Mon. May 23rd, 2022

ကျွန်တော်တို့တွေးထားတဲ့ အခြေအနေတွေနဲ့ ကွဲပြားတဲ့ တိရစ္ဆာန်များ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။တိရိစ္ဆာန်kingdomက ပုံပြင်များဖြင့် ပြည့်နှက်နေပါတယ်။ ဇီးကွက်‌ေတွက ပညာရှိ‌ေတွလို့ ယူဆကြပြီး လင်းပိုင်တွေက လူသားများကို ဖျော်ဖြေရတာ နှစ်သက်ကြတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် မှန်ပါ့မလား။

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေဘကျွန်တော်တို့တွေးထားတဲ့ အခြေအနေတွေနဲ့ ကွဲပြားတဲ့ တိရစ္ဆာန်တွေကို ပြောပြပေးသွားပါမယ်။

(၁) မိကျောင်းအများစုက အန္တရာယ်ကင်းကြပါတယ်

မိကျောင်းမျိုးစိတ်အများစုက အန္တရာယ်မရှိဘူးလို့ ဆိုရတာ ထူးဆန်းပါတယ်။ တကယ်တော့ သူတို့ဟာ ထိပ်တိုက်ရင်ဆိုင်မယ့်အစား လူသားတွေနဲ့ ခပ်ဝေးဝေးမှာ နေချင်ကြပါတယ်။ လူကို ဖမ်းစားနိုင်တဲ့ မျိုးစိတ်က နိုင်းမိချောင်း နှင့် ရေငန်မိကျောင်းများ သာ ဖြစ်တဲ့အတွက်ကြောင့် အဆိုပါ မိကျောင်း ၂ မျိုးကို‌ေတာ့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။

(၂)ပုရွက်ဆိတ်တွေက အလုပ်မလုပ်ကြဘူး

ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကြားနေရတဲ့ ဒဏ္ဍာရီများနှင့် ပုံပြင်တိုများကြောင့် ပုရွက်ဆိတ်တွေကို အလုပ်ကြိုးစားသူတွေလို့ ထင်နေကြပါတယ်။ ဒါပေမယ့် အချိန်တစ်ဝက်နီးပါးမှာပုရွက်ဆိတ်များက မလှုပ်ရှားဘဲ နေကြတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၃)ဝက်တွေက သန့်ရှင်းပါတယ်

ဝက်တွေက ညစ်ပတ်တဲ့တိရစ္ဆာန်များအဖြစ် နာမည်ကျော်ကြားပါတယ်။ တကယ်တော့ သူတို့တွေဟာ ခြံထဲမှာ အသန့်ရှင်းဆုံး တိရစ္ဆာန်တွေပါ။ ရွှံ့ထဲမှာ ညစ်ပတ်‌ေန‌ေပမယ့်လည်း ချွေးမပြန်နိုင်သဖြင့် ရွှံ့နွံက သူတို့ကို အေးမြစေပါတယ်။

(၄)ပင့်ကူတွေက ရန်မလိုကြပါဘူး

ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ပင့်ကူတွေက သင့်ကို မကိုက်ချင်တာကြောင့် အကိုက်ခံရဖို့ တကယ်လိုအပ်ပါတယ်။ ယေဘူယျအားဖြင့် ပင့်ကူတွေက ငြိမ်းချမ်းတဲ့ သတ္တဝါဖြစ်ကြပါတယ်။ တကယ်တော့ ပင့်ကူတွေဟာ လူသားတွေအစား အင်းဆက်တွေကိုပဲ အာရုံစိုက်ကြပါတယ်။

(၅)လင်းပိုင်တွေက အန္တရာယ်ရှိပါတယ်

လင်းပိုင်များနှင့်အတူ ရေကူးခြင်းက အမြဲတမ်း စိတ်ကူးကောင်းတစ်ခုဟု ထင်ရပါတယ်။ ဒါပေမယ့် ပြုံးနေတဲ့မျက်နှာက ခန္ဓာဗေဒဆိုင်ရာ ကွဲလွဲချက်တစ်ခုဖြစ်ပြီး လူများ၊ အခြားလင်းပိုင်များကိုပင် အန္တရာယ်ပြုနိုင်သည့် တောရိုင်းတိရစ္ဆာန်များဖြစ်ပါတယ်။

(၆) ဆင်တွေက အပြေးသန်ကြပါတယိ

ဆင်တွေက ပေါင် 6,000 မှ 15,000 ပေါင်အထိ အလေးချိန်ရှိ‌ေပမယ့်လည်း တစ်နာရီလျှင် 10 mph ထက်ပိုတဲ့ အမြန်နှုန်းဖြင့် ပြေးနိုင်ပါတယ်။

(၇) ဇီးကွက်တွေက ဉာဏ်မရှိပါဘူး

လေ့လာချက်တွေအရ ဇီးကွက်များရဲ့ အထူးကျွမ်းကျင်မှုနှင့် အကြီးမားဆုံး အားသာချက်‌ေတွက အမဲလိုက်ခြင်း၊ အမွေးအမှင်များကို ဖုံးကွယ်ထားခြင်း၊ သားကောင်ကိုဖမ်းဖို့ ကူညီပေးသည့် ထူးခြားသောမျက်လုံးတွေ ရှိကြောင်းပဲ တွေ့ရပါတယ်။

(၈) Slothsတွေက မပျင်းပါဘူး

Sloth တွေက ကမ္ဘာပေါ်မှာ အနှေးဆုံးနို့တိုက်သတ္တဝါ ဖြစ်ပေမယ့်လည်း ပင်ကိုယ်ဗီဇကိုက ပျင်းရိတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အခြေခံဇီဝြဖစ်ပျက်မှုက အလွန်နိမ့်ကျတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။

(၉)နွားတွေက ဉာဏ်ကောင်းပါတယ်

ဥာဏ်ရည်ဥာဏ်သွေးနှင့်ပတ်သက်လာလျှင် နွား‌ေတွက ထိပ်ဆုံးပါပဲ။သူတို့က အဆင့်မြင့် သိမြင်နိုင်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ ပိုင်ဆိုင်ကြောင်း သုတေသီများက ဆိုပါတယ်။

(၁၀)မြွေတွေက သတိကြီးပါတယ်

မြွေ‌ေတွက နားမရှိ‌ေပမယ့်လည်း အသံများကို အာရုံခံနိုင်စွမ်းရှိပါတယ်။ လေ့လာမှုများက မြွေတွေဟာ အလွန်အာရုံစူးစိုက်မှုရှိပြီး အတွင်းနားများမှတစ်ဆင့် အရာများကို အာရုံခံနိုင်ကြောင်း ညွှန်ပြထားပါတယ်။

(၁၁) မျောက်‌ေမာင်းမတွေက သေစေပါတယ်

သူတို့က ချစ်စရာကောင်းတဲ့ ရုပ်ရည်မျိုးရှိပေမဲ့ သားကောင်ရဲ့အသားကို ဖောင်းပြီး ပုပ်သွားစေနိုင်လောက်အောင် ပြင်းထန်တဲ့ အဆိပ်တွေနဲ့ အကိုက်ခံရနိုင်ပါတယ်။ လူသား‌ေတွကို သေစေနိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.