အမျိုးသားတွေက အမျိုးသမီးတွေကို သိစေချင်တဲ့ အကြောင်းအရာတစ်ချို့
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။မကြာခဏဆိုသလို အမျိုးသမီးတွေက သူတို့ရဲ့ ပါတနာ ဘာတွေတွေးနေတတ်ကြလဲဆိုတာ သိချင်ကြပါတယ်။ အထူးသဖြင့် သူတို့ပါတနာဟာ နှုတ်ဆိတ်နေတဲ့အချိန်တွေမှာပေါ့။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အမျိုးသားတွေက အမျိုးသမီးတွေကို သိစေချင်တဲ့ အကြောင်းအရာတစ်ချို့ကို ပြောပြပေးသွားပါမယ်။
-တစ်ခါတစ်လေကျရင် ပွေ့ဖက်ပေးတာ ဒါမှ မဟုတ် ရိုးရှင်းတဲ့ ချီးကျူးစကားပြောပေးတာက တော်တော်လေးကို နွေးထွေးမှုပေးပါတယ်။
-စစ်မှန်တဲ့ ချီးကျူးစကားတစ်ခွန်းက အမြဲ အမှတ်ရနေေစမှာပါ။
-မင်းဘက်က ခြေလှမ်းစလှမ်းလည်း ဖြစ်ပါတယ်။ ကိုယ့်တို့ အမျိုးသားတွေကလည်း တစ်ခါတစ်လေ ရှက်တတ်တာပဲ။ ကိုယ့်ကို သဘောကျရင် စိုက်ကြည့်မနေဘဲ လာဖွင့်ပြောလို့လည်း အဆင်ပြေပါတယ် ။
-အမျိုးသားတွေကလည်း လူသားပဲလေ။ တစ်ခါတစ်လေတော့လည်း တစ်ယောက်တည်း နေချင်တဲ့ အချိန်တွေ ရှိတာပဲ။
-တကယ်လို့ သင်က အမျိုးသားတစ်ယောက်ကို စိတ်ရင်းအတိုင်း ချီးကျူးစကားဆိုမယ် ဆိုရင် အမျိုးသမီးတွေ ချီးကျူးမှုအပေါ် တုန့်ပြန်သလိုတော့ တစ်ပုံစံတည်း မတုန့်ပြန်တတ်ကြပါဘူး။ ဘာလို့ဆို အမျိုးသားတွေက သူတို့ကို ချီးကျူးစကားပြောလိုက်ရင် ဒါဟာ သနားလို့ပြောတာလား ယဥ်ကျေးမှုအရ ပြောတာပဲလားဆိုပြီး တွေးတတ်ကြလို့ပါ။ တစ်ခါတစ်လေ စိတ်ထဲကမပါတဲ့ ချီးကျူးစကားတွေ ကြားရရင်လည်း သူတို့အတွက် အဆင်မပြေဖြစ်ကြလို့ တုန့်ပြန်မှုမပေးကြပါဘူး။
-နွေရာသီမှာတော့ ကိုယ်အနား အရမ်း မကပ်ပါနဲ့ကွာ။ ကိုယ်လည်း ပူတဲ့အတွက် တစ်ယောက်တည်း နေချင်တဲ့အခါလည်း ရှိတာပဲ။
-ကျေးဇူးပြုပြီး နှုတ်ကနေ ထုတ်ပြောပေးပါ။ ကိုယ်က မပြောရင် မသိတဲ့ အတွက် အချစ်တွေ လျော့မှာစိုးလို့ပါ။
-ကိုယ်တို့ အမျိုးသားတွေက တိတ်ဆိတ်ခြင်းတွေကိုလည်း ကြိုက်တယ် ဗွီဒီယိုဂိမ်းကစားရတာတွေကိုလည်း ကြိုက်တဲ့အတွက်ကြောင့် ဒါတွေလုပ်နေတာ မင်းကို စိတ်ဆိုးလို့လည်း မဟုတ်ဘူး လျစ်လျူရှုနေတာလည်း မဟုတ်ဘူးဆိုတဲ့အကြောင်းကို သိစေချင်တယ်။ ကိုယ်တို့တွေလည်း အနားယူချင်ရုံပါပဲ။
-တကယ်လို့ ကိုယ်ဘက်က တအား တိတ်ဆိတ်လွန်းတယ်ထင်ရင် မင်းကပဲ စကားတွေ အများကြီး ပြောပေးပါ။
-မင်းတို့အမျိုးသမီးတွေ ပြောလိုက်တဲ့ နာကျင်စေတဲ့ စကားလုံးတွေက ကိုယ်တို့မှတ်ဉာဏ်တွေထဲကနေ မှော်အစွမ်းလို ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ ကိုယ်တို့လည်း ခံစားရတာပါပဲ။
-ကိုယ် အိပ်ရာထဲမှာ လှဲနေတဲ့အခါ မင်းက ကိုယ့်တို့ ရှေ့ရေးနဲ့ ပတ်သက်ပြီး တွေးနေစေချင်ပေမဲ့ ကိုယ်က အဲ့လို မဟုတ်ရင် စိတ်မဆိုးပါနဲ့။ အဲ့လိုအခါမျိုးမှာ ကိုယ့်ကို ကိုယ်တို့ အနာဂတ်အကြောင်း တွေးဖို့ သတိပေးပါ။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။