Mon. Jun 5th, 2023

လူတိုင်းလူတိုင်း ဘဝမှာအောင်မြင်ချင်ကြသူတွေချည်းပါပဲ။ ဒါပေမယ့် တစ်ချို့ကတော့ အောင်မြင်ချင်တယ်ဆိုပေမယ့် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတော့ အောင်မြင်မှုနဲ့ ဝေးကွာစေတဲ့ လုပ်ရပ်အမှားတွေကိုပြုလုပ်မိတက်ကြပါတယ်။ ဘယ်လိုအမှားတွေက အောင်မြင်မှုနဲ့ ဝေးကွားစေလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) အချိန်ဆွဲခြင်း

 

မအောင်မြင်သေးတဲ့ လူတော်တော်များများက အလုပ်တစ်ခုလုပ်မယ်ဆိုရင် အချိန်ဆွဲတဲ့အလေ့အထမျိုးပြုလုပ်တက်ကြပါတယ်။ အချိန်စောသေးတယ် ခဏလောက်နားလိုက်အုန်းမယ် မနက်ဖြန်မှလုပ်လည်းမှီပါတယ် စသည်ဖြင့် ကိုယ့်ရဲ့အလုပ်တာဝန်ကို ရွေ့ဆိုင်းတာ အချိန်ဆွဲတာမျိုးတွေလုပ်တက်ကြပါတယ်။ ဒီလိုအချိန်ဆွဲတဲ့အလေ့အထဟာ အလုပ်ပြီးမြောက်ဖို့ ကြန့်ကြာစေသလို ကောင်းမွန်တဲ့အခွင့်အရေးတွေကိုဆုံးရှုံးရတက်ပါတယ်။

(၂) ဆုံးဖြတ်ချက်မခိုင်မာခြင်း

 

ဘဝခရီးတစ်လျောက်မှာ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေအများကြီးကြုံတွေ့ရမှာအသေအချာပါပဲ။ ဘယ်ကိစ္စမဆို ဆုံးဖြတ်ချက်တစ်ခုချတိုင်းမှာ အရင်ဆုံးသေချာလေ့လာပြီး အကောင်းဆုံးဖြစ်မယ်ထင်တာကို ခိုင်ခိုင်မာမာနဲ့ ပြတ်သားစွာဆုံးဖြတ်တက်ဖို့လည်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်းကဝေးဝါးပြီး အမြဲတမ်းတွေဝေနေမယ်ဆိုရင် အမှားတွေပိုဖြစ်လာနိုင်သလို မထင်ထားတဲ့ဆုံးရှုံးမှုတွေလည်း ရလာနိုင်ပါတယ်။

(၃) ထပ်ခါထပ်ခါကြိုးစားမှုမရှိခြင်း

ကိုယ်လိုချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို တစ်ကြိမ်တစ်ခါတည်းရသွားတယ်ဆိုတာ အင်မတန်ကံကောင်းသလို ရှားလည်းရှားပါတယ်။ ဘဝမှာအောင်မြင်မှုကြီးကြီးမားမားရထားသူတွေဟာ သူတို့ဒီလိုအခြေအနေထိရောက်လာအောင်ကိုယ်တိုင်ထပ်ခါထပ်ခါ ကြိုးစားလာခဲ့ကြလို့ပါ။ အောင်မြင်မှုဆိုတာလွယ်လွယ်မရနိုင်သလို ကျရှုံးသွားတိုင်လည်း လက်လျော့ဖို့မလိုပါဘူး။အမြဲထပ်ခါထပ်ခါ ကြိုးစားနေရင် အောင်မြင်မှုနဲ့ နီးကပ်တဲ့အခြေအနေကိုရောက်လာမှာပါ။

(၄) သက်သာမှုကိုစွဲလန်းမိခြင်း

လူအများစုက ပင်ပန်းမှုတွေထက် သက်သက်သာသာနဲ့ ပေါ့ပါးစွာနေလို့ရတဲ့နေရာမျိုးကို ပိုပြီးသဘောကျတက်ကြပါတယ်။ သို့သော်လည်း အမြဲတမ်းကိုယ့်အတွက် လုပ်ရိုးလုပ်စဉ်အရာတွေနဲ့ စိန်ခေါ်မှုကင်းမဲ့ဇုန်မှာနေခြင်းက သင့်ရဲ့အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းတွေကိုကျဆင်းစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Comfort Zone လိုနေရာမျိုးကိုရောက်နေရင် အခုပဲထွက်ခဲ့လိုက်ပါ။ ဘဝတိုးတက်အောင်မြင်ဖို့ စိန်ခေါ်မှု ရုန်းကန်မှု ပင်ပန်းမှုတွေကိုမကြောက်ပါနဲ့။

 

 

zawgyi

လူတိုင္းလူတိုင္း ဘဝမွာေအာင္ျမင္ခ်င္ၾကသူေတြခ်ည္းပါပဲ။ ဒါေပမယ့္ တစ္ခ်ိဳ႕ကေတာ့ ေအာင္ျမင္ခ်င္တယ္ဆိုေပမယ့္ ကိုယ့္ရဲ႕ေန႔စဥ္ဘဝမွာေတာ့ ေအာင္ျမင္မႈနဲ႔ ေဝးကြာေစတဲ့ လုပ္ရပ္အမွားေတြကိုျပဳလုပ္မိတက္ၾကပါတယ္။ ဘယ္လိုအမွားေတြက ေအာင္ျမင္မႈနဲ႔ ေဝးကြားေစလဲဆိုတာ ေလ့လာၾကည့္ရေအာင္။

(၁) အခ်ိန္ဆြဲျခင္း

 

 

မေအာင္ျမင္ေသးတဲ့ လူေတာ္ေတာ္မ်ားမ်ားက အလုပ္တစ္ခုလုပ္မယ္ဆိုရင္ အခ်ိန္ဆြဲတဲ့အေလ့အထမ်ိဳးျပဳလုပ္တက္ၾကပါတယ္။ အခ်ိန္ေစာေသးတယ္ ခဏေလာက္နားလိုက္အုန္းမယ္ မနက္ျဖန္မွလုပ္လည္းမွီပါတယ္ စသည္ျဖင့္ ကိုယ့္ရဲ႕အလုပ္တာဝန္ကို ေ႐ြ႕ဆိုင္းတာ အခ်ိန္ဆြဲတာမ်ိဳးေတြလုပ္တက္ၾကပါတယ္။ ဒီလိုအခ်ိန္ဆြဲတဲ့အေလ့အထဟာ အလုပ္ၿပီးေျမာက္ဖို႔ ၾကန႔္ၾကာေစသလို ေကာင္းမြန္တဲ့အခြင့္အေရးေတြကိုဆုံးရႈံးရတက္ပါတယ္။

(၂) ဆုံးျဖတ္ခ်က္မခိုင္မာျခင္း

 

 

ဘဝခရီးတစ္ေလ်ာက္မွာ ဆုံးျဖတ္ခ်က္ခ်ရမယ့္ ကိစၥေတြအမ်ားႀကီးႀကဳံေတြ႕ရမွာအေသအခ်ာပါပဲ။ ဘယ္ကိစၥမဆို ဆုံးျဖတ္ခ်က္တစ္ခုခ်တိုင္းမွာ အရင္ဆုံးေသခ်ာေလ့လာၿပီး အေကာင္းဆုံးျဖစ္မယ္ထင္တာကို ခိုင္ခိုင္မာမာနဲ႔ ျပတ္သားစြာဆုံးျဖတ္တက္ဖို႔လည္းအေရးႀကီးပါတယ္။ ကိုယ့္ရဲ႕ ဆုံးျဖတ္ခ်က္တိုင္းကေဝးဝါးၿပီး အၿမဲတမ္းေတြေဝေနမယ္ဆိုရင္ အမွားေတြပိုျဖစ္လာႏိုင္သလို မထင္ထားတဲ့ဆုံးရႈံးမႈေတြလည္း ရလာႏိုင္ပါတယ္။

(၃) ထပ္ခါထပ္ခါႀကိဳးစားမႈမရွိျခင္း

 

ကိုယ္လိုခ်င္တဲ့အရာ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵတစ္ခုကို တစ္ႀကိမ္တစ္ခါတည္းရသြားတယ္ဆိုတာ အင္မတန္ကံေကာင္းသလို ရွားလည္းရွားပါတယ္။ ဘဝမွာေအာင္ျမင္မႈႀကီးႀကီးမားမားရထားသူေတြဟာ သူတို႔ဒီလိုအေျခအေနထိေရာက္လာေအာင္ကိုယ္တိုင္ထပ္ခါထပ္ခါ ႀကိဳးစားလာခဲ့ၾကလို႔ပါ။ ေအာင္ျမင္မႈဆိုတာလြယ္လြယ္မရႏိုင္သလို က်ရႈံးသြားတိုင္လည္း လက္ေလ်ာ့ဖို႔မလိုပါဘူး။အၿမဲထပ္ခါထပ္ခါ ႀကိဳးစားေနရင္ ေအာင္ျမင္မႈနဲ႔ နီးကပ္တဲ့အေျခအေနကိုေရာက္လာမွာပါ။

(၄) သက္သာမႈကိုစြဲလန္းမိျခင္း

 

လူအမ်ားစုက ပင္ပန္းမႈေတြထက္ သက္သက္သာသာနဲ႔ ေပါ့ပါးစြာေနလို႔ရတဲ့ေနရာမ်ိဳးကို ပိုၿပီးသေဘာက်တက္ၾကပါတယ္။ သို႔ေသာ္လည္း အၿမဲတမ္းကိုယ့္အတြက္ လုပ္႐ိုးလုပ္စဥ္အရာေတြနဲ႔ စိန္ေခၚမႈကင္းမဲ့ဇုန္မွာေနျခင္းက သင့္ရဲ႕အရည္အခ်င္းႏွင့္ လုပ္ေဆာင္ႏိုင္စြမ္းေတြကိုက်ဆင္းေစပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ Comfort Zone လိုေနရာမ်ိဳးကိုေရာက္ေနရင္ အခုပဲထြက္ခဲ့လိုက္ပါ။ ဘဝတိုးတက္ေအာင္ျမင္ဖို႔ စိန္ေခၚမႈ ႐ုန္းကန္မႈ ပင္ပန္းမႈေတြကိုမေၾကာက္ပါနဲ႔။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *