Mon. May 23rd, 2022

ဝင်ငွေ တိုးတက်လာစေမယ့် နည်းလမ်း (၄) မျိုး

လက်ရှိလစာက ဝင်ငွေထွက်ငွေမမျှ ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ ဝင်ငွေကို တိုးတက်ဖို့နည်းလမ်းတွေ စဉ်းစားရမယ့် အချိန်လို့ဆိုရမှာပါ။ ဝင်ငွေတိုးလာဖို့နည်းလမ်းရှာနေသူတွေအတွက် စဉ်းစားလို့ရမယ့် အချက် ၄ ချက် ပြောပြချင်ပါတယ်။

(၁) လစာတိုးတောင်းခြင်း

 

လုပ်ခလစာဟာ လုပ်အားနဲ့မမျှဖြစ်နေပြီ ၊ ကိုယ့်မှာ နောက်ထပ် တာဝန်တွေ ပိုပြီး ယူနိုင်တယ်လို့ယုံကြည်နေတယ်ဆိုရင် ကုမ္ပဏီကို လစာတိုးတောင်းပါ။ အပြင်တစ်ခြား အလုပ်ကို ပြောင်းဖို့မလုပ်ခင် ကိုယ့် HR ၊ သူဌေးတို့နဲ့ညှိပါ။ ကိုယ်လုပ်နိုင်တဲ့ တာဝန်သစ်တွေကို ပြောပြပြီး ဒီအတွက်ထိုက်တန်တဲ့ လစာတောင်းသင့်ပါတယ်။

သဘောတရားအရတော့ အလုပ်တစ်ခုမှာ လုပ်သက်ရင့်ပြီး ကျွမ်းကျင်သူတွေဟာ ၆ လတစ်ကြိမ် လစာတိုးတောင်းဖို့အခွင့်အရေးရှိကြပါတယ်။ တကယ်လို့အလုပ်က အချိန်ပိုင်းဖြစ် နေတယ် ၊ ကိုယ်ကလည်း ဒီထက် နာရီတွေ ပိုလုပ်နိုင်တယ်ဆိုရင် သူဌေးနဲ့ညှိပြီး လုပ်အားနဲ့တန်တဲ့ လစာ တောင်းကြည့်ဖို့အကြံပြုချင်ပါတယ်။

(၂) လုပ်ရည်ကိုင်ရည် အရင်းပြုခြင်း

ကုမ္ပဏီငယ်လေးတွေမှာတော့ ရာထူးတိုးဖို့၊ လစာတိုးဖို့ဆိုတာ နည်းနည်းခက်ပါတယ်။ ကိုယ်ကတကယ် အလုပ်အကိုင် ကျွမ်းကျင်မှု ရှိတယ် ၊ အများကြီးလည်း လုပ်နိုင်ကိုင်နိုင်တယ်ဆိုရင်ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကို အရင်းအနှီးလို သဘောထားပြီး လစာမြင့်တဲ့ အလုပ်ကို သွားနိုင်ပါတယ်။

(၃) ရင်းနှီးမြှပ်နှံခြင်း

 

ဝင်ငွေတိုးဖို့နောက်ထပ် ကြိုးစားသင့်တဲ့အချက်က ရင်းနှီးမြှပ်နှံမှု သေးသေးလေးတွေ လုပ်တာပါပဲ။ တစ်ချို့သူတွေက အိမ်ခြံမြေ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံပြီး တစ်ချို့တွေက စတော့လို ရှယ်ယာတွေမှာ ရင်းနှီးမြှပ်နှံကြပါတယ်။ ရင်းနှီးမြှပ်နှံမယ်ဆိုရင်တော့ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေနဲ့သေချာ စကားပြောပြီးမှ ရင်းနှီးမြှပ်နှံသင့်ပါတယ်။

(၄) အပြင်အလုပ်လုပ်ခြင်း

 

ကိုယ့်ရဲ့ တတ်ကျွမ်းမှုကို သုံးပြီး အလုပ်ခွင်ပြင်ပမှာ တစ်ခြားအလုပ်ကလေးတွေ လုပ်ပြီး ငွေရှာနိုင်ပါတယ်။ ဥပမာ- ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် သူ့ကုမ္ပဏီမှာလည်း ဒီဇိုင်းဆွဲတယ် ၊ အပြင်မှာလည်း Freelance လုပ်တယ်ဆိုတာမျိုးဟာ ဝင်ငွေတိုးစေတဲ့ နည်းလမ်းတွေပါပဲ။ နောက်ဆုံး အဝတ်အစား ၊ ဖက်ရှင်နဲ့အလှဆင် လက်ဆောင်ပစ္စည်းလေးတွေကို အွန်လိုင်းမှာ ရောင်းတာမျိုး လုပ်ပြီးလည်း ငွေရှာနိုင်ပါတယ်။

 

 

zawgyi

ဝင္ေငြ တိုးတက္လာေစမယ့္ နည္းလမ္း (၄) မ်ိဳး

လက္ရွိလစာက ဝင္ေငြထြက္ေငြမမွ် ျဖစ္ေနၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕ ဝင္ေငြကို တိုးတက္ဖို႔နည္းလမ္းေတြ စဥ္းစားရမယ့္ အခ်ိန္လို႔ဆိုရမွာပါ။ ဝင္ေငြတိုးလာဖို႔နည္းလမ္းရွာေနသူေတြအတြက္ စဥ္းစားလို႔ရမယ့္ အခ်က္ ၄ ခ်က္ ေျပာျပခ်င္ပါတယ္။

(၁) လစာတိုးေတာင္းျခင္း

 

 

လုပ္ခလစာဟာ လုပ္အားနဲ႔မမွ်ျဖစ္ေနၿပီ ၊ ကိုယ့္မွာ ေနာက္ထပ္ တာဝန္ေတြ ပိုၿပီး ယူႏိုင္တယ္လို႔ယုံၾကည္ေနတယ္ဆိုရင္ ကုမၸဏီကို လစာတိုးေတာင္းပါ။ အျပင္တစ္ျခား အလုပ္ကို ေျပာင္းဖို႔မလုပ္ခင္ ကိုယ့္ HR ၊ သူေဌးတို႔နဲ႔ညႇိပါ။ ကိုယ္လုပ္ႏိုင္တဲ့ တာဝန္သစ္ေတြကို ေျပာျပၿပီး ဒီအတြက္ထိုက္တန္တဲ့ လစာေတာင္းသင့္ပါတယ္။

သေဘာတရားအရေတာ့ အလုပ္တစ္ခုမွာ လုပ္သက္ရင့္ၿပီး ကြၽမ္းက်င္သူေတြဟာ ၆ လတစ္ႀကိမ္ လစာတိုးေတာင္းဖို႔အခြင့္အေရးရွိၾကပါတယ္။ တကယ္လို႔အလုပ္က အခ်ိန္ပိုင္းျဖစ္ ေနတယ္ ၊ ကိုယ္ကလည္း ဒီထက္ နာရီေတြ ပိုလုပ္ႏိုင္တယ္ဆိုရင္ သူေဌးနဲ႔ညႇိၿပီး လုပ္အားနဲ႔တန္တဲ့ လစာ ေတာင္းၾကည့္ဖို႔အႀကံျပဳခ်င္ပါတယ္။

(၂) လုပ္ရည္ကိုင္ရည္ အရင္းျပဳျခင္း

 

ကုမၸဏီငယ္ေလးေတြမွာေတာ့ ရာထူးတိုးဖို႔၊ လစာတိုးဖို႔ဆိုတာ နည္းနည္းခက္ပါတယ္။ ကိုယ္ကတကယ္ အလုပ္အကိုင္ ကြၽမ္းက်င္မႈ ရွိတယ္ ၊ အမ်ားႀကီးလည္း လုပ္ႏိုင္ကိုင္ႏိုင္တယ္ဆိုရင္ကိုယ့္ရဲ႕ လုပ္ရည္ကိုင္ရည္ကို အရင္းအႏွီးလို သေဘာထားၿပီး လစာျမင့္တဲ့ အလုပ္ကို သြားႏိုင္ပါတယ္။

(၃) ရင္းႏွီးျမႇပ္ႏွံျခင္း

 

 

ဝင္ေငြတိုးဖို႔ေနာက္ထပ္ ႀကိဳးစားသင့္တဲ့အခ်က္က ရင္းႏွီးျမႇပ္ႏွံမႈ ေသးေသးေလးေတြ လုပ္တာပါပဲ။ တစ္ခ်ိဳ႕သူေတြက အိမ္ၿခံေျမ လုပ္ငန္းေတြမွာ ရင္းႏွီးျမႇပ္ႏွံၿပီး တစ္ခ်ိဳ႕ေတြက စေတာ့လို ရွယ္ယာေတြမွာ ရင္းႏွီးျမႇပ္ႏွံၾကပါတယ္။ ရင္းႏွီးျမႇပ္ႏွံမယ္ဆိုရင္ေတာ့ နယ္ပယ္အလိုက္ ကြၽမ္းက်င္သူေတြနဲ႔ေသခ်ာ စကားေျပာၿပီးမွ ရင္းႏွီးျမႇပ္ႏွံသင့္ပါတယ္။

(၄) အျပင္အလုပ္လုပ္ျခင္း

 

 

ကိုယ့္ရဲ႕ တတ္ကြၽမ္းမႈကို သုံးၿပီး အလုပ္ခြင္ျပင္ပမွာ တစ္ျခားအလုပ္ကေလးေတြ လုပ္ၿပီး ေငြရွာႏိုင္ပါတယ္။ ဥပမာ- ဂရပ္ဖစ္ဒီဇိုင္နာတစ္ေယာက္ သူ႔ကုမၸဏီမွာလည္း ဒီဇိုင္းဆြဲတယ္ ၊ အျပင္မွာလည္း Freelance လုပ္တယ္ဆိုတာမ်ိဳးဟာ ဝင္ေငြတိုးေစတဲ့ နည္းလမ္းေတြပါပဲ။ ေနာက္ဆုံး အဝတ္အစား ၊ ဖက္ရွင္နဲ႔အလွဆင္ လက္ေဆာင္ပစၥည္းေလးေတြကို အြန္လိုင္းမွာ ေရာင္းတာမ်ိဳး လုပ္ၿပီးလည္း ေငြရွာႏိုင္ပါတယ္။

 

 

Leave a Reply

Your email address will not be published.