Mon. Jun 5th, 2023

လူတိုင်းလူတိုင်း ချမ်းချမ်းသာသာဘဲဘဝကိုဖြတ်သန်းချင်ကြတာပါ။ဒါပေမဲ့ ကျွန်တော်တို့အများစုဘာလို့ မချမ်းသာကြတာလဲ။အဖြေကတော့ ကျွန်တော်တို့ ပြုပြင်ဖို့လိုနေတဲ့ တစ်ချို့သောအလေ့အကျင့်ဆိုးတွေရှိနေသေးတယ်လို့ ယေဘုယျအားဖြင့်ဆိုနိုင်ပါတယ်။စာဖတ်သူအနေနဲ့ ချမ်းသာချင်တယ်ဆိုရင်တော့အခုပြောပြမယ့် အလေ့အကျင့်တစ်ချို့ကိုပြုပြင်လိုက်မယ် ဆိုရင် ချမ်းသာဖို့အခွင့်အရေးပိုများလာမှာဖြစ်ပါတယ်။

(၁) မရသေးတဲ့ပိုက်ဆံကိုကြိုတင်သုံးခြင်း

အခုခေတ်မချမ်းသာတဲ့လူအများစုမှာ ဒီလိုကိုယ်ရဲ့လက်ထဲ ရောက်မလာသေးတဲ့ပိုက်ဆံကို ကြိုတင်သုံးတက်တဲ့အလေ့အထကိုကျင့်သုံးလေ့ရှိကြပါတယ်။မရသေးတဲ့ပိုက်ဆံဆိုတာ ဥပမာ လကုန်မှရမယ့်ပိုက်ဆံကို အခုကတည်းက ကြိုတင်ချေးငှားပြီး သုံးစွဲထားတာကိုဆိုလိုတာဖြစ်ပါတယ်။ဒီလိုသုံးလိုက်ခြင်းအားဖြင့် တကယ်လဲလကုန်ပိုက်ဆံရတဲ့အခါ အကြွေးဆပ် ရတာနဲ့ ပိုက်ဆံကကိုယ်လက်ထဲမကျန်တော့ပါဘူး။ထိုအခါချေးသုံးထားလိုက် ပြန်ဆပ်လိုက်နဲ့ အကြွေးသံသရာထဲကရုန်းမထွက်နိုင်ဖြစ်နေကြတာဖြစ်ပါတယ်။

(၂) နောက်ဆုံးပေါ်ပစ္စည်းတွေလိုက်လွန်းခြင်း

 

ယနေ့ခေတ်မှာလူတွေရဲ့ စိတ်ကိုမဝယ်ချင်ဝယ်ချင်အောင် နည်းအမျိုးမျိုးနဲ့ လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်ရောင်းချနေကြပါတယ်။ဥပမာအနေနဲ့ သင်လက်ထဲမှာဖုန်းတစ်လုံးရှိတယ်ဆိုပါစို့။သင့်ဟာအခုလိုနောက်ဆုံးပစ္စည်းတွေကိုလိုက်လွန်းနေတယ်ဆိုရင် သင့်လက်ထဲရှိတဲ့ဖုန်းကအားလုံးအသုံးပြုလို့ရနေသေးပေမယ့် အသစ်သစ်ထပ်ပေါ်လာတဲ့ ဖုန်းတွေကိုဝယ်ချင်နေအုန်းမှာဖြစ်ပါတယ်။ဒါဟာသက်သက်ပိုက်ဆံဖြုန်းရာရောက်ပြီး မှားယွင်းသောနည်းလမ်းနဲ့ လူတွေရဲ့ အထင်ကြီးမှုကိုရယူနေတာဖြစ်ပါတယ်။

(၃) ရင်းနှီးမြုပ်နှံ့ဖို့ မစဉ်းစားခြင်း

 

ချမ်းသာတဲ့သူတွေပဲ ထပ်ထပ်ပြီးချမ်းသာနေကြတယ်လို့ တွေး ဖူးကြပါသလား။ဟုတ်ပါတယ် ချမ်းသာတဲ့သူတွေဟာဘာကြောင့် ချမ်းသာသထက်ချမ်းသာလာတာလဲဆိုရင် သူတို့ဟာ ရရှိလာတဲ့ငွေတွေကို နောက်ထပ်ရင်းနှီးမြုပ်နှံ့မှုအသစ်သစ်တွေ လုပ်ဆောင်ကြလို့ပါပဲ။သင့်အနေနဲ့ တစ်လကို ဒေါ်လာ ၁ထောင်ရတဲ့အလုပ်တစ်ခုလုပ်နေတယ်ဆိုရင် သင့်ရဲ့လစာငွေထဲက တစ်ဝက်ကို တခြားသောလုပ်ငန်းတစ်ခုမှပြန်လည်ရင်းနှီးမြုပ်နှံ့ကြည့်ပါ။ဒီလိုရင်းနှီးမြုပ်နှံ့တာဟာ ငွေစုတာထက်ပိုပြီး အကျိုးခံစားရမှာဖြစ်ပါတယ်။

(၄) အသုံးနဲ့အဖြုန်းမကွဲခြင်း

 

 

ငွေသုံးတယ်တာနဲ့ ငွေဖြုန်းတာက လုံးဝကိုကွဲပြားပါတယ်။ကိုယ့်အတွက်တကယ်လိုအပ်တဲ့အရာတွေအပေါ်ငွေသုံးလိုက်ခြင်းက သုံးတယ်လို့ဆိုနိုင်ပေမယ့် ကိုယ်အတွက်တကယ်မလိုပဲ စိတ်ဆန္ဒအရ လျောက်သုံးနေခြင်းက ငွေဖြုန်းတာဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ဘာပဲဝယ်ဝယ် မဝယ်ခင်မှာ ဒီပစ္စည်းဟာကိုယ်အတွက်တကယ်လိုအပ်နေတာဟုတ်မဟုတ်သေချာလေးပြန်စဉ်းစားသင့်ပါတယ်။မလိုအပ်ရင်တော့မဝယ်ပါနဲ့။ ပိုက်ဆံဆိုတာသုံးရလွယ်ပေမယ့် ပြန်ရှာဖို့ကတော်တော်လေးခက်ခဲပါတယ်နော်။

 

 

zawgyi

လူတိုင္းလူတိုင္း ခ်မ္းခ်မ္းသာသာဘဲဘဝကိုျဖတ္သန္းခ်င္ၾကတာပါ။ဒါေပမဲ့ ကြၽန္ေတာ္တို႔အမ်ားစုဘာလို႔ မခ်မ္းသာၾကတာလဲ။အေျဖကေတာ့ ကြၽန္ေတာ္တို႔ ျပဳျပင္ဖို႔လိုေနတဲ့ တစ္ခ်ိဳ႕ေသာအေလ့အက်င့္ဆိုးေတြရွိေနေသးတယ္လို႔ ေယဘုယ်အားျဖင့္ဆိုႏိုင္ပါတယ္။စာဖတ္သူအေနနဲ႔ ခ်မ္းသာခ်င္တယ္ဆိုရင္ေတာ့အခုေျပာျပမယ့္ အေလ့အက်င့္တစ္ခ်ိဳ႕ကိုျပဳျပင္လိုက္မယ္ ဆိုရင္ ခ်မ္းသာဖို႔အခြင့္အေရးပိုမ်ားလာမွာျဖစ္ပါတယ္။

(၁) မရေသးတဲ့ပိုက္ဆံကိုႀကိဳတင္သုံးျခင္း

 

အခုေခတ္မခ်မ္းသာတဲ့လူအမ်ားစုမွာ ဒီလိုကိုယ္ရဲ႕လက္ထဲ ေရာက္မလာေသးတဲ့ပိုက္ဆံကို ႀကိဳတင္သုံးတက္တဲ့အေလ့အထကိုက်င့္သုံးေလ့ရွိၾကပါတယ္။မရေသးတဲ့ပိုက္ဆံဆိုတာ ဥပမာ လကုန္မွရမယ့္ပိုက္ဆံကို အခုကတည္းက ႀကိဳတင္ေခ်းငွားၿပီး သုံးစြဲထားတာကိုဆိုလိုတာျဖစ္ပါတယ္။ဒီလိုသုံးလိုက္ျခင္းအားျဖင့္ တကယ္လဲလကုန္ပိုက္ဆံရတဲ့အခါ အေႂကြးဆပ္ ရတာနဲ႔ ပိုက္ဆံကကိုယ္လက္ထဲမက်န္ေတာ့ပါဘူး။ထိုအခါေခ်းသုံးထားလိုက္ ျပန္ဆပ္လိုက္နဲ႔ အေႂကြးသံသရာထဲက႐ုန္းမထြက္ႏိုင္ျဖစ္ေနၾကတာျဖစ္ပါတယ္။

(၂) ေနာက္ဆုံးေပၚပစၥည္းေတြလိုက္လြန္းျခင္း

 

 

ယေန႔ေခတ္မွာလူေတြရဲ႕ စိတ္ကိုမဝယ္ခ်င္ဝယ္ခ်င္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ လူသုံးကုန္ပစၥည္းေတြထုတ္လုပ္ေရာင္းခ်ေနၾကပါတယ္။ဥပမာအေနနဲ႔ သင္လက္ထဲမွာဖုန္းတစ္လုံးရွိတယ္ဆိုပါစို႔။သင့္ဟာအခုလိုေနာက္ဆုံးပစၥည္းေတြကိုလိုက္လြန္းေနတယ္ဆိုရင္ သင့္လက္ထဲရွိတဲ့ဖုန္းကအားလုံးအသုံးျပဳလို႔ရေနေသးေပမယ့္ အသစ္သစ္ထပ္ေပၚလာတဲ့ ဖုန္းေတြကိုဝယ္ခ်င္ေနအုန္းမွာျဖစ္ပါတယ္။ဒါဟာသက္သက္ပိုက္ဆံျဖဳန္းရာေရာက္ၿပီး မွားယြင္းေသာနည္းလမ္းနဲ႔ လူေတြရဲ႕ အထင္ႀကီးမႈကိုရယူေနတာျဖစ္ပါတယ္။

(၃) ရင္းႏွီးျမဳပ္ႏွံ႔ဖို႔ မစဥ္းစားျခင္း

 

 

ခ်မ္းသာတဲ့သူေတြပဲ ထပ္ထပ္ၿပီးခ်မ္းသာေနၾကတယ္လို႔ ေတြး ဖူးၾကပါသလား။ဟုတ္ပါတယ္ ခ်မ္းသာတဲ့သူေတြဟာဘာေၾကာင့္ ခ်မ္းသာသထက္ခ်မ္းသာလာတာလဲဆိုရင္ သူတို႔ဟာ ရရွိလာတဲ့ေငြေတြကို ေနာက္ထပ္ရင္းႏွီးျမဳပ္ႏွံ႔မႈအသစ္သစ္ေတြ လုပ္ေဆာင္ၾကလို႔ပါပဲ။သင့္အေနနဲ႔ တစ္လကို ေဒၚလာ ၁ေထာင္ရတဲ့အလုပ္တစ္ခုလုပ္ေနတယ္ဆိုရင္ သင့္ရဲ႕လစာေငြထဲက တစ္ဝက္ကို တျခားေသာလုပ္ငန္းတစ္ခုမွျပန္လည္ရင္းႏွီးျမဳပ္ႏွံ႔ၾကည့္ပါ။ဒီလိုရင္းႏွီးျမဳပ္ႏွံ႔တာဟာ ေငြစုတာထက္ပိုၿပီး အက်ိဳးခံစားရမွာျဖစ္ပါတယ္။

(၄) အသုံးနဲ႔အျဖဳန္းမကြဲျခင္း

 

 

 

ေငြသုံးတယ္တာနဲ႔ ေငြျဖဳန္းတာက လုံးဝကိုကြဲျပားပါတယ္။ကိုယ့္အတြက္တကယ္လိုအပ္တဲ့အရာေတြအေပၚေငြသုံးလိုက္ျခင္းက သုံးတယ္လို႔ဆိုႏိုင္ေပမယ့္ ကိုယ္အတြက္တကယ္မလိုပဲ စိတ္ဆႏၵအရ ေလ်ာက္သုံးေနျခင္းက ေငြျဖဳန္းတာျဖစ္ပါတယ္။ ဒါေၾကာင့္သင့္အေနနဲ႔ ဘာပဲဝယ္ဝယ္ မဝယ္ခင္မွာ ဒီပစၥည္းဟာကိုယ္အတြက္တကယ္လိုအပ္ေနတာဟုတ္မဟုတ္ေသခ်ာေလးျပန္စဥ္းစားသင့္ပါတယ္။မလိုအပ္ရင္ေတာ့မဝယ္ပါနဲ႔။ ပိုက္ဆံဆိုတာသုံးရလြယ္ေပမယ့္ ျပန္ရွာဖို႔ကေတာ္ေတာ္ေလးခက္ခဲပါတယ္ေနာ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *