Sun. May 22nd, 2022

ကျွန်တော်တို့နေ့တိုင်း လုပ်နေတဲ့ အလေ့အထလေးတွေက ကျွန်တော်တို့ရဲ့ အနာဂါတ်ကို ပုံဖော်နေတာပါ။ နေ့တိုင်း တိုးတက်မယ့် အကျင့်အကြံနဲ့အလေ့အထ လုပ်သူက တစ်ခြားသူတွေကို ကျော်ပြီး ထိပ်ဆုံးထိရောက်လာမှာပါ။

(၁) အပြုသဘောဆောင်တဲ့ စိတ်နဲ့တစ်နေ့တာစတင်ခြင်း

 

နေ့တစ်နေ့ရဲ့ အစဟာ အရေးကြီးဆုံး အချိန်အပိုင်းအခြားပါပဲ။ အိပ်ရာကနေ ထလိုက်တဲ့ အချိန်ကနေ စလို့ညဘက် အိပ်ရာဝင်တဲ့အချိန်အထိ ကောင်းတဲ့ စိတ်နဲ့နေထိုင်ခြင်းဟာ တစ်နေ့တာ ချမ်းသာခြင်းရပါတယ်။ Positive Mindset ကို တစ်ရက်ချင်း လေ့ကျင့်သွားသင့်ပါတယ်။

(၂) အသစ်အဆန်းတွေ လေ့လာပါ

 

ကျောင်းကနေ ဘွဲ့ရပြီးကတည်းက စာအုပ်တွေနဲ့ဝေးခဲ့တာဆိုရင် သင်ဟာ အောက်ဘက်ကို ဦးလှည့်နေပြီလို့သတိပြုပါ။ ပညာဆိုတာအမြဲတမ်း ရှာဖွေဖြည့်တင်းနေရတဲ့ အရာ ဖြစ်ပြီး မရောင့်ရဲတတ်ပါဘူး။ ဘာသာစကားအသစ်ပဲ လေ့လာလေ့လာ ၊ ပညာရပ်အသစ်ပဲ ထပ်ရှာရှာ ဦးနှောက်နဲ့နှလုံးသား ဝမ်းစာပြည့်အောင် ထက်မြက်အောင် ဖြည့်ထားသင့်ပါတယ် ။

(၃) လူမှူဆက်ဆံရေး ကောင်းလာအောင်လုပ်ပါ

 

ပျော်အောင်နေပါ။ လူတွေကို နှူတ်ဆက် ပြုံးပြပါ။ ကိုယ်တတ်နိုင်တာလေးတွေ ကူညီရင်း ကိုယ့်အနားမှာ မိတ်ဆွေတွေ များသထက် များအောင် လုပ်ပါ။ မိတ်ဆွေကောင်း ရှိသူဟာ စိတ်လည်း ချမ်းသာသလို ဘဝတက်လမ်းလည်း များပါတယ်။

မိသားစုဝင်တွေရှိရင်လည်း သူတို့ကို ဂရုစိုက်ပါ။ သူတို့အတွက် တံခါးဖွင့်ထားပြီး သူတို့ရင်ထဲက စကားတွေနားထောင်ပေးလိုက်ပါ။ ကြင်နာခြင်းဟာ နေရာတိုင်းအတွက် ကောင်းမွန်တဲ့ လက်ဆောင်ပစ္စည်းထုတ်လေးတွေပါပဲ။

(၄) ကျန်းမာရေးကောင်းဖို့ဂရုစိုက်ပါ

အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့နေသွားမယ်လို့အာရုံပြုပြီး နေ့တိုင်းမှာ ကျန်းမာရေးနဲ့ညီအောင် နေထိုင် စားသောက်ပါ။ အားကစားတစ်ခုခု ဥပမာ- လမ်းပဲ လျှောက်လျှောက် ၊ စက်ဘီးပဲစီးစီး ပုံမှန်လုပ်ပေးတာအပြင် ငယ်တုန်းရွယ်တုန်းမှာ Work Out ကစားတာ တစ်ခြား အဖွဲ့လိုက် ကိုယ်လက် လှူပ်ရှားရတဲ့ အားကစားနည်းမျိုး လုပ်တာဖြစ်ဖြစ် ကစားပေးသင့်ပါတယ်။

(၅) တစ်နေ့မှာ ၁၅ မိနစ် တိတ်ဆိတ်စွာနေပါ

 

 

ကိုယ့်အတွက်ကိုယ်လည်း အချိန်ပေးရတော့မှာပါ။ တစ်နေ့လုံး လှူပ်ရှားရုန်းကန်နေရသူဟာတစ်ရက်မှာ ကိုယ့်ကိုယ်ကို ပြန်တွေးတော သုံးသပ်ဖို့တိတ်ဆိတ်တဲ့ ၁၅ မိနစ် လိုအပ်ပါတယ်။ ဘာသာရေးအရ တရားပဲ ထိုင်ထိုင် ၊ကျန်းမာရေးအရ အသက်ရှူလေ့ကျင့်ခန်းပဲ လုပ်လုပ် ။ တစ်ယောက်တည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့တိတ်ဆိတ်တဲ့ အချိန်နေရာတစ်ခု ဖန်တီးထားဖို့လိုပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

Zawgyi

ကြၽန္ေတာ္တို႔ေန႔တိုင္း လုပ္ေနတဲ့ အေလ့အထေလးေတြက ကြၽန္ေတာ္တို႔ရဲ႕ အနာဂါတ္ကို ပုံေဖာ္ေနတာပါ။ ေန႔တိုင္း တိုးတက္မယ့္ အက်င့္အႀကံနဲ႔အေလ့အထ လုပ္သူက တစ္ျခားသူေတြကို ေက်ာ္ၿပီး ထိပ္ဆုံးထိေရာက္လာမွာပါ။

(၁) အျပဳသေဘာေဆာင္တဲ့ စိတ္နဲ႔တစ္ေန႔တာစတင္ျခင္း

 

 

ေန႔တစ္ေန႔ရဲ႕ အစဟာ အေရးႀကီးဆုံး အခ်ိန္အပိုင္းအျခားပါပဲ။ အိပ္ရာကေန ထလိုက္တဲ့ အခ်ိန္ကေန စလို႔ညဘက္ အိပ္ရာဝင္တဲ့အခ်ိန္အထိ ေကာင္းတဲ့ စိတ္နဲ႔ေနထိုင္ျခင္းဟာ တစ္ေန႔တာ ခ်မ္းသာျခင္းရပါတယ္။ Positive Mindset ကို တစ္ရက္ခ်င္း ေလ့က်င့္သြားသင့္ပါတယ္။

(၂) အသစ္အဆန္းေတြ ေလ့လာပါ

 

 

ေက်ာင္းကေန ဘြဲ႕ရၿပီးကတည္းက စာအုပ္ေတြနဲ႔ေဝးခဲ့တာဆိုရင္ သင္ဟာ ေအာက္ဘက္ကို ဦးလွည့္ေနၿပီလို႔သတိျပဳပါ။ ပညာဆိုတာအၿမဲတမ္း ရွာေဖြျဖည့္တင္းေနရတဲ့ အရာ ျဖစ္ၿပီး မေရာင့္ရဲတတ္ပါဘူး။ ဘာသာစကားအသစ္ပဲ ေလ့လာေလ့လာ ၊ ပညာရပ္အသစ္ပဲ ထပ္ရွာရွာ ဦးေႏွာက္နဲ႔ႏွလုံးသား ဝမ္းစာျပည့္ေအာင္ ထက္ျမက္ေအာင္ ျဖည့္ထားသင့္ပါတယ္ ။

(၃) လူမႉဆက္ဆံေရး ေကာင္းလာေအာင္လုပ္ပါ

 

 

ေပ်ာ္ေအာင္ေနပါ။ လူေတြကို ႏႉတ္ဆက္ ၿပဳံးျပပါ။ ကိုယ္တတ္ႏိုင္တာေလးေတြ ကူညီရင္း ကိုယ့္အနားမွာ မိတ္ေဆြေတြ မ်ားသထက္ မ်ားေအာင္ လုပ္ပါ။ မိတ္ေဆြေကာင္း ရွိသူဟာ စိတ္လည္း ခ်မ္းသာသလို ဘဝတက္လမ္းလည္း မ်ားပါတယ္။

မိသားစုဝင္ေတြရွိရင္လည္း သူတို႔ကို ဂ႐ုစိုက္ပါ။ သူတို႔အတြက္ တံခါးဖြင့္ထားၿပီး သူတို႔ရင္ထဲက စကားေတြနားေထာင္ေပးလိုက္ပါ။ ၾကင္နာျခင္းဟာ ေနရာတိုင္းအတြက္ ေကာင္းမြန္တဲ့ လက္ေဆာင္ပစၥည္းထုတ္ေလးေတြပါပဲ။

(၄) က်န္းမာေရးေကာင္းဖို႔ဂ႐ုစိုက္ပါ

 

အသက္ရွည္ရွည္ က်န္းက်န္းမာမာနဲ႔ေနသြားမယ္လို႔အာ႐ုံျပဳၿပီး ေန႔တိုင္းမွာ က်န္းမာေရးနဲ႔ညီေအာင္ ေနထိုင္ စားေသာက္ပါ။ အားကစားတစ္ခုခု ဥပမာ- လမ္းပဲ ေလွ်ာက္ေလွ်ာက္ ၊ စက္ဘီးပဲစီးစီး ပုံမွန္လုပ္ေပးတာအျပင္ ငယ္တုန္း႐ြယ္တုန္းမွာ Work Out ကစားတာ တစ္ျခား အဖြဲ႕လိုက္ ကိုယ္လက္ လႉပ္ရွားရတဲ့ အားကစားနည္းမ်ိဳး လုပ္တာျဖစ္ျဖစ္ ကစားေပးသင့္ပါတယ္။

(၅) တစ္ေန႔မွာ ၁၅ မိနစ္ တိတ္ဆိတ္စြာေနပါ

 

 

ကိုယ့္အတြက္ကိုယ္လည္း အခ်ိန္ေပးရေတာ့မွာပါ။ တစ္ေန႔လုံး လႉပ္ရွား႐ုန္းကန္ေနရသူဟာတစ္ရက္မွာ ကိုယ့္ကိုယ္ကို ျပန္ေတြးေတာ သုံးသပ္ဖို႔တိတ္ဆိတ္တဲ့ ၁၅ မိနစ္ လိုအပ္ပါတယ္။ ဘာသာေရးအရ တရားပဲ ထိုင္ထိုင္ ၊က်န္းမာေရးအရ အသက္ရႉေလ့က်င့္ခန္းပဲ လုပ္လုပ္ ။ တစ္ေယာက္တည္း ကိုယ့္ကိုယ္ကို ျပန္ၾကည့္ဖို႔တိတ္ဆိတ္တဲ့ အခ်ိန္ေနရာတစ္ခု ဖန္တီးထားဖို႔လိုပါတယ္။

Leave a Reply

Your email address will not be published.