားထိုင်ရင် စိတ်ငြိမ်မယ် ၊ အတွေးတွေကို ထိန်းချုပ်နိုင်မယ်ဆိုတာ အတော်များများ သိကြမှာပါ။ တရားထိုင်ခြင်းက ရလာမယ့် အကျိုးကျေးဇူးတွေက စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သိပ်ကို အရေးကြီးပါတယ်။ အကျိုးလည်း များပါတယ်။ တရားထိုင်တယ်ဆိုတာ အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုကို တစ်ကိုယ်လုံးမှာ ထုံမွှမ်းနေတာ ဖြစ်ပါတယ်။ငြိမ်းချမ်းသူဟာ ပျော်ရွှင်နေတဲ့သူပါပဲ။ ပျော်ရွှင်ခြင်းဆိုတာ အတွေးတွေနဲ့ အနှောင့်အယှက်ခံမနေရတဲ့အချိန်မှာ ပေါ်ပေါက်တတ်ပါတယ်။ အတွေးတွေကို သိသိနေရင်းနဲ့ ကိုယ့်စိတ်ကို အကဲခတ်နေသူဟာ ငြိမ်းတဲ့စိတ်နဲ့ ပျော်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

(၃) စိတ်ကို တိုက်တွန်းလှုံ့ဆော်ပေးပါ

အပေါ်ဆုံးအချက်မှာ ပြောခဲ့တာနဲ့ ဆင်ပါတယ်။ မတူတာက စိတ်ထဲမှာ ဝမ်းနည်းစရာ ၊ မပျော်နိုင်စရာတွေ ခံစားလာတဲ့အခါ ကိုယ့်စိတ်ကို ပြောင်းလဲပေးမယ့် အကောင်းမြင်စေတဲ့ စကားလေးတွေကို ဂါထာလို ရွတ်ပေးတာပါပဲ။ ဒါဟာ စိတ်ကို Reprogram ပြန်ဆွဲတာနဲ့ တူပါတယ်။ ဥပမာ- ကိုယ့်ကိုယ်ကိုယ် ငါဟာ အမြဲပျော်ရွှင် ရောင့်ရဲတတ်တယ်။ တစ်နေ့ထက်တစ်နေ့ ငါဟာ ပိုပြီး ပျော်ရွှင်လာနေတယ်။ ငါလုပ်သမျှကို ကျေနပ်နေတယ်။ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပေးတာမျိုး ဖြစ်ပါတယ်။

(၄) ချစ်ခင်ကြင်နာမှုတွေ မျှဝေပါ

ပျော်ချင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို ပျော်အောင် ထားကြည့်ပါ။ ချစ်ခြင်းမေတ္တာတို့ ကြင်နာမှုတို့ဆိုတာ လူတွေကို နှစ်သိမ့်ပျော်ရွှင်စေတဲ့အရာတွေ ဖြစ်ပါတယ်။ သင်က စပြီး တခြားသူတွေဆီ မေတ္တာမျှဝေတဲ့အခါ သင့်ကို လူတွေက မေတ္တာရှိလာမှာပါပဲ။ ဒီမေတ္တာဟာ အပြစ်ကင်းတဲ့ရယ်သံတွေရဲ့ လာရာဖြစ်သလို ပျော်ရွှင်မှုတွေကို ဆောင်ယူပေးမယ့် လေပြေညင်းလည်း ဖြစ်ပါတယ်။

 

 

zawgyi

ေပ်ာ္႐ႊင္ျခင္းကို လူတိုင္း မက္ေမာၾကမွာပါ။ ဘဝမွာ ကြၽန္ေတာ္တို႔ လုပ္ေနသမွ် လုပ္ရပ္ေတြအားလုံးနီးပါးဟာ ေပ်ာ္႐ႊင္မႈကို ရယူခံစားဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္က အဓိက ပါဝင္ေနလို႔ပါပဲ။ အလုပ္ေတြ ႀကိဳးစား ၊ ေငြေတြအမ်ားႀကီးရွာ ၊ အိမ္ေကာင္းေကာင္းဝယ္ ၊ အဝတ္အစားေကာင္းေကာင္း ဝတ္ ၊ အမိုက္စားဆိုတဲ့ အသုံးအေဆာင္ေတြ ထည္လဲသုံး ..။ ဒါေတြဟာ ကိုယ့္စိတ္ကို ေပ်ာ္ေစမွာပဲဆိုတဲ့ ယူဆမႈနဲ႔ အခုလို လုပ္ေနၾကတာပါ။

ေပ်ာ္႐ႊင္မႈအတြက္ ကုန္က်လိုက္တဲ့ ပိုက္ဆံ နဲ႔ ေပးလိုက္ရတဲ့အခ်ိန္ ၊ ရင္းလိုက္ရတဲ့ အရင္းအႏွီးေတြ ျပန္တြက္ၾကည့္ရင္ မနည္းမေနာမ်ားျပားလွပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ဟာ ေပ်ာ္ႏိုင္မယ္ထင္တဲ့အတြက္ ကိုယ္မလုပ္ခ်င္တဲ့အလုပ္ေတြ ဆက္လုပ္ေနရတုန္းပါပဲ။ ဒီေဆာင္းပါးမွာေတာ့ ပိုက္ဆံမကုန္ဘဲ ေပ်ာ္႐ႊင္တတ္သူ ျဖစ္ေအာင္ ေျပာင္းလဲေပးမယ့္ နည္းလမ္းေလးေတြ မွ်ေဝေပးခ်င္ပါတယ္။

(၁) သင့္စိတ္သေဘာထားကို ေျပာင္းလဲပါ

 

သင့္စိတ္ထဲမွာ မေပ်ာ္႐ႊင္ဘူး ၊ ဝမ္းနည္းရတယ္ဆိုတဲ့ အေတြးေတြပဲ သိမ္းပိုက္ထားရင္ ေပ်ာ္႐ႊင္ျခင္းဟာ သင့္စိတ္ထဲ ဘယ္လိုလုပ္ ဝင္လာပါ့မလဲ။ လူတစ္ေယာက္ကို ေပ်ာ္တယ္/ဝမ္းနည္းတယ္ ဆိုၿပီး ခံစားရေအာင္ သတ္မွတ္လိုက္တာ အျပင္လူေတြလုပ္တာ မဟုတ္ပါဘူး။ သင့္ရဲ႕စိတ္သေဘာထားကပဲ အဆုံးအျဖတ္ျပဳတာပါ။ အဆိုးျမင္တဲ့အေတြးေတြ ၊ ေသာကျဖစ္စရာေတြပဲ စိတ္ထဲမွာ လုံးေထြးေနသူအဖို႔ ေပ်ာ္ႏိုင္ဖို႔ ခက္ပါတယ္။ ေပ်ာ္ခ်င္ရင္ စိတ္ထဲ ေမွာင္မိုက္တဲ့အေတြးေတြ ဝင္လာတိုင္း အေကာင္းျမင္မႈေတြ ၊ ေပ်ာ္စရာေတြနဲ႔ အစားထိုးေျပာင္းလဲတတ္ေအာင္ ႀကိဳးစားၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၂) တရားထိုင္ၾကည့္ပါ

 

တရားထိုင္ရင္ စိတ္ၿငိမ္မယ္ ၊ အေတြးေတြကို ထိန္းခ်ဳပ္ႏိုင္မယ္ဆိုတာ အေတာ္မ်ားမ်ား သိၾကမွာပါ။ တရားထိုင္ျခင္းက ရလာမယ့္ အက်ိဳးေက်းဇူးေတြက စိတ္ပိုင္း ႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးေရးအတြက္ သိပ္ကို အေရးႀကီးပါတယ္။ အက်ိဳးလည္း မ်ားပါတယ္။ တရားထိုင္တယ္ဆိုတာ အတြင္းစိတ္ရဲ႕ ၿငိမ္းခ်မ္းမႈကို တစ္ကိုယ္လုံးမွာ ထုံမႊမ္းေနတာ ျဖစ္ပါတယ္။ၿငိမ္းခ်မ္းသူဟာ ေပ်ာ္႐ႊင္ေနတဲ့သူပါပဲ။ ေပ်ာ္႐ႊင္ျခင္းဆိုတာ အေတြးေတြနဲ႔ အေႏွာင့္အယွက္ခံမေနရတဲ့အခ်ိန္မွာ ေပၚေပါက္တတ္ပါတယ္။ အေတြးေတြကို သိသိေနရင္းနဲ႔ ကိုယ့္စိတ္ကို အကဲခတ္ေနသူဟာ ၿငိမ္းတဲ့စိတ္နဲ႔ ေပ်ာ္ေနသူတစ္ဦးပဲ ျဖစ္ပါတယ္။

(၃) စိတ္ကို တိုက္တြန္းလႈံ႕ေဆာ္ေပးပါ

 

အေပၚဆုံးအခ်က္မွာ ေျပာခဲ့တာနဲ႔ ဆင္ပါတယ္။ မတူတာက စိတ္ထဲမွာ ဝမ္းနည္းစရာ ၊ မေပ်ာ္ႏိုင္စရာေတြ ခံစားလာတဲ့အခါ ကိုယ့္စိတ္ကို ေျပာင္းလဲေပးမယ့္ အေကာင္းျမင္ေစတဲ့ စကားေလးေတြကို ဂါထာလို ႐ြတ္ေပးတာပါပဲ။ ဒါဟာ စိတ္ကို Reprogram ျပန္ဆြဲတာနဲ႔ တူပါတယ္။ ဥပမာ- ကိုယ့္ကိုယ္ကိုယ္ ငါဟာ အၿမဲေပ်ာ္႐ႊင္ ေရာင့္ရဲတတ္တယ္။ တစ္ေန႔ထက္တစ္ေန႔ ငါဟာ ပိုၿပီး ေပ်ာ္႐ႊင္လာေနတယ္။ ငါလုပ္သမွ်ကို ေက်နပ္ေနတယ္။ စသည္ျဖင့္ ကိုယ့္ကိုယ္ကိုယ္ ျပန္ေျပာေပးတာမ်ိဳး ျဖစ္ပါတယ္။

(၄) ခ်စ္ခင္ၾကင္နာမႈေတြ မွ်ေဝပါ

 

ေပ်ာ္ခ်င္ရင္ ကိုယ့္ပတ္ဝန္းက်င္ကို ေပ်ာ္ေအာင္ ထားၾကည့္ပါ။ ခ်စ္ျခင္းေမတၱာတို႔ ၾကင္နာမႈတို႔ဆိုတာ လူေတြကို ႏွစ္သိမ့္ေပ်ာ္႐ႊင္ေစတဲ့အရာေတြ ျဖစ္ပါတယ္။ သင္က စၿပီး တျခားသူေတြဆီ ေမတၱာမွ်ေဝတဲ့အခါ သင့္ကို လူေတြက ေမတၱာရွိလာမွာပါပဲ။ ဒီေမတၱာဟာ အျပစ္ကင္းတဲ့ရယ္သံေတြရဲ႕ လာရာျဖစ္သလို ေပ်ာ္႐ႊင္မႈေတြကို ေဆာင္ယူေပးမယ့္ ေလေျပညင္းလည္း ျဖစ္ပါတယ္။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *