ဘယ်လိုနေရာပဲ ရောက်ရောက် ကိုယ်ဘယ်သူလဲဆိုတာ သိဖို့က သိပ်အရေးကြီးပါတယ်။ တိုးတက်အောင်မြင်ချင်လို့ပဲ ဖြစ်ဖြစ် ၊ ငြိမ်းချမ်းပျော်ရွှင်ချင်လို့ပဲ ဖြစ်ဖြစ် အခြေခံအစအနေနဲ့ ကိုယ်ဘာလုပ်ချင်တာလဲ ၊ ကိုယ်က ဘယ်လိုလူလဲဆိုတာ သိဖို့က အရင်ဆုံး လိုအပ်ပါတယ်။ ဒီလို သိမှပဲ ရှေ့ကို ဆက်ဖို့အတွက် နည်းလမ်းတွေ ရှာရတာ ပိုပြီး လွယ်ကူချောမွေ့မှာ ဖြစ်သလို ကိုယ်သွားမယ့်လမ်းကိုလည်း ပိုပြီး ပြက်ပြက်ထင်ထင် မြင်နိုင်မှာ ဖြစ်ပါတယ်။
အနာဂါတ်နောက် လိုက်နေကြတဲ့ ငယ်တုန်းရွယ်တုန်းမှာ ကိုယ်တကယ်လုပ်ချင်တဲ့ အရာ တစ်နည်းအားဖြင့် Passion ရှိတဲ့အလုပ်ကို လုပ်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေမယ်ဆိုရင် ရှေ့လျှောက် ဘဝလမ်းခရီးအတွက် ရည်မှန်းချက် ပန်းတိုင်တွေ ချနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ အောင်မြင်မှုစင်မြင့်ပေါ်မှာ မြင်တွေ့နေရတဲ့ သူတွေကို မေးကြည့်မယ်ဆိုရင်လည်း သူတို့ဟာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို သေချာသိတဲ့သူတွေဆိုတာ တွေ့ရမှာပါ။
ကိုယ်လုပ်ချင်တာကို တကယ်သိခြင်းအားဖြင့် စိတ်လေလွင့်မှု နည်းလာပါတယ်။ အခန့်မသင့်လို့ ရှုံးနိမ့်လဲပြိုမှုတွေ ကြုံလာတယ်ဆိုရင်တောင် ကိုယ့်အတွင်းက လာတဲ့ ထက်သန်တဲ့စိတ်ဟာ နောက်တစ်ကြိမ် ရုန်းထဖို့အတွက် လောင်စာအဖြစ် ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ နောက်တစ်ခုက ကိုယ်တကယ်လုပ်ချင်တဲ့အရာနောက် စိုက်လိုက်မတ်တပ် ကြိုးစားနေသူဟာ ကိုယ်မကြိုက်ဘဲ စိတ်အဆင်းရဲခံပြီး အလုပ်လုပ်နေသူထက် ပိုပြီး စိတ်ချမ်းသာပါတယ်။
စိတ်ကူးသစ်တွေ ၊ မျှော်လင့်ချက်တွေနဲ့ ရှေ့ရေးအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေကြောင့် ဘဝဟာ အမြဲဆိုသလို နိုးကြားသက်ဝင်နေပါတယ်။ ကိုယ်အားသန်ပြီး မွေ့လျော်တဲ့ ပညာရပ်နယ်ပယ်တွေမှာ တကယ်အလုပ်လုပ်ရသူတွေဟာ ပညာရှင်ဖြစ်လာပါတယ်။ ကိုယ်တကယ်စိတ်ဝင်စားပြီး ဝါယမစိုက်နိုင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ရတဲ့သူတွေဟာ လူတော်တွေ ဖြစ်လာပါတယ်။
ကိုယ်တကယ်ဖြစ်ချင်တဲ့ ဘဝက ဘာလဲ။ ကိုယ့်အားသာချက်နဲ့ ထူးခြားမှုက ဘယ်အပိုင်းတွေလဲ။ ကိုယ်က ဘယ်လိုလူလဲ။ ကိုယ်က ဘယ်လိုနယ်ပယ်တွေမှာ ကြီးပွားနိုင်သလဲဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် သေချာပေါက် မေးရမယ့် မေးခွန်းကြီးတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေဟာ ဘဝနဲ့ ဆိုင်တဲ့ မေးခွန်းတွေဖြစ်သလို ဘဝကို ပုံဖော်နိုင်တဲ့အစွမ်းတွေလည်း ရှိပါတယ်။
Zawgyi
ဘယ္လိုေနရာပဲ ေရာက္ေရာက္ ကိုယ္ဘယ္သူလဲဆိုတာ သိဖို႔က သိပ္အေရးႀကီးပါတယ္။ တိုးတက္ေအာင္ျမင္ခ်င္လို႔ပဲ ျဖစ္ျဖစ္ ၊ ၿငိမ္းခ်မ္းေပ်ာ္႐ႊင္ခ်င္လို႔ပဲ ျဖစ္ျဖစ္ အေျခခံအစအေနနဲ႔ ကိုယ္ဘာလုပ္ခ်င္တာလဲ ၊ ကိုယ္က ဘယ္လိုလူလဲဆိုတာ သိဖို႔က အရင္ဆုံး လိုအပ္ပါတယ္။ ဒီလို သိမွပဲ ေရွ႕ကို ဆက္ဖို႔အတြက္ နည္းလမ္းေတြ ရွာရတာ ပိုၿပီး လြယ္ကူေခ်ာေမြ႕မွာ ျဖစ္သလို ကိုယ္သြားမယ့္လမ္းကိုလည္း ပိုၿပီး ျပက္ျပက္ထင္ထင္ ျမင္ႏိုင္မွာ ျဖစ္ပါတယ္။
အနာဂါတ္ေနာက္ လိုက္ေနၾကတဲ့ ငယ္တုန္း႐ြယ္တုန္းမွာ ကိုယ္တကယ္လုပ္ခ်င္တဲ့ အရာ တစ္နည္းအားျဖင့္ Passion ရွိတဲ့အလုပ္ကို လုပ္ေနတဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနမယ္ဆိုရင္ ေရွ႕ေလွ်ာက္ ဘဝလမ္းခရီးအတြက္ ရည္မွန္းခ်က္ ပန္းတိုင္ေတြ ခ်ႏိုင္မွာ ျဖစ္ပါတယ္။ ဒီေန႔အခ်ိန္မွာ ေအာင္ျမင္မႈစင္ျမင့္ေပၚမွာ ျမင္ေတြ႕ေနရတဲ့ သူေတြကို ေမးၾကည့္မယ္ဆိုရင္လည္း သူတို႔ဟာ ကိုယ္ဘာျဖစ္ခ်င္တယ္ဆိုတာကို ေသခ်ာသိတဲ့သူေတြဆိုတာ ေတြ႕ရမွာပါ။
ကိုယ္လုပ္ခ်င္တာကို တကယ္သိျခင္းအားျဖင့္ စိတ္ေလလြင့္မႈ နည္းလာပါတယ္။ အခန႔္မသင့္လို႔ ရႈံးနိမ့္လဲၿပိဳမႈေတြ ႀကဳံလာတယ္ဆိုရင္ေတာင္ ကိုယ့္အတြင္းက လာတဲ့ ထက္သန္တဲ့စိတ္ဟာ ေနာက္တစ္ႀကိမ္ ႐ုန္းထဖို႔အတြက္ ေလာင္စာအျဖစ္ ပံ့ပိုးေပးႏိုင္ပါလိမ့္မယ္။ ေနာက္တစ္ခုက ကိုယ္တကယ္လုပ္ခ်င္တဲ့အရာေနာက္ စိုက္လိုက္မတ္တပ္ ႀကိဳးစားေနသူဟာ ကိုယ္မႀကိဳက္ဘဲ စိတ္အဆင္းရဲခံၿပီး အလုပ္လုပ္ေနသူထက္ ပိုၿပီး စိတ္ခ်မ္းသာပါတယ္။
စိတ္ကူးသစ္ေတြ ၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေရွ႕ေရးအတြက္ ရင္ခုန္စိတ္လႈပ္ရွားမႈေတြေၾကာင့္ ဘဝဟာ အၿမဲဆိုသလို ႏိုးၾကားသက္ဝင္ေနပါတယ္။ ကိုယ္အားသန္ၿပီး ေမြ႕ေလ်ာ္တဲ့ ပညာရပ္နယ္ပယ္ေတြမွာ တကယ္အလုပ္လုပ္ရသူေတြဟာ ပညာရွင္ျဖစ္လာပါတယ္။ ကိုယ္တကယ္စိတ္ဝင္စားၿပီး ဝါယမစိုက္ႏိုင္တဲ့ လုပ္ငန္းခြင္ေတြမွာ လုပ္ရတဲ့သူေတြဟာ လူေတာ္ေတြ ျဖစ္လာပါတယ္။
ကိုယ္တကယ္ျဖစ္ခ်င္တဲ့ ဘဝက ဘာလဲ။ ကိုယ့္အားသာခ်က္နဲ႔ ထူးျခားမႈက ဘယ္အပိုင္းေတြလဲ။ ကိုယ္က ဘယ္လိုလူလဲ။ ကိုယ္က ဘယ္လိုနယ္ပယ္ေတြမွာ ႀကီးပြားႏိုင္သလဲဆိုတာဟာ ကိုယ့္ကိုယ္ကိုယ္ ေသခ်ာေပါက္ ေမးရမယ့္ ေမးခြန္းႀကီးေတြ ျဖစ္ပါတယ္။ ဒီေမးခြန္းေတြဟာ ဘဝနဲ႔ ဆိုင္တဲ့ ေမးခြန္းေတြျဖစ္သလို ဘဝကို ပုံေဖာ္ႏိုင္တဲ့အစြမ္းေတြလည္း ရွိပါတယ္။