Daily News

Stay home ကာလမွာ သားအတြက္ Optimus Prime ဝတ္စုံကို ဖာေလးေတြနဲ႔ ျပဳလုပ္ၿပီး ေပ်ာ္စရာေတြ ဖန္တီးေပးခဲ့တဲ့ စုံတြဲႏွစ္ဦ

ကပ္ေရာဂါကာလအတြင္း အိမ္မွာေနရတာဟာ လူတိုင္းအတြက္ ပ်င္းဖို႔အရမ္းေကာင္းပါတယ္ ။ စုံတြဲတစ္တြဲက သူတို႔ရဲ႕သားေလးအတြက္ အိမ္မာေနရတာ မၿငီးေငြ႕ေအာင္ Transformers ဝတ္စုံကို တီထြင္ဖန္တီးႏိုင္ခဲ့ပါတယ္။ V က သူမနဲ႔ သူမရဲ႕ ခင္ပြန္းတို႔ဟာ ေလးႏွစ္ခြဲအ႐ြယ္သား Asher အတြက္ Do-It-Yourself စီမံကိန္းကိုစတင္ရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ ဒီဝတ္စုံကို Transformers franchise ရဲ႕အဓိကဇာတ္ေကာင္ျဖစ္တဲ့ Optimus Prime ရဲ႕ ဝတ္စုံပုံတူျဖစ္ပါတယ္ ။ V က” ကြၽန္မခင္ပြန္းက သူ႔႐ုံးမွ ဖာအလြတ္တခ်ိဳ႕ကို အိမ္ယူျပန္ၿပီး ေရာင္ဆုံစာ႐ြက္ေလးေတြနဲ႔ ကပ္ၿပီး Optimus Prime အေရာင္လို ကြၽန္မတို႔ေပါင္းစပ္ခဲ့တယ္ ” လို႔ Stomp မွာ ေျပာၾကားခဲ့ပါတယ္ ။

V က Asher အကကေနပုံနဲ႔ ဝတ္စုံအသစ္ျဖင့္ ဝတ္ထားတဲ့ဗီဒီယိုမ်ားနဲ႔ ဓာတ္ပုံမ်ားကို မွ်ေဝခဲ့ပါတယ္ ။ မိခင္ျဖစ္သူက “Asher က ႀကိဳက္တယ္၊ သူက ‘ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ကြၽန္ေတာ္ အရမ္းႀကိဳက္တယ္’ လို႔ေျပာခဲ့တယ္ ” လို႔ ဆိုပါတယ္ ။ “ ကြၽန္မတို႔အစားအစာဝယ္ဖို႔သြားတုန္းက သူဟာ အဲ့ဒီဝတ္စုံကို အရမ္းျမတ္ႏိုးလို႔ ဝတ္စုံကိုဝတ္သြားလို႔ရလားလို႔ သူကေမးတယ္ ” ဆိုၿပီး မိခင္ျဖစ္သူ V က ေျပာျပေသးပါတယ္ ။ Covid-19 အစီအမံေတြၾကားမွာ အိမ္မွာေနရင္းနဲ႔ တီထြင္ဖန္တီးမႈေတြလုပ္ၿပီး ကေလးငယ္အတြက္ ေပ်ာ္စရာေတြကို ဖန္တီးဖို႔ မိဘေတြကို အားေပးပါတယ္ ။

.

.

Mia (Mckzone Daily)

Source : straitstimes

.

.

Unicode

ကပ်ရောဂါကာလအတွင်း အိမ်မှာနေရတာဟာ လူတိုင်းအတွက် ပျင်းဖို့အရမ်းကောင်းပါတယ် ။ စုံတွဲတစ်တွဲက သူတို့ရဲ့သားလေးအတွက် အိမ်မာနေရတာ မငြီးငွေ့အောင် Transformers ဝတ်စုံကို တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ V က သူမနဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ လေးနှစ်ခွဲအရွယ်သား Asher အတွက် Do-It-Yourself စီမံကိန်းကိုစတင်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီဝတ်စုံကို Transformers franchise ရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Optimus Prime ရဲ့ ဝတ်စုံပုံတူဖြစ်ပါတယ် ။ V က” ကျွန်မခင်ပွန်းက သူ့ရုံးမှ ဖာအလွတ်တချို့ကို အိမ်ယူပြန်ပြီး ရောင်ဆုံစာရွက်လေးတွေနဲ့ ကပ်ပြီး Optimus Prime အရောင်လို ကျွန်မတို့ပေါင်းစပ်ခဲ့တယ် ” လို့ Stomp မှာ ပြောကြားခဲ့ပါတယ် ။

V က Asher အကကနေပုံနဲ့ ဝတ်စုံအသစ်ဖြင့် ဝတ်ထားတဲ့ဗီဒီယိုများနဲ့ ဓာတ်ပုံများကို မျှဝေခဲ့ပါတယ် ။ မိခင်ဖြစ်သူက “Asher က ကြိုက်တယ်၊ သူက ‘ကျေးဇူးအများကြီးတင်ပါတယ်၊ကျွန်တော် အရမ်းကြိုက်တယ်’ လို့ပြောခဲ့တယ် ” လို့ ဆိုပါတယ် ။ “ ကျွန်မတို့အစားအစာဝယ်ဖို့သွားတုန်းက သူဟာ အဲ့ဒီဝတ်စုံကို အရမ်းမြတ်နိုးလို့ ဝတ်စုံကိုဝတ်သွားလို့ရလားလို့ သူကမေးတယ် ” ဆိုပြီး မိခင်ဖြစ်သူ V က ပြောပြသေးပါတယ် ။ Covid-19 အစီအမံတွေကြားမှာ အိမ်မှာနေရင်းနဲ့ တီထွင်ဖန်တီးမှုတွေလုပ်ပြီး ကလေးငယ်အတွက် ပျော်စရာတွေကို ဖန်တီးဖို့ မိဘတွေကို အားပေးပါတယ် ။

Mia (Mckzone Daily)

Leave a Comment