အချိန်နှင့်အမျှသိသိသာသာပြောင်းလဲသွားသောနေ့စဉ်သုံးပစ္စည်း (၁၅)ခု
ယနေ့ခေတ် အရာအားလုံးတို့ဟာ အပြောင်းအလဲမြန်လွန်းပြီး ကျွန်ုပ်တို့၏ဘ ၀ ၌ရှိရှိသမျှအရာအားလုံးဟာ နှိုင်းယှဉ်ကြည့်မယ်ဆို လွန်ခဲ့သောနှစ်အနည်းငယ်ကနှင့် လုံးဝခြားနားသွားသည်ကို တွေ့ရမှာပါ။ ထို့ကြောင့်မူလဒီဇိုင်းများကိုတန်ဖိုးထားတတ်ခြင်းဟာ ကောင်းသော ဓလေ့တစ်ခုဖြစ်လာပါတယ်။
နှစ်ပေါင်းများစွာ မြင်တွေ့လာရခြင်းမှ ပြောင်းလဲသွားသော ကျွန်ုပ်တို့နေ့စဉ်သုံးသောအရာများစာရင်းကို စုစည်းထားပြီး တင်ဆက်ဖော်ပြပေးလိုပါတယ်။
(၁) မုတ်ဆိတ်ရိတ်တံ
အများကြီးမပြောင်းလဲဘူးလို့ ထင်ရပေမယ့် အခုခေတ်သုံးနေတဲ့ ပစ္စည်းများက သုံးရတာပိုလွယ်ပြီးအန္တရာယ်လည်းနည်းပါတယ်။
(၂) ပုံနှိပ်စက်
ယနေ့ခေတ် ရုံးများနှင့်အိမ်များတွင် တွေ့ရသောပုံနှိပ်စက်များဟာ ယခင်ပုံနှိပ်စက်များနှင့်နှိုင်းယှဉ်လျှင်အလွန်သေးငယ် ပေါ့ပါးပါတယ်။အသုံးပြုပုံများ ကွဲပြားခြားနားသော်လည်းကျွန်ုပ်တို့ ၏ နေ့စဉ်ဘ ၀ ကိုပိုမိုလွယ်ကူလာစေသည်ကတော့ အသေအချာပင်ဖြစ်ပါတယ်။
(၃) အသံချဲ့စပီကာ
ယခင်က ကျွန်ုပ်တို့ သုံးခဲ့ဖူးသော ဧရာမစပီကာကြီးများကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ယခုရရှိနိုင်သော Bluetooth စပီကာများက တော့ ယခင်ထကိ ပိုမို လက်တွေ့ကျကာ သွားလေရာသယ်ဆောင်သွားနိုင်ပြီး အသံအရည်အသွေးမှာလည်း အာမခံချက်တစ်ခုရှိနေပါတယ်။
(၄) မီးဖို
ယခင်က မီးဖိုအဟောင်းများဟာ ထင်းမီးဖိုမျှသာ ဖြစ်ခဲ့ပါတယ်ာ ဆန်းသစ်တီထွင်မှုများ တိုးတက်လာသည်နှင့်အမျှ မီးဖိုများဟာလည်းခေတ်မှီ မီးဖိုချောင်နှင့် လိုက်လျောညီထွေဖြစ်လာရပါတယ်။
(၅) ဂဏန်းပေါင်းစက်
ယခင်ခေတ် ဂဏန်းတွက်စက်အဟောင်းများဟာ ကိန်းဂဏန်းများ အခြေခံ ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်းနှင့် စားခြင်း မှလွဲ၍ လုပ်စရာအများကြီးမရှိခဲ့ပါဘူး။ ယခုအခါမှာ တော့ ခေတ်သစ်ဂဏန်းတွက်စက်များထံမှ ယခင်ထက်ပိုမို ပြည့်စုံသည့် များစွာသောလုပ်ဆောင်ချက်များ ကိုရွေးချယ်အသုံးပြုနိုင်ပါပြီ။
(၆) ဖုန်စုပ်စက်
ဖုန်စုပ်စက်များဟာလည်း သိသိသာသာတိုးတက်ပြောင်းလဲလာပါတယ်။ လုပ်ဆောင်ချက်အများစု တူညီသော်လည်းပုံသဏ္ဍာန် ၊ အရွယ်အစားနှင့်သန့်ရှင်းရေးအခြေအနေများကွဲပြားလာပါတယ်။ စက်ရုပ်ဖုန်စုပ်စက်များဟာ ယနေ့ခေတ် အိမ်သန့်ရှင်းရေးများမှာ အလွန်ခေတ်စားလာပါတယ်။
(၇) အဝတ်လျှော်စက်
ဒီစက်တွေရဲ့သမိုင်းကြောင်းကိုရှာဖွေ လေ့လာတဲ့အခါမှာတော့ ၁၉၄၀ ခုနှစ်တွေမှာ သုံးခဲ့တဲ့ crank-operated စက်တွေဟာ လည်း အဝတ်လျှော်စက်တွေဖြစ်ကြောင်း ကျွန်ုပ်တို့ ကောင်းစွာမသိခဲ့ ကြောင်း တွေ့ရပါတယ်။ ယခု ခေတ်မှာတော့ ကွဲပြားခြားနားသောရွေးချယ်စရာများစွာဖြင့် အလိုအလျောက်အဝတ်လျှော်စက်များပင် ပေါ်လာပြီဖြစ်ပါတယ်။
(၈) ပေါင်မုန့်မီးကင်စက်
ပထမဆုံးသောလျှပ်စစ် ပေါင်မုန့်မီးကင်စက် ကိုစကော့တလန်တွင် ၁၈၉၃ ခုနှစ်က စတင်တီထွင်ခဲ့ပြီး မီးကင်စက်ဟောင်းများ၏ဒီဇိုင်းဟာ ယနေ့ကျွန်ုပ်တို့မြင်ရပုံနှင့် အလွန်ကွဲပြားလှပါတယ်။ခေတ်မီစက်များဟာ ပိုနှစ်သက်စရာကောင်းပြီး လှပလာကြပါတယ်။
(၉) အမျိုးသမီးစီးဖိနပ်များ
အမျိုးသမီးစီးဖိနပ်များသည် လည်း ထည့်သွင်းပြောရမှာဖြစ်ပါတယ်။ ၎င်းတို့ဟာ ၁၇၄၀ ခုနှစ်များမှာ ပိုးထည်လက်ရာများနှငိ့ ကြိုးသိုင်းများမှတဆင့် အချိန်နှင့်အမျှ ဒေါက်မြင့်များအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။
(၁၀) ရေနွေးအိုး
ကမ္ဘာတစ် ၀ န်းရှိအိမ်တိုင်းနီးပါးမှာ တွေ့ရ သော ရေနွေးအိုးများဟာ သံမှပြုလုပ်ထားပြီးအမြဲ တစေ သန့်ရှင်းရေးပြုလုပ်ရန်လိုအပ်ပါတယ်။ အခုအခါမှာ တော့ ပိုမိုလက်တွေ့ကျကာ သုံးရလွယ်ကူပြီး ပိုဆွဲဆောင်မှုရှိတဲ့ ခေတ်မှီရေနွေးအိုးများ ပေါ်နေပြီဖြစ်ပါတယ်။
(၁၁) တီဗွီ
နှစ်ပေါင်းများစွာအတွင်း မျိုးစုံပြောင်းလဲသွားသော အတွေ့ရများသည့် အရာများထဲမှတစ်ခုဖြစ်ပါတယ် ။ တီထွင်မှုများဟာ ယခင်ဗားရှင်းများနှင့်နှိုင်းယှဉ်လျှင် လုပ်ဆောင်ချက်များများပြားလာပြီး များစွာသောရွေးချယ်စရာများဖြင့် ခေတ်မှီလှပသောာဒီဇိုင်းများအဖြစ် ကူးပြောင်းလာပါတယ်။
(၁၂) တယ်လီဖုန်း
တယ်လီဖုန်းများဟာ အချိန်နှင့်တပြေးညီ များစွာပြောင်းလဲသွားခဲ့ပြီး နောက် ၎င်းတို့ဟာ ကျွန်ုပ်တို့ ဘဝများအတွက် မရှိမဖြစ်လိုအပ် သော နေ့စဉ်သုံးအရာများ အဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ်။
(၁၃) နေကာမျက်မှန်
နှင်းမျက်မှန်ကို နှင်းဒဏ်ကာကွယ်ရန်တီထွင်ခဲ့ပြီး နောက် ကမျက်စိကို UV အလင်းရောင်ကာကွယ်ရန် အတွက်လည်း နေ့စဉ်သုံးနေကာမျက်မှန်ဖြစ်လာစေရန်တီထွင်ခဲ့ပါတယ်။
(၁၄) မီးပူ
မီးပူများဟာလည်း အဆင့်ဆင့်ပြောင်းလဲလာခဲ့ပါတယ်။ မီးသွေးသုံး သံမီးပူများမှ တဆင့် ပေါ့ပါးသည့်လျှပ်စစ်မီးပူများဟာ လက်အားအပူလောင်ခြင်းများ လျော့နည်းစေပြီး စိတ်ချလုံခြုံသော လူနေမှုဘဝအတွက် ခေတ်မှီလှပသော ဒီဇိုင်းများအဖြစ် တိုးတက်ပြောင်းလဲခဲ့ကြပါတယ်။
(၁၅) နားကြပ်
ပထမဆုံးနားကြပ်ကို တယ်လီဖုန်းအော်ပရေတာများကအသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်အထူးသဖြင့်လူငယ်များကြား ရေပန်းစားလာခဲ့ပါတယ်။ ယနေ့ခေတ်မှာ တော့ အရေးအပါဆုံးနှင့် မရှိမဖြစ် အသုံးအဆောင်များအနက်မှတစ်ခုဖြစ်လာပြီး ကြိုးမဲ့နားကြပ်များပင် တီထွင်ပြီး ဖြစ်နေပါပြီ။
ဖော်ပြခဲ့သည့်အထဲမှ မည်သည့်ခေတ်ဟောင်းပစ္စည်းမျိုးကို အသုံးပြုခဲ့ဖူးပါသလဲ? ယခုလက်ရှိမှာ ရော သင်စွဲမြဲအသုံးပြုနေတဲ့ ခေတ်ဟောင်း ပစ္စည်းများ ရှိသေးရင်လဲ ပြောပြပေးခဲ့နိုင်ပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။