ပြောင်းလဲသွားတဲ့ ပုံစံသစ်တွေနဲ့ အင်တာနက်ဂယက်ရိုက်စေခဲ့တဲ့ အမျိုးသမီး(8)ဦး
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့နဲ့ အမြင်လှပဖို့အတွက် celebrityတွေ မလုပ်ရဲတဲ့အရာက ခပ်ရှားရှားရယ်။
ဒီတခါဖော်ပြပေးမှာကတော့ ပြောင်းလဲသွားတဲ့ ပုံစံသစ်တွေနဲ့ အင်တာနက်ဂယက်ရိုက်စေခဲ့တဲ့ အမျိုးသမီး(8)ဦးကိုပဲဖြစ်ပါတယ်။
(၁) Mary-Kate Olsen
Maryဟာ 20ရာစုမှာ ချစ်စရာကောင်းတဲ့မျက်နှာရယ် မျက်လုံးဝိုင်းဝိုင်းလေးတွေရယ်နဲ့ ပရိတ်သတ်အချစ်တွေကို သိမ်းယူခဲ့သူဖြစ်ပါတယ်။2000ခုနှစ်နောက်ပိုင်းမှာတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေ မျက်နှာဝိုင်းဝိုင်းလေးတွေမရှိတော့ပါဘူး။သူကိုယ်တိုင်မှလည်း surgery နဲ့ပတ်သက်တဲ့ ကောလဟာလတွေကို ဖြေရှင်းခြင်းမပြုခဲ့ပါဘူး။
(၂) Demi Moore
တခြားceleတွေနဲ့မတူဘဲ Demiကတော့ သူမရဲ့အလှဟာ သဘာဝအတိုင်းပဲတော့ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။သူမရဲ့ အပြောင်းအလဲတွေအတွက် အမေရိကန်ဒေါ်လာ 320,000ခန့်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
(၃) Nicki Minaj
Rapသီချင်းကြိုက်နှစ်သက်တွေရဲ့ Nicki Minaj ကို ပရိတ်သက်တွေက မူလတွင် သူမရဲ့ခန္ဓာကိုယ်အလေးချိန်ကို မပြောင်းလဲချင်ဘူးလို့ဆိုခဲ့တာကြောင့် အချစ်ပိုခဲ့ကြရပါတယ်။ဒါပေမယ့် နောက်ပိုင်းဓာတ်ပုံတွေကို ကြည့်တဲ့အခါ သူမအများကြီးပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။သူမရဲ့ ခြေထောက်တွေဟာလည်း သေးသွယ်သွားတာကြောင့် ပရိတ်သတ်တွေက Liposuction ပြုလုပ်ခဲ့တယ်လို့ ထင်ကြေးပေးကြပါတယ်။Nickiကိုယ်တိုင်ကတော့ “ငါ့မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းကိုမှ surgery ပြုလုပ်ထားခြင်းမရှိဘူး။အားလုံး မိတ်ကပ်နဲ့ပြင်ထားတာ”လို့ပဲ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
(၄) Ariana Grande
ကမ္ဘာကျော်အဆိုတော် Ariana Grande ဟာ အားလုံးရဲ့မျက်စိရှေ့မှာပဲ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်တစ်ယောက်မှ ဆွဲဆောင်မှုရှိတဲ့ ဘာဘီလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲလာခဲ့ပါတယ်။သူမရဲ့ပြောင်းလဲမှုကို အင်တာဗျူတွေမှာ ဖြေကြားလေ့မရှိပေမယ့် surgery မပြုလုပ်ခံဘူးလို့တော့ ဆိုထားပါတယ်။
(၅)Dita Von Teese
Ditaရဲပခါးဟာ (၂၂)လက်မပဲရှိပါတယ်။သူမကတော့ သူမရဲ့နံရိုးအချို့ကို ဖယ်ထုတ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။
(၆)Heidi Montag
အမေရိကန် အစီစဉ်တင်ဆက်သူ၊အဆိုတော် ဒီဇိုင်နာ Heidi ဟာလည်း သူမရဲ့ ပလက်စတစ်ဆာဂျီရီအကြောင်းကို ဖွင့်ဟပြောဆိုထားပါတယ်။
(၇) Emmanuelle Bèart
ပြင်သစ်သရုပ်ဆောင်Emmaဟာ လွန်ခဲ့တဲ့ရာစုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့အသွင်အပြင်ကြောင့် ပရိတ်သတ်တော်တော်များများဟာ မြင်မြင်ချင်း ချစ်ခင်ခဲ့ကြရပါတယ်။ဒါပေမယ့် Emmanuelle ကတော့ သူမကိုယ်သူမ ပြီးပြည့်စုံလှပတယ်လို့ မခံစားခဲ့ရပါဘူး။ဒါကြောင့် သူမရဲ့နှုတ်ခမ်းကို ဆာလ်ဂျီရီပြုလုပ်ခဲ့ပါတယ်။ကံမကောင်းချင်တော့ ဆရာဝန်ဖြစ်သူဟာ သူမရဲ့နှုတ်ခမ်းကို ဆေးရည်အမှားတစ်ခုထိုးသွင်းခဲ့မိပါတယ်။ဒါကြောင့် Emmanuelle ဟာ ပလက်စတစ်ဆာလ်ဂျီရီကို အပြင်းအထန်ရှုံ့ချရခြင်းဖြစ်ပါတယ်။
(၈) Drew Barrymore
Drew Barrymore ဟာ သူမရဲ့ရင်သားsizeကို DDမှ C sizeသို့လျော့ချခဲ့ပါတယ်။သူမဟာ New York Daily News မှာလည်း “ကျွန်မရဲ့ခန္ဓာကိုယ်ကို ကျွန်မနှစ်သက်ပါတယ်။ဒါပေမယ့် မိန်းကလေးဖြစ်ရခြင်းဟာ နည်းနည်းတော့ ကသိကအောင့်ဖြစ်ရတဲ့အချိန်တွေရှိတာပေါ့၊ဘာလို့ဆို ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့ ရင်သားကိုအမြဲကြည့်တတ်တာကြောင့်ပဲဖြစ်ပါတယ်။ဒါ့အပြင် ရင်သားကြီးတဲ့အခါ နောက်ကျောနာတာတို့၊အဝတ်အစားဝတ်တဲ့အခါမှာလည်းသက်သောင့်သက်သာမရှိဘူး”ဟု ပြောကြားခဲ့ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။