Mon. May 23rd, 2022

ကိုယ်ထူကိုယ်ထ လုပ်ငန်းလေး အောင်မြင်စေမယ့် နည်းလမ်း (၄) သွယ်

 

Startup ဆိုတဲ့ စကားလုံးဟာ တစ်ချို့သူတွေ နားထဲမှာ အသစ်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အိုင်ဒီယာတစ်ခု အရင်းပြုပြီး စွန့်ဦးတီထွင်မှု အပြည့်နဲ့မောင်းနှင်ရတဲ့ စီးပွားရေး မော်ဒယ်ဖြစ်ပြီး Startup တွေကနေမှ ဒေါ်လာဘီလျံတန်တဲ့ Unicorn တွေ ဖြစ်လာတာပါ။

Startup စီးပွားရေးမော်ဒယ်ဟာ သမရိုးကျ စီးပွားရေးပုံစံတွေနဲ့ကွာခြားသလို ကနဦး ရပ်တည်အောင်မြင်ဖို့လည်း ခက်ပါတယ်။ လေ့လာမှုတစ်ခုအရ Startups အားလုံးရဲ့ ၅၀% ဟာ ၅ နှစ်အတွင်း ယိုင်လဲသွားကြတယ်လို့ဆိုပါတယ် ။Startup တစ်ခု ကျဆုံးရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို အောင်မြင်စေမယ့် နည်းလမ်း တစ်ချို့လည်း ရှိနေပါတယ်။

(၁) ခေါင်းနှစ်လုံး သုံးပါ

 

founder နှစ်ယောက်နဲ့လည်ပတ်တဲ့ Startup တစ်ခုဟာ သိသိသာသာ အောင်မြင်မှု ရကြတယ်လို့ဆိုပါတယ်။ co-founder ထားရှိခြင်းကြောင့် startup တစ်ခု ဟန်ချက်ညီ လည်ပတ်နိုင်သလို အပြည့်အဝ ရင်းနှီးမြှပ်နှံဖို့အတွက်လည်း အခြေအနေပိုကောင်းလာစေပါတယ်။
အခက်အခဲတွေကို အတူဖြေရှင်းနိုင်သလို တစ်ယောက်ကို တစ်ယောက်လည်း Motivate လုပ်နိုင်တာကြောင့် လုပ်ငန်းအောင်မြင်ဖို့အခြေအနေ ပိုများလာပါတယ်။

(၂) Website ၊ app များ ရှိထားပါစေ

 

လူတိုင်း ဖုန်းကိုင်တဲ့ ခေတ်မှာ ကိုယ့်ရဲ့ စီးပွားရေးကို ဖုန်းတွေထဲ ရုံးပြောင်းထားလို့ရပါပြီ။ ဒီအတွက် ကိုယ့်လုပ်ငန်းရဲ့ ဝက်ဘ်ဆိုက် နဲ့အက်ပလီကေးရှင်း ကောင်းကောင်းတည်ဆောက်ထားဖို့ငွေသုံးစွဲသင့်ပါတယ်။ ဒီ app/website ဟာ ကိုယ့်ရဲ့ ဖောက်သည်ဖြစ်လာမယ့် clients တွေနဲ့ရင်းနှီးမြှပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၃) လူသိအောင် လုပ်ပါ

 

လုပ်ငန်းတစ်ခုမှာ Branding လုပ်ခြင်းနဲ့Marketing ဆင်းခြင်းဟာ အသက်သွေးကြောပါ။ Startup တစ်ခု Survive ဖြစ်ဖို့အတွက် ဆိုရင် Branding နဲ့Marketing မဖြစ်မနေ လုပ်ဖို့လိုပါတယ်။ အွန်လိုင်းမှာရော Branding လုပ်ရသလို အပြင်မှာလည်း ပွဲတွေ ၊ ကမ်ပိန်းတွေ လုပ်ပြီး လူသိအောင် လုပ်သင့်ပါတယ်။

(၄) ကိုယ့်ပုံရိပ်ကို ထိန်းပါ

 

 

ကတိအတိုင်း ဝန်ဆောင်မှုပေးတာ ၊ ဖောက်သည်တွေကို ညစ်ပတ်ခြင်း မရှိဘဲ Client တွေ စိတ်ကျေနပ်စေတဲ့ Services တွေ ပေးတာမျိုးလည်း လုပ်ရမှာပါ။ startup တစ်ခုဟာ အိုင်ဒီယာမှာ စတင်ပြီး တကယ့်ပုံရိပ်ကောင်းတွေ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေနဲ့သွားနေသင့်ပါတယ်။ ဒါမှသာ အောင်မြင်တဲ့ startup ဖြစ်လာမှာပါ။

 

zawgyi

ကိုယ္ထူကိုယ္ထ လုပ္ငန္းေလး ေအာင္ျမင္ေစမယ့္ နည္းလမ္း (၄) သြယ္

 

Startup ဆိုတဲ့ စကားလုံးဟာ တစ္ခ်ိဳ႕သူေတြ နားထဲမွာ အသစ္ျဖစ္ေကာင္း ျဖစ္ေနပါလိမ့္မယ္။ အိုင္ဒီယာတစ္ခု အရင္းျပဳၿပီး စြန႔္ဦးတီထြင္မႈ အျပည့္နဲ႔ေမာင္းႏွင္ရတဲ့ စီးပြားေရး ေမာ္ဒယ္ျဖစ္ၿပီး Startup ေတြကေနမွ ေဒၚလာဘီလ်ံတန္တဲ့ Unicorn ေတြ ျဖစ္လာတာပါ။

Startup စီးပြားေရးေမာ္ဒယ္ဟာ သမ႐ိုးက် စီးပြားေရးပုံစံေတြနဲ႔ကြာျခားသလို ကနဦး ရပ္တည္ေအာင္ျမင္ဖို႔လည္း ခက္ပါတယ္။ ေလ့လာမႈတစ္ခုအရ Startups အားလုံးရဲ႕ ၅၀% ဟာ ၅ ႏွစ္အတြင္း ယိုင္လဲသြားၾကတယ္လို႔ဆိုပါတယ္ ။Startup တစ္ခု က်ဆုံးရတဲ့ အေၾကာင္းရင္းေတြ အမ်ားႀကီး ရွိသလို ေအာင္ျမင္ေစမယ့္ နည္းလမ္း တစ္ခ်ိဳ႕လည္း ရွိေနပါတယ္။

(၁) ေခါင္းႏွစ္လုံး သုံးပါ

 

 

founder ႏွစ္ေယာက္နဲ႔လည္ပတ္တဲ့ Startup တစ္ခုဟာ သိသိသာသာ ေအာင္ျမင္မႈ ရၾကတယ္လို႔ဆိုပါတယ္။ co-founder ထားရွိျခင္းေၾကာင့္ startup တစ္ခု ဟန္ခ်က္ညီ လည္ပတ္ႏိုင္သလို အျပည့္အဝ ရင္းႏွီးျမႇပ္ႏွံဖို႔အတြက္လည္း အေျခအေနပိုေကာင္းလာေစပါတယ္။
အခက္အခဲေတြကို အတူေျဖရွင္းႏိုင္သလို တစ္ေယာက္ကို တစ္ေယာက္လည္း Motivate လုပ္ႏိုင္တာေၾကာင့္ လုပ္ငန္းေအာင္ျမင္ဖို႔အေျခအေန ပိုမ်ားလာပါတယ္။

(၂) Website ၊ app မ်ား ရွိထားပါေစ

 

 

လူတိုင္း ဖုန္းကိုင္တဲ့ ေခတ္မွာ ကိုယ့္ရဲ႕ စီးပြားေရးကို ဖုန္းေတြထဲ ႐ုံးေျပာင္းထားလို႔ရပါၿပီ။ ဒီအတြက္ ကိုယ့္လုပ္ငန္းရဲ႕ ဝက္ဘ္ဆိုက္ နဲ႔အက္ပလီေကးရွင္း ေကာင္းေကာင္းတည္ေဆာက္ထားဖို႔ေငြသုံးစြဲသင့္ပါတယ္။ ဒီ app/website ဟာ ကိုယ့္ရဲ႕ ေဖာက္သည္ျဖစ္လာမယ့္ clients ေတြနဲ႔ရင္းႏွီးျမႇပ္ႏွံသူေတြကို ဆြဲေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

(၃) လူသိေအာင္ လုပ္ပါ

 

 

လုပ္ငန္းတစ္ခုမွာ Branding လုပ္ျခင္းနဲ႔Marketing ဆင္းျခင္းဟာ အသက္ေသြးေၾကာပါ။ Startup တစ္ခု Survive ျဖစ္ဖို႔အတြက္ ဆိုရင္ Branding နဲ႔Marketing မျဖစ္မေန လုပ္ဖို႔လိုပါတယ္။ အြန္လိုင္းမွာေရာ Branding လုပ္ရသလို အျပင္မွာလည္း ပြဲေတြ ၊ ကမ္ပိန္းေတြ လုပ္ၿပီး လူသိေအာင္ လုပ္သင့္ပါတယ္။

(၄) ကိုယ့္ပုံရိပ္ကို ထိန္းပါ

 

 

ကတိအတိုင္း ဝန္ေဆာင္မႈေပးတာ ၊ ေဖာက္သည္ေတြကို ညစ္ပတ္ျခင္း မရွိဘဲ Client ေတြ စိတ္ေက်နပ္ေစတဲ့ Services ေတြ ေပးတာမ်ိဳးလည္း လုပ္ရမွာပါ။ startup တစ္ခုဟာ အိုင္ဒီယာမွာ စတင္ၿပီး တကယ့္ပုံရိပ္ေကာင္းေတြ ဆန္းသစ္တဲ့ ဝန္ေဆာင္မႈေတြနဲ႔သြားေနသင့္ပါတယ္။ ဒါမွသာ ေအာင္ျမင္တဲ့ startup ျဖစ္လာမွာပါ။

 

 

Leave a Reply

Your email address will not be published.