Sun. May 22nd, 2022

အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာစေမယ့် အလေ့အထများ

ကမ္ဘာပေါ်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါင်း သန်း ၄၀၀ လောက် ရှိတယ်လို့ဆိုပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ဆိုတာကတော့ စနစ်တကျတည်ဆောက်ရတာ ဖြစ်ပြီး အခုပြောမယ့် အလေ့အကျင့်တွေလည်း ရှိထားဖို့လိုပါတယ်။

(၁) အခက်ဆုံးအရာကို အရင်ရှင်းပါ

 

ဦးစားပေးဖြေရှင်းရမယ့် အရာကို အရင်ဆုံးလုပ်မယ်လို့စီစဉ်တာဟာ စွန့်ဦးတီထွင်သူတွေရဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ အရေးကြီးတဲ့ အလုပ်တွေကို ဟိုရွှေ့ဒီရွှေ့မရွှေ့ဖြစ်တော့တာကြောင့် အလုပ်လည်း ပိုတွင်ပါတယ်။ အချိန်ကို စီမံခြင်းရဲ့ ၉၀% ဟာ အစီအစဉ်ကောင်းကောင်း ရှိခြင်းဖြစ်ပါတယ်။

အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အထိ စည်းစနစ်ရှိတဲ့ အစီအစဉ်တစ်ရပ်လိုပါတယ်။ဒါမှသာ ကိုယ့်ရဲ့ အလုပ်နဲ့ဘဝကို ဟန်ချက်ညီညီ ထိန်းကျောင်းကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) အရံှူးကနေ ရုန်းထပါ

 

Entrepreneurs တိုင်းဟာ မိုးကျရွှေကိုယ်တွေ မဟုတ်ပါဘူး။ များသောအားဖြင့် ပထမဆုံး လုပ်တဲ့ စီးပွားရေး ၅ ခုမှာ တစ်ခုတော့ အနည်းဆုံး အရံှူးပေါ်ကြတာပါပဲ။ မအောင်မြင်ခင်ကဆိုရင် ကမ္ဘာကျော် ဖိုဒ့်ကားကုမ္ဗဏီတည်ထောင်ခဲ့တဲ့ ဟင်နရီဖို့ဟာ သုံးကြိမ် စီးပွားပျက်သလို ကိုကာကိုလာကုမ္ဗဏီလည်း ပထမဆုံးနှစ်မှာ ဒေါ်လာ ၂၀၀ ဖိုးပဲ ရောင်းချနိုင်ခဲ့ပါတယ်။

အရေးကြီးတာက အရံှူးကိုတွေးမကြောက်ဖို့နဲ့ရံှူးနိမ့်မှူကနေ အောင်မြင်ခြင်းဆီ ကိုယ့်ကိုယ်ကို ဆက်သွားအောင် တွန်းနေဖို့လိုပါတယ်။

(၃) လူတော်တွေနဲ့ပေါင်းပါ

 

အောင်မြင်တဲ့ လုပ်ငန်းရှင်တွေဟာ သူတို့ထက် ဝါရင့်သမ္ဘာရင့်ပြီး အသိပညာ ၊ အတတ်ပညာကြွယ်ဝသူတွေနဲ့ဆွေးနွေး ပြောဆိုမှူတွေ လုပ်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့သိချင်တဲ့ စီးပွားရေးပုံစံတွေ လမ်းကြောင်းတွေကို ချပြနိုင်တဲ့ သူတွေကို အနားမှာ ထားပါတယ်။

သူတို့ဘေးမှာ လူတော်တွေ ရှိတော့ သူကိုယ်တိုင်ပါ အတွေးအမြင်တွေ ပြောင်းလဲ တိုးတက်လာပါတယ်။ ဒီအရည်အသွေးတွေနဲ့ပဲ သူ့ရဲ့ လုပ်ငန်းကို တိုးတက်အေင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မြင်လာပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

 

လွယ်လွယ်လေး ပြောရရင် အောင်မြင်တယ်ဆိုတာ ပိုက်ဆံများများ ရတာကိုပဲ ပြောတာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ဘဝဟာ ပြန်တွေးကြည့်ရင် ကျေနပ်စရာ။ အခုလက်ရှိလည်း လူ့အသိုင်းအဝိုင်းအတွက် တကယ့်ကို အရေးပါတဲ့လူ ၊ ကျန်းမာရေးကောင်းတယ်။ နေမှူဘဝမှာ ပျော်နေတယ်။ ဒါမျိုးမှ အောင်မြင်မှူဟာ ရသစုံမှာပါ။

ဒါကြောင့်ပဲ ငွေလည်း ရှာလည်း ကိုယ်ကာယနဲ့စိတ်နေစိတ်ထားကို အမြင့်ရောက်အောင် စောင့်ရှောက်ပြုပြင်နေဖို့အကြံပြုချင်ပါတယ်။ Gym သွားပြီး ပုံမှန် Workout လုပ်ပါ။ တရားထိုင်ပြီး စိတ်အေးချမ်းမှူ ရှာပါ။ လောကဓံ အတက်အကျနဲ့ကြုံလာချိန်မှာ ဒီအလေ့အထကောင်းတွေဟာ အများကြီး အထောက်အကူပြုပါလိမ့်မယ်။

 

 

zawgyi

ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာေစမယ့္ အေလ့အထမ်ား

ကမာၻေပၚမွာ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ေပါင္း သန္း ၄၀၀ ေလာက္ ရွိတယ္လို႔ဆိုပါတယ္။ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာဖို႔ဆိုတာကေတာ့ စနစ္တက်တည္ေဆာက္ရတာ ျဖစ္ၿပီး အခုေျပာမယ့္ အေလ့အက်င့္ေတြလည္း ရွိထားဖို႔လိုပါတယ္။

(၁) အခက္ဆုံးအရာကို အရင္ရွင္းပါ

 

 

ဦးစားေပးေျဖရွင္းရမယ့္ အရာကို အရင္ဆုံးလုပ္မယ္လို႔စီစဥ္တာဟာ စြန႔္ဦးတီထြင္သူေတြရဲ႕ အေလ့အက်င့္ေကာင္းတစ္ခုပါပဲ။ အေရးႀကီးတဲ့ အလုပ္ေတြကို ဟိုေ႐ႊ႕ဒီေ႐ႊ႕မေ႐ႊ႕ျဖစ္ေတာ့တာေၾကာင့္ အလုပ္လည္း ပိုတြင္ပါတယ္။ အခ်ိန္ကို စီမံျခင္းရဲ႕ ၉၀% ဟာ အစီအစဥ္ေကာင္းေကာင္း ရွိျခင္းျဖစ္ပါတယ္။

ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လာဖို႔အိပ္ရာထခ်ိန္ကေန အိပ္ရာဝင္ခ်ိန္အထိ စည္းစနစ္ရွိတဲ့ အစီအစဥ္တစ္ရပ္လိုပါတယ္။ဒါမွသာ ကိုယ့္ရဲ႕ အလုပ္နဲ႔ဘဝကို ဟန္ခ်က္ညီညီ ထိန္းေက်ာင္းကိုင္တြယ္ႏိုင္မွာ ျဖစ္ပါတယ္။

(၂) အရံႉးကေန ႐ုန္းထပါ

 

 

Entrepreneurs တိုင္းဟာ မိုးက်ေ႐ႊကိုယ္ေတြ မဟုတ္ပါဘူး။ မ်ားေသာအားျဖင့္ ပထမဆုံး လုပ္တဲ့ စီးပြားေရး ၅ ခုမွာ တစ္ခုေတာ့ အနည္းဆုံး အရံႉးေပၚၾကတာပါပဲ။ မေအာင္ျမင္ခင္ကဆိုရင္ ကမာၻေက်ာ္ ဖိုဒ့္ကားကုမၺဏီတည္ေထာင္ခဲ့တဲ့ ဟင္နရီဖို႔ဟာ သုံးႀကိမ္ စီးပြားပ်က္သလို ကိုကာကိုလာကုမၺဏီလည္း ပထမဆုံးႏွစ္မွာ ေဒၚလာ ၂၀၀ ဖိုးပဲ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

အေရးႀကီးတာက အရံႉးကိုေတြးမေၾကာက္ဖို႔နဲ႔ရံႉးနိမ့္မႉကေန ေအာင္ျမင္ျခင္းဆီ ကိုယ့္ကိုယ္ကို ဆက္သြားေအာင္ တြန္းေနဖို႔လိုပါတယ္။

(၃) လူေတာ္ေတြနဲ႔ေပါင္းပါ

 

 

ေအာင္ျမင္တဲ့ လုပ္ငန္းရွင္ေတြဟာ သူတို႔ထက္ ဝါရင့္သမာၻရင့္ၿပီး အသိပညာ ၊ အတတ္ပညာႂကြယ္ဝသူေတြနဲ႔ေဆြးေႏြး ေျပာဆိုမႉေတြ လုပ္တတ္သူေတြ ျဖစ္ပါတယ္။ သူတို႔သိခ်င္တဲ့ စီးပြားေရးပုံစံေတြ လမ္းေၾကာင္းေတြကို ခ်ျပႏိုင္တဲ့ သူေတြကို အနားမွာ ထားပါတယ္။

သူတို႔ေဘးမွာ လူေတာ္ေတြ ရွိေတာ့ သူကိုယ္တိုင္ပါ အေတြးအျမင္ေတြ ေျပာင္းလဲ တိုးတက္လာပါတယ္။ ဒီအရည္အေသြးေတြနဲ႔ပဲ သူ႔ရဲ႕ လုပ္ငန္းကို တိုးတက္ေအင္ျမင္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ ျမင္လာပါတယ္။

(၄) ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ

 

 

လြယ္လြယ္ေလး ေျပာရရင္ ေအာင္ျမင္တယ္ဆိုတာ ပိုက္ဆံမ်ားမ်ား ရတာကိုပဲ ေျပာတာ မဟုတ္ပါဘူး။ ခင္ဗ်ားရဲ႕ ဘဝဟာ ျပန္ေတြးၾကည့္ရင္ ေက်နပ္စရာ။ အခုလက္ရွိလည္း လူ႔အသိုင္းအဝိုင္းအတြက္ တကယ့္ကို အေရးပါတဲ့လူ ၊ က်န္းမာေရးေကာင္းတယ္။ ေနမႉဘဝမွာ ေပ်ာ္ေနတယ္။ ဒါမ်ိဳးမွ ေအာင္ျမင္မႉဟာ ရသစုံမွာပါ။

ဒါေၾကာင့္ပဲ ေငြလည္း ရွာလည္း ကိုယ္ကာယနဲ႔စိတ္ေနစိတ္ထားကို အျမင့္ေရာက္ေအာင္ ေစာင့္ေရွာက္ျပဳျပင္ေနဖို႔အႀကံျပဳခ်င္ပါတယ္။ Gym သြားၿပီး ပုံမွန္ Workout လုပ္ပါ။ တရားထိုင္ၿပီး စိတ္ေအးခ်မ္းမႉ ရွာပါ။ ေလာကဓံ အတက္အက်နဲ႔ႀကဳံလာခ်ိန္မွာ ဒီအေလ့အထေကာင္းေတြဟာ အမ်ားႀကီး အေထာက္အကူျပဳပါလိမ့္မယ္။

 

 

Leave a Reply

Your email address will not be published.