Mon. May 23rd, 2022

သင့်ကလေးကို အနိုင်ကျင့်ခံရမှုတွေကနေ ကိုယ့်ကိုယ်ကို ခုခံနိုင်စေမယ့် နည်းလမ်း (၈)ခု

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အနိုင့်ကျင့်ခံရခြင်းတွေ ကဲ့ရဲ့ခံရခြင်းတွေက ကျွန်တော်တို့ထင်ထားတာထက် ကျောင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။ ‌ဒါတွေကို ကလေးတွေက ကြောက်လို့ဖြစ်စေ ရှက်လို့ဖြစ်စေ လူကြီးတွေကို မပြောပဲ နေကြတဲ့အတွက် အချိန်တစ်ခုကြာတဲ့အထိ လူကြီးတွေဟာ ကလေးတွေ အနိုင်ကျင့်ခံရတဲ့အခါ မသိကြပါဘူး။

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အကယ်၍ ကလေးတွေဟာ ဒီအကြောင်းတွေကို ပြောပြလာရင် သူတို့ကိုယ်တိုင် ရင်ဆိုင်နိုင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်ကလေး တကယ်တော်တဲ့အရာတွေကို ရှာပါ

ကိုယ့်က‌ေလး လုပ်ချင်တဲ့ အရာတွေ သူတို့တော်တဲ့အရာတေွကို အားပေးပြီး သူတို့ကို ဘယ်လောက်တော်တဲ့အကြောင်းတွေ ပြောပေးပါ။ ချီးကျူးပေးပါ။ ဒီနည်းလမ်းက ကလေးတွေကို ယုံကြည်မှုတိုးစေပြီး ကိုယ့်ကိုယ်ကို လက်ခံနိုင်စွမ်း ရှိလာစေပါတယ်။

(၂) အကူအညီလိုရင် အကူအညီတောင်းနိုင်ကြောင်း ပြောပေးပါ

ကလေးငယ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တစ်ချို့ကလေးတွေအတွက် ခက်ခဲတဲ့အရာဖြစ်ပေမဲ့ တစ်ချို့တွေအတွက် လွယ်ကူနေတာတွေလည်း ဖြစ်တတ်တာမို့ ကလေးတွေကို အကူအညီလိုအပ်ရင် လိုအပ်တဲ့အကြောင်း ပြောတတ်အောင် သင်ကြားပေးပါ။

(၃) ကလေးတွေပြောတာကို ဂရုတစိုက် နားထောင်ပေးပါ

ကလေးတွေကို ကျောင်းမှာ ဘာတွေလုပ်ခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ မေးပေးပါ။ စကားတွေပြောပေးပါ။ ဒီနည်းလမ်းက သင့်ကလေးကို စိတ်သက်သာရာလည်း ရစေပြီး မိဘနဲ့ကလေးကြားက ဆက်ဆံရေးလည်း ပိုကောင်းလာစေပါတယ်။ အကယ်၍ ကျောင်းမှာ အစခံရတယ် အနိုင်ကျင့်ခံရတယ်လို့ ပြောလာရင်လည်း အကြောင်းအရင်းတွေကို မမေးပါနဲ့။ အပြစ်မတင်ပါနဲ့။ ပြီးတော့ သူတို့အမှားမဟုတ်တဲ့အကြောင်း ပြောပြပေးပါ။

(၄) သူတို့ဆီမှာ ဖြစ်ပျက်နေတဲ့ အရာတွေအပေါ် အမည်တပ်ပေးပါ

ဒီလိုလုပ်ပေးခြင်းက ကလေးတွေ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို သေချာနားလည်စေပြီး အနိုင်ကျင့်ခံရတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတဲ့အတွက် အလွယ်တကူ ကျော်လွှားနိုင်မှာပါ။

(၅) ကဲ့ရဲ့ခြင်းတွေအပေါ် မတုန့်ပြန်ဖို့ ပြောပြပေးပါ။

အနိုင်ကျင့်သူ‌‌ေတွက သင့်ကလေးဆီက‌ေန စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုကို ရယူလိုတဲ့အတွက်ကြောင့်မို့ ဒေါသထွက်ခြင်း ငိုခြင်းတွေက နောက်ပြောင်ခြင်းဆီကို ပိုပြီး ဦးတည်သွား​ေစနိုင်ပါတယ်။ လျစ်လျူရှုဖို့ သင့်ကလေးကို သင်ပေးပါ။ သင့်ကလေးနှင့် တွဲကစားပေးပြီး သင် သင်ပေးသည့်ပုံစံအတိုင်း ပြုလုပ်ခဲ့ပါက သူတို့ကို ချီးကျူး​ပေးပါ။

(၆) ပုံဖော်တတ်အောင် လေ့ကျင့်ပေးပါ

ဥပမာအားဖြင့်၊ သင့်ကလေးအား ပတ်ဝန်းကျင်မှာ ဒိုင်းတစ်ခုရှိသည်ကို ပုံ​ေဖာ်ကြည့်ခိုင်းပါ။ ဒီလိုလုပ်ပေး​​ခြင်းက အခြားသူ‌ေတွပြောတဲ့စကားက သူတို့ကို ထိခိုက်ခြင်းမရှိကြောင်း နားလည်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၇) ကဲ့ရဲ့ခြင်းကို ချီးကျူးစကားအဖြစ်သို့ ပြောင်းလဲနည်း သင်ပေးပါ

ကဲ့ရဲ့တတ်တဲ့သူတွေဟာ တခြားကလေးတွေကို နာကျင်စွာခံစားစေချင်ကြတာပါ။ ဒါပေမယ့် သင်က ထိုအပျက်သဘောဆောင်တဲ့ စကားတွေကို အကောင်းမြင်တတ်အောင် သင်ပေးထားရင်တော့ အဆင်ပြေမှာပါ။ ဥပမာအနေဖြင့် ကိုယ့်ကလေးက မျက်မှန်တပ်ရတဲ့အခါ အစသန်လွန်းသူတွေက လေးလုံးတို့ဘာတို့ ပြောပြီး စကြပါလိမ့်မယ်။ အဲ့လိုအချိန်မှာ အားငယ်ပြီး ငိုနေမယ့်အစား “ငါ့မျက်မှန်တွေ သတိထားပြီး ကြည့်ပေးတာ ကျေးဇူးပါ ” ဆိုပြီး ပြန်တုန့်ပြန်တတ်အောင် သင်ကြားပေးပါ။

(၈) အချက်အလက်များကို သဘောတူဖို့ သူတို့ကို ပြောပါ

သင့်ကလေးမှာ တင်းတိပ်ရှိသကဲ့သို့ အမှန်တစ်ခုခုကို အခြေခံပြီး လှောင်ပြောင်ခြင်းဖြစ်ပါက၊ သင့်ကလေးအား ထိုစကားကို သဘောတူဖို့ သင် သင်ပေးနိုင်ပါတယ်။ ဒါက သင့်ကလေးဟာ သူတို့ကိုယ်သူတို့ မကောင်းဘူးလို့ ခံစားရပြီး အနိုင်ကျင့်တာကို ငြိမ်ခံဖို့ မဆိုလိုပါဘူး။ တင်းတိပ် ၊  မျက်မှန်တပ်ခြင်းက အမှားမဟုတ်ပါဘူး။ သင့်ကလေးက ဒါကို နားလည်ပြီး မရှက်သင့်ပါဘူး။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်

 

Leave a Reply

Your email address will not be published.