Mon. May 23rd, 2022

သင့်ရဲ့relationshipကို ပိုခိုင်မြဲအောင်လုပ်နိုင်မယ့်အချက်(၁၀)ချက်

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။လူတိုင်း ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်နဲ့ အတူတူအိုမင်းသွားချင်ကြတာပဲမဟုတ်လား။

ဒါကြောင့် ဒီတစ်ခါကျွန်တော်တို့ pageမှ သင့်ရဲ့ relationshipကို ပိုခိုင်မြဲအောင်လုပ်နိုင်မယ့် သေးငယ်တဲ့အချက်လေး(၁၀)ကို ဖော်ပြပေးပါရစေ။

သင်ချစ်ရတဲ့သူနဲ့ သေးငယ်တဲ့အိပ်မက်တစ်ခုအတူတူရှိပါစေ

အိပ်မက်တစ်ခုကို အတူတူမက်တာဟာ သင်နဲ့သင့်ရဲ့ပါတနာကို တူညီတဲ့goalရှိစေပါတယ်။ဒီလိုပါပဲ စီးပွားရေးစပ်တူလုပ်တာလည်း သင်တို့ကြားထဲက ဆက်ဆံရေးကိုတိုးတက်လာစေနိုင်ပါတယ်။

ချစ်ရတဲ့သူရဲ့ ဆန္ဒတွေကို ချရေးထားပါ

ဥပမာ- သင့်ကောင်မလေးက ဒီဆိုင်လေးမဆိုးဘူးတို့ ဒီအင်္ကျီလေးလှတယ်တို့လို့ပြောရင် စာအုပ်ထဲမှာ မှတ်ထားပေးပါ။ဒီလိုပြုလုပ်ခြင်းဖြင့် မွေးနေ့တို့ anni dayတို့အတွက် လက်ဆောင်စဉ်းစားရလွယ်စေပြီး တဖက်မှာလည်း အလေးပေးခံရတယ်လို့ အတွေးရရှိစေနိုင်ပါတယ်။

မထင်မှတ်ထားတဲ့ surpriseပြင်ဆင်ပေးပါ

စစတွဲချင်းလတွေမှာ‌ကတော့ တကိုင်းတည်းနားတဲ့ ငှက်လေးတွေကဲ့သို့ ရင်ခုန်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ၊ ပျော်စရာတွေနဲ့ပြည့်နှက်နေပြီး နွေးထွေးနေမှာပါ။လာနည်းနည်းကြာသွားရင်တော့ စိတ်လှုပ်ရှားစရာတွေ လျော့ပါးသွားပါလိမ့်မယ်။ဒါဟာ သင်မချစ်တော့လို့ မဟုတ်ပါဘူး။ တည်ငြိမ်သွားလို့ဖြစ်ပါတယ်။ဒါကြောင့် သင်တို့ရဲ့ ဆက်ဆံရေးကို နွေးထွေးစေဖို့ သေးငယ်တဲ့ surpriseတွေ မကြာခဏပြင်ဆင်ထားပေးပါ

ရန်ဖြစ်ရင် သင့်အမှားကို တွေးကြည့်ပါ

ရန်ဖြစ်တဲ့အချိန် အသိစိတ်လွတ်လွတ်သွားတတ်တာကြောင့် သင်မရည်ရွယ်တဲ့စကားလုံးတွေ ပြောထွက်သွားနိုင်ပါတယ်။ဒါကြောင့် တစ်ယောက်တည်း မိနစ်(၂၀)လောက်သီးသန့်နေပြီး သင့်အမှားကို အရင်ဆုံးစဉ်းစားပြီး တောင်းပန်ကြည့်ပါ။

3-1နည်းလမ်းကို စမ်းကြည့်ပါ

သင့်ရဲ့ လက်တွဲဖော်က သင့်အပေါ် လွှမ်းမိုးမှု များနေတယ်လို့ ထင်ပါသလား။ဒါဆို ဒီ 3-1နည်းလမ်းလေးကို စမ်းကြည့်ပါ။ဥပမာ ရုပ်ရှင်ကြည့်ကြပြီဆိုပါစို့။သင်က သင်ကြိုက်တဲ့ ဇာတ်ကား3ကားကိုအရင်ရွေးပြီး သင့်ရဲ့ပါတနာကို ထိုသုံးကားထဲက တစ်ကားပြန်လည်ရွေးချယ်ခိုင်းပါ

ကိုယ်ပိုင်အချိန်ပေးပါ

သင့်ရဲ့ အားလပ်ချိန်အကုန်လုံးကို သူနဲ့ပဲ အတူတူကုန်ဆုံးပေးခြင်းက ပထမတွင် ပျော်စရာကောင်းပေမယ့် ရေရှည်‌တွင် ဆက်ဆံရေးပြတ်ဆဲသွားရတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် သီးသန့်ကိုယ်ပိုင်အချိန်ရှိပါစေ။တဖက်သားကိုလည်း ကိုယ်ပိုင်ချိန်ပေးပါ။ဒါဟာ introvertများတွင် ပိုမိုလိုအပ်ပါတယ်။ ခဏတာခွဲခါရတာကြောင့် သင့်ကိုလွမ်းဖို့ အခွင်းအရေးရှိပြီး ပြန်တွေ့တဲ့အခါ ဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်ပါတယ်။

လက်တွဲဖော်ရဲ့ မိသားစုနဲ့ မကြာခဏတွေ့ဆုံပေးပါ

ယောက္မခတွေဆိုတာ အဆင်ပြေဖို့ခက်ခဲတဲ့အရာဆိုပေမယ့် သူတို့ဟာ သင့်လက်‌တွဲဖော်ချစ်ရတဲ့သူတွေပဲ ဖြစ်ပါတယ်။ဒါကြောင့် သင်နဲ့ သင့်လက်တွဲဖော်မိသားစုကြားတွင် ကောင်းမွန်တဲ့ဆက်ဆံရေးရှိခြင်းဟာ ပြဿနာတော်တော်များများကိုရှောင်လွှဲနိုင်ပါလိမ့်မယ်။

အိမ်အလုပ်အတူတူလုပ်ပါ

သင်တို့နှစ်ယောက်အတူတူ တစ်ခုခုကို ဖန်တီးပါ။ဒီလိုပြုလုပ်ခြင်းဖြင့် တစ်ယောက်ကို တစ်‌ယောက် ပိုမိုနားလည်သိရှိလာနိုင်ပါလိမ့်မယ်။ဥပမာ ဟင်းအတူတူချက်တာတို့၊ နံရံဆေးသုတ်တာတို့၊ဘာသာစကားတစ်ခုကို အတူတူလေ့လာတာတို့။

ဖက်ပေးပါ

အထိအတွေ့ကလည်း အရေးကြီးတာမို့ မကြာခဏဖက်ပေးပါ။ဒီလိုပြုလုပ်ခြင်းဖြင့် သင့်အပေါ် သင့်လက်တွဲဖော် ‌အားကိုးနိုင်ကြောင်း၊ယုံကြည်နိုင်ကြောင်း၊သင်နဲ့အတူတူရှိနေရင် ပိုမိုလုံခြုံတယ်လို့ ခံစားရကြောင်း ကျွန်တော်ပြောရင် ယုံမှာလား။

သင့်လက်တွဲဖော်ကို တစ်ရက်သီးသန့်အချိန်ပေးပေးပါ

 

တစ်လလျှင် တစ်ရက်ဖြစ်ဖြစ် တခြားအရာတွေအားလုံးကို မေ့ပစ်ပြီး သင့်လက်တွဲဖော်ကိုပဲအချိန်ပေးပါ

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.